Djenkol bean poisoning တညင်းသီးအဆိပ်သင့်ခြင်း

တညင်းသီးထဲမှာ Djenkolic acid ဂျန်ကိုလစ်အက်စစ်ပါတယ်။ ရီးဆပ်စ်မျောက်နဲ့ ကြွက်တွေကို လေ့လာထားတယ်။ ဆီးသွားနည်းတာတွေ့ရတယ်။ ဆီးရဲ့ သိပ်သည်းဆများတယ်။ ဆီးထဲမှာ သွေးနီဥနဲ့ သွေးဖြူဥပါတာလည်းတွေ့ရတယ်။ စမ်းသပ်တဲ့အကောင်တွေရဲ့ ကျောက်ကပ်မှာ Acute tubular necrosis with some glomerular cell necrosis ခေါ် ကျောက်ကပ်အတွင်းပိုင်း ရောင်ရမ်းတာတွေ အသင့်အတင့်ကနေ တချို့ ဆိုးတာတွေ့ရတယ်။

Djenkolism အဆိပ်သင့်တာဖြစ်သူမှာ ပျို့မယ်။ အန်မယ်။ ပေါင်ခြံနှစ်ဖက်နာမယ်။ ဆီးထဲမှာ သွေးသိသိသာသာပါမယ်။ ဆီးနည်းမယ်။ ကျောက်ကပ်အလုပ်မလုပ်နိုင်ဖြစ်မှာ စိုးရိမ်ရတယ်။

လူတွေမှာ ဘယ်လောက်များရင် ဘာဖြစ်မလဲ သုတေသန မစုံသေးပါ။ လူတယောက်နဲ့တယောက် ကျောက်ကပ်ခံနိုင်ရည် မတူတာလည်းရှိတယ်။ တညင်းသီးပြုပ်စားတာ၊ ဆားရည်စိမ်တာ၊ ချက်စားတာ ဘာဖြစ်နိုင်သလဲ သုတေသန မတွေ့သေးပါ။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၁၉-၆-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး