ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ်စာအုပ်

လှသမိန်ရေးသားတဲ့ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ်စာအုပ်ကို ၁၉၆၁ ခုနှစ်မှာ ဟံသာဝတီပုံနှိပ်တိုက်ကနေ ထုတ်ဝေခဲ့ပါတယ်။ အဒီကာလမှာ တိုင်းပြည်အာဏာရော မြန်မာစာအာဏာကိုပါ အသိမ်းပိုက်မခံရသေးပါ။

အတ္ထုပ္ပတ္တိမည်သောကျမ်းများသည် ရာဇဝင်သမိုင်း၏ တစိတ်တဒေသပင်ဖြစ်၍ စာပေလောကတွင် အဖိုးထိုက်တန်သော ကျမ်းမျိုးဖြစ်ချေသည်။

ထို့ကြောင့်လည်း ကမ္ဘာ့စာပေတွင် စွယ်စုံကျမ်းကြီးများ၌ဖြစ်စေ သီးခြားအတ္ထုပ္ပတ္တိပေါင်းချုပ်ကျမ်းကြီးများအနေဖြင့်ဖြစ်စေ၊ ပုဂ္ဂိုလ်အလိုက် ခွဲခြား၍ အတ္ထုပ္ပတ္တိတစောင်တဖွဲ့စီအားဖြင့်ဖြစ်စေ၊ ပညာဝန်းကျင်အရပ်ရပ်မှ ပုဂ္ဂိုလ်ကြီးများ၏ အတ္ထုပ္ပတ္တိများကို ရေးသားပြုစုထားရှိကြလေသည်။ ဤသို့ရေးမှတ်ထားခြင်းဖြင့် တခေတ်နှင့်တခေတ်၊ တသက်တမ်းနှင့် တသက်တမ်းကို ဆက်ပေး၍ ဇာတိမာန်နှင့် ပုဂ္ဂလိကဂုဏ်ရည်တို့ကို ထာဝစဉ် ဖွင့်ဖေါ်တင်ပြထားနိုင်ခဲ့ကြပေသည်။

တစ်စိတ်တစ်ဒေသ မဟုတ်။ တစ်စောင်တစ်ဖွဲ့ မဟုတ်။ တစ်ခေတ်နှင့်တစ်ခေတ် မဟုတ်။ တစ်သက်တမ်းနှင့် တစ်သက်တမ်းကို မဟုတ်။ မြန်မာစာအာဏာ အခုထိပါသိမ်းပိုက်မခံထားရဆဲဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၉-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး