ဇာတိနွယ်

ယခုဆယ်တန်းမြန်မာစာ ခက်ဆစ်အဖွင့်မှာရေးထားတာ နှီးတောင်းလန်းက အမှန်မဟုတ်လားဆရာခင်ဗျာ။

နှီးဒေါင်းလန်းကသာ မှန်ပါမယ်။

လက်ရေတပြင်တည်း နှီးဒေါင်းလန်းကြီးရယ်နဲ့ သိုင်းဖွဲ့ကာ ဝိုင်းဖွဲ့ကာ စားကြသည်မောင် မကြည်အောင် ခပ်ငယ်ငယ့့် တေးဆိုကြ မြူးပျော်ကြ ဟေ့သူငယ်ချင်းရေ ဒို့နယ်ပယ်တွင့့် မိုးသက်ကယ်ဆင့့် ရှစ်ခွင်ကမည်း အို့ ရွာမလိုလိုနဲ့ပဲ့  တစို့ပေါ်မှာ ကင်တယ်မောင်ရယ် ဆူးရင်းခပ်ပြီး မိုးမျှော်ငရုပ်သီးထောင်းနဲ့ ကိုဘိုကေရယ် ဒေါင်းလမ်းကြီးရဲ့အလယ်  ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်တယ်မောင်ရယ် လက်ရေတပြင်တည်း ရှေးကထက် ပိုချစ်ကြတယ်။

နန်းတော်ရှေ့ဆရာတင်ရဲ့ ဒီသီချင်းကို စာသားမူကွဲတွေနဲ့ သီဆိုကြပါတယ်။ လက်ရေတပြင်တည်း၊ နှီးဒေါင်းလန်းတွေနဲ့၊ ဝိုင်းဖွဲ့ကာ စားကြသည်၊ မြမဒီခင် ခပ်ငယ်ငယ်၊့

ဇာတိနွယ်
တေးရေး - နန်းတော်ရှေ့ဆရာတင်
တေးဆို - မာမာအေး
တေးဂီတ - စန္ဒရား - ဂီတလုလင်မောင်ကိုကို နှင့် အဖွဲ့
ဗီဒီယိုဖိုင် ခရက်ဒစ် - ဦးခင်ဟော်
https://www.facebook.com/100007897269685/videos/2200719196867968/

စံကိုက်သတ်ပုံအရ လက်ရည်တပြင်တည်းလို့ရေးရတယ်။ သီချင်း ကဗျာတွေမှာ အသံနဲ့ကာရန်ယူရေးတာတွေလည်း ရှိပါတယ်။

လက်ရေတပြင်တည်းကို လက်ရည်တစ်ပြင်တည်းလို့ ရေးထားတဲ့လင့်တခုမှာ သတ်ပုံမှားနေတယ်။ သီချင်းကောင်းလျှက် သတ်ပုံဖျက်၏။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး