Causes of Miscarriage ကိုယ်ဝန်ဘာ့ကြောင့်ပျက်သလဲ

ဒေါက်တာရှင့် သမီးကဝန်ထမ်းတယောက်ပါ ကိုယ်ဝန်ရှိမှန်းမသိဘဲ တားဆေးတွေသောက်မိပါတယ်ရှင့် အခုကိုယ်ဝန်က နှစ်လလောက်တော့ရှိပြီ ကျောင်းသွားရတဲ့လမ်းက တအားဆိုးတယ်ရှင့် ဆိုင်ကယ်နဲ့အသွားအပြန်လုပ်ရပါတယ်ရှင့် ကလေးကို ထိခိုက်နိုင်လားရှင့် ကိုယ်ဝန်ရော ပျက်နိုင်လားရှင့်

သောက်တဲ့ဆေး မသိ။ ကိုယ်ဝန်အပ်ပြီး စမ်းသပ် စစ်ဆေးသင့်။ ဖျက်ဆေးမဟုတ်ရင် မစိုးရိမ်ရလောက်။ 

Ok သောက်တာပါရှင့် ၂ကဒ်သောက်မိပါတယ် မြန်မာသွေးဆေးတွေလည်းသောက်မိပါတယ်ရှင့်

အရပ်ဆေး ဗမာဆေးတွေမှာ ဆေးသုနေသန မရှိ။ OK ဆေးက စိုးရိမ်စရာ မရှိလောက်။

ဟုတ်ကဲ့ရှင့် ကျေးဇူးတင်ပါတယ်ရှင့် ဆိုင်ကယ်စီးလို့်ရောရပါလားရှင့် လမ်းကအရမ်းဆိုးနေလို့ပါ

ခဏခဏဖြေရတယ်။ ကိုယ်ဝန်မြဲမှဆို တော်တော်တန်တန် ဘာမှမဖြစ်။ ပျက်မှာဆို အိပ်ရာထဲနေသူလည်း ပျက်တယ်။

ကိုယ်ဝန်ဘာ့ကြောင့်ပျက်သလဲ မသိနိုင်တာက အများဆုံးဖြစ်တယ်။ အကြောင်းတရားတွေရှိတယ်။

၁။ Chromosomal abnormalities ခရိုမိုဇုန်း မူမမှန်ခြင်း၊ Trisomy 21 (Down syndrome) ဒေါင်းဆင်ဒရုမ်း။

၂။ Thyroid disorders ခေါ် လည်ပင်းကြီးဟော်မုန်း နည်းခြင်းနဲ့ များခြင်း၊

၃။ Diabetes ဆီးချို၊

၎။ Lifestyle လူနေမှုပုံစံ ကျန်းမာရေးနဲ့ မညီညွတ်ခြင်း၊

၅။ Physical complications ရုပ်ပိုင်းဆိုရာချို့ယွင်းချက်များ၊ septum or polyps, or cervical incompetency မျိုးပွါးလမ်းချို့ယွင်းချက်တွေကိုဆိုလိုတယ်။ 

၆။ Blood clotting disorders သွေးခဲစနစ်ချို့ယွင်းခြင်း၊ ဥပမာ Factor V Leiden ရောဂါရှိနေခြင်း။

၇။ Immunological disorders ခုခံအားခေါ် ရောဂါပြီးစနစ်ချို့ယွင်းချက်ရှိခြင်း၊ 

၈။ Infection ရောဂါပိုးဝင်ခြင်း၊ ရူဘဲလားပိုးဝင်ခြင်း။  

၉။ အမျိုးသမီး အသက် ၃၅ နှစ်ကျော်သူတွေမှာ ပိုများတယ်။ အသက် ၂ဝ အောက်ထက် အသက် ၄ဝ ရှိသူတွေမှာ ကိုယ်ဝန်အလိုလိုပျက်တာ ၁၂% ကနေ ၁၅% ပိုများတယ်။ 

Miscarriage ခေါ် ကိုယ်ဝန်အလိုလိုပျက်ခြင်းဆိုတာ ကိုယ်ဝန် ၂ဝ ပတ် (၅ လ) မတိုင်မီ မဖျက်ပဲနဲ့ အလိုလိုပျက်တာကို ခေါ်တယ်။ လေ့လာမှုတခုအရ ကိုယ်ဝန် ၅ဝ% က ပျက်တယ်။ ပျက်မှန်းမသိသူတွေများတယ်။ သိတဲ့ကိုယ်ဝန်ပျက်ခြင်းက ၁၅% ကနေ ၂၅% သာရှိတယ်။ ၈ဝ% ဟာ ၃ လအောက်ပျက်တယ်။ 

ကျွန်တော့်ကောက်ချက်ကတော့ ကံတရားလည်းပါတယ်။ တရားမဟောတော့ပါ။ ဆရာဝန်တွေထက် ပိုသိကြပါတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၉-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး