ရဲဘော်ဗဟိန်း နာရေးသတင်း နှင့် ၁၉၄၆ ခုနှစ်သတ်ပုံ

၁။ ဗိုလ်ဗထူး၊ ဦးချစ်မောင်နှင့် ရဲဘော်ဗဟိန်းတို့ ဆုံးခြင်းမှာ အလွန်နှမြောစရာကောင်းသည်ဟု ဗိုလ်ချုပ်က ပြောပြကြောင်း။ ရဲဘော်ဗဟိန်းအတွက် ဗိုလ်ချုပ်က ပန်းခွေတခွေ ပို့လိမ့်မည်ဟုလည်း သတင်းကြားသိရကြောင်း။

မှတ်ချက် = ဗိုလ်ချုပ်က ပန်းခွေတစ်ခွေ ပို့လိမ့်မည်လို့ မရေးသားပါ။

၂။ ၁၄ ရက်နေ့ နေ့ ၂ နာရီအချိန်တွင် ရွာဟိုင်းသုဿန်သို့ သင်္ဂြုလ်မည်ဖြစ်ပါ၍ ကျောင်းသားခေါင်းဆောင်ဟောင်း တဦးအား လေးစားသောအားဖြင့် မပျက်မကွက် လိုက်ပို့သင်္ဂြိုလ်ပါရန် နှိုးဆော်ပါကြောင်း။

မှတ်ချက် = ကျောင်းသားခေါင်းဆောင်ဟောင်း တစ်ဦးအားလို့ မရေးသားပါ။

၃။ အမျိုးသားကျောင်းသားခေါင်းဆောင်ဟောင်းတဦးဖြစ်သော ဗမာပြည်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗြူရို အဖွဲ့ဝင် ရဲဘော် ဗဟိန်းသည် ကွယ်လွန်အနိစ္စရောက်ပြီဖြစ်၍ ယနေ့ ၁၃ဝ၈ ခု၊ တန်ဆောင်မုန်းလဆုတ် (၁၄) ရက်နေ့၊ နေ့ ၂ နာရီ အချိန်တွင် ရွာဟိုင်းသုဿန်သို့ သင်္ဂြိုလ်မည်ဖြစ်ရာ ဗမာပြည်၏ခေါင်းဆောင်တဦးဖြစ်ခဲ့သော ကျောင်းသားဟောင်း တဦးအား ကျွန်တော်တို့အသင်းကြီးက နောက်ဆုံး ချီးမြှင့်ခြင်းအားဖြင့် ကျောင်းသားဟောင်းတိုင်း မပျက်မကွက် လိုက်ပို့ သင်္ဂြိုလ်ပါရန် နှိုးဆောာ်ပါကြောင်း။

မှတ်ချက် = ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သော၊ ကျောင်းသားဟောင်းတစ်ဦးအားလို့ မရေးသားပါ။

ပုံတွေကို Ludu လူထုကြီးပွားရေးမှ ရယူပါသည်။ ကျေးဇူး။

ဒေါက်တာတင့်ဆွေ
၂၇-၆-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး