ငွေတာရီ

ငွေတာရီဟာ ၁၆-၂-၁၉၂၅  နေ့မှာမွေးဖွါးတယ်။ ၁၄ နှစ်အရွယ်မှာ ကျန်းမာရေးကြောင့် ကျောင်းထွက်ခဲ့ရတယ်။ အသက် ၁၅ နှစ် အရွယ်ကစပြီး ကဗျာရေးတယ်။ ၁၉၄၄ မှာ မင်ဆေးရည်ပဲ မှုန်သလားနဲ့ ကဗျာရှင်ဝတ္ထုတို၊ ၁၉၄၇ မှာ မာလာမြိုင်ကဗျာများစာအုပ် ထုတ်ဝေခဲ့တယ်။ ၁၉၅၂ ခုနှစ်မှာ ဦးဝင်းမောင် (ခ) ကဗျာဆရာမင်းယုဝေနဲ့ လက်ထပ်ခဲ့တယ်။ ကဗျာ ၁ဝဝ စာအုပ်ဟာ ၁၉၆ဝ ခုနှစ်၊ စာပေဗိမာန်ကဗျာဆုရခဲ့တယ်။ မင်းယုဝေနဲ့ ပူးတွဲဘာသာပြန်ဆိုတဲ့ ကမ္ဘာကျော် အီစွတ်ပုံပြင်များစာအုပ်က ၁၉၅၄ ခုနှစ် စာပေဗိမာန်ဘာသာပြန်ဆု ရတယ်။ ၁၉-၃-၁၉၅၉ နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

ဗမာသစ်

ဗမာသစ်
ထူလှစ်နိုင်ကြဖို့ တို့ကြံစည်။

တို့ဗမာလူလုကြီး
သွေးစည်းကြသည်။

လွတ်ရမည်။

တို့ပြည်ရဲ့ဝါဒ
သည်တခါ နိုင်အောင်ခဲလို့ရယ်
(ဗမာတို့ရေ) ကြဲလိုက်ပါကြ။

ငွေတာရီက သည်တစ်ခါလို့ မရေးပါ။ သတ်ပုံမှန်နဲ့သာ ကဗျာတွေရေးပါတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၉-၂ဝ၁၈

တညခါ

ငွေတာရီကဗျာ တစ်ညခါ မဟုတ်ပါ။

ခုခေတ်မှာ တလာရင် တစ်နေကြတာ ရှက်မိရပါ။

ဒေါက်တာတင့်ဆွေ
၂၆-၉-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး