သတ် နှင့် သပ်

၁။ ဆရာရှင့် တဖက်သတ်လား တဖက်သက်လား ဝေခွဲမရတော့လို့အချိန်ရရင်ဖြေပေးပါ တောင်းဆိုပါတယ်ရှင့်

တဖက်သတ်လို့ ရေးရတယ်။

၂။ ဆရာ ဘယ်လိုစမ်းသက်မှုမျိုး လုပ်ရပါလဲဆရာ။

စမ်းသပ်လို့ ရေးရတယ်။

၃။ ကျနော် ညာဘက်လက်နှင့် စာရေးပါတယ်။ အရင်ကစာရေးရင် အတန်အသင့်လှပြီး သက်သက်ရက်ရက် ရှိပါတယ်။ ၃/၄ နှစ်လောက်ရှိပါပြီ စာရေးရင် ထိမ်းမရဘဲ အောက်ဘက်ကို ဆွဲဆွဲသွာပါတယ်။ အရင်ကရေးသလို သက်သက်ရပ်ရပ်လည်းမရှိ လှလည်းမလှတော့ပါ။

သပ်သပ်ရပ်ရပ်လို့ ရေးရတယ်။

၎။ ဆရာ သတ်တု နဲ့ သတ်ထု အကြောင်းလေး သိချင်ပါတယ်။

သတ္တု = ရွှေ၊ ငွေ၊ သံ၊ ခဲ ကဲ့သို့သော ဒြပ်စင်။

သတ်
ကတ်ကတ်သတ်သတ်
ကန့်သတ်ထားသည်
စသတ်
ဆီသတ်
တသတ်
ဓမ္မသတ်
နပန်းသတ်
နယ်ပယ်သတ်မှတ်
ပရိသတ်
ပသတ်
မီးသတ်
မြင်းဇက်သတ်
ရက်သတ်မှတ်လိုက်ပြီ
လက်စသတ်
လက်ဝှေ့သတ်
သံသတ်ပင်
သတ္တဝါ
သတ္တု = (တ) = ရွှေ၊ ငွေ၊ သံ၊ ခဲ ကဲ့သို့သော ဒြပ်စင်။
သတ္တုကျ = (တ) = အပြစ်တာဝန် စုပုံရောက်ရှိ။
သတ္တုချ = (တ) = ဝေဖန်ဆန်းစစ်သည်။
သတ္တုတွင်း
သတ္တဘာဂနတ်
သတ္တမ
သတ္တရည်
သတ္တရဘန်
သတ္တဝါ
သတ္တိ
သတ္တုချ
သတ္တုဓာတ်
သတ္တဗေဒ
သတ္ထန္တရကပ်
သတ်ပုံသတ်ညွှန်း
သတ်နင်း = (သတ္ထု + မဒ္ဒန) = (ထ) = ရန်ကိုနှိမ်နင်းနိုင်သောမင်း
သတ်နင်း = သစ်နင်း = သနင်း
သတ်နင်း = သတ္ထုမဒ္ဒန = ရန်ကိုနှိမ်နင်းနိုင်သောမင်း
သတ်ပုံကျမ်း
သတ်ပုံသတ်ညွှန်းကျမ်း
သတ်ပုတ်ညှင်းပန်း
သတ်မှတ်ထားသည့်နေရာ
သတ်ဖြတ်
သတ်သတ်ဖယ်ထား
သတ်သတ်နေ
သတ်ညွှန်းကျမ်း
သူ့ချည်းသတ်သတ်
သူများကို သတ္တုမချပါနှင့်
အဇာတသတ်
အနံ့သတ်
အရှိန်သတ်
အသေသတ်
သေသတ်
သေအောင်သတ်

သပ်
စုပ်သပ်သည်
ဆီလိမ်းဖီးယပ်
ပွတ်သပ်ပေးပါ
လက်သပ်မွေး
လာဘ်သပ်ပကာရ
သုံးသပ်ဆင်ခြင်
သပ္ပာယဖြစ်၊
သပ္ပါယ်
သပ်ထိုး သပ်နုတ်
သပ်ရပ်အောင်ဝတ်စားပါ
သပ်လျှိုသပ်ပင်း
သပ်လျှိုသူ
သပ်သပ်ယပ်ယပ်
သပ်နှက်သပ်ရိုက်
ကျောသပ်ရင်သပ်
ခေါင်းကိုသပ်
ရွှေရင်စမ်းသပ်
နှီးသပ်သည်

မှတ်ချက် = လယ်တီဆရာတော်နဲ့ အရင်ထုတ်သတ်ပုံစာအုပ်အရ သေသတ်ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ

Comments