Friday, June 23, 2017

Left and Right လက်ဝဲ လက်ျာ

ကွန်မင့်တခု = လက်ဝဲလက်ယာအကြောင်း အရှင်းဆုံး ဘယ်စာအုပ်မှာ လေ့လာရမလဲဆရာ။ Online ပေါ်မှာ လက်ယာယိမ်း၊ လက်ဝဲယိမ်း၊ ဆိုတာတွေတော့ ခဏခဏဖတ်နေရလို့ပါ။ အဓိပ္ပါယ်နားမလည်လို့ပါဆရာ။

ကွန်မင့်တခု = ဆရာ လက်ဝဲက ကွန်မြူနစ်လား လက်ယာက ကွန်မြူနစ်လား

ကွန်မင့်တခု = လက်ဝဲက ကွန်မြူနစ် လက်ယာက အရင်းရှင်

လက်ဝဲက ကွန်မြူနစ်။ ဆိုရှယ်လစ်တွေကိုလည်း လက်ဝဲလို့သုံးတာလည်းရှိတယ်။ မြန်မာ့သမိုင်းအရ အဖြူနဲ့ အနီလို့ ရှိတယ်။ နိုင်ငံတကာမှာလည်း ကွန်မြူနစ်ကအမျိုးမျိုး။ မီဒီယာတွေကနေသုံးတာနဲ့ ကာယကံရှင်တွေကသုံးတာ ကွဲလွဲတတ်တယ်။ ကမ္ဘောဒီယားက Khmer Rouge ကို ခမာနီလို့ မြန်မာစာနယ်ဇင်းကရေးတယ်။ အိန္ဒိယက ဘီဂျေပီပါတီကို လက်ယာယိမ်းဟိန္ဒူအစွန်းရောက်ပါတီလို့ ငယ်ငယ်ကဖတ်ခဲ့ရဘူးတယ်။

ကွန်မြူနစ်ဝါဒဟာသမိုင်းမှာ အစဦးကာလ၊ ခေတ်ပေါ်ဆိုပြီး ခွဲခြားလေ့လာလေ့ရှိတယ်။ စစ်အေးခေတ်မှာ အထင်ပေါ်ဆုံးနဲ့ အပြင်းထန်ဆုံးဖြစ်ခဲ့တယ်။ ဆိုဗီယက်ယူနီယံကြီးပြိုကွဲတဲ့နောက်မှာ တမျိုးတမည်ဖြစ်လာတယ်။ ပင်မအယူအဆကတော့ မာ့စ်အယူအဆဖြစ်တယ်။ အဲတာအောက်မှာ လီနင်၊ စတာလင်၊ ထရော်စကီဆိုတာတွေ ဆက်ပွါးတယ်။ မာ့စ်မဟုတ်တဲ့ ကွန်မြူနစ်လည်းရှိသေးတယ်။ ခရစ်ယန်ကွန်မြူနစ်လည်းရှိတယ်။ မင်းမဲ့စရိုက်ကိုလည်း အဲတာထဲထည့်တယ်။ ဆိုဗီယက်နဲ့ လိုင်းကွဲပြီး တရုပ်ပြည်မှာ မော်စီတုန်းပေါ်တာတယ်။ မော်ဝါဒီဆိုပြီး ကနေ့ အိန္ဒိယနဲ့ နီပေါမှာရှိတယ်။

ကွန်မြူနစ်စနစ်ကျင့်သုံးခဲ့တဲ့ နိုင်ငံအရေအတွက် အရင်ကပိုများတယ်။ ကနေ့ ကွန်မြူနစ်တိုင်းပြည်တွေက တရုပ်၊ ကျူးဘား၊ လာအို၊ မြောက်ကိုရီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေဖြစ်တယ်တဲ့။

ဆိုဗီယက်ယူနီယံထဲမှာပါခဲ့တဲ့နိုင်ငံတွေကတော့ အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ ဘိုင်လိုရပ်စ်၊ အက်စတိုးနီးယား၊ ကဇာ့စတန်၊ ကဂျီစတန်၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ မော်လ်ဒိုဇာ၊ ရုရှား၊ တာဂျီကစ်စတန်၊ တာ့ခ်မင်နစ်စတန်၊ ယူကရိန်း၊ အူစဗက်ကစ်စတန်။ ဆိုဗီယက်ကနေထိန်းချုပ်ထားခဲ့တဲ့ အရှေ့အုပ်စုထဲမှာ ဘူလ်ဂေးရီးယား၊ ချက်ကိုဆလိုဗားကီးယား၊ အရှေ့ဂျာမဏီ၊ ဟန်ဂေရီ၊ ပိုလန်၊ ရိုမေးနီးယားနဲ့ ဆလိုဗားကီးယား။ အာရှနိုင်ငံတွေကတော့ အာဖကန်နစ်စတန်၊ ကမ္ဘောဒီးယား၊ မွန်ဂိုးလီးယား။ ဘော်လ်ကန်ဒေသနိုင်ငံတွေကတော့ အယ်လ်ဗေးနီးယား၊ ဘော့စနီးယား ဟက်ဇာဂိုဗီးနား၊ ခရိုယေးရှား၊ မက်ဆီဒိုးနီးယား၊ မွန်တီနီဂိုး၊ ဆာဗီးယား၊ ဆလိုဗေးနီးယား။ အာဖရိကတိုက်မှာ အင်ဂိုလာ၊ ဘီနင်၊ ကွန်ဂို၊ အီသီယိုးပီးယား၊ ဆိုမာလီ၊ အရစ်ထရိးယား၊ မိုဇမ်ဘက်နဲ့ ယီမင်။

လက်ဝဲယိမ်းနဲ့ လက်ယာယိမ်း အသုံးကို မီဒီယာနဲ့ သုတေသနလုပ်သူတွေကသုံးတယ်။ လေဘာပါတီ၊ အလုပ်သမားပါတီ၊ အလုပ်သမာသမဂ္ဂ၊ ပရိုဂရက်ဇစ်ပါတဲ့အသင်းအဖွဲ့တွေကို လက်ဝဲဆန်တယ်လို့ပြောရင် ငြင်းရခက်တယ်။ ဆိုရှယ်ဒီမိုကရက်၊ ဂရင်းပါတီစတဲ့အသုံးတွေကလည်း လက်ယာယိမ်းမဟုတ်ဖူးပြောရင် ငြင်းရခက်တယ်။ ကွန်မြူနစ်ဝါဒကို လက်ခံသူတွေက သူတို့ကိုယ်ပိုင် အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ၊ အိုင်ဒီယော်လော်ဂျီတွေ ကိုယ်စီရှိကြတယ်။ တချို့က သူတို့ဟာကို တစက်ကလေးမှ အထိမခံကြဘူး။

ဒီသုံးသပ်ချက်က သိပ်တော့ သုတေသနမဆန်လှပါ။ ရိပ်ဖမ်းသံဖမ်းအသိသာ ဖြစ်တယ်။ ကျွန်တော်က အယူဝါဒတွေကို အဲလောက်သာ သိချင်တယ်။ ဒိထက်သိလိုသူတွေ သိတဲ့သူတွေကို မေးသင့်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၆-၂ဝ၁၆
၂၃-၆-၂ဝ၁၇

No comments:

Post a Comment

Note: Only a member of this blog may post a comment.

လည်းကောင်း နဲ့ ၎င်း

၁။ ဆရာ ၎င်းရဲ့ စာလုံးဟာ  ငသတ်ရှေ့က အက္ခရာကို ဘယ်လိုခေါ်ရပါသလဲခင်ဗျာ။ ၎င်း လည်းကောင်း ဆက်စပ်ရာ ပြပုဒ်တွေဟာ ဝါကျအထားအသို မတူကြဘူးဆရာ။ သတင်းစာတွေမှာေ...