Colors of the Rivers မြစ်တို့၏ အရောင်များ

ငယ်ငယ်က စာတွေဖတ်တော့ ဗော်လဂါမြစ်ရေ နီတွေတွေလို့ တင်စားခဲ့ကြတာဖတ်ရတယ်။ တရုပ်ကွန်မြူနစ်ကို အားကျထောက်ခံသူတွေက ယန်စီမြစ်နဲ့ ပင်လယ်ဝါကို တမ်းတကြတယ်။ မြစ်တွေကို အရောင်တွေနဲ့ ဖော်ကျူးခဲ့ကြတာပါ။

စစ်ကိုင်းဘေးက ဧရာဝတီထဲ သွေးစီးတယ်လို့သိလာပြီးမကြာခင် ကျွန်တော်လည်း နိုင်ငံရေးထဲရောက်ပါတယ်။
ချင်းတွင်းမြစ်ရေအရောင်ကို တခါမှ စာမဖွဲ့ဖူးသေးပါ။ ရေအရောင်လို့သာမြင်တယ်။ ချင်းတွင်းကို ကျောခိုင်းထားရစ်ခဲ့ပြီး၊ မဏိပူရမြစ်၊ ဗြဟ္မပုတ္တရမြစ်၊ ဂင်္ဂါမြစ်၊ ယမုန်နာမြစ်တွေဆီရောက်သွားရတယ်။ မောချွေးတွေ ဇောချွေးတွေ စီးကျခဲ့ပါတယ်။

၁၉၉၅ ခုနှစ်က သံလွင်မြစ်နဲ့ သောင်ရင်းမြစ်မှာ ဗဟိုချက်ထားခဲ့ရာကနေတော့ ဆုတ်ခွါခဲ့ကြရတော့ သွေးရော၊ ချွေးရော၊ မျက်ရည်ပါ စီးကျပါတယ်။

ကနေ့ မြန်မာပြည်ကမြစ်ကြီးတွေ ကြေးဝါရောင်ဖြစ်သွားပြီလား။ စိမ်းပုပ်နေသလား။ နက်မည်းနေပြီလား။

ဒေါက်တာတင့်ဆွေ
၁-၁ဝ-၂ဝ၁၆
၁-၁ဝ-၂ဝ၁၈

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး