Posts

Showing posts from June, 2017

Happy Doctor's Day ဆရာဝန်များနေ့

Image
ဆရာဝန်ကျွန်တော် ဒေါက်တာ့စ်ဒေးကို သတိမထားမိပါ။ ၃ နှစ်တိတိက ဒီစာလေးရေးထားတယ်။ အခုပဲ နယူးဒေလီကနေ ယက်ပီး ဒေါက်တာ့စ်ဒေး နှုတ်ခွန်းဆက်စာပို့တာရမှ သတိရတယ်။ အိန္ဒိယမှာနေစဉ်က နိုင်ငံရေးနဲ့ လူမှုရေးအလုပ်တွေမှာ အတူတွဲလုပ်ခဲ့တဲ့ Dr. Alana Golmei ကို ကျေးဇူးတင်တယ်။ သူက ဆရာဝန်မဟုတ်ပါ။ နိုင်ငံရေးသိပ္ပံနဲ့ ပါရဂူဘွဲ့ ရထားတာ။ BCD အဖွဲ့မှာ ကျွန်တော်က လူကြီး၊ သူက ဒါရိုက်တာ။ သူက အိန္ဒိယနာဂအမျိုးသမီး။ ဇူလိုင်လ (၁) ရက်နေ့ဟာ ဆရာဝန်များနေ့ဖြစ်တယ်။ နိုင်ငံတိုင်းမှာတော့ မဟုတ်ပါ။ အိန္ဒိယမှာက ဒီနေ့ဖြစ်ပါတယ်။ • အမေရိကားမှာတော့ National Doctors' Day အမျိုးသား (နိုင်ငံ) ဆရာဝန်နေ့ကို မတ်လ (၃ဝ) ရက်ကို သတ်မှတ်ဘို့ သမတ ဂျော့ခ်ျ ဘွတ် လက်ထက်က ဥပဒေနဲ့ပြဌာန်းခဲ့ပြီး ၁၉၉၃ ကစပြီး ကျင်းပကြတယ်။ • ကျူးဘားမှာ ဒီဇင်္ဘာ (၃) ရက်။ • အီရန်မှာ သြဂုတ် (၂၃) ရက်။ • ဗီယက်နမ်မှာ ဖေဖေါ်ဝါရီ (၂၇) ရက်။ မြန်မာပြည်မှာတော့ ခုတလော ဆရာဝန်တွေ ကံကောင်းပုံမရ။ ဆောရီး။ ဟက်ပီးနိုင်ကြပါစေ။ ဒေါက်တာတင့်ဆွေ ၁-၇-၂ဝ၁၄ ၁-၇-၂ဝ၁၇

I am confused ဘာဖြေရမလဲ မသိတော့ပါ

Image
• JUN 10TH, 5:43AM မင်္ဂလာဆရာကူညီတောင်းချင်းလိုပါ ၃လဆေးသမီး၅လပိုင်း၁၄ရက်ကပြည့်တာပါဆရာ ဆေးထိုးတာမတည့်ဘုဆရာ သွေးနည်းနည်းဆင်းတယ်ဆရာ အခုထိလည်းဆင်းနေတယ်ဆရာ ၃လဆေး အရှိန်က ဘယ်တော့မှာပြေတာလဲဆရာ သမီးမသိလိုပါဆရာ • JUN 10TH, 10:54AM Dr. Tint  မေးနည်းစည်းကမ်းပို့လိုက်။ • ကျားအသက် ၃၉ မအသက် ၂၂ အိမ်ထောင်အသက် ၅လ ၃လဆေးနဲ့မတည့်ပါဘု ၃လဆေးထိုးတာ ၅လပိုင်း ၁၄ရက်က ပြည့်တယ်အခု ရာသီကဆင်းနေတယ် ခလေးလဲယူချင်တယ် ၂လပိုင်း ၁၄ရက်က ၃လဆေးထိုးတာပါ • Dr. Tint Swe မတည့်လို့တော့ မခေါ်။ တားဆေးထဲမှာ ဟော်မုန်းပါ။ ဟော်မုန်းက သက်ရောက်မှု မတူကြ။ ဖြစ်တတ်။ စောင့်ရင် ဟော်မုန်း မူမှန်ပြန်ဖြစ်မယ်။ • ခလေးဘယ်တော့ရနိုင် ၃လဆေးပြည့်ပီ အခုသွေးနည်းနည်းဆင်းနေတယ် ဘယ်လောက်ကြာမလဲ • JUN 10TH, 12:25PM ဆရာက မသိနိုင်။ တဦးချင်းကို စမ်းသပ် + စစ်ဆေးရ။ ဆရာ့ဘလော့မှာ ဖတ်လိုက ဖတ်နိုင်။ • JUN 10TH, 11:39PM ဆရာနဲ့ပြမယ်ဆိုပြလိုရလား ဘယ်မှာထိုင်လဲ • JUN 11TH, 12:40AM Dr. Tint  မေးနည်းစည်းကမ်းပို့လိုက်။ • JUN 11TH, 1:41AM နာမလည် ဖြစ်တာပြောပြတာ အားကုန်ပါ • JUN 11TH, 7:58PM မေးနည်းစည်းကမ်း ဖတ်ပါသလား။ အသက်-ကျား-မ-ဘာဖြစ်နေ-ဘာဖြစ်ချင် မသိ

Passion မေတ္တာစိတ်

Image
စောစောကပဲ ကရုဏာနဲ့ သဒ္ဓါ သတ်ပုံတွေပြင်ပေးရတယ်။ ကျွန်တော်တို့ရဲ့ မြေးအကြီးဆုံးနာမည်က သဒ္ဓါတင့်ဆွေ။ သူက အဖိုးအဖွားလက်ပေါ်မှာသာ ကြီးပြင်းခဲ့တယ်။ သူ့ကို ဒေလီယူနီဗာစီတီက ဝိဇ္ဇာဘွဲ့ရအောင် သင်ပေးနိုင်ခဲ့တယ်။ ကျွန်တော်တို့အရင် သူက ယူအက်စ်အေကို သွားရတယ်။ အဖိုးအဖွားလှောင်အိမ်က ထွက်တော့တဲ့သဘော။ ဒီကိုရောက်တော့ သူလည်း အတောင်ပေါက်ပြီ။ မကြာခင် ကလေးအမေဖြစ်တော့မယ်။ ကနေ့ သူ့ဖွားကို ဈေးတွေလိုက်ပို့ ဝယ်ခြမ်းပေးတယ်။ မိခင်စိတ်ဆိုတာ နားလည်းစပြုလာတာဖြစ်မယ်။ စာနာစိတ်ဆိုတာ စာဖတ်တာနဲ့မရ။ လူတိုင်းဟာ ကိုယ်တိုင်တွေ့လာမှ သိနားလည်းလာကြတယ်။ ကြီးတဲ့သူတွေလည်း ငယ်စဉ်ရွယ်စဉ်က အဲလိုပါပဲ။ ကြာလေလေ သူတပါးကျေးဇူးကို သိတတ်လာကြလေလေ။ မသဒ္ဓါ မြန်မာစာ မဖတ်တတ်ပါ။ စကားတော့ ကောင်းကောင်းပြောတတ်တယ်။ ဟင်ဒီစကားနဲ့ အင်္ဂလိပ်စကားလည်း ကောင်းကောင်းပြောတတ်တယ်။ ကိုးတန်းကျောင်းသူဘဝမှာ ဟယ်ရီပေါ်တာစာအုပ်ထူကြီးတွေ ဖတ်နေပြီ။ မေတ္တာစိတ်မှာ ဘာသာစကားမလိုပါ။ ဒေါက်တာတင့်ဆွေ ၁-၇-၂ဝ၁၇ ည ၁ နာရီ၊ ၂၁ မိနစ်။

ထီဖွင့်ပွဲ

Image
လူတယောက် မှန်၏။ သိန်းတစ်သောင်း မှား၏။ ဒေါက်တာတင့်ဆွေ ၁-၇-၂ဝ၁၇ ည ဝဝ နာရီ၊ ၅၆ မိနစ်။

1,000,000,000 ဘီလီယန် ထီသတ်ပုံ

Image
တယောက်တမျိုး ရေးနေကြတယ်။ ကျပ် သိန်းတစ်သောင်းတဲ့။ ကျပ် သိန်း ၁ သောင်းတဲ့။ ငွေတန်ဖိုးတူပေမဲ့ စာတန်ဖိုးမတူပါ။ ကံကောင်းတဲ့သူ ကျပ် သိန်းတသောင်းတိတိ ရပါစေ။ ဒေါက်တာတင့်ဆွေ ၁-၇-၂ဝ၁၇ ည ဝဝ နာရီ၊ ၁၂ မိနစ်။

ဓမ္မစကြာသုတ်

Image
ဇူလိုင်လ (၈) ရက်နေ့ဟာ ဝါဆိုလပြည့် ဓမ္မစကြာနေ့ဖြစ်ပါတယ်။ တောထွက်ပြီးနောက် ခြောက်နှစ်ကြာမှာ သဗ္ဗညုတ ဉာဏ်တော်ကိုရရှိပြီး ဘုရားအဖြစ်သို့ ရောက်တော်မူတာ ကဆုန်လပြည့်နေ့ဖြစ်တယ်။ နောက်မှာ ဗာရာဏသီမြို့တော်အနီးမှာရှိတဲ့ မိဂဒါဝုန်တောကိုကြွတယ်။ အဲဒီမှာ ပဉ္စဝဂ္ဂီငါးဦးတို့ နေထိုင်ကြတယ်။ တရားဦး ဟောတဲ့နေ့က ဝါဆိုလပြည့်နေ့။ တရားဟောတဲ့အချိန်ကာလက နေဝင်လုဝင်ဆဲ၊ လထွက်ကာစဖြစ်တယ်။ တရားတော်ကို ဓမ္မစက္က ပဝတ္တန သုတ္တ လို့ခေါ်တယ်။ ဝါဆိုလပြည့်ကျော် (၅) ရက်နေ့မှာ အနတ္တလက္ခဏသုတ္တကို ဟောကြားတော်မူတယ်။ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်လာ ဓမ္မစကြာသုတ် သတ်ပုံမှန်စာသား ၁၃။ ထိုအခါ မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့ကို မိန့်တော်မူ၏ - ရဟန်းတို့ ရဟန်းဖြစ်သူသည် ဤအစွန်းနှစ်ပါးတို့ကို မမှီဝဲအပ်ကုန်၊ အဘယ်နှစ်ပါးတို့နည်း၊ ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အလေ့အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် အစပ်ယှဉ်သော ကာမဂုဏ်တို့၌ ကာမဂုဏ်ချမ်းသာကို ကပ်ငြိသောအားဖြင့် အဖန်တလဲလဲ လိုက်စားအားထုတ်ခြင်း၎င်း ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့်မဟုတ်သော အကျိုးစီးပွါးနှင့် မစပ်ယှဉ်သော ကိုယ်ပင်ပန်းမှုကို အားထုတ်

Expected due date ကလေး ဘယ်တော့မွေးမလဲ

Image
• ဆရာရှင့် ကျွန်မအသက်က ၂၉ နှစ်ပါဆရာ။ အာယ်ထွာဆောင်းရိုက်ထားတာလေး ဖြေပေးပါဦးရှင့်။ ဆရာက အာယ်ထွာဆောင်းမှာ ပုံမပို့ရဘူး မှတ်ချက်ပဲပို့ရမှာဆိုလို့ မှတ်ချက်ပဲပို့လိုက်ပါတယ်ဆရာ။ အာယ်ထွာဆောင်း ရိုက်ထားတဲ့ အနေထားအရ ရိုးရိုးမွေးလို့ရပါသလားဆရာ။ ဖြစ်နိုင်ရင် ရိုးရိုးမွေးချင်လို့ပါဆရာ။ အာယ်ထွာဆောင်းရိုက်ပေးတဲ့ဆရာက အနေထားမမှန်ဘူးပြောနေလို့ပါဆရာ။ ကျေးဇူးပြူပြီး ဖြေပေးပါဆရာ။ • ကလေး တင်ပါးဆုံပြုအနေအထားဖြစ်။ ခြေကဖွါးလို့ခေါ်။ တချို့ကိုယ်ဝန်တွေ အနေအထားပြောင်းလာတတ်။ တချို့ အိုဂျီတွေက အပြင်ကနေလှည့်ပေတတ်။ တချို့ကို ရိုးရိုးမွေးနိုင်။ တချို့ကို ခွဲမွေး။ • နောက်ထပ် အာထွာဆောင်းပြန်ရိုက်ဖို့ လိုပါသလားဆရာ။ • ကိုယ်ဝန်အပ်တဲ့ဆရာဝန်က ညွှန်ပါမယ်။ • အာထွာဆောင်း နှစ်ခါရိုက်ရင် မွေးမယ့်ရက်က နှစ်မျိုးဖြစ်နိုင်လားပါသလားဆရာ။ • ဖြစ်။ • ပထမရိုက်တာကို အတည်ယူရမှာလား ဒုတိယ ရိုက်တာကို အတည်ယူရမှာလား ဆရာ ဖြေပေးပါဦးရှင့် • အယ်ထွာဆောင်းတွေကို အာထွာဆောင်းလို့ပြင်လိုက်ပါတယ်။ ၁။ ဆရာရှင့် OG မှန်းထားသော due date နှင့် ultrasound due date ၂ပတ်ခန့်ကွာပါသည်၊ ultrasound ၃ ကြိမ် ရိုက်လျှင်လဲ due date ၃ မျိုးထွက်ပါ

သမိုင်းမသိသူ အ၏

Image
မြန်မာနိုင်ငံစာပေနှင့် အမျိုးသားလှုပ်ရှားမှုသမိုင်းမှာ တထောင့်သုံးရာပြည့်အရေးတော်ပုံဟူသောသတ်ပုံနှင့် သန်းတရာဟူသောသတ်ပုံများ အထင်အရှားရှိခဲ့ပေသည်။ ယနေ့ခေတ်ကာလတွင် တစ်ထောင့်နှင့် တစ်ရာသတ်ပုံများ ခေတ်စားနေသည်။ သမိုင်းမသိသူ အ၏။ သို့သော် သူတို့သည် လူလည်လုပ်နေကြ၏။ ဒေါက်တာတင့်ဆွေ ၃ဝ-၆-၂ဝ၁၇

တကျပ်တန် သတ်ပုံ

Image
တကျပ်တန် သတ်ပုံ အမိန့်အရ သတ်ပုံမှားရေးနေတာကို ခဏခဏရေးပါတယ်။ ထပ်ချည်းတလဲ လွဲရေးနေကြတယ်။ ငွေတကျပ်လို့ရေးတာ အမှန်။ တရုပ်လို့ရေးတာ အမှန်။ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာနဲ့ ပဋိဝေဓသာသနာဆိုတဲ့ သာသနာတော်သုံးရပ်ရှိတယ်။ လယ်တီဆရာတော်ကြီး၊ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ မဟာစည်ဆရာတော်နဲ့ မိုးကုတ်ဆရာတော်တို့ ရေးသားစီရင်ထားခဲ့တာတွေထဲက သတ်ပုံတွေကို အထောက်အထားတွေပေးနေတာ များလှပါပြီ။ ကျေးဇူးရှင် ပဌမလယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူတဲ့ သတ်ပုံသံခိပ်ကျမ်း ပသတ် အပ်ကာရန် ၁၃ ပုဒ် ၁။ သုံးသပ် စမ်းသပ်၊ ငွေတကျပ်၊ ပေါ်လျှပ် ပ-သတ်ရေး ၂။ ဘွဲ့စပ် ယှဉ်စပ်၊ ရင်ချင်းအပ်၊ လက်ထပ် ပ-သတ်ရေး။ ၃။ ပုတီးလည်ကပ်၊ ဆောင်နှင်းအပ်၊ ကြီးကြပ် ပ-သတ်ရေး။ ၄။ အင်္ကျီလက်ကျပ်၊ ပါးလျှပ်လျှပ်၊ လက်စွပ် ပ-သတ်ရေး။ ၅။ ကိုယ်ဟန်သွယ်သပ်၊ တခုလပ်၊ နုဖတ် ပ-သတ်ရေး။ ၆။ ငရုပ်ရွှေအပ်၊ တရုပ်အပ်၊ နေရပ် ပ-သတ်ရေး။ ၇။ ရွှေပွင့်ချပ်၊ ကမ္ဘာကပ်၊ တင့်အပ် ပ-သတ်ရေး။ ၈။ အစေ့အစပ်၊ အထပ်ထပ်၊ ရိုးစွပ် ပ-သတ်ရေး။ ၉။ မြေမှာတုံ့ပျပ် အလျားဝပ်၊ လန့်ဖျပ် ပ-သတ်ရေး။ ၁ဝ။ ပါးပါးချပ်ချပ်၊ ငှက်ပျောပပ်၊ သစ်တပ် ပ-သတ်ရေး။ ၁၁။ ခြေနင်းဘိနပ်၊ သားမြီးယပ်၊ မွေးညှပ် ပ-သတ်ရေး။ ၁၂။ အန

Alternate names ယဉ်ယဉ်လေးခေါ်ရအောင်

Image
ပညာပေးသူတွေက Disabled မသန်မစွမ်းသူကိုလဲ Differently abled တမူထူးခြား သန်စွမ်းသူများလို့ ပြောတယ်။ ဆရာဝန်တွေကလည်း ရောဂါနာမည်ကို လူတိုင်းမသိအောင် ကြံဖန်ပြောရတာမျိုးလဲရှိတယ်။ ဥပမာ TB တီဘီ ကို Koch’s ကော့ခ် လို့ပြောရတယ်။ ရှေးအခေါ်တွေကနေ ပြောင်းလာတာတွေ ရှိတယ်။ • Bad Blood သွေးဆိုး = Syphilis ဆစ်ဖလစ်၊ • French pox ပြင်သစ်ကျောက် Syphilis ဆစ်ဖလစ်၊ • Great pox မဟာကျောက် = Syphilis ဆစ်ဖလစ်၊ • Enteric fever အင်းတရစ် အဖျား = Typhoid fever တိုက်ဖွိုက်၊ • Hydrophobia ရေကြောက် = Rabies ရေးဘီးစ် (ခွေးရူး)၊ • Infantile paralysis သူငယ်နာ အကြောသေ = Polio ပိုလီယို၊ • Nostalgia အတိတ်စွဲ = Homesickness အိမ်အလွမ်း၊ • Rubeola ရူဘဲလား = German measles ဂျာမန်ဝက်သက်၊ • Ship fever သင်္ဘောဖျား = Typhus တိုက်ဖတ်စ်၊ • Jail fever ထောင်ဖျား = Typhus တိုက်ဖတ်စ်၊ • Winter fever ဆောင်းဖျား = Pneumonia နူမိုးနီးယား၊ ပြောင်းလာတာက ပိုဆိုးနေတာလဲ တွေ့ရတယ်။ • Elephantiasis ဆင်ခြေထောက် = A form of leprosy လက်ပရိုစီတမျိုး၊ • Mania မင်းနီးယား = Insanity အရူး၊ Insanity စိတ်ရောဂါသည်ကို Craziness or Madness စသဖြင့်ခေ

မိုးကုတ်ဆရာတော် သတ်ပုံစစ်ခြင်း

Image
မိုးကုတ်ဝိပဿနာ၊ ဒုလ္လဘဒေသနာ၊ ပဉ္စတွဲ၊ စာမျက်နှာ ၁၇၁ = တကယ်အားကိုးလောက်တဲ့ ရတနာစစ်ကိုရအောင့့် မိုးကုတ်ဝိပဿနာ၊ ဒုလ္လဘဒေသနာ၊ ပဉ္စတွဲ၊ စာမျက်နှာ ၁၇၂ = ကုရုတိုင်း တတိုင်းလုံးမှာရှိကြတဲ့ ဆရာတော်ကြီးကို ကာပြန်တဲ့ ဘုန်းကြီးတွေ ဒကာတွေကတော့ တစ်လုပ်ပြီး ဆရာတော့်စာတွေကို ပြန်ရေးနေကြတယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၆-၂ဝ၁၆ ၃ဝ-၆-၂ဝ၁၇

Schoolgirl Spelling ကျောင်းသူသတ်ပုံ

Image
၁၉၇၁ ခုနှစ်ထုတ်၊ ဖူးငုံသစ်စ ကဗျာများ၊ အမှတ် (၃) အစိုးရ အမျိုးသမီးအထက်တန်းကျောင်း၊ တောင်ကြီးမြို့ ပြည်ထောင်စုနေ့သို့ကဗျာ • ချယ်ရီပွင့်လန်း၊ မောတို့သျှန်းက၊ • မိနန်းကလေးမှာလိုက်တယ်။ • မောတို့ပျော်ရာ၊ • တောင်သာယာကို။. • တခါတခေါက်၊ အလည်ရောက်အောင်လာခဲ့ကွယ်။ အေးအေးမွန် (တလိုင်း) ဒို့တာဝန် • ကျောင်းသူကျောင်းသား၊ • ဒို့အများ၊ • ကြိုးစားမြတ်ပညာ၊ • တနေ့သင်ရ။ • ပညာလှ၊ • ကျက်ပါ့နေ့မကွာ၊ • သိပ္ပံ ဝိဇ္ဇာ၊ • ကိုယ်သန်ရာ၊ • လေ့လာဆည်းပူးပါ။။ • ကျောင်းမှန်မှန်တက်၊ • စာမခက်၊ • တသက်မှတ်ကြပါ။ သမီးဇံ (ရာမည - မော) တစ်ခါတစ်ခေါက် မဟုတ်ပါ။ တစ်နေ့သင်ရ မဟုတ်ပါ။ တစ်သက်မှတ်ကြပါ မဟုတ်ပါ။ ကဗျာရေးတဲ့ ကျောင်းသူတွေဟာ ကလောင်နာမည်တွေအရ တိုင်းရင်းသူလေးတွေဖြစ်ကြတယ်။ ရွှေဗမာတွေ၊ ရွှေဆရာကြီးတွေ၊ ရွှေစာရေးဆရာတွေ၊ ရွှေကဗျာဆရာတွေ၊ ရွှေအယ်ဒီတာတွေ သိကြစေချင်တယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၆-၂ဝ၁၆ ၃ဝ-၆-၂ဝ၁၇ Photos from Aye Aye Mon

KG Reader မြန်မာဖတ်စာ သူငယ်တန်း

Image
အရင်ကထုတ်တဲ့ စာအုပ်မှာ စောစောထ သွားတိုက် မျက်နှာသစ် အိပ်ယာသိမ်း။ အစိုးရကပြောင်းခိုင်းလို့ အိပ်ယာကို အိပ်ရာလို့ရေးလာကြတယ်။ မှန်ပါမလား စဉ်းစားနေတယ်။ အခုထုတ် စာအုပ်မှာ က ကလေးငယ်ချစ်စဖွယ် ခ ခရေကုံး မလေးပြုံး ဂ ဂဏန်းသင် ပြုံးရွှင်ရွှင်။ သင်ပုန်းကြီးဖတ်စာ မကျေသူတွေက ကလေးကို ခလေးလို့ရေးကြတယ်။ ကျွန်တော့်ဆီကို တနေ့ မှာ ၉-၁ဝ ယောက်က အဲလိုရေးမေးကြတယ်။ သူငယ်တန်းဖတ်စာ စာမျက်နှာ (၁၂) မှာ ရွာလူကြီးများ ကြွလာပြီလို့ ပါပေမယ့် ပြီကို ပီလို့ ရေးနေကြတယ်။ ကျွန်တော့်ဆီကို တနေ့ မှာ ၇-၈ ယောက်က အဲလိုရေးမေးကြတယ်။ အခုထုတ်သတ်ပုံစာအုပ်တွေမှာ ကြင်ရာလို့သာရေးထားတယ်။ ရွှေတိုင်ညွန့်ရေးတဲ့ ကြင်ယာတော်သီချင်းရှိတယ်။ မြတ်စွာဘုရား၏ကြင်ယာတော် = ယသော်ဓရာလို့ရေးထားတာလည်းရှိတယ်။ မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၂)၊ စာမျက်နှာ (၆၅) မှာ လူဝီဘုရင်များ အကြောင်းထဲမှာ ပဌမကြင်ယာတော်ဖြစ်သူ ဂျုံးမင်းသမီးကို ကွာရှင်း၍ ဆဋ္ဌမချားဘုရင်၏ ကျန်ရစ်ခဲ့သော ကြင်ယာတော် အန်းနှင့်လက်ထပ်သည်လို့ရေးထားတယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၆-၂ဝ၁၆ ၃ဝ-၆-၂ဝ၁၇

Chronic Granulomatous Disease နာတာရှည် အသားနုတက်ရောဂါ

Image
ဆရာရှင့် ကျွန်မက အသက် (၃ဝ) ပါ။ အိမ်ထောင်ရှိပါတယ်။ အခုလက်ရှိ့ မှာ နေထိုင်ပါတယ်။ May လ ကစပြီး ဘယ်ဘက်ရင်ဘတ်မှာ အကျိတ်စဖြစ်ပါတယ်။ ၁ဝ ရက်လောက်နေတော့ ခြေတောက်၂ ဖက်လုံး အရမ်းရောင်လာပြီး ဒီမှာပဲ ဆရာဝန်ပြပြီး ဆေးရုံ ၁ဝ ရက်တက်ခဲ့ပါတယ်။ ရင်ဘက်အကျိတ်ကို biopsy လုပ်ပါတယ်။ အပ်ထည့်ပြီး တစ်ရူးစ ယူတာပါ။ ဆေးရုံဆင်းပြီး ၁၀ရက်လောက်နေတော့ biopsy နေရာက သွေးထွက်ပြီး ပြည်တည်လာလို့ ဆေးရုံ ထပ်တက်ရပါတယ်။ သွေး၊ Untlrasound, MRI, Xray ပေါင်းများစွာ စစ်ပြီး ခုနောက်ဆုံး ပြောတာက Chronic Granulomatous Disease (CGD) ရောဂါဖြစ်နေတာပါတဲ့။ သောက်ရမယ့်ဆေးက prednisolone (steroid) ပါတဲ့။ ကျွန်မတို့ ကြားဖူးတာ အဲဒီဆေးက side effect အရမ်းများတယ်လို့ ကြားဖူးလို့ပါ။ ကျွန်မသိချင်တာက အဲဒီ့ရောဂါ Chronic Granulomatous Disease (CGD) အကြောင်းပါဆရာ, ရောဂါကိုတခါမှ မကြားဖူးလို့ပါ။ ဘာကြောင့်များ ဒီရောဂါ ဖြစ်ရတာပါလဲ။ prednisolone အပြင် တခြားဆေးများ သောက်ရတာ ရှိပါသေးလားဆရာ။ တခေါက် ဖြစ်ပြီးရင်ကော ထပ်ဖြစ်တတ်ပါသလားဆရာ။ မဖြစ်ခင် ကြိုတင်ကာကွယ် စစ်ဆေးနိုင်မယ့် နည်းလမ်းကော ရှိလားသိချင်ပါတယ်ဆရာ။ ကျေးဇူးအထူးတင်ရှိပါတယ် ဆရာရှင့်။ CGD ရောဂါဆိုတာ

Bloodstained July အစွန်းရောက်များ၏ ဇူလိုင်လ

Image
၁၉၄၇ ဇူလိုင် (၁၉) ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အစိုးရအဖွဲ့ဝင်များ လုပ်ကြံသတ်ဖြတ်ခြင်းခံကြရ။ လုပ်ကြံသူများ = ဦးစောနှင့် အပေါင်းပါများ = နိုင်ငံရေးအတွက် အစွန်းရောက်ခြင်း။ ၁၉၆၂ ဇူလိုင် (၇) ရက်နေ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေကို ပဌမဆုံးသတ်ဖြတ်။ ၁၉၆၂ ဇူလိုင် (၈) ရက်နေ့ သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦကို ဖေါက်ခွဲဖျက်ဆီး။ သတ်ဖြတ်၊ ဖေါက်ခွဲဖျက်ဆီးသူ = တော်လှန်ရေးကောင်စီ = အာဏာအတွက် အစွန်းရောက်ခြင်း။ ၂ဝ၁၃ ဇူလိုင် (၇) ရက်နေ့ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာမှာ ဗုံးတွေပေါက်ကွဲ။ ဖေါက်ခွဲသူ = မွတ်ဆလင်အစွန်းရောက်များ = ဘာသာရေးအတွက် အစွန်းရောက်ခြင်း။ ဒေါက်တာတင့်ဆွေ

ဒေါက်မြင့်ဖိနပ်နဲ့ သံရိုက်ခြင်း

Image
ကလေးကဗျာ ကြည့်စရာတင်တော့ အတော်များများက စိတ်ဝင်စာကြတာတွေ့ရတယ်။ သတ်ပုံကိုပါ သတိထားသူလည်း ရှိတယ်။ ကောင်းတယ်။ မေးကြသေးတယ်။ ဘားနဲ့ ဖား။ တကောင်နဲ့ တလုံး။ အဲဒီကဗျာတွေက လွတ်လပ်ရေးမရခင်ကတည်းက ရေးထားတာတွေဖြစ်တယ်။ ဘားလို့ ရေးထားတယ်။ လွတ်လပ်ရေးရပြီး နိုင်ငံရေးမှာ စားဖါးဆိုတဲ့အသုံး ရှိလာတယ်။ တကောင်ကို တစ်ကောင်လုပ်တာက ၁၉၈၁ နောက်မှာ။ သတ်ပုံစာလေးတွေရေးတာ တရာ (တစ်ရာ မဟုတ်) လောက်ရှိပြီထင်တယ်။ အကိုးအကားတွေကို ပုံနဲ့ပြပါတယ်။ မှန်တယ် မှားတယ်လို့ ဒိုင်လူကြီး မလုပ်ပါ။ အဟောင်းတွေကက အကုန်မှန်၊ အသစ်တွေမှားလို့လည်း ကောက်ချက်မချပါ။ ဥပမာ အကောင်းစားတွေရှိတယ်။ စာနဲ့ စကား ပြောင်းလဲတာတွေက ခေတ်တိုင်းမှာ ရှိပါတယ်။ ပြောင်းတယ်ဆိုတာ ပိုပြီးလွယ်ကူရှင်းလင်းအောင် ပါဠိတွေ၊ သက္ကတတွေ၊ ထပ်ဆင့်တွေနည်းလာတာက သင့်မြတ်တယ်။ မိုဃ်း၊ ၍့၊ ၏့၊ ကျမ္မာ၊ စွဲး၊ စဲး၊ ထဲး၊ ဆြာ၊ မင်းသ္မီး၊ မဲးဇာ၊ မှု့၊ ယ္ခင်၊ မြမ္မာ၊ သ္ခင်၊ သဲး၊ ဥူး၊ ဧး၊ စတာတွေကို မသုံးကြတော့ပါ။ စွယ်စုံကျမ်းထဲပါ စာလုံးပေါင်းတချို့ကိုလည်း ပြောင်းရေးလာကြတယ်။ ဂျူးလယပ်ဆီဇာ၊ ဆအူးဒီအာရေဗျ၊ ကွန်မျူနစ်၊ စသည်။ ထင်းမီးအစား လျှပ်စစ်နဲ့ ဓါတ်ငွေ့ သုံးလာတာ ကောင်းတယ်။ ထပ်ဆင့်တိုင်းကို လိုက်

ညံ့ရခြင်းအကြောင်း

Image
၁။ ဆရာမင်္ဂလာပါ။ မြန်မာစာ မှန်မှန်ကန်ကန် ပြောပြနေလို့ ကျေးဇူးတင်ရပါတယ်။ တွေ့နေရတာ ပျက်ချော်ချော် များရေးနေတာလား၊ တကယ်မတတ်တာလား၊ ဝေခွဲမရပါဘဲ မြန်မာလူမျိုး မြန်မာစာမရေးတတ်ဘူးဆိုရင် ရှက်စရာကောင်းနေတာ။ ပညာမဲ့စာမတတ်တာတွေများနေတာလား၊ သို့လောသို့လောနှင့် ဝမ်းနည်းနေမိပါတယ်။ ဆရာ ရေးပြရှင်းပြလို့ ကျေးဇူးတင်နေရပါသည်။ ၂။ မြန်မာပြည်မှာ မြန်မာလူမျိုးတွေက မြန်မာစကားကို ပြောင်သလို ပျက်သလိုနဲ့ တလွဲတွေ ပြောဆိုရေးသားရင်း အမှားက အမှန်ဖြစ်ကာ မြန်မာစာ မြန်မာစကားပျက်မှာ မြင်ယောင် စိုးရိမ်မိနေတယ် ဆရာရေ။ ကျွန်တော်လည်း မြန်မာ (ဗမာ) စကားကို ပြည်တွင်းမှာနေသလို မပြောရတာ (၂၇) နှစ်ပြည့်တော့မယ်။ အိန္ဒိယနိုင်ငံ ရောက်ကတည်းက စကားကိုချပြောနေရတာ။ မိသားစုအတွင်းသာ အရင်ကလို ပြောလို့ရတယ်။ အဲတော့ သူများတွေဆီက သင်သူနိုင်တာ မရှိသလောက်နည်းတော့ ကျွန်တော့စကား တိုးတက်ရှင်သန်မှု ရပ်တန့်သွားတော့တယ်။ လူတွေကြားဆက်သွယ်မှုဟာ စကားဖြစ်တယ်။ စကားမှန်ကန်မှသာ လိုရာရောက်တယ်။ တချို့အကြောင်းအရာနဲ့ ဘာသာရပ်တွေမှာ စကားနဲ့စာ တိကျမှသာ အဲဒီသုတနဲ့ ပညာတတ်တယ်။ အထွေထွေသိပ္ပံကို ငါးတန်းအထိ နေဘူးသူတိုင်း သင်ကြရတယ်။ စကားစု၊ ဝေါဟာရတွေ တသွေမတိမ်းမှတ်ယူရတာမျိုး

Night terrors သူရဲစီးခံရခြင်း

Image
မကြာခဏ ဘီလူးစီးနေလို့ပါဆရာ။ အဲဒါ ဘယ်လိုလုပ်ရမလဲဆရာ။ မေးတဲ့သူ (ဖြစ်တဲ့သူ) အသက်-ကျား-မ မသိရပါ။ အရင်မေးသူရှိလို့ဖြေထားပါတယ်။ အဲဒီတယောက်လည်း မေးနည်း စည်းကမ်းမကျလို့ ပြနမေးနေရသေးတယ်။ ဆရာ မဖြေမှာကိုလည်း နားလည်ပါတယ်ရှင့်။ ဘီလူးစီးတယ်လို့ မြန်မာတွေခေါ်နေတဲ့အဖြစ်ဟာ ဘာဓါတ် ချို့ယွင်းလို့ ဖြစ်ရတာလဲဆိုတာ အမြန်ဆုံးသိချင်လို့ပါရှင်။ သောက်စရာဆေး စားသင့်သော အစားများကို သိချင်လို့ပါဆရာ။ ဆောင်ရန်ရှောင်ရန်တွေပါ သိလိုပါတယ်ရှင့်။ ဘယ်လိုဖြစ်တာကို အဲလိုခေါ်ပါသလည်း။ အရပ်ခေါ်တွေက တနေရာနဲ့တနေရာ မတူပါ။ အိပ်မက်ယောင်လိုအော်နေရပါတယ်။ တစုံတယောက်လာနိုးမှ အော်နိုးလို့ ရပါတယ်။ ဖြစ်တိုင်း စောင် သို့ မဟုတ် အင်္ကျီလည်ပင်းမှာရှိနေတတ်ပါတယ်။ ဘုရားမရှိခိုးလို့ ပြောပါတယ် ဘုရားရှိခိုးပြီး ကျမဟာ ဘုရားစာအုပ်ဖတ်ရင်း ကျန်းမာရေးစာတွေဖတ်ပြီးမှအိပ်သူပါရှင့်။ အရပ်ခေါ် ဘီလူးစီးခံရခြင်းဟာ လူကြီးတွေမှာသာမက ကလေးတွေမှာလည်းဖြစ်ပါတယ်။ လူကြီးတွေထဲမှာ ၂% ကနေ ၈% အထိဖြစ်တယ်။ အိပ်မက်ဆိုးပေမယ့် တကယ်ကိုခံစားနေရတာပါ။ Night terrors ဘီလူးစီးခံရခြင်းက Nightmares အိပ်မက်ဆိုးနဲ့ မတူပါ။ အိပ်မက်ထဲမှာ ပါတာတွေက တယောက်နဲ့ တယောက်မတူပါ။ အကျဉ်းအကြပ်တခုကေ

Sleep paralysis ဘီလူးစီးခြင်း

Image
ဆရာ မင်္ဂလာပါ။ ကျွန်မ အသက် ၂ဝ အပျိုပါ။ ဘီလူးစီးတယ်ဆိုတာနဲ့ပတ်သက်ပြီး သိချင်လို့ပါဆရာ။ ဟိုးအရင်ကတော့ ဖြစ်ဖူးပေမယ့် မဖြစ်တာတော်တော်ကြာပြီဆရာ။ အဲ့တာမနေ့ပြန်စဖြစ်ပါတယ်။ အသက်ရှူလို့လုံးဝ မရတော့ဘဲ လုံးဝ လှုပ်လို့မရပါဘူးဆရာ။ နိုးလာတော့ အရမ်းမောပါတယ်။ ဆက်လဲအိပ်ချင်နေပါတယ်။ ဆက်အိပ်ရင်လဲ ပြန်ပြန်ဖြစ်ပါတယ်။ ဒီနေ့နေ့လည်ခနအိပ်တော့လဲ ဖြစ်ပြန်ပါတယ်ဆရာ။ တိုက်ဆိုင်တာက မနေ့ကစပြီး ကျွန်မ ဓမ္မတာ လာပါတယ်.ခုတော့ အိပ်ရမှာတောင် လန့်သလိုဖြစ်နေပါပြီ။ အဲ့လိုမဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆရာ။ အကြံဥာဏ်တောင်းခံပါတယ်။ ကျေးဇူးပါဆရာ။ အရင်ကလည်းမေးကြတယ်။ ဒီစာရေးဖို့ အချက်အလက်တွေစုထားတာ (၃) လနဲ့ (၁၂) ရက်ရှိပြီ။ အခုမှရေးဖြစ်တယ်။ Night terrors ဘီလူးစီးခံရခြင်းကိုအရင်ရေးထားတယ်။ ဘီလူးစီးခြင်းဆိုတာ အိပ်ပျော်နေတုန်း (သို့) မနိုးတနိုးအချိန်မှာ ယာယီလေဖြတ်သလို ဘာမှလှုပ်မရ၊ စကားပြောမရ၊ တုန့်ပြမှုလုပ်မရတာမျိုး။ အတာမျိုးက အိပ်စက်ချိန်နဲ့ နိုးချိန်ကြား ကြားကာလမှဖြစ်တယ်။ ကြွက်သားတွေ အားကုန်နေတယ်။ ကြောက်စလန့်စရာတွေဖြစ်တယ်။ အလွန်အားကောင်းတဲ့ ဟယ်လူစီနေရှင်း ခေါ် မဟုတ်တာကို မဟုတ်ထင်နေတယ်။ ဘာလို့လဲဆိုတာအတွက် ဟိုက်ပိုသီးဆစ် ခေါ် ယူဆချက်တွေသာရှိတ

The last day at school

Image
ကနေ့ဟာ စာသင်နှစ် နောက်ဆုံးရက်ဖြစ်ပါတယ်။ ဇူလိုင်တလလုံး ကျောင်းပိတ်ပြီး သြဂုတ်လဆန်း (၃) ရက်မှာ နောက် စာသင်နှစ်သစ်စမယ်။ ဒီနှစ်တက်ထားသူတွေထဲက စာလိုက်သူတွေက နောက်လဲ အခန်းပြောင်းကြရတယ်။ လူသစ်တွေလာကြမယ်။ အင်္ဂလိပ်စာတိုးတက်လာကြတယ်။ ဓါတ်ပုံရိုက်ပေးတဲ့ မရာချင်းကျောင်းသားလည်း အတန်းတက်မယ်။ မြန်မာပြည်က ကျောင်းသူကျောင်းသားတွေ လျှောက်လွှာတင်ထားကြပြီးပြီ။ နောက်အပတ်ထဲမှာ ကျောင်းသားသစ်တွေ ဝင်ခွင့်ကိစ္စ ဘာသာပြန် စကားပြန်လုပ်ပေးဘို့တော့လာရဦးမယ်။ ဒေါက်တာတင့်ဆွေ ၂၉-၆-၂ဝ၁၇ Photo by Phei Pheitisi

July ဇူလိုင်

Image
ဇူလိုင်ဆိုတဲ့နာမည်ကို ဂျူလီယက်ဆီဇာကို သူ့မွေးလဖြစ်လို့ ရောမဆီးနိတ်ကနေ ဂုဏ်ပြုမှည့်ခေါ်ခဲ့တယ်။ အရင်ကတော့ Quintilis ကွင်တီလစ်လို့ခေါ်တယ်။ ကမ္ဘာ့မြောက်ဘက်ခြမ်းမှာ အပူအိုက်ဆုံးလနဲ့၊ တောင်ခြမ်းမှာ အအေးဆုံးလ ဖြစ်တယ်။ နိုင်ငံတကာဇူလိုင်လအထိမ်းအမှတ်နေ့များ ဇူလိုင် ၁ ရက် = ဆရာဝန်များနေ့ (အိန္ဒိယ)၊ လွတ်လပ်ရေးနေ့ (ဆိုမာလီ)၊ ကနေဒါနေ့၊ ဇူလိုင် ၃ ရက် = လွတ်လပ်ရေးနေ့ (ဘဲလားရုစ်)၊ ဇူလိုင် ၄ ရက် = ၁၇၇၆ လွတ်လပ်ရေးနေ့ (ယူအက်စ်) ဇူလိုင် ၅ ရက် = နိုင်ငံတကာသမဝါယမနေ့၊ ရေတပ်မတော်နေ့ (ယူကရိန်း)၊ လူငယ်များနေ့ (စင်္ကာပူ)။ လွတ်လပ်ရေးနေ့ (အယ်လ်ဂျီးရီးယား)၊ (ကိပ်ဗာဒီ)၊ (ဗင်နီဇွဲလား)၊ ဇူလိုင် ၆ ရက် = အမေနေ့ (တောင်ပိုင်းဆူဒန်) ဇူလိုင် ၉ ရက် = အမျိုးသားသစ်ပင်နေ့ (မက်ဆီကို) ဇူလိုင် ၁၂ ရက် = အဖေနေ့ (ယူရူဂွိုင်း) ဇူလိုင် ၁၉ ရက် = ကလေးများနေ့ (ကျူးဘား၊ ပနားမား၊ ဗင်နီဇွဲလား) ဇူလိုင် ၂၆ ရက် = မိဘများနေ့ (ယူအက်စ်)၊ သစ်ပင်နေ့ (သြစတေးလျ)၊ ရေတပ်မတော်နေ့ (ရုရှား)၊ ဖခင်နေ့ (ဒိုမီနီကန်)၊ ဇူလိုင် ၉ ရက် = လွတ်လပ်ရေးနေ့ (၁၈၁၆ အာဂျင်တီးနား၊ တောင်ဆူဒန်)၊ ဇူလိုင် ၁ဝ ရက် = လွတ်လပ်ရေးနေ့ (ဘဟားမား) ဇူလိုင် ၂ဝ ရက် = လွတ်လပ်ရေးနေ့ (

King Lear မင်းသုဝဏ် သတ်ပုံစစ်ခြင်း

Image
Soe Min Tun ဂန္တဝင်ကို တို့ထိကြည့်ခြင်း လွန်ခဲ့တဲ့ နှစ်နှစ်လောက်က လီယာမင်းကြီးဆိုတဲ့ ဆရာမင်းသုဝဏ်ရဲ့ ဘာသာပြန်ကို ဖတ်တုန်းက ဘာသာပြန်ပုံကို သိပ်သတိမထားမိခဲ့ဘူး။ ဖတ်လို့ကောင်းတာကိုပဲ သိခဲ့တာ။ အခုမှ ဟိုရှာဒီရှာလျှောက်ရှာ၊ ဟိုဖတ်ဒီဖတ် ဖတ်ရင်း King Lear ကို အင်္ဂလိပ်လို ရှာဖတ်မိတယ်။ ပထမစာမျက်နှာမှာတင် ရွာလည်သွားတော့တယ်။ ဒါနဲ့ မဖြစ်သေးပါဘူးဆိုပြီး ဆရာမင်းသုဝဏ်ရဲ့ဘာသာပြန်ကို ရှာမိတယ်။ ဘာသာပြန်နဲ့ မူရင်းကို တိုက်ဆိုင်ဖတ်ရင်း ဆရာမင်းသုဝဏ်ရဲ့ ဘာသာပြန် လက်စွမ်း အံ့မခန်းကို သတိထားမိတော့တယ်။ ပထမအခန်းမှ ရှိတ်စပီးယားရဲ့ မူရင်းစကားအချို့နဲ့ ဘာသာပြန်လက်ရာ အချို့ကို ဖတ်ရှုလေ့လာကြည့်ကြပါခင်ဗျား။ ကင့်။ ဪ၊ ဒါနဲ့ သည်လူငယ်က အရှင့်သားမဟုတ်ပါလား။ ဂလော်စတာ။ အင်း၊ သူ့ကို ကျွေးမွေးသုတ်သင်ဖို့က ကျုပ်ရဲ့တာဝန်ဖြစ်ခဲ့ပါတယ်ဗျာ။ သူ့ကို သားလို့ပြောရတဲ့အတွက် မျက်နှာပူခဲ့ရပေါင်းများပါပြီ။ အခုတော့ အရေထူသွားပါပြီလေ။ ကင့်။ မြို့စားမင်း ဘာဆိုလိုပါသလဲ။ ကျုပ်မယူ တတ်ဘူး။ ဂလော်စတာ။ မြို့စားမင်းကသာ မယူတတ်တာ။ သူ့အမေကတော့ ယူတတ်တယ်ဗျိုး။ သန္ဓေယူတာလေ။ ယူတယ်ဆိုရင်ပဲ သူ့ဗိုက်ကြီးဟာ လုံးလုံးလာပြီး သဉ္စာမှာ ကြင်ရာနဲ့ မစက်ခင်က၊ ပု

Donation box ပံ့သကူပစ္စည်း

Image
သမိုင်းအချက်အလက်လေးတွေ ရေးတင်တိုင်း အငြင်းပွားစရာတွေ့တာချည်းပဲ။ ကျွန်တော်လိုလူကိုအသာထား အများလေးစာတဲ့ သမိုင်းပညာရှင်ကနေရေးတာကို သမိုင်းဒေါက်တာဘွဲ့ရတယောက်ကနေ စစ်အစိုးရပိုင်သတင်းစာမှာ ငေါ့ရေးတယ်လို့ ကွန်မင့်ရေးပေးတယ်။ သမိုင်းဆိုတာ အထောက်အထားလိုတယ်။ အထောက်အထားဆိုတာ ဘယ်သူတွေကနေ ဘယ်တုန်းကရှာတွေ့တာလဲ။ ဘယ်စာအုပ်ထဲကလဲ။ နိုင်ငံတိုင်းနဲ့ ခေတ်တိုင်းမှာ ပေါ်လစီသမိုင်းတွေရှိတယ်။ နာဇီခေတ်မှာ ဂျာမန်မျိုးဗီဇ ဆေးပညာ သုတေသနထွက်ခဲ့တယ်။ ဟစ်တလာခေတ်က ဆေးပညာရှင်တွေပြောတာ နာဇီ။ ဗိုလ်ချုပ်နေဝင်းလက်ထက်မှာ သတ်ပုံပြောင်းတာ့ စစ်အေးခေတ်မှာ လက်ဝဲ-လက်ယာ သူတို့သာတာတွေချည်း ရေးတဲ့စာတွေ၊ စပ်တဲ့ကဗျာတွေ၊ ရိုက်တဲ့ရုပ်ရှင်တွေ ပလူပျံနေအောင်ထွက်ခဲ့တယ်။ သူ့အလုပ် သူလုပ်ကြတာ။ ကျွန်တော်က ဆေးပညာစာ၊ သမိုင်းနဲ့ မြန်မာစာကို ဘလော့နဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတယ်။ သာလာယံဇရပ်နံရံမှာ ရေးရသလိုပဲ။ မကြိုက်တဲ့သူက အောက်ကနေ ရေးချင်တာ ရေးခြစ်သွားကြတယ်။ မျက်စိအောက်တင် မျက်ဝါးထင်ထင်မြင်သိထားတာကို ပြန်ပြောလို့လည်း ကက်ကက်လန်ငြင်းဆန်တာ မကြာခဏ ကြုံရတယ်။ မြန်မာစာသတ်ပုံကို ပုံနှိပ်စာအုပ်ပါဓါတ်ပုံရိုက်ပြလည်း အလကားပါကွာသမားတွေကမနည်း။ ကျွန်တော်

မဟာစည်ဆရာတော် သတ်ပုံစစ်ခြင်း

Image
တကို တစ်လုပ်ထားတဲ သတ်ပုံအလွဲတွေကို မူရင်းအမှန်ကိုသိရလို့ ပြင်လာသူတွေအတွက် အားတက်ရတယ်။ ကျွန်တော်ကတော့ တယောက်ပြီးတယောက်ကို ကြိုးဝိုင်းပေါ် တင်ပေးနေပါတယ်။ တချို့မီဒီယာတွေ အမှားလိုက်နေကြလို့ မီဒီယာဖခင်တဦး လူထုဦးလှရေးခဲ့တာကို တင်ပါတယ်။ မြန်မာစာနဲ့ ကဗျာအရာမှာ ဆရာတဆူဖြစ်သူ မင်းသုဝဏ်ဘာသာပြန်တာလည်း တင်ပါတယ်။ သည်တခါ ဘာသာရေး။ ဝိပဿနာရှုနည်းကျမ်း၊ ပထမတွဲ၊ ဆဋ္ဌသင်္ဂီတိပုစ္ဆအဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရား ရေးသားစီရင်တော်မူသည် စာမျက်နှာ ၉၅ = တစ်စုံတစ်ခုသော ဝိပဿနာရှုနည်းကျမ်း၊ ဒုတိယတွဲ၊ ဆဋ္ဌသင်္ဂီတိပုစ္ဆအဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရားရေးသားစီရင်တော်မူသည် စာမျက်နှာ ၁ဝ၃ = တစုံတယောက်က မူရင်းမြန်မာစာ၊ မူရင်းကဗျာ၊ မူရင်းဘာသာပြန်တွေကို တမျိုးတမည်လုပ်တာသာမက ဝိပဿနာစာအုပ်မှာပါ ဝိဝါဒကွဲစရာတွေက အလွန့်အလွန်အရုပ်ဆိုးပါတယ်။ စာအုပ်တိုက်တွေ၊ အယ်ဒီတာတွေမှာ တာဝန်ရှိကြပါတယ်။ ဒေါက်တာတင့်ဆွေ ၂၉-၆-၂ဝ၁၆ ၂၉-၆-၂ဝ၁၇

A good Death and a bad Birth အဖြစ်နဲ့ အပျက်

Image
ကွန်မင့် (၁) အခုနောက်ထွက်တဲ့ ဆရာမင်းသုဝဏ်ရဲ့ကဗျာပေါင်းချုပ်ထဲမှာ တစ်တွေနဲ့ပဲတွေ့ရတော့တယ်ဆရာရေ။ ကွန်မင့် (၂) = စာပေသဘောတရားကို အစိုးရအမိန့်နဲ့ ပြောင်းလို့ရရိုးထုံးစံရှိသလား။ ကွန်မင့် (၃) ဦးနေဝင်းလက်ထက် တီးတိုးလာတုန်းက သတင်းစာမှာ သဝဏ်လွှာရေးတော့ တစ်ပြည်ထောင်နဲ့ တစ်ပြည်ထောင်လို့ ရေးတဲ့အခါ ပညာရှင်တွေကလှောင်ကြလို့ မြန်မာစာအဖွဲ့ဆိုတာကြီးဖွဲ့ပြီး ၁၉၈၃ မှ တစ်ခု တစ်ကောင်၊ တစ်ယောက်ဆိုပြီး အမှားတွေကို အမှန်လုပ်ခိုင်းခဲ့တာလို့ သိရတယ်ဗျာ။ အခုတော့ လူတွေက အမှားကို အမှန်ထင်နေကြတယ်။ တီးတိုးဆိုတာ မာရှယ်တီးတိုးဖြစ်ပါတယ်။ အရင် ယူဂိုဆလားဗီးယားခေါင်းဆောင်။ ဦးနေဝင်းနောက်တက်တဲ့ စစ်အစိုးရက အဲဒီတမင်တကာပြင်ထားတဲ့သတ်ပုံမဟုတ်ရင် ထုတ်ဝေခွင့်မပေးပါ။ တအမှန်တွေကို တစ်လို့ပြင်ရေးနေတဲ့ မျိုးဆက်နှစ်ခု လောက်ကို အဲဒီအမိန့်တော်ကနေ မွေးထုတ်ထားပါတယ်။ အမိန့်နဲ့ရေးတာမျိုးက ခေတ်ရေစီးသဘော မဟုတ်ပါ။ စာနဲ့ စကားဆိုတာ ကာလအရပြောင်းတာတွေရှိပါတယ်။ လွယ်ကူ ရှင်းလင်းပြီး မူရင်းဆိုလိုချက်ကိုလည်း မပျောက်စေပါ။ မိုဃ်း၊ ကျမ္မာ၊ ဆြာ၊ မင်းသ္မီး၊ ယ္ခင်၊ မြမ္မာ၊ သ္ခင်တွေ မရေးကြတော့ပါ။ တောင်မြို့ဆရာတော်က ဥူးလို့ရေးတယ်။ ဒေါက်တာသန်ထွန်းက ပုကံလို့

Foundation brick အုတ်မြစ်

Image
အခုလေးတင် ဆေးကျောင်းသူငယ်ချင်း ဆရာဝန်မတယောက်က အင်္ဂလိပ်လို ဆိုဆုံးမစာတခု တင်တယ်။ အောင်မြင်သူဆိုတာတဲ့ ဖေါင်ဒေးရှင်းကောင်းကောင်းတည်ဆောက်ထားတဲ့သူတဲ့။ အဲဒီအုတ်ခဲတွေကလည်း သူ့ကို သူများတွေက ပစ်လိုက်တာတွေတဲ့။ ဟုတ်တယ် သူငယ်ချင်း။ ဒါပေမဲ့ ထုတဲ့ခဲက တခါတလေခေါင်းထိတယ်။ ဒါလည်းမမှုပါ။ ကိုယ်က ကြက်ခြေနီလေးဘာလေး တတ်ထားတော့ မထောင်းတာဘူးပေါ့လို့ ပြန်ရေးလိုက်တယ်။ Smile! ဒေါက်တာတင့်ဆွေ ၂၉-၆-၂ဝ၁၇

Self Remedy ကိုယ်ပိုင်နည်း ကိုယ့်နေရာမှာသာ ရေးပါရန်

Image
ကျွန်တော့်ပို့စ်တခု = Corn ငါးမျက်စိ ကွန်မင့်တခု = Mon Lay ညီမလည်းဖြစ်ဖူးပါတယ် မရိုးပင်ရဲ့အစေးကို ၁ပတ်လောက်လိမ်းပါ သေချာပေါက် ပျောက်ကင်းပါတယ် မလိမ်းခင်တော့ အဲနေရာကို ရေနဲ့သေချာဆေးပါ ပြီးမှလိမ်းပါ Tint Swe အရပ်နည်းတွေ မိမိနေရာမှာသာ ရေးပါရန်လို့ ခဏခဏ (ခဏခဏ) ပြောပါတယ်။ ခဏနေရင် ကွန်မင့်ကို ဖျက်ပါမယ်။ ဆောရီး။ ကွန်မင့်တခု = Htut Myat Khant ရွာအခေါ်ဆပ်ပြာသိလျှင် အဆင်ပြေ၏။မီးခြစ်ဆံခေါင်းမျှ သွေးထွက်အောင်လုပ်ပြီးလိမ်းပါ ထုံးနှင့်ေ ရာ၍သာ Dr. Tint Swe အရပ်နည်းတွေ မိမိနေရာမှာသာ ရေးပါရန်လို့ ခဏခဏ (ခဏခဏ) ပြောပါတယ်။ ခဏနေရင် ကွန်မင့်ကို ဖျက်ပါမယ်။ ဆောရီး။ ကျွန်တော်လည်း သူများနေရာမှာ ကျွန်တော့်ဆေးနည်း မပေးပါ။ ဒေါက်တာတင့်ဆွေ ၂၈-၆-၂ဝ၁၇

တွေးမိပါစ (ဇော်ဂျီ)

Image
ဗေဒါတဲ့ ဗေဒါ။ သည်ချောင်းမှာ အမည်မွှေး အေးငြိမ့်သာယာ။ မွှေးသမျှ ပြန်တရာ ခံစရာအရေး အတိုက်ခံနိုင်မှ အမွှေ့ခံနိုင်မှ ထိုးဝါးတိုင် ဒီဆိုင်ဝဲတဲ့ ရွှေဘဲရန် စုန်ဆန်လမ်းမှာ ရမ်းတတ်တယ် လေး။ မွှေးမှလဲ မဟုတ်ပါ ရိုးသံရှင် ပဲ့တင်ထပ် ချောင်းရပ်ဧရာ။ စုန်ဆန်ရ လမ်းတကာမှာ လမ်းမ,သာရှာကြ။ တစိုက်စိုက်ကယ်နဲ့ အတိုက်ကို အကြိုတွေ့ပါလို့ အမွှေ့ဒဏ်ခံနေကြ တွေးမိပါစ။ တစ်ကဗျာဆရာများ ပို့စ်တွေထဲမှာ သတင်းပါတယ်၊ အတင်းပါတယ်။ တရားပါတယ်၊ မတရားပါတယ်။ စာပါတယ်၊ ကဗျာပါတယ်။ ဖတ်ပါတယ်။ မျက်စိကလည်း သတ်ပုံမှားတာ မျက်မှန်မပါပဲ ထင်းကနည်းမြင်တယ်။ လူချင်းမင်မင်တဲ့ ကဗျာဆရာတယောက် သူ့ကဗျာ တင်တယ်။ နှစ်ခါလုံးမှာ တစ်တွေနဲ့ရေးထားတယ်။ တခြားမသိတဲ့ကဗျာတွေဖတ်တိုင်း တစ်နေတယ်။ ဇော်ဂျီတို့ မင်းသုဝဏ်တို့ တင်မိုးတို့ထက်သာတဲ့ တစ်ဖြစ်ချင်ကြသူတွေ။ ဆရာဇော်ဂျီရဲ့ တွေးမိပါစကဗျာကို ငယ်ငယ်က ဖတ်ခဲ့ဘူတယ်။ ကျွန်တော်ဟာ ဗေဒါလိုဘဝ လျှောက်ခဲ့ရပါလားလို့ တွေးမိလာတယ်။ ပြန်တရာ ခံစရာအရေး၊ စုန်ဆန်လမ်းဘေးက ဘဲတရာအရေး၊ အတိုက်ခံ အမွှေ့ခံအရေး၊ ဒီမိုကရေစီအရေးထဲက ဒီဆိုင်ဝဲအရေး။ အခုတော့ဗျာ လမ်းမပေါ်မှာ တစ်ရာလို့ရေးသူတွေကိုသာ မမွှေးတဲ့ဗေဒါ လမ်းဘေးမှာ ငေး။

ဝေးပြီမွှေးရေ

Image
ရေး - မြတ်လေး ဆို - မောင်မောင်ကြီး ကျောချင်းကပ်၍ တရွေ့ရွေ့ခွါ တကမ္ဘာဆီ၊ ဝေးပြီ မွှေးရယ်။ ဖုန်းချစ်ရနည်းတယ်၊ ခုမှ လူ့ဘဝ ရေလည်၊ ပြုသမျှတွေ့မယ်၊ အဖြေပေါ်တယ်၊ တယုတယချစ်ကြိုးသွယ်၊ သမုဒယ အဖြစ်ဆိုးတယ်၊ ရေနစ်သူဝါးကူထိုးသည့်နှယ်၊ အမုန်းခံလူစား အပယ်ခံဘဝနဲ့ကွယ်၊ အဆွေးခြယ် ဆေးချက်မပြယ် အဝေးနယ် ပြေးထွက်ကာရယ် သည်နောင်တ ရင်ဝယ်ဆောင်လို့သယ် တွေးမိတိုင်း မျက်ရည်လည် (ပန်းကြွေသောလမ်း ဖြတ်သန်းလျှောက်သောအခါ ကိုယ့်အသဲဘယ့်နှယ်ရှိမယ် မွှေ့း့ ရယ် လေတိုက်သောလမ်း ဖြတ်သန်းလျှောက်သောအခါ ကိုယ့်ဘဝ ဘယ့်နှယ်ရှိပါ့မယ်) ၂ အသဲကြွေခြင်း လေလွင့်ခြင်းတွေရယ် မွှေးကိုချစ်မိသောဘဝ ရလာဒ်တွေပါကွယ်၊ မွှေးရယ့့် မွှေးရယ့့်။ မှတ်ချက် မြတ်လေးဟာ တချိန်က အနုပညာလောကမှာ လျှမ်းလျှမ်းတောက်ထင်ပေါ် အောင်မြင်ခဲ့သူတယောက်ဖြစ်တယ်။ တေးဂီတနဲ့ ရုပ်ရှင်မှာ အောင်မြင်တယ်။ သူ့သီချင်းတွေကို ခုခေတ်လူရွယ်တွေကတော့ ကြားဖူးကြမယ်မထင်ပါ။ ခံစားတတ်ကြမယ်လည်း မမျှော်လင့်ပါ။ လူရွယ်တွေရဲ့ မိဘဆရာတွေကတော့ မြတ်လေးအနုပညာသက် ရှိခဲ့ကြသူတွေသာ ဖြစ်ပါတယ်။ သီချင်းစာသားသတ်ပုံကိုလည်း ခေတ်လူရွယ် လူငယ်တွေသာမက လူကြီးတွေပါ သတိပြုကြစေချင်ပါတယ်။ တရွေ့ရွေ့ခွါ တကမ္ဘာဆီလို့သာ

Health Change ကျန်းမာရေး အပြောင်းအလဲ

Image
• ကျွန်တော်တို့ ဆေးကျောင်းသားဘဝ ပညာတွင်းကနက်လှ၊ • ဆေးစာအုပ်ကရှား လက်ဆင့်ကမ်းပေးသူအနားရှိမှ ဖတ်စရာရ၊ • ကျွန်တော်တို့ ဆရာဝန်ဖြစ်စ ဆေးကုတွင်းကနက်လှ၊ • အစိုးရဆေးရုံတွေမှာ အစိုးရမဟုတ်သူများအတွက် ကျန်းမာရေးတွင်းကနက်လှ။ • မြင်းမြီးကိုသာ လက်ဆောင်ရ၊ ချုပ်ရတဲ့ ကက်ဂတ် ခေါ်တဲ့ကြိုးက မရှိ၊ • ခွဲစိတ်ကရိယာ ဗလာနတ္ထိ၊ ခွဲစိတ်လူက အပြည့်၊ • ဆရာဝန်ခင်မြာ ကြံမိကြံရာ၊ ဆေးကျောင်းမှာမသင်ရတာ နည်းလမ်းရှာ၊ • ဘာရမလဲ၊ ပညာလဲရ၊ တာဝန်လဲကျေ၊ တောသူတောသားတွေ အတန်အသင့် ကျန်းမာကြပါစေ။ • မန္တလေးဈေးချိုရောက် အခေါက်တိုင်းဝယ်၊ • စီရုံကဆေးဆိုင်မယ် ကုန်သွယ်ရေးလို တန်းစီစရာမလို၊ • ကြိုက်တဲ့နံပါတ်ကို ကြိုက်သလောက်ဝယ်လို့ရ၊ • မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကြီးက အောင်မြင်လှ။ • သွေးထုတ်တဲ့ပိုက်ကကုန်၊ ၂၁ မိုင်ဝေးတဲ့ တံ့တားဦးဆေးရုံ၊ လူကြုံနဲ့လှမ်းချေး၊ • သွေးစစ်စရာ မိုက်ကရိုစကုပ်ဆိုတာမရှိ၊ နေရောင်ထောင်ကြည့်၊ • အာလ်ထွာဆောင်း မသိ၊ ဓါတ်မှန် မရှိ၊ ဓါတ်ခွဲခန်းက ဝေးလှပါဘိ။ • တောဆေးရုံမှာ ခွဲစိတ်ကိရိယာဆိုတာ ဝေလာဝေး၊ • ရန်ကုန်ကို ဆင်းပြေး၊ လဟာပြင်ဈေးမှာ စစ်စစ်ပေါက်ပေါက်မေး၊ • ကစ်ဒနီထွေး၊ ညှပ်သေးသေး၊ ကပ်ကြေး၊ • ဈေးမဆစ်နဲ့ ပေး

Rabies မျောက်ကိုက်၍ ခွေးရူးကာကွယ်ဆေးထိုးရခြင်း

Image
ကနေ့ ခွေးကိုက်ခံရလို့မေးတာ (၃) ယောက်ရှိတယ်။ ဒီမေးခွန်းက အခုပဲလာတာ။ မင်္ဂလာပါဆရာ ကျွန်မညီမလေးက အသက် ၁၃ပါ။ မနေ့ကဘုရားကျောင်းမှာ ဘုရားသွားဖူးရင်း ဘုရားကျောင်းခွေး ၇ ကောင်က ကျွန်မညီမလေးကို လာကိုက်ပါတယ်။ အမကမောင်းထုတ်တယ်။ ခွေးကမရ။ ခွေးဆေး ၁ လုံးထိုးထားတယ်။ သူများပြောတာ ဆေး ၄၅ လုံးထိုးရမယ်တဲ့။ အခု ကျွန်မညီမလေး ကျောင်းသွားမနိုင်တော့ဘူး။ မခံနိုင်ဘူးတဲ့။ ကျေးဇူးပြုပြီး ပြောပြပေးပါနော်ဆရာ။ ဆေးဘယ် နှစ်လုံးထိုးရလဲ တခြား သဘာဝဆေး ဘယ်လိုလုပ်ပေးသင့်လဲ ပြောပြပေးပါနော်ဆရာ။ ကျွန်မညီမလေးအသက်ဆုံးရုံးတော့မှာကို စိုးလို့ပါဆရာ။ ကျွန်မက စာမတတ်တော့ စာလုံးပေါင်းမှားရင် ခွင့်လွတ်ပေးပါနော်ဆရာ ကိုက်တာက ခွေးရူး၊ ကူးတာက ဗိုင်းရပ်စ်ဖြစ်တယ်။ ဒီပိုးတွေက ဗဟိုအာရုံကြောစနစ်ထဲ ဝင်လာပြီး ပျက်စီးစေတယ်။ ဗိုင်းရပ်စ်တွေက ရောဂါရှိနေတဲ့ အကောင် (ခွေး၊ ကြောင်၊ မျောက်၊ မြေခွေး၊ လင်နို့၊ ခွေးတူဝက်တူ) ရဲ့ တံတွေးထဲမှာ ရှိနေတယ်။ သူတို့သွေးက ကိစ္စမရှိဘူး။ အကိုက်မခံရပေမဲ့ ပိုးပါနေတဲ့ တံတွေးက သွေးထဲ၊ ပါးစပ်ထဲ၊ နှာခေါင်းထဲ၊ မျက်စိထဲဝင်လာရင် ကူးနိုင်တယ်။ ပိုးဝင်လာပြီး ဘယ်တော့ရောဂါရမလဲဆိုတာ ကူးစက်ရောဂါမှန်သမျှထဲမှာ အကွဲပြားဆုံးဘဲ။ ရက်ပိုင်

SMO တိုက်နယ်ဆရာဝန်

Image
အော့့် အခုမှ ဖတ်ရတယ်။ ကျွန်တော်က ခုခေတ်သမားမဟုတ်လို့ ရေးမကောင်း။ ကျွန်တော်က မဆလ ခေတ်က မြို့သာမှာ တိုက်နယ်ဆရာဝန်ဖြစ်တယ်။ မန္တလေး မင်္ဂလာလမ်းမှာရှိတဲ့ ဆေးသိုလှောင်ရုံကို ဆေးသွားသွားထုတ်ရတယ်။ တောင်းတာ မရပါ။ ရှိတာရတယ်။ ခွဲတမ်းနဲ့သာရတယ်။ ဘီပီအိုင်ထုတ်ဆေးတွေသာရတယ်။ မေမြို့စစ်ဆေးရုံမှာ အလုပ်သင်ဆရာဝန် လုပ်ရတော့ မမြင်ဘူးတဲ့ဆေးတွေတွေ့ရတယ်။ တိုက်နယ်ဆရာဝန်မှာတော့ အရေးပေါ် သွေးထုတ်စရာ ဒိုနာဆက်ကို မိုင် ၂ဝ ဝေးတဲ့ တံတားဦးဆေးရုံလူလွှတ် ချေးငှားရတယ်။ ကိုလေး (အင်းဝဂုဏ်ရည်) သက်သေရှိတယ်။ မြို့သာနယ်မှာ မြွေကလည်းပေါလွန်းလို့ ဆေးဂိုဒေါင်ကလူတွေနဲ့ ခင်အောင်မင်အောင် လုပ်ထားရတယ်။ ခုခေတ်ကို မသိပါ။ ဆောရီးပဲ ခေတ်သစ် တိုက်နယ်ဆရာဝန်တို့ရေ။ စစ်ဗိုလ်ဆရာဝန် မလုပ်ချင်တဲ့သူ ကျွန်တော် ငယ်ငယ်က စစ်ဗိုလ်ဖြစ်ဖို့ သွားဖြေရတာက စစ်တက္ကသိုလ် DSA 11 ဖြစ်တယ်။ အတူဖြေသူတွေထဲက အမျိုးတယောက် (သည်စာရေးတုံး အမျိုးတော်မှန်းမသိသေးပါ) အောင်ပြီး ပါသွားတယ်။ နောင်တော့ သူဟာ ဝန်ကြီးအစစ် ဖြစ်လာတယ်။ ကျွန်တော်က ပြည်ပအစိုးရမှာတော့ ဝန်ကြီးလို့ အခေါ်ခံရသူဖြစ်လာတယ်။ သူက အတော့်ကို စစ်ထဲဝင်ချင်တဲ့လူ၊ အရင်နှစ်ကလည်းသွားဖြေတာ ကိုယ်အလေးချိန် မပြည့်လို့တဲ့ မပါ

Not Yet Friend ဖရင်း မဟုတ်သေးသူတွေက မေးရင်

Image
ကွန်မင့်ကနေ မေးတာ သုံးခု ကနေ့ရတယ်။ ၁။ TharThar Lay ဆရာသမီးညီမလေးလက်မှာ အရေကြည်ဘုလေးတွေကနေ လက်မအသားတွေစားနေတယ်ဆရာ ခုဆို ဖ၀ါး နှစ်ဖက်စလုံးနဲ့ ခြေဖ၀ါး နှစ်ဖက်လုံးမှာ အရေကြည်ဘုတွေထနေတယ်ဆရာ ဆေးရုံပြတော့လဲ ဘာမှမပြောဘဲ လိမ်ဆေး သောက်ဘဲပေးလိုက်တယ်ဘာ ဖြစ်မြန်းလဲမသိရဘူးဆရာ ခုဆိုဘုတွေကပိုဆိုးနေလို့ အသက်စိုးရိမ်ရလားဆရာရှင့် Tint Swe အခုလိုက်ရှာတာ မေးထားတာ တွေ့တယ်။ ဖရင်းမဟုတ်သူတွေကနေ စာရေးရင် ဆရာက မသိနိုင်။ လိုက်ရှာပြီး Accept လုပ်မှာသာ တွေ့တယ်။ အဲလိုတွေလိုက်လုပ်ရတာ တထောင်ကျော်ရှိတယ်။ ခဏနေမှ မေးနည်းစည်းကမ်းပါ အချက်အလက်စုံပါရင် ဖြေပါမယ်။ TharThar Lay ကျေးဇူးပါဆရာ အဖြေ = ကင်ဆာ မဖြစ်လောက်။ ဘာလဲ သေချာ မသိသေး။ အရည်ကြည်ဖုဆိုတာ ရေယုံကို အရင်စဉ်းစားရ။ ရေယုံက လက်ဖဝါး မပေါက်။ ရိုးရိုးအရေပြားမှာသာပေါင်။ အသက်ကို နောက်မှရေးတာတိုင်း ၂ ခေါက်ဖတ်ရတယ်။ ၂။ Nu Nu Winn ဆရာ မက်ဆင်ဂျာကနေမေးထားပါတယ်ရှင့် သုံးရက်လောက်ရှိပါပြီ friမဟုတ်လို့ မဖြေတာလို့ထင်နေတာ အခုမှဆရာ့အခက်အခဲကို သိရလို့ အားနာလိုက်တာ Tint Swe အခုလိုက်ရှာတာ မေးထားတာ တွေ့တယ်။ ဖရင်းမဟုတ်သူတွေကနေ စာရေးရင် ဆရာက မသိနိုင်။ လိုက်ရှာပြီး Accept လုပ်မှာသာေ

126 and counting မှန်တာတွေ ဆက်ရေနေဆဲ

Image
တ အမှန် သတ်ပုံကို တစ် အကြံအဖန်မလုပ်ကြသူတွေ လိုက်ရှာတာ တရာကျော်ပြီ။ အက္ခရာစဉ်လိုက် စီထားပါတယ်။ ဝါကျတွေကို အပြည်အစုံမထည့်နိုင်တဲ့အတွက် တောင်းပန်ပါတယ်။ ဆောရီး။ 1. (အကြည်တော်) တကယ်ချစ်တာ သက်သေပြချင်တယ် ဟုတ်လား သေလိုက်လို့ ပြောကြည့် ဘယ်ကောင်မှ မသေဘူး 2. Ahunt Bhone Myat တခါတလေလည်း ပေါက်ဖော် ဂျာနယ်လစ်မလေးဒေ 3. Albert Aung ကမ္ဘာတလွှားက ပါတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ ၀ိုင်းကန့်ကွက်ကြပြီး အော်ဟစ်နေကြတာ 4. Aqua Thel ကိုယ့်ရှေ့တတတန်းက ခိုင်သင်းကြည် နန္ဒာလှိုင် ရီဝေယံ 5. Ashin Kawwida ယခုပြုရ ကုသလကြောင့် ဉာဏကြီးမား သက်ရှည်လျား၍ ခွန်အားလည်းကောင်း တကြောင်းရုပ်လှ နတ်တမျှတည့် သုခချမ်းသာ ပြည့်စုံပါသည် ငါးဖြာအကျိုးရစေသောဝ် 6. ‎Ashin Yar Nika‎ မြတ်စွာဘုရားက တကယ့်ကို မပြတ်စီးဝင်နေတဲ့ ကုသိုလ်တွေဆိုတဲ့အထဲမယ် 7. Aung Khin တကယ်ကောင်းတဲ့ တုန့်ပြန်ချက်ပါ 8. Aung Moe လူငယ်တယောက်ဆိုတော့စိတ်မထိန်းနိုင်လို့ပေါက်ကွဲတာ ဖမ်းလဲဖမ်းဗျာ 9. Aung Myo Min တခေါက်မှ မရောက်ဘူးတဲ့ ဖိုလ်ဝင်တောင်နဲ့ ရွှေဘတောင်ကို ဘုရားဖူးဖို့ လိုက်ပေးတဲ့ 10. Aung Thu Myint Swe‎ တနေကုန် လှုပ်ရှားလိုက်ရတဲ့ဝန်းလေး 11. Aung Gilb