မဟာစည်ဆရာတော် သတ်ပုံစစ်ခြင်း

တကို တစ်လုပ်ထားတဲ သတ်ပုံအလွဲတွေကို မူရင်းအမှန်ကိုသိရလို့ ပြင်လာသူတွေအတွက် အားတက်ရတယ်။ ကျွန်တော်ကတော့ တယောက်ပြီးတယောက်ကို ကြိုးဝိုင်းပေါ် တင်ပေးနေပါတယ်။

တချို့မီဒီယာတွေ အမှားလိုက်နေကြလို့ မီဒီယာဖခင်တဦး လူထုဦးလှရေးခဲ့တာကို တင်ပါတယ်။ မြန်မာစာနဲ့ ကဗျာအရာမှာ ဆရာတဆူဖြစ်သူ မင်းသုဝဏ်ဘာသာပြန်တာလည်း တင်ပါတယ်။ သည်တခါ ဘာသာရေး။

ဝိပဿနာရှုနည်းကျမ်း၊ ပထမတွဲ၊ ဆဋ္ဌသင်္ဂီတိပုစ္ဆအဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရား ရေးသားစီရင်တော်မူသည်
စာမျက်နှာ ၉၅ = တစ်စုံတစ်ခုသော

ဝိပဿနာရှုနည်းကျမ်း၊ ဒုတိယတွဲ၊ ဆဋ္ဌသင်္ဂီတိပုစ္ဆအဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရားရေးသားစီရင်တော်မူသည်
စာမျက်နှာ ၁ဝ၃ = တစုံတယောက်က

မူရင်းမြန်မာစာ၊ မူရင်းကဗျာ၊ မူရင်းဘာသာပြန်တွေကို တမျိုးတမည်လုပ်တာသာမက ဝိပဿနာစာအုပ်မှာပါ ဝိဝါဒကွဲစရာတွေက အလွန့်အလွန်အရုပ်ဆိုးပါတယ်။ စာအုပ်တိုက်တွေ၊ အယ်ဒီတာတွေမှာ တာဝန်ရှိကြပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၆-၂ဝ၁၆
၂၉-၆-၂ဝ၁၇


Comments

Popular posts from this blog

Bad breath ခံတွင်းနံ့ မကောင်းရင်

Insomnia အိပ်မရခြင်း

ရန်ကုန်မြို့က ကြိုဆိုပါ၏