Ivan's War အိုဗင် တိုက်ခဲ့တဲ့ စစ်ပွဲ

စာရေးဆရာမ ကက်သရင်း မာရီဒေးလ်ရေးတဲ့ နာမည်ကြီးစာအုပ်ကို အမှတ်မထင်တွေ့ပါတယ်။ စာအုပ်အကြောင်းအရာက တပ်နီတော်ထဲက သေရေးရှင်ရေး၊ ၁၉၃၉-၁၉၄၅ တဲ့။

ငယ်ငယ်ကတည်းက လက်ဝဲစာတွေအများကြီးကြားမှာ နေထိုင်ကြီးပြင်းခဲ့ရလို့ တပ်နီတော်တို့၊ မဟာအောက်တိုဘာ တော်လှန်ရေးတို့၊ မော်တို့၊ ဟိုချီမင်းတို့၊ စတဲ့အသုံးတွေ စာတွေနဲ့ မစိမ်းခဲ့ပါ။

ကနေ့တွေ့လာတဲ့စာအုပ်က ယူအက်အေ စာသင်ကျောင်းက စာအုပ်စင်ကဖြစ်တယ်။

သမိုင်းအဖြစ်အပျက်ကို အခြေခံပြီး ရေးထားတာ။ ဒုတိယကမ္ဘာစစ်အတွင်း သန်း ၃ဝ သောတပ်နီတော်စစ်သားတွေ တိုက်ခဲ့ကြတယ်။ ဂျာမန်တင်ကားတွေ ဗုံးတွေ ကျည်ဆံတွေကြောင့် ရုရှားစစ်သားပေါင်း ၈ သန်းကျဆုံးခဲ့တယ်။ စာအုပ်ရေးတဲ့အချိန်ဟာ စစ်ကြီးပြီးလို့ နှစ်ပေါင်း ၆ဝ ကြာပြီ။ တပ်နီတော်ကြီး ဘယ်လိုအောင်ပွဲခံသလဲကို ဖတ်ကောင်း နားထောင်ကောင်းလှတဲ့ တကယ့်ဒဏ္ဍာရီလို ပြန်ပြောနေကြတယ်။ ဒါပေမယ့် ရုရှားရိုးရိုးစစ်သားလေး အိုင်ဗင်နဲ့ ရင်ထဲက ခံစားမှုကိုတော့ ဘယ်သူကမှ မကြားမိကြပါ။ ပဟေဠိသာဖြစ်နေတော့တယ်။

အဲလိုစစ်သားတွေ ဘယ်လိုရဲရဲဝံ့ဝံ့တိုက်ခဲ့ကြတယ်။ ဘယ်လိုကျဆုံးရတယ်။ ဘယ်လိုအနိုင်ရတယ် ဆိုတာကိုသာ သိကြရပြီး၊ သူတို့တတွေ ဘယ်လိုနေကြစားကြသလဲ၊ ကမ္ဘာကြီးကို ဘယ်လိုမြင်ခဲ့ကြသလဲကိုတော့ သိခွင့်မရကြပါ။

အဲလို မသိနိုင်ခဲ့သေးတာတွေ၊ မဖတ်ရ မကြားရသေးတဲ့ တခြားဒေါင့်ကနေရေးတဲ့ဖြစ်စဉ်တွေကို ဒီစာအုပ်မှာ ပါတယ်လို့ စာအုပ်ရီဗျူးတွေက ဆိုပါတယ်။ မြန်မာဘာသာပြန်ထားပြီး ရှိ မရှိ ကျွန်တော် မသိပါ။ အချိန်ရရင် အဲဒီစာအုပ်ကို ဖတ်ဦးမယ်။ သမိုင်းဖြစ်စဉ်တွေ စိတ်ဝင်စားလို့ပါ။

ကျွန်တော့်အကျင့်က ဒေါင့်တခုတည်းကနေကြည့်မြင်တာနဲ့ ရပ်မထားတတ်ပါ။

ဒေါက်တာတင့်ဆွေ
၂ဝ-၉-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး