BBS ဗမာ့အသံ နှင့် မြန်မာ့အသံ နောက်ခံ

ပထမဆုံးအမည်က All Burma Broadcasting Station မြန်မာနိုင်ငံလုံးဆိုင်ရာအသံလွင့်ဌာနဖြစ်တယ်။ ဒုတိယကမ္ဘာစစ် ပြီးတော့ လောင်းဝစ္စလမ်း (ယခု အင်းယားမြိုင်လမ်း) နှစ်ထပ်တိုက်တလုံးကနေပြီး ၁၉၄၅ မေလဆန်းမှာ စတင်တယ်။ Rangoon Radio ရန်ကုန်ရေဒီယိုအမည်နဲ့ အသံလွင့်ခဲ့ပါတယ်။ ၁၅ -၂-၁၉၄၆ နေ့မှာ Burma Broadcasting Service (BBS) ဗမာ့အသံလို့ ပြောင်းခဲ့တယ်။ ဖဆပလ လက်ထက်အထိ ဗမာ့အသံပါ။ အိမ်စောင့်အစိုးရလက်ထက် ၂၈ -၁၁-၁၉၅၈ မှာ မြန်မာ့အသံလို့ပြောင်းခဲ့တယ်။ ရုပ်မြင်သံကြားအစီအစဉ်တွေ ၁၉၈၀ စခဲ့ပေမဲ့  ၂၂ -၁၁-၁၉၉၇ မှသာ မြန်မာအသံနှင့် ရုပ်မြင်သံကြားလို့ပြောင်းခဲ့တယ်။ ၁၉၄၈ မှာပြောင်းရွေတဲ့နေရာက လမ်လေးဟာကွေ့ဝိုက်နေပြီး လခြမ်းပုံလေးနဲ့တူလို့ Windermere Crescent ဝင်ဒါမီယာခရက်ဆင့်လို့ အမည်ပေးထားတယ်။ အခု ပန်းဝါလမ်းလို့ခေါ်တယ်။ ခြံအမှတ် ၁၆ မှာ။ (မောရနွယ်မောက်)

မြန်မာနိုင်ငံ အစိုးရအသံလွှင့်လုပ်ငန်းကို ဗြိတိသျှလက်ထက် ၁၉၃၇ ခုနှစ်မှာ စတင်ခဲ့တယ်။ ၁၉၄၂ ခုနှစ်အထိ ရန်ကုန်မြို့ ၃၆ လမ်းထောင့်မှာ အသံလွှင့်စတူဒီယိုဖွင့်လှစ်ထားတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ကုက္ကိုင်း ချင်းချောင်းနန်းတော်ကို ပြောင်းခဲ့တယ်။ ၁၉၄၆ ခုနှစ်မှာ ဗမာ့အသံလို့ သတ်မှတ်သုံးစွဲခဲ့တယ်။ ၁၉၄၈ ခု သြဂုတ်လမှာ ဝင်ဒါမီယာ ခရက်ဆင့်ကို ပြောင်းရွေ့ခဲ့တယ်။ ၁၉၆ဝ ခု နိုဝင်္ဘာလမှာ ပြည်လမ်း အသံလွှင့်ရုံကြီးဖွင့်ခဲ့တယ်။ (မျိုးညွန့် (ရန်ကုန်တက္ကသိုလ်)

ကိုးကားချက် ၂ ခုကနေ ရယူပါတယ်။ ကျေးဇူး။

ဒေါက်တာတင့်ဆွေ
၂၂-၉-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး