Normal ပုံမှန်

ကွန်မင့်တခု = လေးစားတယ် ဆရာ၏ရင်တွင်းက မျိုးချစ်စိတ်ကို သိခွင့်ရလို့ပါ

ဟုတ်။ ဒါပေမယ့်ဗျာ မျိုးချစ်စိတ်လို့တော့ ဘာသာမပြန်သင့်ပါ။ ကနေ့ကာလမှာ အမျိုးတို့ ဘာသာတို့ကို လိုရာဆွဲသုံးနေကြလို့ အဲတာနဲ့ ရောအထင်ခံရနိုင်တယ်။

ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်နဲ့ မိမိကိုးကွယ်ရာဘာသာကို မချစ်တဲ့သူ မရှိပါ။ အဲတာ နော်မယ်လ်ဖြစ်တယ်။ ပုံမှန်ပေါ့။ လူတိုင်း မဖျားရင် အပူချိန် ၉၈့၆ ဒီဂရီ ဖါရင်ဟိုက် အတူတူရှိကြသလိုပေါ့။ သူများထက်ထူးပြီး ချစ်လှချည်ရဲ့၊ ပိုပြီးရိုသေပါတယ်လို့ ပြောတာဟာ ငါမဖျားဘူးဟေ့လို့ ရင်ပတ်စာဆွဲထားတာနဲ့တူတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၆-၂ဝ၁၅
၂၄-၆-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)