ယောင် နဲ့ ရောင်

၁။ တခုဘဲဖြေပေးပါဆရာခင်ဗျာ။ အစာအိမ်ယောင်နေစဉ့့်

၂။ မင်္ဂလာပါဆရာရှင့်။ အမျိုးသမီး၊ အသက်က ၂၅ အပျိုပါ။့ အမူးပျောက်ပြီးရင် လက်တွေယောင်လာပါတယ်။ တပါတ်လောက်ဆို အယောင်ပျောက်ပါတယ်ရှင့့်

အစာအိမ်ရောင်လို့သာရေးရတယ်။ အရောင်ပျောက်တယ်လို့သာ ရေးရပါမယ်။

ယောင်
ထင်ယောင်မြင်ယောင်
မင်းယောင်စိုးယောင်
မူသယောင်လုပ်သည်
လန့်၍ယောင်သည်
သူယောင်ပင်
အဆောင်အယောင်
အယောင်ဆောင်
ယောင်ကန်းကန်း
ယောင်ချာချာ
ယောင်တတ်သောသူ
ယောင်တိယောင်ချာ
ယောင်နန
ယောင်ယမ်းလုပ်သည်
ယောင်လည်လည်
ယောင်ဝါးဝါးမလုပ်ပါနှင့်
ယောင်သုံးဆယ်
ယောင်အမ်းအမ်း
ယောင်တောင်တောင်
ယောင်ပေသီး
ယောင်ပေပေ
ယောင်ယောင်မှားမှား
ယောင်ယောင်ပေါင်ပေါင်
ယောင်ခြောက်ဆယ်
နှာယောင်ကြမ်းတန်း

ရောင်
ကိုယ်လက်ရောင်ရမ်း
လရောင်
အလင်းရောင်
အရောင်အဆင်း
နေရောင်
ဖေါရောင်သည်
ဖေါရောင်သည်
ရောင်ဆင်းတင့်တယ်
ရောင်ညီး
ရောင်ခြည်တော်
ရောင်ပြန်ဟပ်
ရောင်ရင်ငှက်
ရောင်လျှံတော်
ရောင်ဝှန်
ရောင်ဝါထိန်ညီး
ရောင်အန်း မို့ဖောင်း
ရွှေဘုန်းတော်ရောင်ခြည် ခြောက်ရောင်ကွန့်မြူးသည့့်

ဂေါတမမြတ်ဘုရားဂုဏ် - မာမာအေး https://www.youtube.com/watch?v=TE18EqnE46g

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး