Rotarix ဝမ်းပျက်ကာကွယ်ဆေး

၁။ ဆရာရှင့် အမှားရှိခဲ့ရင် ခွင့်လွှတ်ပေးပါ ကလေးအသက် ၅လပါ ကလေးက ဝမ်းပျက်ဝမ်းလျောကာကွယ်ဆေး Rotarix ၁ကြိမ် ထိုးပီးပါပီ နောက်တစ်လုံးထပ်ထိုးဖို့ အဲဒီဆေးက ထပ်မတင်သွင်းတော့ဘူးလို့ဆိုပီး ဘယ်ဆေးခန်းမှာမှ ဝယ်မရတော့လို့ပါ ဘယ်လိုအကျိုးဆက်ဖြစ်နိုင်လဲဆိုတာ သိပါရစေရှင့် ကျေးဇူးတင်ပါတယ် ထပ်မထိုးရင် ဘယ်လိုအကျိုးဆက်ဖြစ်နိုင်လဲ သိချင်တာပါရှင့်

ပီးပါပီ နဲ့ ဆိုပီးတွေမှာ ရရစ်နဲ့သာ ရေးရတယ်။

၂။ ဆရာရှင့် ကျမသားလေးပါ ၃လပြည့်ပါပြီ ဝမ်းသွားရင် စိမ်းစိမ်းပျစ်ချွဲချွဲလေးတွေ ပါလာလို့ပါ။ ဖြစ်တာ ၃ရက်လောက်ရှိပါပြီ။ မိခင်နို့ပဲစို့တာပါ။ ကလေးကရွှင်ပါတယ်။ နေ့လည်းအိပ် ညလည်းအိပ်ပါတယ်။ ဝမ်းသွားနေတာလေးတခုပဲ ဖြစ်နေလို့ပါ။ ၁၅.၉.၂၀၁၇ နေ့က ကလေးဆရာဝန်က ဝမ်းလျောဝမ်းပျက် ကာကွယ်ဆေးတိုက်ပါတယ်။ ၁လ ၁ခါနဲ့ ၃လ သောက်ရမယ်ပြောပါတယ်။ အဲဒီဆေးအကြောင်းလေး သိချင်ပါတယ်ရှင်။ ဖြေကြားပေးပါဦးရှင်။

၃။ မြန်မာပြည်မှာ ကလေးတွေအတွက် ကာကွယ်ဆေးအသစ် ၂ မျိုးတိုးမယ်ဆိုတာ ဘယ်ဆေးတွေလဲဆရာ။

ပြည်တွင်းနေ မိတ်ဆွေဆရာဝန်တဦးကလည်း ကူညီပြောပေးပါတယ်။ ကျေးဇူး။

Rotavirus ရိုတာဗိုင်းရပ်စ်ကနေဖြစ်စေတဲ့ ကူးစက်ရောဂါတွေကိုကာကွယ်ပါမယ်။ ရိုတာဗိုင်းရပ်စ်ဆိုတာ လူတွေ အများစုဖြစ်ကြရတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေဖြစ်စေတယ်။ ကာကွယ်ဆေး ၂ မျိုးရှိထားတယ်။ RotaTeq (RV5) နဲ့ Rotarix (RV1) ဖြစ်တယ်။ ကာကွယ်ဆေးထိုးလေ့လာမှုတွေအရ ကလေးတွေမှာ ဝမ်းပျက်တာကို (၇၄-၈၇%) ကနေ (၈၅-၉၈%) ကာကွယ်တယ်။ ပိုလီယိုကာကွယ်ဆေးလိုဘဲ၊ ပါးစပ်ကနေ တိုက်ရတယ်။ RotaTeq® ကို ၃ ခါတိုက်မယ်။ ၂ လ၊ ၄ လ နဲ့ ၆ လတွေမှာ ဖြစ်တယ်။ Rotarix® ကို ၂ ခါ တိုက်မယ်။ ၂ လ နဲ့ ၄ လ တွေမှာဖြစ်တယ်။

ကလေး ၁ လခွဲဆိုရင် စတိုက်နိုင်ပြီ။ ၁၄ ပါတ် + ၆ ရက်ထက် နောက်မကျသင့်ဘူး။ ၁၅ ပါတ်ထက်စောတာနဲ့ ဒိထက် နောက်ကျပြီးတိုက်တာအတွက် လေ့လာမှုတွေမစုံလင်သေးပါ။ တခါနဲ့တခါ ၄ ပါတ်ခြာရမယ်။ အကြီးဆုံး ၈ လသာ ဖြစ်သင့်တယ်။ တခြားကာကွယ်ဆေးတွေဖြစ်တဲ့ DTaP vaccine, Hib vaccine, IPV, hepatitis B vaccine နဲ့ pneumococcal conjugate vaccine တွေနဲ့လဲ ရောပေးနိုင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး