မာနယ်ပလောသို့

စင်ပြိုင်အစိုးရအပါအဝင် စစ်အစိုးရဆန့်ကျင်တဲ့ အဖွဲ့ပေါင်းစုံတည်ရှိခဲ့ရာ မာနယ်ပလောကို ကရင်ရဲဘော်တဦးနဲ့အတူ ၁၉၉၄ ခုနှစ်ကသွားခဲ့တဲ့ပုံကို နှစ်ပတ်လည်ပို့စ်အဖြစ်ပြန်တွေ့ပါတယ်။ ၁၉၉၅ မှာ မာနယ်ပလောကျဆုံးမီ သုံးခေါက် ရောက်ခဲ့တယ်။ မျှစ်ကောင်းကောင်းစားခဲ့ရတယ်။

တခြားလုပ်ဖေါ်ကိုင်ဖက်တွေကိုရော၊ ကိုယ်တိုင်မျှစ်ချိုးကျွေးတဲ့ ကယန်းအမတ် ဦးခွန်မာကိုဘန်းကိုပါ သတိရတယ်။

ဒေါက်တာတင့်ဆွေ
၁၉-၆-၂ဝ၁၅
၁၉-၆-၂ဝ၁၇

၁၉-၆-၁၉၉၆ ဒေါ်စုမွေးနေ့ကို နယူးဒေလီမှာ ကျင်းပစဉ်က ပြည်ပရောက်ဒီမိုကရေစီရေးလှုပ်ရှားမှုထဲက အမျိုးသမီးများ

ရှေ့ဆုံးကထိုင်နေတဲ့ကလေးမက ကျွန်တော့်မြေးအကြီးဆုံး။ အခုတော့ သူပါ ကလေးအမေဖြစ်တာ့မယ်။ ပြည်ပရောက်တွေမှာ ဆုမွန်ကောင်းတောင်းခွင့်သာရှိတော့တယ်။

ဒေါက်တာတင့်ဆွေ
၁၉-၆-၂ဝ၁၅
၁၉-၆-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး