KGB ကေဂျီဘီ

ကနေ့ လက်ဖက်ရည်ဆိုင်
သုံးပွင့်ဆိုင်မှာ ကျွန်တော်ကတော့ စမူဆာ
လာခေါ်တဲ့ ရခိုင်က  ကြာဇံစွပ်ပြုပ်
ဘောလုံးပွဲရာသီမဟုတ်တော့ ဆိုင်မှာလူမများ
ထားဝယ်မိသားစုနဲ့ ဆိုင်မှာဆုံ
ချောင်းဆုံသားက ကောက်ညှင်းပေါင်း
ဟိုအကြောင်း သည်အကြောင်း
သောင်းပြောင်းထွေလာ ပြောစရာမများ
လူပြောများတာတွေလည်း စကားထဲမပါ
စီအင်အင်မှာ ပူတင်နဲ့ အမေရိကန်
နောက်ကြောင်းကိုလှန် ဇစ်မြစ်မှန်က ကေဂျီဘီ
ထောက်လှမ်းရေးဟူသည့့်

ဒေါက်တာတင့်ဆွေ
၂၄-၆-၂ဝ၁၇


Comments

Popular posts from this blog

Bad breath ခံတွင်းနံ့ မကောင်းရင်

Insomnia အိပ်မရခြင်း

ရန်ကုန်မြို့က ကြိုဆိုပါ၏