ကျောက်ပျဉ်

ဆရာရှင့် ကျောက်ပြင် (သို့) ကျောက်ပျဉ် ဘယ်စာလုံးပေါင်းကအမှန်ပါလဲရှင့်

ပျဉ်
ခင်းပျဉ်
တင်ပျဉ်ခွေ
ပျဉ်ခုံ
ပျဉ်ခင်းသည်
ပျဉ်ချုပ်
ပျဉ်ကြွပ်အုပ်ကြွပ်
ပျဉ်ပြား
ပျဉ်ပြားမင်း
ပျဉ်ထောင်အိမ်
ပျဉ်ထောင်အိမ်
အင်ပျဉ် (သစ်သား)
အင်ပျဉ်အနာ (အလာဂျီ)
ကျောက်ပျဉ်
ထောင်ပျဉ်

ပြင်
ကွင်းပြင်
ကျပ်တည်းပြင်
စိုင်ပြင်ရွာ
ထို့ပြင်
နန်းကြမ်းပြင်
ပုံပြင်
ပဲ့ပြင်ဆုံးမ
ပျက်၍ပြင်သည်
မင်းရင်ပြင်
မစင်တီးပြင်
မသိပြင်ပြင်
မိုးကုပ်ကျပ်ပြင်
ယာပြင်ကြီး
ပြင်ကျယ်
ပြင်စည်မြို့
ပြင်ဆင်သည်
ပြင်ဆင်သည်
ပြင်ညီ
ပြင်ပန်းလှ
ပြင်ပသူစိမ်း
ပြင်ကြီး = သဲသောင်
ပြင်လျာ = အသွင်အပြင်၊ ရုပ်ဆင်းအင်္ဂါ
ပြင်သာလိပ်
ပြင်တောင်ဦးပင်
ပြုပြင်စီမံ
ရင်ပြင် = တူရူဥပစာ
လယ်ပြင်
လူ့လက်ပြင်
သက်ကယ်ပြင်ရွာ
သူစိမ်းပြင်ပြင်
အပြုအပြင်
ကျောင်းရင်ပြင်
စေတီရင်ပြင်
သောင်ပြင်

ပျင်
ပျင်ကြီးခပ် = များပြားသည်
သံပျင်ဋီကာ
သံပျင်မင်းသမီး
သံပျင်ရွာ
သံပျင်အမတ်

ကျောက်ပျဉ်ကို ရေပတ်လည်ဆောင် အလယ်ခေါင် သောင်ထွန်း မိန်းမလှကျွန်းလို့ စကားထာဝှက်ကြတယ်။ ပဉ္စမတန်း မြန်မာဖတ်စာထဲမှာ ရေလယ်ကောင် သောင်ထွန်း။ နတ်သမီးနေတဲ့ကျွန်းလို့ ရိုက်နှိပ်ထားပါတယ်။ ရေလယ်ခေါင်နဲ့ ရေလယ်ကောင် သတ်ပုံမတူပါ။ နတ်သမီးနဲ့ မိန်းမလှကတော့ အကြောင်းမဟုတ်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ