Banana Education သူငယ်စာ ငှက်ပျောက်သီး

မင်္ဂလာပါဆရာ ကျွန်မ သမီးလေး အသက်က တနှစ်နဲ့ ခုနစ်လပါ ကလေးက လျှာထုတ် ထုတ်နေတာကြာပါပြီ တနှစ်လောက်ရှိပါပြီ အခု ပခုံးလေးတဖက်ပါ တခါတခါ တွန့်နေတာ လေးရက်လောက်ရှိပါပြီ လူကြီးတွေက သူငယ်နာဆိုပြီး သူငယ်နာငှက်ပျောသီးကျွေးခိုင်းပါတယ် ကျွန်မက ကလေးဆရာဝန်နဲ့ပြချင်ပါတယ်ဆရာ ဘာကြောင့်ကလေးဒီလိုဖြစ်တတ်ပါသလဲ သိချင်ပါတယ်ဆရာ

ကလေးအထူးကုဆရာဝန် ပြနိုင်။ တစ်နှစ်ကို ပြင်လိုက်တယ်။ တစ်ခါတစ်ခါကိုလည်း ပြင်လိုက်တယ်။ ခုနှစ်လကို ခုနစ်လလို့ ပြင်လိုက်တယ်။ သူငယ်နာဆိုတာမရှိ။

သူငယ်နာငှက်ပျော်သီးလည်း မရှိ။ သူငယ်စာငှက်ပျောက်သီးသာရှိ။

ဒါက နမူနာတခုသာ။ မေးခွန်းတွေမှာ အဲလို အဆီအငေါ်မတည့်တာတွေ အတော်ပါတယ်။ အသံကာရန်ကို ထင်သလိုယူပြီး ဆေးနည်းလုပ်ကြတယ်။ ကျွန်တော်တင်ပြနေတာ တနဲ့တစ်လို့သာ ထင်နေကြတယ်။ မဟုတ်ပါ။ သတ်ပုံ အကုန်ပါတယ်။ သဒ္ဒါ ပါတယ်။ ဝေါဟာရတွေ ပါတယ်။ အယူအဆအလွဲအမှားတွေ ပါတယ်။

ပညာရေးအကြောင်းတွေ အတော်တော့ ပြောလာကြတယ်။ ကောင်းပါတယ်။ ကျွန်တော်ကတော့ ပညာရေးစနစ်တို့ ကွာလ်တီအက်ကျူကေးရှင်းတို့၊ အလွတ်မကျက်ပညာရေးတို့ကို မပြောချင်ပါ။ အလွန့်အလွန်အခြေခံကျတဲ့ပညာရေးသာ ရေးပါတယ်။ မြန်မာစာပါမောက္ခတွေကို သူငယ်စာပညာရေးသင်ယူစေချင်တယ်။

ဒေါက်တာတင့်ဆွေ
၂၄-၉-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး