သံဂါယနာတင်သတ်ပုံ ဖေ့စ်ဘွတ်လောက် ခေတ်မမီ

ကနေ့ (မြန်မာပြည်က) မနက် တင်ကြတဲ့ ပို့စ်တွေထဲမှာ တရားတွေ တယ်များပါကလား။ ခါတိုင်းထက်ကို များတယ်။ ဘုရားဟောတွေပါတယ်။ ဆရာတော်တွေဟောတာပါတယ်။ အားလုံးမှာ တူတာတခု သတိထားမိတယ်။

ကျွန်တော်လည်း စာဖတ်တတ်စကတည်းက ဆုံးမစာတွေအများကြီးဖတ်လာခဲ့တာ။ ကနေ့တွေ့တာတွေကို အရင်က ဖတ်ဖူးထားတာလို့ သိတယ်။ အရင်ကနဲ့ ကနေ့မတူတာတခုတော့ သတိထားမိတယ်။

သတ်ပုံ။

ကျွန်တော်ဖတ်နေတဲ့ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်တွေရေးတဲ့ သတ်ပုံတွေက ခေတ်နောက်ကျနေသလား မသိ။ သာသနာတော် နှစ်ပေါင်း ၂၅ဝဝ ကျော်ပြီ။

မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ မြန်မာစာတတ်ကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၃-၆-၂ဝ၁၇
ည ၈ နာရီ၊ ၄၅ မိနစ်။

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)