၁ စိတ် ၁ ဒေသ
ကွန်မင့်တခု = ဘဝ၏တစ်စိတ်တစ်ဒေသ (သတ်ပုံမှားလျှင်ပြင်ပေးပါ ဆရာ)
ကျွန်တော်နဲ့ သဘောတူသူ အတော်ကိုနည်းမယ်။ တစိတ်တဒေသလို့ရေးပါတယ်။ အရင်သတ်ပုံစာအုပ်တွေမှာ တစိတ်တဒေသလို့တော့ မပါ။ နီးစပ်တဲ့စာလုံးတွေ ပါတယ်။
တစုံတခု
တစုံတရာ
တစုံတဦး
တစုံတယောက်
တစစီ
တစည်းတရုံး
တစည်းတလုံး
တစည်းတပေါင်း
တစည်းတဝေး
တစတစ
ပန်းတစည်း
တစိတ်တဒေသကို အသံထွက်ရင် ဒဇိတ်တဒေသလို့ ထွက်တယ်။ တစ်စိတ်တစ်ဒေသကို အသံထွက်ရင် ၁ စိတ် ၁ ဒေသ လို့သာထွက်ပါမယ်။
ဒေါက်တာတင့်ဆွေ
၁၉-၆-၂ဝ၁၇

Comments
Post a Comment