A J Cronin စာအုပ်ကောင်း၏ ဘာသာပြန်ပြောင်း၏
ထင်လင်း၏ တစ်ကျွန်းစံ၏အပြန်လမ်းဆိုတာတွေ့လိုက်တယ်။ ကျွန်တော် အထက်တန်းကျောင်းသားကတည်းက ဖတ်ဖူးခဲ့တဲ့ A J Cronin အေ၊ ဂျေ၊ ခရော်နင်ရဲ့ အအောင်မြင်ဆုံး The Citadel ဘာသာပြန်စာအုပ်မှာ တတွေကို တစ်မလုပ်ခဲ့ပါ။ ပေါ်လစီသတ်ပုံခေတ်မှာသာ တစ်ဖြစ်ကုန်တယ်။
Archibald Joseph Cronin အေ၊ ဂျေ၊ ခရော်နင် ဟာ ဆရာဝန်စာရေးဆရာတဦးပါ။ နာမည်အလွန်ကြီးတဲ့ စကော့လူမျိုး ဖြစ်ပါတယ်။ ၁၉၈၁ ကတည်းက ကွယ်လွန်သွားပါပြီ။ သူ့စာတွေကနေ့အထိ လေးထားဖတ်နေကြ၊ ဘာသာပြန်နေကြဆဲပါ။
သူ့မှာ အစာအိမ် (အူသိမ်အစပိုင်းအနာ) ရောဂါဖြစ်လို့ (၆) လအနားယူရတုန်း ၁၉၃ဝ မှာ နွားနို့သောက်ပြီး စာတွေ စရေးပါတယ်။ သူရေးတဲ့စာအုပ် အတော်များများဟာ ရောင်းရအကောင်းဆုံးတွေ ဖြစ်ခဲ့ပါတယ်။
၁၉၃၇ မှာ သူရေးခဲ့တဲ့ The Citadel စာအုပ်ထဲမှာ ဝေလနယ်က မိုင်းတွင်းကို နောက်ခံထားရေးပါတယ်။ သူကျန်းမာရေး စစ်ဆေးသူအရာရှိဘဝမှာ တွေ့တာကို အခြေခံပါတယ်။ ဒီစာအုပ်ကြောင့်သာ ကနေ့ အင်္ဂလန်မှာ သြဇာအာဏာရှိတဲ့ National Health Service အမျိုးသားကျန်းမာရေး ဝန်ဆောင်မှုများဌာန ဖြစ်လာတာဖြစ်ပါတယ်။
နောက်ထုတ်စာအုပ်အဖုံးကသတ်ပုံကို သဘောမတူလို့ ပုံတော့မသုံးလိုပါ။ ကွန်မင့်မှာ လာမတင်ကြစေလိုပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment