June နဲ့ July ဘယ်လိုရေးမလဲ

July (ဂျုလိုင်) လို့ မခေါ်ပဲ (ဇူလိုင်)လို့ ဘာလို့ရေးပါသလဲဆရာ။ June (ဂျွန်) ကို ဘာလို့ (ဇွန်) လို့ ရေးသလဲဆရာ။ ဗဟုသုတရချင်ပါတယ် 😊

Judson အင်္ဂလိက် မြမ္မာ အဘိဓာန် (မူရင်း သတ်ပုံအတိုင်း) အဆိုအရ

July = အင်္ဂလိပ်နှစ်တွင် သတ္တမလတည်းဟူသော ဇုလိဟု ရွေ့လျော၍ ခေါ်ဝေါ်သော ယုတိလ။

June = အင်္ဂလိပ်နှစ်တွင် ဆဌမလတည်းဟူသော ဇွန်လ။

အဲဒီအဘိဓာန်က အစောဆုံးပေါ်ခဲ့တာဖြစ်လို့ ဇွန်လ နဲ့ ဇူလိုင်လကို ရေးလာကြတာဖြစ်ပါမယ်။ Judson ဂျတ်ဆင်ကို ယုဒဿန်လို့ ရေးကြပြန်တယ်။

ကျွန်တော့်အမြင်ကတော့ မြန်မာဘာသာစကားမဟုတ်တာကို ရယူထားတဲ့စာလုံးတွေကို အနီးစပ်ဆုံးရေးထားတာကို သတ်ပုံမှားတယ်လို့ မပြောသင့်ပါ။ အစဉ်အလာရေးခဲ့ကြတာကိုလည်း လေးစားသင့်တယ်။ ဂျွန်လို့ရေးပြန်ရင် လူနာမည်လား စဉ်းစားနေရဦးမယ်။ ဂျူန်လို့ရေးနေရရင်လည်း ရှုတ်ပြန်ရော။

မြန်မာစာရေးရင်သာ အဲလိုစဉ်းစားသင့်ပြီး သူများတိုင်းပြည်သွားရင်တော့ အင်္ဂလိပ်လိုအသံထွက် မှန်သင့်တယ်။

How To Pronounce June https://www.youtube.com/watch?v=pMjKZVpU2SY
How To Pronounce July https://www.youtube.com/watch?v=94ewixXVLyQ

ဒေါက်တာတင်ဆွေ
၂၅-၆-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)