Flaxseed နှမ်းနက်

၁။ ဆရာရှင့် ဒီဆေးက အသည်းအဆီဖုံးသူတွေသောက်လို့ ရပါသလားရှင့် ကျွန်မက အသက် ၂၇ ပါ အိမ်ထောင်ရှိပါတယ် ကလေးမွေးပြီး အဝလွန်ပြီး ကိုလက်စရောလဲ များတယ် အသည်းလဲအဆီဖုံးတယ်ပြောပါတယ်

ကိုလက်စထောနဲ့ အသည်းအဆီဖုံးခြင်းစာတွေ ပို့လိုက်မယ်။

၂။ ဆရာ ဒီဆေးကို နို့တိုက်မိခင်သောက်ရင် ကလေးကို ဆိုးကျိုးထိနိုင်လား။ ကျွန်မအရမ်းဝနေလို့သောက်မလို့ပါ။ ကလေးက ၇ လကျော်ပါပြီ။

အဲဒီဆေးကို နှမ်းလို့ပဲသဘောထားပါ။ နှမ်းဆိုတာ လူတိုင်းနဲ့သင့်တယ်။ Flaxseed ကို နှမ်းနက်လို့ဘာသာပြန်နိုင်တယ်။ နှမ်းကြတ်လို့လည်း ပြန်တယ်။ နှမ်းမှန်သမျှ သိပ်မကွာကြပါ။ ဆီထုတ်ယူလို့တာတွေဖြစ်တယ်။ အာဟာရဓါတ်ပါတယ်။ အဆီဓါတ်အမျိုးမျိုးမှာ မကောင်းတဲ့ ကိုလက်စထောနည်းတာကို ကျန်းမာရေးအတွက်ကောင်းတယ်လို့ ယူဆတယ်။ သူများတိုင်းပြည်တွေမှာ အလွန်ကြော်ငြာပြီးရောင်းတယ်။

အစားအသောက်တွေကို ဆေးထုတ်ကြတယ်။ နေ့လည်ကလည်း ပဲပုပ်ဆေးကို ရေးတယ်။ အစားအသောက် သန့်ရှင်း လတ်ဆတ်တာထက်တော့ ဆေးစက်ရုံကထုတ်တာတွေက မကောင်းနိုင်ပါ။

ကိုလက်စထောနည်းတာက ကောင်းတာမှန်ပေမယ့် လူဝနေတာကို ကျစေအာင်တော့ မရနိုင်ပါ။ ပိုမဝတာတော့ ဖြစ်နိုင်တယ်။ ဒါတောင် တခြားအစားအသောက်နဲ့ ဟော်မုန်းတွေက မှန်မှသာဖြစ်နိုင်တယ်။

• Chicken eggs and Cholesterol ကြက်ဥနဲ့ (ကိုလက်စထော) http://doctortintswe.blogspot.com/2014/11/chicken-eggs.html
• Cholesterol and food ကိုလက်စထောနဲ့ အစားအစာ http://doctortintswe.blogspot.com/2015/03/cholesterol-and-food.html
• Cholesterol ကိုလက်စထော https://doctortintswe.blogspot.com/2014/11/cholesterol.html
• Fatty Liver Disease (FLD) အသည်းအဆီဖုံးခြင်း https://doctortintswe.blogspot.com/2014/10/fatty-liver-disease-fld.html
• High Cholesterol diet (ကိုလက်စထော) များလို့ မစားသင့်တဲ့အစားအစာတွေ http://doctortintswe.blogspot.com/2014/12/high-cholesterol-diet.html
• Saturated Fatty Acids and Health risks ဆီ၊ အဆီနဲ့ ကျန်းမာရေး http://doctortintswe.blogspot.com/2015/03/saturated-fatty-acids-and-health-risks.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး