On Behalf Of ကိုယ်စားမေးကြသူများ

မေးခွန်း ၃ ခု တပြိုင်တည်းလိုလိုရပါတယ်။

၁။ ဆရာ အရေးတကြီးမေးစရာရှိလို့ပါ ကျနော့သူငယ်ချင်းက သူ့အမျိုးသမီးနဲ့ ၁၇ရက်နေ့က တူတူနေပါတယ် Lydia ဆိုတဲ့ တားဆေးသောက်တယ်တဲ့ဗျ့

၂။ မင်္ဂလာပါ ဆရာ ကျွန်တော့်မိတ်ဆွေသူငယ်ချင်းတဦးအကူအညီတောင်းခံပါသဖြင့် ဆရာ့ထံသို့ သူမရောဂါအကြောင်းလေး ပြောပြဆွေးနွေးတိုင်ပင်မေးမြန်းခွင့်ပြုပါဆရာ ကျေးဇူးပြု၍မေးပါရစေဆရာ လူနာရှင်က အမျိုးသမီးပါအသက် ၄၀ နှစ်ရှိပြီး အပျိုတယောက်ဖြစ်ပါသည် (အတူနေချစ်သူလည်းမရှိပါဘူး) ကန်တော့ပါဆရာ့

၃။ မင်္ဂလာပါဆရာ အသက် ၂၅နှစ် အပျိုမိန်းကလေးပါ ယခုလရာသီလာတာ တရက်ထဲမလို့ စိတ်ပူမိလို့ပါဆရာ ကျွန်တော့ ညီမလေးပါခင်ဗျာ ဘာဆေးမှတော့ မစားထားပါဘူး ဆေးနည်းလေးများညွှန်ပြပေးစေလိုပါတယ်ခင်ဗျ

အကြောင်းကြောင်းကြောင့် မေးခွန်းကို ကိုယ်တိုင်မမေးသူတွေရှိပါတယ်။ ကိုယ်တိုင်သာမေးပါလို့ စည်းကမ်းလုပ်မထားပါ။ ဒါပေမယ့် မျိုးပွါးလမ်းအကြောင်းတွေမေးရင် ဆရာဝန်ကသိလိုတာတွေရှိနိုင်တယ်။ ကိုယ်တိုင်မေးသူတချို့က ဆရာဝန်ကို ပြောမပြလိုတာတွေရှိတယ်။ မပြောလည်း ဘလော့မှာရှာဖတ်လို့ရပါတယ်။

ကိုယ့်မိဘတွေ၊ ကိုယ့်ကလေးတွေနဲ့ ကိုယ့်ဇနီခင်ပွန်းအကြောင်း မေးကြတာ သင်လျှော်မှန်ကန်တယ်။ ကိုယ်စားမေးတာတွေမှာ တခါတခါ အတော်အံ့သြမိတာတွေလာတယ်။ မျိုးပွါးလမ်းရောဂါတွေကို ကိုယ်စား မေးကြတယ်။ သူများဇနီးအကြောင်း တခြားယောက်ျားတယောက်က မေးပေးတယ်။ သူများယောက်ျားရဲ့ရောဂါကို အမျိုးလည်းမတော် အိမ်ထောင်ဘက်လည်းမဟုတ်တဲ့ သမီးရည်းစားလည်းမဟုတ်တဲ့ အမျိုးသမီးက မေးပေးတယ်။

ပြန်မေးစရာတွေ ရှိတတ်လို့ စာပေးစာယူလုပ်နေရတာ အတော်အချိန်ကုန်တယ်။ အကုန်မသိ အကုန်မပြောလို့ ဖြေတာ မှားနိုင်တယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၅-၉-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ