Traumatized ထုံနေပြီ

ကျွန်တော့်ပို့စ်တခု = Qatar ကာတာ အရေးအခင်း

ကွန်မင့်တခု = ဆန်ရှင်ကြောင့် ပြည်သူတွေ ဘာအကျိုးအမြတ်ရပါသလဲ။ မြန်မာစီးပွားရေး နလံမထူနိုင်တာ ပတ်ဝန်းကျင် နိုင်ငံတွေထက်နောက်ကျနေတာ ပြည်သူတွေပိုကြပ်တည်းလာတာ ဆန်ရှင် ကအဓိကတရားခံပါ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲဟာလဲ ဆန်ရှင်ကြောင့်မဟုတ်တာလဲ အသေအချာပါပဲ။

အထက်မှာ လင့် ၂ ခုပေးထားပါတယ်။ သုတေသနလုပ်ပြီးမှ ရေးထားတာ။ မြန်မာပြည်တရားဝင်ဆင်းရဲခဲ့တာ ၁၉၈၇ မှာ ဖြစ်တယ်။ ဦးနေဝင်းတောင် မဆင်းရသေးပါ။ နောက်စစ်အစိုးရ မတက်ရသေး။ ဆန်ရှင်ဆိုတာ ဝေလာဝေး။

ကွန်မင့်တခု = ဆရာက တမိသားစုလုံး နိုင်ငံခြားမှာနေတော့ ပြောအားရှိတာပေါ့ ကျနော်တို့ လူငယ်တွေက ဘာမသိ ညာမသိနဲ့ ထွက်ပေါက်ပိတ်ကမ္ဘာထဲမှာ အိမ်မက်တွေပျက်ကုန်ရတာ တီမောသမ္မတကြီပြောတာဖက်ဖူးလား သူတို့ အင်ဒိုလက်က လွတ်အောင်ရုန်းနေချိန်မှာ အင်ဒိုတွေကို စီးပွားရေးပိတ်ပါမပြောပဲ အင်ဒိုမှာ စီပွားရေးလာလုပ်ဖို့ပဲ ပြောခဲ့တယ် အင်ဒိုတွေ ကြွယ်ဝလာပြီး အသိညာဏ်ပိုဖွံဖြိုးလာဖို့လိုတယ်ဆိုတာသိလို့ပါတဲ့ အဲ့အတွက် အခု အေးအေးဆေးဆေးခွဲထွက်ခွင့်ရပြီး ၂နိုင်ငံ အခင်အမင်မပျက်ဘူးတဲ့ မြန်မာပြည်မှာက အဲ့လိုတယောက်မှမရှိဘူး အရေးမပါတဲ့ အယူဝါဒတွေအတွက် လက်တွေ့အလုပ်ဖြစ် မဖြစ်မစဉ်းစားပဲ အရေကြီးတဲ့နိုင်ငံတော်ကို စတေးဖို့ပဲ တွေးခဲ့ကြတယ်

ဆန်ရှင်ကိစ္စကို ဒိုင်ခံပြီးဆွေးနွေးခဲ့တာ ဆယ်နှစ်လောက်ကြာပြီ။ အပြင်မှာနေရတော့ ဘိုလိုပြောခဲ့ရတာများတယ်။ လင့်ထဲကစာလည်း အင်္ဂလိပ်လိုရေးထားတာ တယောက်ကနေ ဘာသာပြန်ပေးထားလို့။

အရှေ့တီမော ခေါ် တီမောလက်စ်နဲ့ မြန်မာပြည်အခြေအနေ အခြေခံမတူပါ။ တီမောလက်စ် သမတ ရားမို့စ်ဟော်တာက ကျွန်တော်တို့သွားစဉ်က နေ့လည်စာကျွေးပါတယ်။ ကျွန်တော် အဲဒီမှာ တလတိတိကြာ နေခဲ့သေးတယ်။ သူ့ရုံးက ကျခံပေးပါတယ်။

ကျွန်တော်ပြည်ပမှာနေရတာကို အပြစ်ဖို့သူတွေ များပါတယ်။ တခုခုသဘောမတူတာရေးရင် ပြည်ပနေတဲ့သူ၊ အမေရိကား ရောက်နေသူ စသဖြင့် ပြောခံနေရတာများတော့ ထုံနေပါပြီ။

Second Language ဘိုလိုပြောတော့ ဗိုလ်ဖြစ်ရော့လား http://doctortintswe.blogspot.com/2016/05/second-language.html
Sanctions မြန်မာနိုင်ငံနှင့် စီးပွားရေး ပိတ်ဆို့မှု ပြဿနာ http://doctortintswe.blogspot.com/2015/12/sanctions_8.html

ဒေါက်တာတင့်ဆွေ
၂၅-၆-၂ဝ၁၇
ည (မနက်) ၂ နာရီ၊ ၂၉ မိနစ်။

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး