Sunday, May 31, 2015

Our Testimonies အစစ်ခံချက်

• ၁၉၉ဝ သမားတွေကို စာရင်းချုပ်လို့ရပြီ။ အားလုံးကိုသိတယ်။ သိတယ်ဆိုတာ နာမည်၊ ကိုယ်ရေးရာဇဝင်၊ ကိန်းဂဏန်းကအစ တိတိကျကျသိတယ်။
• ကောင်းတာရော အဲလိုမဟုတ်ပါသိတာသိတယ်။ အလုပ်လုပ်ကြတာရော အဲလိုမဟုတ်တာပါသိတယ်။ စွန့်လွှတ် စွန့်စားတာရော အဲလိုမဟုတ်တာပါသိတယ်။ ဇွဲ ဝီရိယ လုံ့လရှိတာရော အဲလိုမဟုတ်တာပါသိတယ်။
• ၉ဝ သမားတွေထဲမှာ လပိုင်းသာလုပ်ပြသူတွေပါတယ်။ နှစ်နည်းနည်းနဲ့ နှစ်ရှည်သမားတွေပါတယ်။ ထောင်ထဲသမားတွေနဲ့ အိမ်ထဲသမားတွေပါတယ်။ ပြည်ပထွက်ကြတဲ့ ၃၅ ယောက်ကိုတော့ အူမချေးခါး (အူတွင်းချေးခါး) သိတယ်။
• မြောင်းထဲခုန်ချသူတွေကလွဲရင် ကိုယ့်လူတွေလို့ပဲ သမိုင်းထဲမှာရေးမှတ်ထားတယ်။
• ၂ဝ၁၂ သမားတွေထဲကတော့ နည်းနည်းသာသိတယ်။ သူတို့က ၃ နှစ်တည်းမို့ စာရင်းချုပ်ဘို့ တိုလွန်းတယ်။
• ၂ဝ၁၅ သမားတွေကို သိချင်နေတယ်။ ကြည့်နေမယ်။ ၅ နှစ်အကုန်မှာ စာရင်းချုပ်တခုထုတ်ချင်တယ်။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂ဝ၁၅

HIV drugs should be given at diagnosis

HIV ဆေးတွေကို ရောဂါရှာအမည် တပ်ချိန်ကတည်းက ပေးသင့်တယ်လို့ အမေရိကန်လေ့လာမှုတခုကနေ တွေ့ရှိလာပါတယ်။ လက်ရှိကတော့ ပိုးရှိနေပေမယ့် CD4 count သွေးဖြူဥအရေအတွက် နည်းလာမှသာ ပေးနည်းကို သုံးနေတာဖြစ်ပါတယ်။ ပိုးရှိနေသူတိုင်း ဆေးလက်လှမ်းမီဘို့တော့လိုပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ နောက်ဆုံးလမ်းညွှန်က CD-4 ၅ဝဝ ရှိနေချိန်ကစပြီး ဆေးပေးဘို့ဖြစ်ပါတယ်။ အခုစမ်းသပ်မှုမှာ ၃၅ နိုင်ငံက ပိုးရှိနေသူပေါင်း ၄၆၈၅ ယောက်ကို US National Institutes of Health က ၂ဝ၁၁ ကနေ စမ်းခဲ့တာပါ။ ၂ဝ၁၆ အထိကြာပါမယ်။

ကြားဖြတ်လေ့လာမှုအရ AIDS ဖြစ်မှု၊ သေဆုံးမှု၊ ကျောက်ကပ်နဲ့ အသည်းထိခိုက်မှုတွေဟာ အဲလိုဆေးစောပေးလို့ ထက်ဝက်လျော့နည်းတာကို တွေ့ရပါတယ်။

HIV ကို အများဆုံးသွေးကိုစစ်တယ်။ HIV antibodies အင်တီဘော်ဒီကိုစမ်းတယ်။ ပျောက်အောင်ကုနိုင်တဲ့ဆေး မရှိသေးပါ။ Antiretroviral ဆေးကနေ ထိန်းထားနိုင်တယ်။ ၁၂့၉ သန်းက ART ဆေးရနေကြတယ်။ ကလေးတွေ ဆေးရနှုန်းနည်းတယ်။ အသိအမှတ်ပြုထားပြီး ဆေး (၂ဝ) ရှိပါတယ်။ ဆေးတခုစီမှာ နာမည်က အနည်းဆုံး ၃ မျိုး စီလောက်ရှိတယ်။ တချို့ကို ဥပမာ AZT ဆေးကို ဓါတုနာမည်ပေးတယ်။ သူ့ရဲ့ ဆေးနာမည်ရင်းက zidovudine ဖြစ်တယ်။ ဆေးရောင်းသူကပေးထားတာက Retrovir ဖြစ်တယ်။ တခါတလေမှာ အတိုကောက်နာမည် ZDV ခေါ်တယ်။

WHO ၂ဝ၁၄ နိုဝင်္ဘာမှာထုတ်ပြန်တဲ့ ၂ဝ၁၃ အကုန်အတွက် တကမ္ဘာလုံး HIV စာရင်း
• HIV ပိုးရှိနေသူပေါင်း ၃၅ သန်းရှိတယ်။ ၃၉ သန်းအထိလည်းရှိကောင်းရှိနိုင်တယ်။
• လူနာသစ် ၂့၁ သန်းရှိတယ်။
• အမျိုးသမီး ၅ဝ% နဲ့ ကလေး ၃့၃ သန်းပါဝင်တယ်။
• ဆာဟာရအောက်ပိုင်းမှာ ၂၄့၇ သန်းရှိတယ်။ အမေရိကမှာ HIV ပိုးရှိနေသူပေါင်း ၁့၂ သန်းရှိတယ်။
• ၂ဝ၁၃ တုံးက ၁့၅ သန်း (၂ဝ၁၁ မှာ ၁့၇ သန်း) သေဆုံးခဲ့တယ်။

ဒေါက်တာတင့်ဆွေ
၂၈-၅-၂ဝ၁၅

Lung cancer therapy is milestone အဆုပ်ကင်ဆာကုသနည်းမှတ်တိုင်

စမ်းသပ်မှုအသစ်တခုရဲ့ရလဒ်အရဆိုရင် အဆုပ်ကင်ဆာကုသနည်းကနေ အသက်ရှင်နိုင်မှုနှစ်ဆရှိနိုင်မယ်ဆိုတဲ့သတင်းကို လွန်ခဲ့တဲ့နာရီပိုင်းက ထွက်လာပါတယ်။

Nivolumab ဆေးကနေ ကင်ဆာဆဲလ်တွေကနေ ကိုယ့်ခုခံစနစ်မသိအောင် ပုန်းအောင်းနေမှာကို ရပ်ပြစ်နိုင်မယ်လို့ ဆိုပါတယ်။ အမေရိကနဲ့ ဥရောပက အဆုပ်ကင်ဆာလူနာပေါင်း ၅၈၂ ယောက် American Society of Clinical Oncology အမေရိကန်ကင်ဆာအဖွဲ့အစည်းကနေ သုတေသနလုပ်ခဲ့တာပါ။ သူတို့နိုင်ငံမှာ အဆုပ်ကင်ဆာကြောင့် နှစ်စဉ်လူ ၁့၆ သန်း သေနေရပါတယ်။

ကင်ဆာဖြစ်လာရင် ပရိုတင်းတမျိုးထုတ်တယ်။ PD-L1 ခေါ်တယ်။ သူတို့ကနေ ခုခံမှုစနစ်ကိုပိတ်ပင်ထားလို့ ခံနိုင်ရည်မရှိ ဖြစ်စေတယ်။ Nivolumab ဆေးသစ်ကို checkpoint inhibitors ချက်ပွိုင့်တာဆေးလို့တင်စားခေါ်နိုင်တယ်။

သုံးနေကြဆေးတွေကနေ အသက်ရှင်နှုန်း ၉့၎ လသာရှိတယ်။ ဆေးအသစ်ပေးသူတွေဟာ ၁၂့၂ လ အထိ ရှင်နိုင်ကြတာ တွေ့ရှိလာရတယ်။ တချို့လူနာတွေက ၁၉့၎ လအထိရှင်တာလည်းရှိတယ်။ စမ်းသပ်မှုအဆင့် (၃) ရောက်နေပြီ ဖြစ်ပါတယ်။ Nivolumab ဆေးကို melanoma ခေါ်မှဲ့ကင်ဆာအတွက် အသိအမှတ်ပြုထားပြီးဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂ဝ၁၅

Half full or half empty ခွက်အပြည့်မဟုတ်ခြင်း

အရင်အမေရိကန် ဒုသမတ ဂျိုးဘိုင်ဒင် ရွေးကောက်ပွဲ စည်းရုံးရေးကာလတုံးက ပြောဘူးတာတခု အခုထိ အမှတ်ရနေပါတယ်။ အမှန်ကဒီစကားကို သူ့အရင်နာမည်ကြီးသူတွေက ပြောဆိုသုံးနှုန်းနေခဲ့တာပါ။ ဖန်ခွက်မှာ ရေတဝက်ရှိတယ်လို့ အပြောမျိုးကို အဆိုးမြင်လို့ သတ်မှတ်လေ့ရှိပြီး၊ ရေတဝက်ပြည့်နေတယ်လို့ ပြောတာကို အကောင်းမြင်လို့ ဆိုကြပါတယ်။ အခြေအနေတိုင်းမှာ အမြင်မတူတာရှိစမြဲဖြစ်တယ်။ အကောင်းဖက်ကနေ မြင်ပါလို့ ဆုံးမတဲ့ အသုံးမျိုးဖြစ်တယ်။

ဒီစကားစုဟာ ဒဿနိကမေးခွန်းတခုဖြစ်တယ်။ စိတ်ပညာမှာ အဲလိုပြောသူရဲ့ သုတအခြေခံပြီး ရွေးချယ်ပြောဆိုမှုကို နားထောင်ရသူတွေကနေ အကဲဖတ်ကြတယ်လို့ဆိုပါတယ်။ ဒီလိုအဆုံးအမမျိုးက လိုအပ်တာအမှန် ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ထောက်ပြချင်တာက တမျိုးပါ။

ကျရှုံးမှုတို့ အနုတ်သဘောတို့ကိုပြောသူမျိုးဟာ ဘယ်တော့မှ အောင်မြင်တဲ့သူမျိုးမဖြစ်ဘူးလို့ စီပွါးရေးသမားတွေရော နိုင်ငံရေးသမားတွေကပါ လက်ကိုင်ထားကြပါတယ်။ အဲလိုလူတွေဟာ စည်းစိမ်၊ ရာထူး၊ အာဏာမှာ မြဲကြတယ်။ ကြီးပွါး ချမ်းသာကြတယ်။ လောကကြီးမှာ ချမ်းသာတဲ့သူက နည်းတယ်မဟုတ်ပါလား။ ချမ်းသာချင်သူကတော့ လူတိုင်းလို့ ပြောရင် စကားမလွန်လောက်ပါ။ ဒါဖြင့် ဘာလို့ အဲလိုအဆုံးအမမှာ မတည်ကြတာပါလည်း။

စကားပြောကောင်းသူလို့ နာမည်ကျော်ခဲ့တဲ့ ဘွိုင်းလ် ရိုခ် ခေါ်တဲ့ အိုင်ယာလန်နိုင်ငံရေးသမားက သူ့တိုင်းပြည်ရဲ့ ဒုက္ခသုက္ခတွေကို ထောက်ပြရာမှာ အိုင်ယာလန်ရဲ့ စိတ်ပျက်ဖွယ်ရာခွက်ပေါ်မှာ လျှံကျနေအောင် သွန်းလောင်း နေတာကတော့ ရာစုနှစ်တွေကြာနေပြီ၊ ခုထိ တဝက်ပြည့်တယ်လို့ မရှိသေးဘူးတဲ့။

ကနေ့မြန်မာ့နိုင်ငံရေးအခြေအနေကို အကဲဖြတ်တယ်။ အရင်ကလို စစ်တပ်က ရာနှုန်းပြည့်ယူမထားတော့ဘူး။ အစိုးရ မကောင်းတာလည်းပြောနိုင်ပြီ။ ရေးချင်တာလည်းရေးနိုင်ပြီ၊ နိုင်ငံရေးပါတီတွေ ထောင်နိုင်ပြီ၊ ရွေးကောက်ပွဲလည်းဝင်နိုင်ပြီ၊ စသဖြင့်။ အဲတော့ ဖန်ခွက်မှာအပြည့်မဟုတ်တောင်မှ တဝက်ပြည့်နေပြီ။

ကျွန်တော့်အမြင်က တမျိုး။ မှောက်ထားတဲ့ဖန်ခွက်ကို လှန်လိုက်တာပဲရှိသေးတယ်။ မလှန်ခင်က ဖြည့်ချင်သလောက်က ဖြည့်ထားပြီးသား။ မှောက်ထားတုံးက မှောက်ထားတယ်လို့ မပြောခဲ့ကြရင် ဖန်ခွက် ပက်လက်ဖြစ်မလာတော့ပါ။ မပြည့်သေးတာတွေကို ပြောကိုပြောရမယ်။ ပြောတဲ့သူက အဆိုးမြင်မဟုတ်ပါ။ ပြောတာကို မလုပ်သူကသာ ဆိုးတယ်။ ပြီးခဲ့တဲ့အစိုးရကို အကောင်းမြင်ကြပါလို့ ပြောခဲ့သူတွေဟာ ပညာရှင်အလိုတော်ရိတွေ ဖြစ်ကြတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂ဝ၁၅
၃၁-၅-၂ဝ၁၇

Saturday, May 30, 2015

It’s just Politics ကနေ့နိုင်ငံရေး

ကြံ့ခိုင်ရေးပါတီညီလာခံသတင်း = ကြံ့ခိုင်ရေးပါတီကို စစ်တပ်ကဖွဲ့ပေးထားတာဖြစ်တယ်။ ၁၉၉၃ စက်တင်္ဘာ (၁၅) ရက်နေ့ကစဖွဲ့တယ်။ တပ်မတော်ရဲ့ကျေးဇူးတရားကို အသိအမှတ်ပြုတယ်။ စစ်တပ်ကနေ ပါတီဖက်ကိုပြောင်းလာမယ့် သူတွေကို ကြိုဆိုတယ်။ ပါတီဝင်ဦးရေ ၅ သန်း ၂ သိန်းလောက်ရှိ။ မြန်မာနိုင်ငံလူဦးရေထဲက (၁ဝ) ယောက်မှာ (၁) ယောက်က ကြံ့ခိုင်ရေးပါတီဝင် ဖြစ်တယ်။

သုံးသပ်ချက်
• NLD ကို ဒေါင့်အစုံကနေ ဝေဖန်ရေးတွေ လှိုင်ပေါလည်နေတာ တွေ့ရတယ်။
• ဝေဖန်ချက်တွေက ကြိုဆိုအပ်တာ နည်းနည်းနဲ့ မလိုတမာတွေကများတယ်။
• ကြံ့ခိုင်ရေးအလိုတော်ရိတွေသာမက ကြံခိုင်ရေးမဟုတ်သူတွေလည်းပါတယ်။ ငါကလွဲရင် ဘယ်သူမှမကောင်းဘူး သမားတွေလည်း ပါတယ်။
• ဝေဖန်ရေးသမားတွေကနေ ကြံ့ခိုင်ရေးကို သွယ်ဝှိုက်အားပေးရာကျတယ်။ ဝေဖန်သူတွေအတွက်အကျိုးရစေမှာတော့ တခုမှမမြင်ရပါ။
• NLD ကိုထိုးနှက်မှုကတော့ အတိုင်းအတာတခုထိ တာသွားလိမ့်မယ်။ ကြံ့ခိုင်ရေး စားသွားမယ့်လမ်းကို ဦးတည်နေတယ်။ နည်းနည်းတော့ စောသေးတာပေါ့။
• NLD တွေ ကိုယ့်အားကိုယ်ကိုးကြပါ။ အများပြည်သူကို အားကိုးကြပါ။ အစွမ်းအစပြကြပါ။

ဒေါက်တာတင့်ဆွေ
၃၁-၅-၂ဝ၁၅

Water ရေများ ကုသိုလ်လုပ်ပါတယ်

Sein Win အစကတော့ ရွှေချမ်းစည်ကျေးရွာဆိုတာ လူသိအင်မတန်နည်းခဲ့တယ်။ လူမှုကွန်ရက်က ရွှေချမ်းစည်ရဲ့ သောက်သုံးရေအခက်အခဲကို အဆက်မပြတ် တင်ပေးလိုက်တော့မှ စိတ်ဝင်တစားရှိလာကြတယ်။ အဖွဲ့အစည်း အတော်များများလည်း ရောက်ဖြစ်ကြတယ်။ မေ ၂၈ ရက်နေ့က မုံရွာမြို့ ဆူးလေကုန်းရပ် မေခလာဆေးခန်း ဆရာ ကိုဝင်းသူ၊ ဆရာမ မဖြူမြတ်ဆွေတို့က သားငယ်မောင်မြတ်သူရဝင်းရဲ့ (၇)နှစ်ပြည့်မွေးနေ့ကို ရွှေချမ်းစည်ရွာမှာ လာရောက်ပြုလုပ်သွားခဲ့တယ်။ အိမ်ထောင်စု (၄ဝ) ကို ဆန်၊ ကြက်ဥနဲ့ မုန့်တွေပေးဝေလှူဒါန်းကြပါတယ်။

ကိုစိန်ဝင်း - ကုသိုလ်ပြုတဲ့မိသားစုနဲ့ ကွန်ရက်အဖွဲ့ကို ဂုဏ်ယူတယ်။

ကျွန်တော့်ညီအရင်းတယောက် မင်းကွန်းမှာ ရေနစ်ပြီးဆုံးသွားခဲ့တယ်။ ၁၉၇၁ လောက်ကပေါ့။ သူက Botany major တတိယနှစ်ကျောင်းသား။ ကျွန်တော်က ဆေးကျောင်းသား။ သူဆုံးကာစမှာ ကျွန်တော် ခေါင်းကိုရေလောင်းချိုးတိုင်း သူရေမွမ်းခဲ့မယ်လို့ ကိုယ်တိုင်ခံစားနေခဲ့ရဘူးတယ်။ ခင်ဗျားတို့လည်း ရေတခွက်သောက်တိုင်း အဲလိုရွာကလူတွေကို သတိရနေကြမှာပေါ့ဗျာ။

ရေများ ကုသိုလ်လုပ်ပါတယ်ဆိုတာ ကျွန်တော်ကို့ငယ်ငယ်က မုံရွာ-မန္တလေးရထားလမ်းမှာ အာလကပ္ပ၊ ချောင်းဦး၊ မြင်းမူ၊ ညောင်ပင်ဝန်းဘူတာတွေမှာ ရေရောင်းသူတွေက အော်ကြတဲ့အသံပါ။

ဒေါက်တာတင့်ဆွေ
၃ဝ-၅-၂ဝ၁၅
Photo from Sein Win

Storm မုန်တိုင်းဘေးက ဝေးပါစေ

မိုးတိမ်တွေ အလိပ်လိုက်အလိပ်လိုက် အခြေနေရာကနေ တက်လာနေတယ်။ မဲမှောင်လာပြီ။ တီဗွီကနေ မိုးလေဝသ ကြေညာချက် လာနေတယ်။ Thunder storm warning လို့သုံးတယ်။

ငယ်ငယ်တုံးက (မီးနင်း) ကျက်ရတုံးက Storm = မုန်တိုင်းလို့ အသေမှတ်ထားခဲ့ရတယ်။ အဓိပ္ပါယ်မှန်က ပြင်းထန်တဲ့ ပတ်ဝန်ကျင် အနှောင့်အယှက်ဖြစ်မှု၊ ပြင်းတဲ့လေ၊ မိုးပါနိုင်တယ်၊ မိုးခြိမ်းသံပါမယ်၊ လျှပ်စီးလက်နိုင်တယ်၊ နှင်းကျတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါသတဲ့။ ဒီမှာ Storm ဆိုတိုင်းမကြောက်ရပါ။

အဲလိုပဲ မြန်မာပြည်မှာ အစိုးရ၊ စစ်သား၊ ရဲ၊ ယာဉ်ထိန်းရဲ၊ ထောက်လှမ်းရေး၊ လူကြီးဆိုတိုင်း ကြောက်စရာပဲလို့ အသေမှတ်ခဲ့ရတာမျိုးတွေ ဒီမှာကပြောင်းပြန်။ မြန်မာပြည်သားတွေ ကြောက်စရာမဟုတ်တာမှန်သမျှ မကြောက်ကြရပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၃ဝ-၅-၂ဝ၁၅

Volunteering အခမဲ့စာအုပ် ကူလီထမ်းခြင်း

Tin Lay - Books at times mean survival.
US ကို ရောက်နေတဲ့ နောင်တော် ပို့လိုက်တဲ့ စာအုပ်တွေရောက်လာပြီ။ တစ်အုပ်က မောင်ရဲခိုင် (မုံရွာ) အတွက်။ ကျန် နှစ်အုပ်က ကျွန်တော့အတွက်။ ဤစာအုပ်များနှင့်စပ်သမျှ ဘေးရန်ကင်းကြပါစေ။ ကျန်းမာချမ်းသားကြပါစေ။ မဂ် ဖိုလ် နိဗ္ဗာန်ကို လျင်မြန်ထုတ်ချောက် မျက်မှောက်ပြုနိုင်ကြပါစေ။

စာအုပ် (၃) အုပ်ကို မုံရွာထိရောက်အောင်ပို့တာ ရည်မှန်းတဲ့ဆီရောက်သွားပြီ။ ဒီကနေ ရန်ကုန်ကို အလည်ပြန်ကြတဲ့ စုံတွဲတခုက တရိုတသေ သယ်သွားပေးတယ်။ ရန်ကုန်မှာအလုပ်လုပ်နေတဲ့တူမက သွားယူ၊ လူကြုံနဲ့ပို့ဘို့စီစဉ်ရတယ်။
Wednesday 10:50pm
ဆရာ မနေ့ညနေက စာအုပ်တွေသွားယူပါတယ်။ မရင်ဆွေနဲ့တော့မတွေ့ခဲ့ပါဘူး၊ စာအုပ်ကို ဥက္ကာပြန်ရင် ဆရာကြီး ဦးတင်လေးဆီကို ပေးလိုက်ပါမယ်ဆရာ။

အဆင်သင့်ချင်တော့ ရန်ကုန်ကို သင်တန်းတခုတက်ဘို့ရောက်နေတဲ့ တူတယောက်က မုံရွာအထိ သယ်ပို့ပေးတယ်။

Ogga Linn - ရန်ကုန်ရုံးက အကိုတစ်ယောက်ကပြောတယ်။ No Time For Dreamဆိုတဲ့ စာအုပ်မျိုးက တန်ဖိုး နှစ်မျိုးနဲ့ လာတယ်တဲ့။ အခုစာအုပ်က ဈေးပိုကြီးတယ်တဲ့။ အဲဒီစာအုပ်အတိုင်းဘဲ အပြင်ကအဖုံးမပါရင် ဈေးသက်သာတယ်တဲ့။

အခမဲ့စာအုပ် ကူလီထမ်းခြင်းက အစကတည်းကပါ။ စာအုပ် (၃) အုပ်လုံး ကိုယ့်လက်ထဲရလာတာကလည်း အခမဲ့ချည်းပါ။ ဒီရောက်တာမကြာသေးခင်မှာ လူချင်းက ခုထိမတွေဘူး စကားတော့ အင်တာဗျူးတဲ့အခါ မကြာမကြာပြောဖြစ်တဲ့ RFA က ဒေါ်စန်းစန်းတင်ကနေ အိမ်အထိအရောက် အခမဲ့ပို့ပေးလို့ သူရေးတဲ့စာအုပ်ရတယ်။
No Time for Dreams: Living in Burma under Military Rule (Asian Voices) Hardcover – January 16, 2009
by Carolyn Wakeman (Author), San San Tin (Author)

မြန်မာပြည်နေပေါ်တူဂီတွေအကြောင်း စကားစပ်မိရာကနေ မုံရွာကငယ်သူငယ်ချင်းရဲ့ညီ ဘာသာပြန်စာရေးဆရာက စိတ်ဝင်စားတယ်ဆိုလို့ စာအုပ်ပို့ပေးမယ်ပြောထားခဲ့တယ်။ ပြီးခဲ့တဲ့လကတုံးက မေရီလင်းကိုအလည်သွားတော့ (ခုထိနှုတ်ကျိုးနေတဲ့ ဝန်ကြီးချုပ်) ဒေါက်တာစိန်ဝင်းဆီလည်းရောက်တယ်။ မလာခင်ကတည်းက မြန်မာပြည်နေ ပေါ်တူဂီတွေအကြောင်း ကိုမြင့်ဆွေရေးထားတယ်လို့ ဖုန်းနဲ့ပြောဘူးထားတယ်။ ကိုမြင့်ဆွေက ကျွန်တော်တို့ NCGUB ဝါရှင်တန်ရုံးထားတုံးက ဒါရိုက်တာလုပ်ဘူးတယ်။ စာအုပ်ကို ဒေါ်လာ ၂ဝ နဲ့ရောင်းတာ၊ ဒေါက်တာစိန်ဝင်းက တအုပ်ကို ပေးလိုက်တယ်။ ဆရာကတော်ဒေါ်စီစီကလည်း အင်္ဂလိပ်အဘိဓာန် နှစ်အုပ်လည်း ပေးလိုက်သေးတယ်။
Cannon Soldiers of Burma Paperback – 2014
by James Myint Swe (Author)

နောက်တအုပ်ကတော့ - ဒီကိုရောက်လာသူတိုင်း မလွဲမသွေ ကာကွယ်ဆေးတွေ ထိုးကြရတယ်။ ဆေးထိုးတဲ့ဆေးခန်းမှာ စာအုပ်တွေထားပေးတယ်။ တယောက်ကို စာအုပ် ၃ အုပ်အခမဲ့ယူသွားနိုင်ပါတယ်လို့ စာကပ်ထားတယ်။ ကလေးစာအုပ်က များတယ်။ အခုစာအုပ်ကို ကာကွယ်ဆေးထိုးဘို့ ပထမဆုံးသွားရတဲ့ရက်ကတည်းက ယူလာခဲ့တာ။ ကိုယ်နေရတဲ့နေရာ သမိုင်းကို သိချင်လို့ပါ။
Child's History of Indianapolis: For Young Readers to Be Shared With Readers of All Ages Paperback – December, 1985
by Ann Mallet (Author)

မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ အခမဲ့ကူလီထမ်းတဲ့ယဉ်ကျေးမှု ထွန်းကာပါစေ။

ဒေါက်တာတင့်ဆွေ
၃ဝ-၅-၂ဝ၁၅

Friday, May 29, 2015

U.S.-Myanmar Engagement Conference

ကနေ့ အမေရိကန်-မြန်မာချိတ်ဆက်မှုကွန်ဖရင့်ကို အင်ဒီယာနာတက္ကသိုလ်မှာ လုပ်ပါတယ်။ မီဒီယာသတင်းပို့သလိုရေးမှာ မဟုတ်ပါ။ တက်ရောက်သူတယောက်အနေနဲ့သာ ရေးပါရစေ။

Indiana University Center for International Business Education & Research အင်ဒီယာနာ တက္ကသိုလ် နိုင်ငံတကာ စီးပွါးရေးပညာနှင့်သုတေသနဌာန၊ Burmese American Community Institute မြန်မာ-အမေရိကန် ကွန်မြူနတီ အင်စတီကျု၊ IU Kelley School of Business Institute for International Business အင်ဒီယာနာ တက္ကသိုလ် ကယ်လီ နိုင်ငံတကာစီးပွါးရေးပညာ အင်စတီကျု၊ IU Office of International Development အင်ဒီယာနာ တက္ကသိုလ် နိုငံတကာဖွံ့ဖြိုးရေးနဲ့ IU Center for Constitutional Democracy အင်ဒီယာနာ တက္ကသိုလ် ဖွဲ့စည်းပုံ ဒီမိုကရေစီဌာနတွေကနေ ပူးပေါင်းစီစဉ်တာဖြစ်ပါတယ်။

အင်ဒီယာနာလို အမေရိကန်ပြည်ထောင်စုထဲက သိပ်ပြီးထင်ပေါ်တာမဟုတ်တဲ့ ပြည်နယ်တခုမှာ ဘာလို့ U.S.-Myanmar Engagement Conference မြန်မာ-အမေရိကန်ဆက်ဆံရေး နိုင်ငံတကာကွန်ဖရင့်လုပ်သလည်းဆိုရင် စီစဉ်တဲ့ အသင်းအဖွဲ့နဲ့ဌာနတွေကြည့်ရင် သိပါမယ်။ ကနေ့ကိန်းဂဏန်းတွေအရ အင်ဒီယာနာပြည်နယ်ထဲမှာ မြန်မာပြည်နေ အခြေချနေထိုင်သူပေါင်း (အင်ဒီယာနာပိုးလစ်မှာ ချင်း ၁၂ဝဝဝ + တခြားတိုင်းရင်းသား ၂ဝဝဝ) + (ဖို့ဒ်ဝိန်းမှာ တိုင်းရင်းသားအစုံ ၇ဝဝဝ) ရှိပါတယ်။

အင်ဒီယာနာတက္ကသိုလ်မှာ အင်္ဂလိပ်စာပါမောက္ခလုပ်နေသူ မြန်မာအမျိုးသမီးကြီး တဦးနဲ့တွေပါတယ်။၊ သူ့အဖေက ၁၉၉ဝ မှာ NLD ကိုမဲထည့်ပြီး မကြာခင်ကွယ်လွန်တယ်လို့ပြောပါတယ်။ ဒီမြို့ကနေ ၃ နာရီခရီးဝေးတဲ့ဆီကလာတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကတဦးလဲ တွေ့တယ်။ အိန္ဒိယတုံးက အတူလုပ်ကိုင်ခဲ့သူ လူဟောင်းတချို့လည်းပြန်တွေ့ရလို့ ဝမ်းသာ အယ်လည်းဖြစ်ကြရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗီဒီယိုနှုတ်ခွန်းဆက်နဲ့စပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်တင်က အဓိကမိန့်ခွန်းပြောပါတယ်။ သံအမတ်ကြီးက ရိုးရိုးရှင်းရှင်း နှိမ်ချပြီးပြောသွားပါတယ်။ ကျွန်တော်နဲ့မိတ်ဆက်တော့ ကျွန်တော့်နာမည်ကြားဘူးတယ်၊ လူချင်းအခုမှတွေ့တယ်လို့ ပြောပါတယ်။ သံအမတ်ကြီးကို မနေ့က လှေစီးဒုက္ခသည်အရေး ကုလလုံခြုံရေးကောင်စီမှာ တံခါးပိတ်စည်းဝေးတာကို မေးဖြစ်ပါတယ်။

သြစတေးလျတက္ကသိုလ်က Dr. Nicholas Farrelly ဒေါက်တာ (နစ်ကိုလပ်စ် ဖာရယ်လီ) ဟာ နေပြည်တော်မှာ လွှတ်တော်အမတ်တွေထက်ပိုပြီး လွှတ်တော်ကိုရာက်သူလို့ပြောနိုင်ပါတယ်။ နေပြည်တော်က စစ်သမိုင်းပြတိုက်ကို သွားကြည့်သင့်ကြောင်း ထည့်ပြောပါတယ်။ နေ့လည်စာတစားပွဲတည်းရင်းတော့ အတွင်းကျတာလေးတွေပါပြောလို့ သိရပါတယ်။

နောက်တယောက်က Anne M. Gillman (အယ်နီ ဂီးလ်မင်း) ကတော့ အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနက မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုဆိုင်ရာအရာရှိဖြစ်တယ်။ မြန်မာပြည်မှာ ကုန်သွယ်စီးပွးလုပ်ရာမှာ လွယ်တာတွေနဲ့ ခက်ခဲတာတွေကို ပြောသွားပါတယ်။

နောက်အမျိုးသမီးတယောက်ကတော့ Dany Khy (ဒယ်နီ ခေး) ကတော့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှု အာရှဗျူရိုအရာရှိ ဖြစ်တယ်။ အချက်အလက်တွေနဲ့ တင်ပြဆွေးနွေးတယ်။ သဘာဝပတ်ဝန်းကျင်ကို ထည့်မပြောလို့ ကျွန်တော်ကမေးတာကို ပြန်ဖြေပါတယ်။

ဝါရှင်တန်မြန်မာသံရုံးက စီးပွါးရေးအတွင်းဝန် ဒေါ်စန္ဒာလွင်က အစိုးရရဲ့စီးပွါးရေးနဲ့ ရင်းနှီးမြှုပ်နှံမှုပေါ်လစီတွေကို ပြောသွားပါတယ်။

David C. Williams ပါမောက္ခ ဒေးဗစ် ဝီလီယန်ကတော့ အင်ဒီယာနာ တက္ကသိုလ် ဘလူမင်တန် ဥပဒေကျောင်းက ဖြစ်ပါတယ်။ စီးပွါးရေးလုပ်ဘို့ အမေရိကန်စံနှုန်းတွေကို တခုချင်းထောက်ပြပါတယ်။

ရန်ကုန်အခြေစိုက် US-ASEAN Business Council အမေရိကန်-အာစီယံ စီးပွါးရေးကောင်စီက Jay Martin (ဂျေ မာတင်) ကလည်းပြောပါတယ်။ သူက ဒေါ်စုမိန်းခွန်းမှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကနေ မြန်မာပြည်မှာ ချမ်းသာသူတွေကိုသာ အကျိုးပြုနေတယ်လို့ပါတာကို ရွေးကောက်ပွဲနီးလို့ပြောတဲ့စကားမျိုးလိုလိုပြောတယ်။ ကျွန်တော်က မဟုတ်ကြောင်း ငြင်းတော့ သူက အဲလိုမဆိုလိုပါဘူးလို့ ပြန်ရှင်းပါတယ်။

ဥရောပ-ဗားမားရုံးက အမှုဆောင်ဒါရိုက်တာ Harn Yawnghwe ဟတ်ညောင်ရွှေကလည်း ကနေ့လုပ်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ရှင်းလင်းတယ်။ ဟန်နဲ့က NCGUB အဝေးရောက်အစိုးရထဲမှာ ကျွန်တော်တို့နဲ့ နှစ်တွေ အတော်ကြာ အတူလုပ်ခဲ့ဘူတယ်။ ကွန်ဖရင့်မတိုင်ခင်ညနေက ကျွန်တော့်အိမ်အထိလာလည်လို့ သူ့ကို ဝမ်းမြောက်ဝမ်းသာကြိုတယ်။ ပြည်တွင်းအခြေအနေ အကဲဖြတ်ချက်တွေသိရတယ်။ အလားအလာတွေကိုလည်း သူနဲ့အတူ တွက်ချက်ကြတယ်။ စကားပြောရတာ အကျိုးရှိပါတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၅-၂ဝ၁၅
Photo from Ko Win Khine (DPNS), Owensboro, Kentucky

Stool pigeon ဖေါ်ကောင်

• ၁၉-၇-၁၉၄၇ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်မှုမှာ ဘညွန့်က ဖေါ်ကောင် ဖြစ်တယ်။
• ဒီပဲယင်း ကြည်ရွာမ၊ ၃ဝ-၅-၂ဝဝ၃ ညပိုင်းက လုပ်ကြံမှုကြီးအတွက် ဖေါ်ကောင်ထွက်ပေါ်လာပြီ။ ဒီပဲယင်း ကွန်မင်ဒါချုပ်ကြီးကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်ကြောင်းနဲ့ အကောင်အထည်ဖေါ်သူတွေဟာ ဗိုလ်ချုပ်ကြီးစိုးဝင်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်တို့ဖြစ်ကြတယ်လို့ အဲဒီအချိန်က နာမည်ဆိုးထွက်တဲ့ စစ်ထောက်ချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်က သူ့စာအုပ်ထဲမှာ ဖေါ်ကောင်လုပ်ပြီးရေးလိုက်တယ်။ ဗခကခင်ညွန့်လည်း ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဒိုင်းနမိုင်းနဲ့ ခွဲတဲ့တရားခံကို ဗိုလ်ချုပ်နေဝင်းနဲ့ ဦးအောင်ကြီးနဲ့တို့ တယောက်ကိုတယောက် လွှဲချနေသလိုပါပဲ။ စွမ်းအားရှင်အဖွဲ့ရဲ့ ဂေါ့ဖါသား ဦးအောင်သောင်းနာမည်ကို ထိန်ချန်ထားပေးတယ်။
• ရန်ကုန်မြို့တော်ခန်းမနဲ့ လက်ပတန်းဖြိုခွင်းမှုတွေရဲ့ ကွန်မင်ဒါချုပ်ကြီးဘယ်သူလည်း။ ဘယ်သူကနေ ဖေါ်ကောင် လုပ်မလည်း။

ဒေါက်တာတင့်ဆွေ
၁၁-၃-၂ဝ၁၅

Dapayin guilty party ဒီပဲယင်းအရေးအခင်း လုပ်ကြံခဲ့သူများ

မေလ (၃ဝ) ရက်ဟာ ၂ဝဝ၃ ခုနှစ်ကဖြစ်ခဲ့တဲ့ ဒီပဲယင်း (ဒဗရင်း လို့ အသံထွက်ပါတယ်) အရေးအခင်းကြီး နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် စာအုပ်ထဲမှာရေးသားချက်အရ ၂ဝဝ၃ မေလ ၃ဝ ရက် ဒီပဲယင်းလုပ်ကြံမှု အဓိကတရားခံ သုံးယောက်လို့ပါတယ်။
(၁) ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
(၂) ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း
(၃) ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်

(၁) ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း)
၂-၂-၁၉၃၃ မွေး။
ဇနီး = ဒေါ်ကြိုင်ကြိုင်
နဝတ ဥက္ကဋ္ဌ = ၁၉၉၂ မှ ၂ဝ၁၁ အထိ။ OTS ကျောင်းဆင်း။ ၁၁-၇-၁၉၅၃ မှစပြီးအမှုထမ်း။ ၄-၁၁-၁၉၈၆ ဒုဗိုလ်ချုပ်။ ၄-၁၁-၁၉၈ ဗိုလ်ချုပ်။ ၂၇-၇-၁၉၈၈ ကာကွယ်ရေးဒုဝန်ကြီး။ ၁၈-၉-၁၉၈၈ စစ်အာဏာသိမ်း ဒုခေါင်းဆောင်။ ၂၃-၄-၁၉၉၂ ဗခမကစောမောင်ကို ဖယ်ရှားပြီး ဥက္ကဋ္ဌလုပ်။ သမီး ၅ ယောက်ရှိ။ အေးအေးသစ်ရွှေ၊ ထားဝယ်ရွှေ၊ ခင်ပြုံးရွှေ၊ ကြည်ကြည်ရွှေ၊ သန္တာရွှေ၊ သား ၃ ယောက်ရှိ။ ကြိုင်စန်းရွှေ၊ သန့်ဇော်ရွှေ၊ ထွန်းနိုင်ရွှေ။ ကျန်းမာရေး= ဆီးချိုရောဂါ၊ လူကြီးရောဂါ။ ၂၇-၉-၂ဝဝ၇ သံဃအရေးအခင်းကာလ ဒေါ်ကြိုင်ကြိုင်နဲ့အဖွဲ့ လာအိုနိုင်ငံကို ရှောင်ထွက်ခဲ့။ လက်ရှိ ဟယ်လီကော့်ပတာ ၂ စီးဝယ်ထား။ ရုရှားပိုင်းလော့ ၂ ယောက်ထားရှိ။ နေပြည်တော်မှာ အဆင်သင့်လုပ်ထား။

(၂) ဗိုလ်ချုပ်ကြီး စိုးဝင်း (သေဆုံး)
ယခင်ဝန်ကြီးချုပ် ၁၉-၁ဝ-၂ဝဝ၄ မှ ၁၂-၁ဝ-၂ဝဝ၇ အထိ။
ဇနီး = ဒေါ်သန်းသန်းနွဲ့
၁၉၆၅ မှာ DSA ကိုတက်ခဲ့။ ဗခမကသန်းရွှေရဲ့လူယုံလို့ယူဆကြ။ ၁၉၉၇ မှာ နဝတ တွင်း (၂) ဖြစ်လာ။ ၂ဝဝ၃ ဖေဖေါ်ဝါရီလမှာ တွင်း (၁) ဖြစ်လာ။ ၂ဝဝ၄ ဗခကခင်ညွန့်ကို ဖြုတ်လိုက်တော့ သူ့ကို ဝန်ကြီးချုပ်ခန့်။ အရင်က အနောက်မြာက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး။ စစ်ကိုင်း တဝတ ဥက္ကဋ္ဌ။ ၁၉၈၈ အရေးအခင်းကို နှိမ်နင်းစဉ်က ခြေလျင်တပ်ရင်းကို ကွပ်ကဲခဲ့။ ရန်ကုန်ဆေးရုံကြီးမှာ ပစ်ခတ်မှုကို အမိန့်ပေးခဲ့။ ၁၂-၁ဝ-၂ဝဝ၇ မှာ လူကီးမီးယား သွေးကင်ဆာနဲ့ သေဆုံး။ သူစင်္ကာပူဆေးရုံတက်နေစဉ် ၂ဝဝ၇ ဇန္နဝါရီလထဲ ဗခမကသန်းရွှေလာကြည့်။ သူသေတော့ အဆင့် (၅) နေရာမှာသာရှိတဲ့ လက်ရှိသမတ ဗခကသိန်းစိန်က ဝန်ကြီးချုပ်အဖြစ်ဆက်ခံ။

(၃) ဗိုလ်ချုပ်ရဲမြင့်
ဇနီး = ဒေါက်တာတင်လင်းမြင့်
ရဲမြင့် (၂) ယောက်ရှိတယ်။ ဒီပဲယင်းရဲမြင့်ကို ရဲမြင့်ကြီးလို့ ခေါ်ကြတယ်။ ဒီပဲယင်းဖြစ်တုန်းက ရဲမြင့်ကြီးက ဒုတိယဗိုလ်ချုပ်ကြီး၊ ၉ ကစထမှူး (ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး) ဖြစ်တယ်။ စရဖရဲမြင့် (ခ) ရဲမြင့်လေးက လက်ရှိ မန္တလေးတိုင်းဝန်ကြီးချုပ်ဖြစ်ပါတယ်။

မှတ်ချက်။
၁၉၆၂ ကျောင်းသားသမဂ္ဂအဆောက်အဦကို ဒိုင်းနမိုက်နဲ့ခွဲတဲ့တရားခံကို ဗခကနေဝင်းနဲ့ ဗမခအောင်ကြီးတို့က တယောက်အပေါ်တယောက် လွှဲချခဲ့ကြတယ်။ အလားတူပါပဲ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ရေးတော့ ဒီပဲယင်းလုပ်ကြံမှုမှာ မုံရွာ-ချောင်းဦးနားကနေ အမိန့်ပေးခဲ့တဲ့ စွမ်းအားရှင် (နောက်မှာ လက်ပတ်နီ) အဖွဲ့ကို မွေးထုတ်ခဲ့သူ ဦးအောင်သောင်း နာမည် ထည့်ထားတာမတွေ့ရပါ။

(Thaung Yin Nagar ကို ဗိုလ်ချုပ်ရဲမြင့်အကြောင်းဖြည့်ပြောပေးလို့ ကျေးဇူးတင်ပါတယ်။)

ဒေါက်တာတင့်ဆွေ
၆-၃-၂ဝ၁၅

Thursday, May 28, 2015

Erythrina ကသစ်

တတိယသား မနေ့က ဘုန်းကြီးကျောင်းက သူ့စာကြည့်တိုက်ကိုသွားတယ်။ ကျောင်းဝင်းထဲက ကသစ်ပင်ကြီးဆိုတာကနေ ကသစ်ရွက်နု လက်တဆုပ်စာလေးပဲရခဲ့တာကို မိဘတွေအတွက်ပေးခဲ့တယ်။

ဒီအပင်ကို ကသစ်ပင်လို့ပြောတာ သူတယောက်တည်းဆီကပဲ ကြားဖူးထားတယ်။ ဒေလီမှာရှိတဲ့ ကသစ်ပင်တွေက မတ်တတ်ရပ် ခူးကောင်းရုံပဲ။ အခုအပင်ကြီးက ဒီမှာပေါတဲ့ ဝက်သစ်ချပင်လိုအကြီးကြီး။

ညတုံးက အဲဒီအရွက်ကို ရေနွေးဖျောပြီး ငါးပိကျော်နဲ့တို့စားတယ်။ အန်တီကို ခဏနေအုံ့း့ ငါအရင်စမ်းမယ်ဆိုပြီး ဗော်လန်တီယာလုပ်တယ်။ အခုနေ့လည်အထိ ဘာမှမဖြစ်ပါ။ ကသစ် စစ်ပုံရတယ်။ အရွက်အရသာကတော့ ဒေလီတုံးက စားခဲ့ရတာထက် ခါးသက်တာပိုတယ်။

ကသစ်ပင်ကို ရုက္ခဗေဒအခေါ် Erythrina arborescens နဲ့ Erythrina suberosa လို့ဖတ်ရတယ်။ မြန်မာအဘိဓာန်မှာ ပင်လယ်ကစ်နဲ့ တောင်ကသစ်ရှိတယ်လို့ ဖတ်ရတယ်။ အိန္ဒိယမှာတွေခဲ့တာကို Himalayan Coral Tree လို့ခေါ်တယ်။ အဲတာမျိုးက ၅ မီတာအထိမြင့်တယ်လို့ ဆိုတယ်။

ဓါတ်ပုံ = ၂၂-၁ဝ-၂ဝ၁၄ နေ့က ဆောင်းအဝင်မှာ တပင်လုံးဝါထိန်နေခဲ့တဲ့ အင်ဒီယာနပိုးလစ်၊ သရဏမဉ္ဇူဘုန်းကြီးက ကသစ်ပင်ကြီး

ဒေါက်တာတင့်ဆွေ
၂၈-၅-၂ဝ၁၅

AsiaNews နဲ့ ဒေါက်တာတင့်ဆွေ အမေးအဖြေ

ရိုဟင်ဂျာအရေးဟာ ဗမာပြည်ရဲ့နိုင်ငံရေးကျားကွက်ပေါ်က ကျားတစ်ကောင်ဖြစ်တယ်။ ကင်းဝင်မယ့်ကျားလား ထိုးကျွေးထား တဲ့ကျားလား။ ဒီအရေးကို နိုင်ငံတကာကလည်း အထူးစိတ်ဝင်စားကြတယ်။ AsiaNews နဲ့ ဒေါက်တာတင့်ဆွေရဲ့ အမေး၊အဖြေ ကို ပြည်ပမီဒီယာမှာ တင်နေကြတယ်။ အင်္ဂလိပ်ဘာသာအပြင် အခြားဘာသာတွေနဲ့လည်း ဖော်ပြနေကြတယ်။အဲဒီ အမေး၊ အဖြေကို ကျွန်တော် အချောကိုင်ပြီး ထပ်မံတင်ပြပါရစေ။

AsiaNews နဲ့ ဒေါက်တာတင့်ဆွေ အမေးအဖြေ
(ဗမာနိုင်ငံသား လူကောင်း သူကောင်းတိုင်း ဖတ်ထားရမယ့် ရိုဟင်ဂျာအရေး)

(မေး) အရှေ့တောင်အာရှဟာ အဓိကစိန်ခေါ်မှုကြီးတစ်ရပ်နဲ့ ရင်ဆိုင်နေရပါတယ်။ အုပ်စုလိုက်ရွှေ့ပြောင်းမှုနဲ့ ခေတ်သစ် လှေစီး ခရီးသည်များ ပြဿနာပေါ့ဗျာ။ အများစုကတော့ မြန်မာပြည်ကလာတဲ့ ရိုဟင်ဂျာတွေပေါ့။ ပြဿနာရဲ့ အဓိကရင်းမြစ်က ဘာပါလိမ့်ဆရာ။

(ဖြေ) အာရှသတင်းတွေမှာ ဒီပြဿနာက လွန်ခဲ့တဲ့ နှစ်နှစ်ကစပြီး သတင်းခေါင်းစဉ်ဖြစ်နေခဲ့တာ ရက်တွေ လတွေချီပြီး ကြာ ခဲ့တာပါ။ အတိအကျပြောရရင်တော့ ဒီကိစ္စက ၂ဝ၁၂ ခု ဒီဇင်္ဘာ ၁၆ ရက်က စခဲ့တာပါ။ အဲဒီတုန်းက အခု မြန်မာပြည်လို့ခေါ်တဲ့ ဗမာပြည်ရဲ့ အနောက်ပိုင်းမှာ ရခိုင်တိုင်းရင်းသူ သီတာထွေးဆိုတဲ့ မိန်းကလေးဟာ အုပ်စုဖွဲ့ မတရားပြုကျင့်ပြီး သတ်ပစ်တာခံခဲ့ ရရှာတယ်။ ခိုင်လုံတဲ့သတင်းရပ်ကွက်တွေရဲ့ အဆိုအရတော့ အမှုကျူးလွန်သူတွေဟာ ဗမာမွတ်စလင်တွေဖြစ်ကြတယ် လို့ဆို တယ်။ ဒီတော့ ရိုဟင်ဂျာဆိုတဲ့နာမည်ဟာ နိုင်ငံတကာမီဒီယာမှာ တောက်လျှောက်ကြီး ပါနေတော့တယ်။ ဗမာပြည်မှာတော့ ပြည်တွင်းမီဒီယာ သတင်းတွေမှာ မပါလှဘဲ လူမှုကွန်ယက် သတင်းစာမျက်နှာတွေ အထူးသဖြင့် ဖေ့စ်ဘွတ်မှာ ဖော်ပြ ရေးသား ကြပါတယ်။ ဒိနောက်တော့ ဗမာပြည်တွင်းမှာ နာမည်တစ်လုံးနဲ့ပတ်သက်လို့ တိုက်ပွဲစတော့တာပါပဲ။ ၂ဝ၁၁ခု၊ ဖေဖေါ်ဝါရီ ၄ ရက်မှာ အာဏာရလာတဲ့ စစ်တပ်တစ်ပိုင်း အစိုးရဟာ အဲဒီမွတ်စလင်တွေကို ခေါ်ဝေါ်ဖို့ ဘင်္ဂါလီဆိုတဲ့ စကားလုံးကို တီထွင်ခဲ့ ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ သည်းခြေကြိုက်အခေါ်ပေကိုး။

(မေး) ဗမာပြည်တွင်းရေးပြဿနာအဖြစ်ကနေ အခုဆိုရင် ဒေသဆိုင်ရာပြဿနာဖြစ်လာနေပါတယ်။ ဒီကိစ္စကို ဘာကြောင့် ဂရု မစိုက်ဘဲ အကြာကြီးပစ်ထားကြတာတုန်း။

(ဖြေ) ဦးသိန်းစိန်အစိုးရအဖွဲ့ရဲ့ ကိုင်တွယ်ပုံညံ့ဖျင်းလို့၊ အရည်အချင်းမရှိလို့ ပြဿနာက ဆက်တိုက်ကျယ်ပြန့်လာတာပါ။ အခုဆိုရင် ဒေသဆိုင်ရာပြဿနာလို့ သံတမန်လောကမှာ ခေါ်ဆိုနေကြပြီ။ ဒီမိုကရေစီရေးအတွက် ကျွန်တော် လှုပ်ရှားလာတာ ၁၉၉ဝ ကတည်းကပါ။ ကျွန်တော့အတွေ့အကြုံအရဆိုရင် ကုလသမဂ္ဂဦးဆောင်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဒီဗမာ့ ပြဿနာကို ဒေသဆိုင်ရာပြဿနာလို့အသိအမှတ်မပြုဘဲ လူ့အခွင့်အရေး ဖောက်ဖျက် ကျူးလွန်မှုတစ်ခု သက်သက်ပါပဲလို့ မှတ်ယူထားကြတာ။ မြန်မာအစိုးရသစ်ကို ကမ္ဘာက ဟိမဝန္တာချီးမွမ်းခန်းဖွင့်တော့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့လည်းပါတာပဲ။ ဒီတော့ကာ ဒီလို အစိုးရတစ်ရပ်ဟာ ဒီမိုကရေစီတောင်းဆိုမှုတွေကိုတော့ အသံတိတ်သွားအောင်လုပ်နိုင်ခဲ့ပေမဲ့ ဒေသဆိုင်ရာ ပြဿနာတစ်ရပ်ကိုတော့ မီးမွှေးပေးတာ ဘာကြောင့်လဲဆိုတာ ဝိုင်းဝန်း ခွဲခြမ်းစိတ်ဖြာကြဖို့ အချိန်တန်ပါပြီ။ အခုဆိုရင် ဗမာ ပြည်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖိအားပေးတဲ့ဒဏ်ကို အပြင်းအထန်ခံနေရပြီ။ နိုင်ငံတကာအသိုင်းအဝိုင်းဆိုတာလည်း မွတ်စလင်အဝန်းအဝိုင်း တစ်စိတ်တစ်ပိုင်းရဲ့ ဦးဆောင်မှု လမ်းညွှန်မှုအောက်မှာရှိတာပါ။ မီဒီယာလောကက ဒီကိစ္စကို အနည်းနဲ့ အများဆိုသလို ဇောင်းပေးဖို့ နေ့စဉ်လိုတန်းတန်းစွဲဖြစ်နေတာပါ။ ဗမာပြည်ကို လာရောက်ကြတဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တွေ အားလုံး က ဒီကိစ္စကို အထူးတလည် ရှေ့တန်းတင်ကြတယ်။ သမ္မတအိုဘားမားနဲ့ ဘန်ဂီမွန်းတို့လည်း ဒီလိုပါပဲ။ ဗမာအစိုးရရဲ့ ထုတ်ပြန် ချက်အရရော စီအိုင်အေရဲ့ ထုတ်ပြန်ချက်အရပါ သိရတာက ဗမာပြည်မှာ ဗုဒ္ဓဘာသာ ကိုယုံကြည် ကိုးကွယ်သူက လူဦးရေရဲ့ ၈၉ ရာနှုန်းရှိသတဲ့။ အစ္စလမ်ပူးပေါင်းဆောင်ရွက်ရေး အစည်းအရုံး (OIC) က ဒီလိုမျိုး ဗမာပြည်မှာ ရုံးဖွင့်ချင်သတဲ့။ ဒါ သမိုင်း ကြောင်းအရဆိုရင် ဒါပထမဆုံးအကြိမ်ပါပဲ။ ဒီကိစ္စနဲ့ပတ်သက်တဲ့သတင်းကို ထုတ်ပြန်ရာမှာ ပြည်ပ မီဒီယာတော်တော်များများ က တလွဲတချော်လုပ်ကြတယ်။ ဥပမာ ၂ဝ၁၅ခု မေလ ၂ဝ ရက်နေ့မှာ ထုတ်ဝေတဲ့ ဆစ်ဒနီ နံနက်ခင်း သံတော်ဆင့် (The Sidney Morning Herald) သတင်းစာ ရေးပုံကိုကြည့်။ ရိုဟင်ဂျာတွေမှာ အခွင့်အရေးရှိတယ်လို့ ဗမာပြည်က အတိုက်အခံ အင်အားစုကပြောတယ် တဲ့။ သူတို့ရေးတဲ့ထဲမှာ မှန်တာတစ်ခုတော့ရှိတယ်။ ဗမာပြည်ထဲက အလွန်ဆိုးဝါးလှတဲ့ အခြေအနေ တွေကနေ ရှောင်ပြေးကြတဲ့ မွတ်စလင်တွေမှာ လူ့အခွင့်အရေးခံစားပိုင်ခွင့်တော့ရှိပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် တဲ့ အတိုက်အခံအင်အားစုရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က တိုက်တွန်းတယ် လို့ရေးထားတာပါ။ ဒီလိုပြောတာဟာ ဗုဒ္ဓ ဘာသာဝင် အများ စုကြီးရှိတဲ့ ဗမာပြည်မှာ ချောင်ထိုးခံရတဲ့လူစုနဲ့ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ဝေဖန်ချက်ပေးလိုက်ခြင်းပါပဲ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ဒီကိစ္စကိုရှင်းပြတော့ မီဒီယာက မသိချင်ယောင်ဆောင်ကြတယ်။ ဗုဒ္ဓဘာသာမှ တစ်ပါး အခြား ဘာသာကိုးကွယ်သူ ဗမာနိုင်ငံသားဦးရေက ပြည်ပမှာနေတာ သုံးသန်းထက်မနည်းရှိပါတယ်။ သူတို့ထဲက ငါးပုံ လေးပုံ ကျော်ဟာ ဗမာပြည်ကနေ တရားမဝင်ထွက်ပြေးကြသူတွေဖြစ်ပါတယ်။ ဒါပေမဲ့ ပြဿနာမရှိခဲ့ပါဘူး။ ထိုင်းနိုင်ငံကတော့ တစ်ခါတစ်ရံ ပြော တယ်။ မလေးရှားကလည်း တရားမဝင်ရွှေ့ပြောင်းလာကြတဲ့ ဗုဒ္ဓဘာသာဝင် အလုပ်သမားတွေ အကြောင်းကို သာ ထောက်ပြ တတ်တာပါ။ ကျန်တဲ့နိုင်ငံတွေကတော့ ဒီကိစ္စကို အာရုံမစိုက်ကြပါဘူး။

(မေး) မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက လှေစီးပြီးရောက်လာကြတဲ့သူတွေ သူတို့ရဲ့နိုင်ငံတွေဆီကို မလာအောင် တစ်ကြိမ် နှစ်ကြိမ်လောက် တားဖူးတယ်။ အခု ဒီနိုင်ငံတွေ စိတ်ပြောင်းသွားကြပြီ။ ဒီတော့ ဒီအခြေအနေ ပြေလည်မှုရရှိအောင် သူတို့ ပူးပေါင်းဆောင်ရွက်နိုင်မလား။

(ဖြေ) အင်ဒိုနီးရှားနဲ့ မလေးရှားတို့လို မွတ်စလင်အများစုနေထိုင်တဲ့ ဒေသတွင်းနိုငံတွေဟာ ဒီဒေသမှာရှိတဲ့ ဘယ်နိုင်ငံကပဲ လာလာ မွတ်စလင်ရွှေ့ပြောင်းသူတွေကို မျက်ကွယ်ပြုထားခဲ့တာ ထုံးစံပါ။ အိန္ဒိယနဲ့ ပါကစ္စတန်က အစွန်းရောက် အုပ်စုတွေဆီ ကပဲ အသံတွေထွက်လာတယ်။ ရိုဟင်ဂျာအမည်ခံထားတဲ့ လက်နက်ကိုင်အုပ်စုတွေကို အကူအညီ ပေးကြတယ်။ နောက်ထပ် အာစီယန် နိုင်ငံတစ်ခုဖြစ်တဲ့ ဘရူနိုင်းနိုင်ငံကဆိုရင် မွတ်စလင်လှေစီးခရီးသည်တွေနဲ့ ဒေသတွင်းတရားမဝင် ရွှေ့ပြောင်းသူတွေ ကို ကူညီဖို့ကိစ္စမှာ အသံတိတ်နေတယ်။

(မေး) ဒီပြဿနာကို ဖြေရှင်းရာမှာ အာစီယန်ရဲ့အခန်းကဏ္ဍက ဘယ်လိုရှိမလဲ။

(ဖြေ) ဗမာပြည်ကို အာစီယန်အဖွဲ့ထဲဝင်ခွင့်ပြုခဲ့တဲ့ ၁၉၉၇ခု ဇွန်လ ၂၃ ရက် ကတည်းက အာစီယန်အဖွဲ့ကြီးဟာ ဗမာပြည်ရဲ့ ပြဿနာတွေကို ကူညီဖြေရှင်းခဲ့တဲ့ လုပ်ရပ် တစ်ခုမှမရှိပါဘူး။ အာစီယန်အဖွဲ့ကြီးရဲ့ ထိပ်သီးအစည်းအဝေးတွေမှာ အာဏာရ အစိုးရကိုသာ မျက်နှာသာပေးခဲ့ပြီး နှိပ်ကွပ်ခံနေရတဲ့ လူထုကိုဖြစ်ဖြစ် အဲဒီအစိုးရနဲ့ ထိပ်တိုက်တွေ့တဲ့ ဘယ်ပြဿနာကိုဖြစ်ဖြစ် ကူညီခဲ့တာ ဖြေရှင်းပေးခဲ့တာ မရှိပါဘူး။

(မေး) အဲဒီ အဖွဲ့အစည်းကြီးမှာ ကျင့်ဝတ်အရရော နိုင်ငံရေးအရပါ စွက်ဖက်နိုင်တဲ့ အခွင့်အာဏာရှိပါသလား။

(ဖြေ) မရှိပါဘူး။ လုံးဝ မရှိပါဘူး။ ၂ဝဝ၄ ခုနှစ်တုန်းကတော့ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ဖိအားပေးကြလို့ ၂ဝဝ၆ခုနှစ်မှာ ဗမာပြည် အိမ်ရှင်နိုင်ငံဖြစ်ရေးကို အာစီယန်အဖွဲ့ဝင်နိုင်ငံတွေက ငြင်းပယ်ခဲ့ကြဖူးတယ်။ အဲဒီလို ရဲရဲဆုံးဖြတ်ခဲ့ကြတာကလွဲလို့ အာစီယန်ဟာ ဗမာပြည်ကို ဘယ်တုန်းကမျှ ထိပ်တိုက်ဟန့်တားတာမရှိခဲ့ဖူး။ အခု ရိုဟင်ဂျာကိစ္စမှာ အမေရိကန်နဲ့ အီးယူတို့ကပါ မဆီလျော်တဲ့ တောင်းဆိုချက်တွေလုပ်နေပြန်တယ်။

(မေး) ဆရာ့ အမြင်အရဆိုရင် ဒီ အရေးပေါ်ပြဿနာကိုဖြေရှင်းဖို့ သင့်တော်တဲ့ နည်းနာက ဘာပါလဲ။

(ဖြေ) ဒီပြဿနာကို ပိုဆိုးသွားစေတဲ့ အကြောင်းနှစ်ချက်ရှိတယ်ဗျ။ ဗမာအစိုးရကိုယ်တိုင်ကြောင့်ရော တစ်ဖက်သတ် နားချ နေကြတဲ့သူတွေရဲ့ လှည့်ဖျားခံနေရတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကြောင့်ရောပေါ့ဗျာ။ ဗမာပြည် ဒီမိုကရေစီရရှိရေးအတွက် မနေ မနားအထောက်အပံ့ပေးခဲ့ကြတဲ့ အစိုးရတွေရော ထောက်ပံ့ရေး အေဂျင်စီတွေရော ၂ဝဝ၇ ခုနှစ်ကတည်းက ရန်ပုံငွေ ထောက်ပံ့ နေတာတွေကို ရပ်ဆိုင်းလိုက်တယ်။ အဲဒီကတည်းက ရိုဟင်ဂျာတွေအတွက် စည်းရုံးနားချပေးတဲ့၊ တက်တက်ကြွကြွနဲ့ ငွေကြေး ပြည့်ပြည့်စုံစုံရှိတဲ့ အဖွဲ့တစ်မျိုးတည်းသာ ကျန်တယ်။ ဒီတော့ကာ (ဗမာပြည် ဒီမိုကရေစီရရှိရေး) မှသည် (မြန်မာပြည် ရိုဟင်ဂျာ ထွေးပိုက်ရေး) အဖြစ် ပြောင်းသွားတယ်။ ဒီအကြပ်အတည်းကို ဖြေရှင်းဖို့ဆိုရင် အစိုးရက ရိုဟင်ဂျာနဲ့ပတ်သက်ရင် နိုင်ငံရေး ကစားလို့ မဖြစ်ပါ။ စစ်ခေါင်းဆောင်တွေက ရိုဟင်ဂျာလို့ရေးတာ ပြောတာကို ပိတ်ပင်ခြင်းဖြင့် လူထုရဲ့လက်ခုပ်သံကို ရအောင် ကြိုးစားနေတယ်။ ဗိုလ်ချုပ်ကြီးတွေက အစွန်းရောက် ဗုဒ္ဓဘာသာအုပ်စုကို ဖန်တီးတော့ အဲဒီအုပ်စုက အမုန်းစကားတွေ ပြောကြ တော့တာပေါ့။ ကုလသမဂ္ဂကိုယ်စားလှယ်ကို မလိုမုန်းထားအပုပ်ချစကားတွေ သုံးနှုန်းတော့တာပေါ့။ မကြာသေးမီက ဆိုရင် ပြည်ထောင်စုလွှတ်တော်က အငြင်းပွားစရာဖြစ်တဲ့ လူဦးရေဥပဒေကြမ်းကို အတည်ပြုခဲ့တယ်။ စစ်အရာရှိဟောင်းတွေ လုပ်နေ တာမှန်သမျှရဲ့ ရည်ရွယ်ချက်က ဒီနှစ်အောက်တိုဘာလလောက်မှာ ကျင်းပမယ်ဆိုတဲ့ လာမယ့်ရွေးကောက်ပွဲမှာ မဲရဖို့ချည်းပါပဲ။ ဒါပေမဲ့ နိုင်ငံကတော့ ရိုဟင်ဂျာအရေးနဲ့ ပြည်ပရဲ့ ခြိမ်းခြောက်မှုခံနေရပြီ။

နိုင်ငံတကာအသိုင်းအဝိုင်းက ရိုဟင်ဂျာ ပြဿနာရဲ့ သဘောသဘာဝနဲ့ အကြောင်းရင်းဇာစ်မြစ် အမှန်ကို တိတိကျကျ နားလည် မှဖြစ်မယ်။ လူသားဆန်တဲ့ ရပ်တည်ချက်၊ လူ့အခွင့်အရေးရှုထောင့်ကနေ ဆောင်ရွက်တာပဲ အမှန်တကယ်ကောင်းတာပါ။ ဒါပေမဲ့ ခက်တာက နိုင်ငံတကာကလည်း နိုငံသားအဖြစ်အသိအမှတ်ပြုရေးနဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကို ပြန်လည်ပြင်ဆင်ရေး ဆိုတာ တွေကိုသာ တောင်းဆိုနေကြတယ်။ ဒီလိုမျိုး နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကိစ္စကို တမင်သက်သက် ဝင်ရောက်စွက်ဖက်ခံခဲ့တဲ့ နိုင်ငံမျိုး ရှိသလားဗျာ။

(မေး) ဗမာအစိုးရက ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုလိမ့်မယ်လို့ ဆရာ ထင်သလား။ ဒါမှမဟုတ် သူတို့ကို ဗမာပြည်မှာ အေးအေးချမ်းချမ်းနေထိုင်နိုင်စေဖို့ အခွင့်အရေးတွေပိုပေးလိမ့်မယ်လို့ကော ထင်ပါသလားဗျာ။

(ဖြေ) လူကုန်ကူးမှုဟာ တကယ့်စိန်ခေါ်မှုကြီးပဲလို့ ဗမာအစိုးရကထောက်ပြတဲ့အချက်ကို ကျွန်တော်သဘောတူပါတယ်။ ဥပဒေ ချိုးဖောက်သူတွေကတော့ ပိုက်ဆံရရင် ဘယ်သူ့ကိုပဲဖြစ်ဖြစ်လှေနဲ့တင်ခေါ်သွားကြမှာပဲ။ ဘယ်နိုင်ငံကလူတွေပဲ ဖြစ်ဖြစ်၊ ဘယ် နိုင်ငံသားတွေကိုပဲဖြစ်ဖြစ်ခေါ်သွားမှာပဲ။ ဒါပေမဲ့ ဘာလို့ ရိုဟင်ဂျာကျမှ ပြဿနာတက်ရတာတုန်း။ ဘာလို့ ဗမာပြည်ကျမှ ပြဿနာဖြစ်ရတာတုန်း။ ဘင်္ဂလားဒက်ရှ်ကိုကျတော့ ဘယ်သူမှ မပြောကြဘူး။ ပြီးတော့ ပင်လယ်ပြင်က ဖမ်းဆီးမိတဲ့ လူတွေကို ပြန်ပို့တာ ဘယ်သူ့ကိုမျှ အထောက်အကူမပြုပါဘူး။ သူတို့ဟာ မိမိအခြေတကျနေထိုင်ခဲ့တဲ့နေရာကို စွန့်ခွာလာခဲ့ကြတာပါ။ ဘာ လို့ထွက် ပြေးလာခဲ့ကြတာလဲ။ ဒါ အရှင်းကြီးပါ။ ဘင်္ဂလားဒက်ရှ်ရော ဗမာပြည်ပါ သူတို့အတွက် ပဋိရူပဒေသမဟုတ်လို့ပေါ့။ ဘင်္ဂလားဒက်ရှ်ကို အသာထား။ ဗမာပြည်ကတော့ ပြင်ပက ချီးမွမ်းနေကြသလို ပြောင်းသွားပြီဆိုတာ မဟုတ်ပါ။ ပြင်ပက အဆ မတန်ဖိအားပေးနေတာတွေ၊ ဗမာအစိုးရက ဒီပြဿနာကို အကိုင်အတွယ်မှားတာတွေက အဲဒီ ကံဆိုးသူ မောင်ရှင်တွေကို ဘယ်လိုမှု ကယ်ရာရောက်မှာ မဟုတ်ပါဘူး။ မမြင်ရတဲ့ နောက်ကွယ်က အားကောင်းတဲ့ လက်တံရှည်တွေရှိတယ်။ ဗမာအစိုးရက ကိုယ့်နိုင်ငံကောင်းစားရေးကို ဂရုမစိုက်ဘူး။ ဘယ်ဘာသာဝင်ဖြစ်နေနေ ကိုယ့်ပြည်သူတွေကို ဂရုမစိုက်ဘူး။ ဘယ်ဘာသာကို ကိုးကွယ်သူတွေကိုဖြစ်စေ၊ ဘယ်နိုင်ငံသားကိုဖြစ်စေ သူတို့ကို နိုင်ငံသားဖြစ်ခွင့်ပေးလိုက်လို့ အာဏာတည်မြဲမယ်ဆိုရင် အစိုးရက နိုင်ငံသားဖြစ်အောင်လုပ်ပေးလိုက်မှာပဲ။

(ဘာသာပြန် Tin lay)

Wednesday, May 27, 2015

Facts about blood donation သွေးလှူခြင်းကိန်းဂဏန်းများ

ယူကေနိုင်ငံမှာ
• လူဦးရေရဲ့ ၄% ဟာ သွေးလှူရှင်တွေဖြစ်ကြတယ်။
• သွေးတခါလှူရင် လူနာ ၃ ယောက်အထိ ကူညီနိုင်တယ်။
• သွေးအကြိမ် ၁ဝဝ လှူတာဟာ သွေး ၄၇ လီတာနဲ့ညီတယ်။
• B (-) က ရှားတယ်။ လူဦးရေရဲ့ ၂% သာရှိတယ်။ဲ
• သွေးလှူသူထဲက ၅% ဟာ ပထမဆုံးလှူသူတွေဖြစ်တယ်။

အမေရိကမှာ
• ၂ စက္ကန့်တိုင်းမှာ သွေးလှူရှင် ၁ ယောက်လိုအပ်တယ်။
• နေ့စဉ် သွေးလှူရှင်ပါင်း ၄၁ဝဝဝ လိုအပ်တယ်။
• တနှစ်မှာ သွေးနဲ့သွေးအစိတ်အပိုင်းပေါင်း သန်း ၃ဝ လိုအပ်တယ်။
• ပျမ်းမျှသွေးသွင်းမှုတကြိမ်မှာ ၃ သွေးပိုင့်ဖြစ်တယ်။ (၁ ပိုင့် = ဝ့၄၇ လီတာ)
• အများဆုံးသွေးလှူဘို့တောင်းခံတဲ့သွေးအမျိုးအစားက (အို) ဖြစ်တယ်။
• (ဆစ်ကယ်ဆဲလ်) သွေးရောဂါသည်ပေါင်း ၇ဝဝဝဝ ရှိတယ်။ တနှစ်မှာ အဲဒီရောဂါနဲ့ ကလေးပေါင်း ၁ဝဝဝ မွေးလာကြတယ်။ သူတို့အားလုံးကို သွေးမကြာမကြာသွင်းပေးရတယ်။
• ပြီးခဲ့တဲ့နှစ်က ကင်ဆာလူနာ ၁့၆ သန်းရှိတယ်။ သူတို့ထဲက အများစုကို (ခီမို) ပေးနေတုံးမှာ သွေးသွင်းကုသခဲ့ရတယ်။
• ကားမတော်တဆမှုတခုမှာ သွေးပျမ်းမျှ ၁ဝဝ ပိုင့်လိုတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၅-၂ဝ၁၅
ဓါတ်ပုံ = တမူးမြို့ လူငယ်ကွန်ရက်သွေးလှူအသင်းကစီစဉ်တဲ့ စုပေါင်းသွေးလှူခြင်း
Photo from Yin Ko Oo

Pentagon says live anthrax inadvertently shipped across US

ဒေါင့်သန်းရောဂါပိုးအရှင်တွေကို မထင်မှတ်ပဲ နေရာရွေ့ပို့ဆောင်ခဲ့တယ်လို့ အမေရိကန် စစ်ဌာနချုပ် ပင်တာဂွန်က ဝန်ခံလိုက်ပါတယ်။

ပြည်နယ် ၉ ခုမှာ အဲလိုမတော်တဆဖြစ်ခဲ့တာပါ။ အများလူထုကိုတော့ သိထားတဲ့အန္တရာယ်မရှိဘူးလို့ ပင်တာဂွန် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Steve Warren (စတိဖ်ဝါရင်း) ကပြောပါတယ်။ စစ်ဆေးမှုတွေ ဆက်လုပ်နေပါတယ်။ ထိကိုင်ခဲ့ရသူ ဓါတ်ခွဲခန်းအမှုထမ်းလေးယောက်ကို ဆေးဝါးကုသပေးနေပါတယ်။ Utah အူတာမှာရှိတဲ့ Dugway Proving Ground မှာ ပုံမှန်သုတေသနလုပ်ဘို့ သိမ်းဆီးထားတဲ့ ဒေါင့်သန်းရောဂါပိုးတွေ ဖြစ်ပါတယ်။ အမှန်က သေပြီးသား ပိုးတွေကိုသာ အဲလိုပို့ဆောင်ဘို့ဖြစ်ပါတယ်။ AG-1 လို့ခေါ်ပါတယ်။

ပိုးမွှားလက်နက်အနေနဲ့လည်း ထုတ်လုပ်နိုင်ပါတယ်။ ပထမကမ္ဘာစစ်ကတည်းက ဂျာမန်တွေကစသုံးခဲ့ပါတယ်။ Anthrax spores ဒေါင့်သန် (စပိုး) ကိုအများအပြားထုတ်သုံးခဲ့တာကတော့ ဂျပန်ကနေ ၁၉၃၂-၁၉၄၅ တရုပ်ပြည်ကို သိမ်းခဲ့တုံးက ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်မှာ နှစ်ဖက်လုံးက စမ်းသပ်မှုသာလုပ်ခဲ့ကြပါတယ်။ ပင်လယ်ကွေ့စစ်တုံးက အီရတ်ဟာ အမေရိကားကနေ အဲဒီပိုးမွှားလက်နက်ရအောင် ကြိုးပမ်းခဲ့သေးတယ်။

ဒေါင့်သန်းရောဂါဆိုတာ နွားတွေမှာဖြစ်တဲ့ကူးစက်မြန်ရောဂါဖြစ်တယ်။ ပိုးရှိနေတဲ့ နွား၊ အမဲသားကို ထိကိုင်မိတဲ့လူကို ကူးစက်စေပြီး သေစေနိုင်တယ်။

Anthrax ဒေါင့်သန်းရောဂါ http://doctortintswe.blogspot.com/2015/04/anthrax.html

ပုံ = လူမှာဒေါင့်သန်းရောဂါကူးစက်ရင်ဖြစ်တဲ့အနာ

ဒေါက်တာတင့်ဆွေ
၂၇-၅-၂ဝ၁၅

Excess caffeine health warning ကေဖင်းတာ မကောင်း

(အီးယူ) နိုင်ငံတွေမှာ ကေဖင်းဓါတ်များခြင်းရဲ့ ကျန်းမာရေးအန္တရာယ်သတိပေးချက်ကို ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

သူတို့ဆီမှာ Espressos (အိတ်စပရက်ဆို) ကော်ဖီက နာမည်အကြီးဆုံးဖြစ်တယ်။ (ယူအက်စ်) မှာ လူကြိုက်အများဆုံးက Starbucks (စတားဘာ့ခ်) ဖြစ်တယ်။

တနေ့ ၅ ခွက်ထက်ပိုရင် နှလုံးရောဂါ၊ အိပ်မပျော်တာနဲ့ စိတ်ဆောက်တည်ရမရဖြစ်တာတွေ ဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ လဖက်ရည်၊ ကော်ဖီ၊ အင်နာဂျီအရည်။ အချိုရည်တွေနဲ့ ချောကလက်ထဲမှာ ကေဖင်းပါတယ်။ ဒိန်းမတ်မှာ လူ ၃ ယောက်မှာ ၁ ယောက်၊ နယ်သာလန်မှာ ၁၇% နဲ့ ဂျာမဏီမှာ ၁၄% တိုဟာ အဲဒီအကန့်အသတ်ထက် ပိုသောက်သုံးနေကြတယ်။

ကေဖင်းပါနှုန်း
• Cup of filter coffee - 90mg
• Standard energy drink - 80mg
• Espresso - 80mg
• Cup of tea - 50mg
• Can of cola - 40mg
• Bar of dark chocolate - 25mg
• Bar of milk chocolate - 10mg

လက်ရှိမှာ လူအတော်များများက စိတ်ချရတဲ့ပမာဏထက်ပိုကဲပြီးသောက်သုံးနေကြတယ်။ စိတ်ချရတဲ့ပမာဏဟာ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးတွေမှာ နည်းတယ်။ လူကြီးဆိုရင် တနေ့မှာ 400mg ထက်မပိုရပါ။ ကိုယ်ဝန်ဆိုရင် 200mg ထက်မပိုရပါ။ ကလေးတွေဆိုရင် 3mg per kg သာ ဖြစ်သင့်တယ်။

ဆက်စပ်ဖတ်နိုင်တဲ့စာများ -
1. Caffeinated drinks (ကေဖင်း) ပါတဲ့ (အင်နာဂျီ) သောက်စရာတွေ
2. Caffeine ကေဖင်း
3. Caffeine and Pregnancy ကေဖင်းနဲ့ကိုယ်ဝန်
4. Caffeine in Tea leaves ကေဖင်း နဲ့ လက်ဖက်
5. Coffee and Health ကော်ဖီ နဲ့ ကျန်းမာရေး

ဒေါက်တာတင့်ဆွေ
၂၇-၅-၂ဝ၁၅

Mango tree ပါရမီရပ်

(၁) Lalrinthari Mizo = ၄ လ တကြိမ် ဗပိာုသွေးဘဏ်ကိုလှူပါတယ်။ ကုသိုလ်ယူခြင်းတမျိုး အများအကျိုး ဆောင်ရွက်ခြင်းလို့ ခံယူထားလို့ ပိတိဖြစ်ရပါတယ်။ လှူဒါန်းနိုင်အောင် ကျန်းမာလို့လည်း ဘုရားကိုကျေးဇူးတင်သလို ဝမ်းသာတယ်။ ကြုံတုန်း ဆရာ့ကိုဝင်ကြွားတာ။ (သူက ကျွန်တော့် တပည့်သူနာပြုဆရာမ ခရစ်ယန်ဘာသာဝင် ဖြစ်ပါတယ်။)

ဆရာတပည့်ချင်း ကြွားကြတာပေါ့။ ဆရာ မြို့သာမှာ တိုက်နယ်ဆရာဝန်လုပ်ခဲ့တုံးကပေါ့။ ကိုယ်ခွဲပေးမယ့်လူနာကို ကိုယ့်သွေးဖေါက်လှူ သွင်းပေးရင်းနဲ့ ခွဲပေးခဲ့တာ အနည်းဆုံး ၃-၄ ယောက်ရှိမယ်။

(၂) မဟော်သဓာ တီကောင် = ဒီလိုကြားရတော့ လေးစားအားကျရပါတယ်ဆရာရေ။ ဇီဝကထက်မလျော့တဲ့ ကုသိုလ်ကံအကျိုးပေးကို မလွဲမသွေခံယူရဦးမှာပါပဲလို့ ယုံကြည်ပါတယ်။

ကနေ့နေ့လည်စာစားနေရင်း တွေးနေတာတခုနဲ့ (ကွန်မင့်) နဲ့က တိုက်ဆိုင်နေတယ်။ တနေ့ကလည်း ဆုကြီးပန်လို့ ရေးတာလည်းဖတ်ရတယ်။ ကျွန်တော်က တတ်နိုင်တာတွေကို တတ်နိုင်သလောက်လုပ်ပါတယ်။ အခမဲ့ဆေးကုပေးတာ၊ မေးတာကိုဖြေတာ စသဖြင့်။ များပြားကြီးမားလှတယ်မဟုတ်ပါ။ ဆုကြီးပန်ဆိုတာမျိုး တခါမှစိတ်ကူးထဲမရှိပါ။

ဇီဝကလိုတော့ဖြစ်ချင်မိတယ်။ ဘုရားကိုဆေးကုပေးနိုင်တဲ့ ဇီဝကမျိုးမဟုတ်ပါ။ ကိုယ့်လူနာရဲ့ရောဂါဝေဒနာဟာ မပျောက်ကင်းနိုင်မှန်းသိတဲ့အခါမျိုးမှာ ဖြစ်ပေါ်လာတဲ့ဆန္ဒသာဖြစ်ပါတယ်။ ကုသပေးရသူတိုင်းရဲ့ ရောဂါဝေဒနာတွေကို ပျောက်ကင်းအောင်ကုသနိုင်စွမ်းရှိတဲ့ သမားတော်မျိုးသာဖြစ်ချင်တာပါ။ ပါရမီတွေ မရေမတွက်ဖြည့်ရမှာလည်းသိပါတယ်။ ကောင်းတာတခုခုလုပ်ပြီး ဘာဖြစ်ရပါလို၏လို့ ဆုတောင်းတဲ့အလေ့ကတော့ မရှိသလောက်ပါ။

(၃) Tun Pale Monday 6:36am = ပုလဲမြို့၊ ပါရမီရပ်က ဆရာ့အိမ်ဝင်း အနောက်တောင်ထောင့်မှာရှိတဲ့ သရက်ပင်ဗျ။

ရာဇဂြိုလ်မြို့အနားက ဆရာဇီဝကလှူဒါန်းထားတဲ့ သရက်ဥယျာဉ်မှာ မြတ်စွာဘုရားဟာ အဇာတသတ်မင်းကို သာမညဖလ သုတ္တန်ဒေသနာတော်ကို ဟောကြားတော်မူခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၅-၂ဝ၁၅

Tuesday, May 26, 2015

Timing ကာလံဒေသံ လျော်ကန်ပါစေ

၁၉၉ဝ ရွေးကောက်ပွဲနှစ်ပတ်လည်နေ့မှာ သတိထားမိတာတခု ပြောပါရစေ။ ရွေးကောက်ပွဲနီးလာချိန်မှာ ဘာတွေ ထူးလာသလည်း။ သုတေသနဆန်းစစ်မှုတော့ မလုပ်အားပါ။ တန်းမြင်နေတာကို ပြောချင်ပါတယ်။

အာဏာယူပါတီကြီးနဲ့ အားခဲပြီး ထပ်တလည်းနွှဲအုံးမယ့် NLD ပါတီတွေအပေါ် မီဒီယာကနေ ဘယ်လိုရေးနေ ပြောနေ ဝေဖန် ပြစ်တင်နေကြသလည်း။

အစိုးရနဲ့ ပြည်ခိုင်းဖြိုးကို ပြောရတာမောသွားကြလို့လား၊ ပြောလည်းထူးမှာမဟုတ်လို့ မပြောချင်ကြတော့တာလား မသိပါ၊ ပိုပြီးဝေဖန်ကြတာ မတွေ့ပါ။ မဲရရေပေါ်လစီတွေ၊ လေချိုသွေးတာတွေ ရှိလာလို့ ခြုံလိုက်ရင် ပြည်ခိုင်းဖြိုးရဲ့ အကွက်ထဲ တန်းဝင်နေကြသူမနည်းတာ လေ့လာလို့ရတယ်။

NLD ကိုကြတော့ ပြောင်းပြန်။ ဒေါ်စုဆိုတာနဲ့ ဘာမှလာပြောမနေနဲ့ ချစ်ခင်လေးစား အားထားပြီးသူတွေက ရှိပြီးသားက လုံးဝမပြောင်းကြပါ။ တမျိုးတိုးလာတာက ဝေဖန်ရေးလုပ်သူတွေက ပိုပြီးခပ်နာနာဝေဖန်လာကြတယ်။ နိုင်ငံရေးမှာ ဝေဖန်ရေးကို ထောက်ခံ ကြိုဆိုပါတယ်။ ဒါပေမယ့် ကာလဒေသကြည့်သင့်ကြတယ်လို့ ယူဆတယ်။ ဝေဖန်ချက်ဟာ မှားတယ်လို့ ငြင်းချက်ထုတ်တာမဟုတ်သလို မှန်တယ်လို့ပြောနေတာ မဟုတ်ပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁-၂ နှစ်လောက်က ဝေဖန်ချက်ကို ကနေ့ စကားလုံးမရွေးပဲ ထပ်တင်တာမျိုးဖြစ်အုံးတော့ သက်ရောက်မှု ပြောင်းပြန်ဖြစ်စေနိုင်တယ်။

နိုင်ငံရေးမှာ ပေါ်ပင်တွေကနေဖြစ်ဖြစ်၊ သဘာရင့်တွေကနေဖြစ်ဖြစ် အဲလိုလုပ်လာရင် နှစ်ခါပြန်စဉ်းစားကြည့်မိတယ်။ အော့့် သူတို့လည်း ဟိုဖက်မှာ မပါရင်တောင်မှ ဟိုဖက်ကို မေ့ထားကြတာပဲလားလို့ ကောက်ချက်ချမိပါတော့တယ်။

အာဏာရအစိုးရပါတီဟာ ရွေးကောက်ပွဲမှာ တပန်းသာတယ်ဆိုတာထက်ပိုကဲပြီး၊ အဲလိုလူတွေရှိနေတာဟာ အာဏာယူပါတီ ကံကောင်းစေရာကျတယ်လို့ အားနာခြင်း အလျဉ်းမရှိ ဝေဖန်လိုက်ပါကြောင်း။

ဒေါက်တာတင့်ဆွေ
၂၇-၅-၂ဝ၁၅

High demand ကြော်ငြာဆိုတာ သည်းခြေကြိုက်

ဒီဆေးကို ဘယ်မှာဝယ်ရမလည်း မမေးပါနဲ့ချင်ဗျား။ အခုတလအတွင်း High Up-Calcium USA အရပ်ရှည်ဆေးကို မေးလို့ဖြေနေရတာ ၅ ယောက်လောက်ရှိပြီ။ ဆရာဝန်တွေ တကယ်သုံးတဲ့ဆေးမျိုးကို အဲလောက်မမေးကြပဲ ကြော်ငြာဆေးပဲမေးနေကြတယ်။ မေးခွန်းတွေထဲက နမူနာတခုပဲ ပေးပါမယ်။ ဒီမေးတဲ့သူက ပိုထူးခြားတယ်။

May 18th, 10:27pm
သုတ်လွှတ်မြန်တာကိုလည်းလျော့ချပေးနိုင်တယ်ကြားလို့ပါ သုတ်လွှတ် အရမ်းမြန်သူတစ်ယေက်အတွက် သောက်ဆေး Vimax ဆိုတာရော ဘယ်လိုဆေးမျိုးပါလဲဆရာ။ Vimax ဆေးရဲ့ကောင်းကျိုးဆိုးကျိုးတွေကို သိချင်တာပါတယ်ဆရာ။

May 18th, 10:55pm
Vimax ဆိုတဲ့ ကျားလိင်အင်္ဂါအတွက် (အွန်လိုင်း) ဆေးကြော်ငြာကိုဖတ်ရင် အားလုံးကောင်းပါသည်ခင်ဗျားသာ တွေ့ရပါမယ်။ အမေရိကန် American Urological Association က ပြောခွင့်ရှိသူ Dr. Ira Sharlip ပြောတာကတော့ လိင်အင်္ဂါသန်မာဆေးဆိုတာမျိုး တကယ်မရှိပါ။ အမြတ်အစွန်းအတွက် ရောင်းနေကြာတာပါ။ သိပ္ပံနည်းကျ သက်သေ ပြနိုင်တာမရှိပါ။ (ဝက်ဘ်ဆိုက်) ပိုင်ရှင်က ရောင်းရတဲ့အထဲက ကော်မရှင် ၅ဝ% ရတယ်။

May 19th, 12:16am
ဆရာ Vimax ဆေးကဆိုးကျိုးတွေရောရှိနိုင်သလားဆရာ။ ဝယ်ဖို့ပြင်ဆင်နေလို့ပါ။

May 19th, 12:41pm
ဖြေပြီးဖြစ်ပါတယ်။ ဆရာဝန်ညွှန်တဲ့ဆေး မဟုတ်ပါ။ ထိရောက်မှု၊ ဘေးထွက်ဆိုးကျိုး သုတေသနမရှိပါ။ ထပ်သိလိုရင် ဆရာဝန်မဟုတ်သူကိုသာမေးပါ။ ဆောရီး။

May 26th, 9:45pm
ဆရာ Height Up Calcium Pills ဆိုတဲ့ အရပ်ရှည်ဆေးရဲ့ ဆိုးကျိုးကောင်းကျိုးတွေကို သိချင်ပါတယ်ဆရာ။ သောက်သုံးရင် ဆိုးကျိုးအနေနဲ့ ဘာတွေဖြစ်လာနိုင်ပါသလဲဆရာ။

အဲတာကို အရင်လည်းဖြေရဘူးတယ်။ ဆရာရှင့် ကျွန်မအသက်၂၆ပါ။ အရပ်ပုပါတယ်။ အွန်လိုင်းမှာအရပ်ရှည်ဆေး ကြော်ငြာတွေ့လို့ စိတ်ဝင်စားမိပါတယ်။ တကယ်ပဲ ၂၆ ကျော်လဲရှည်တယ်ဆိုတာ ဟုတ်ပါသလား။ ၃ လ သောက်ရတယ် ပြောပါတယ်ဆရာ။ ဘေးထွက်ဆိုးကျိုး ရှိလားသိချင်ပါတယ်။ ဆရာအသက်ရှည် ကျန်းမာပါစေ။

အသက်တော့ရှည်ချင်ရှည်မယ်။ အရပ်တော့မရှည်နိုင်တော့ပါ။

အဲတာတွေအားလုံးက ကြော်ငြာဆေးဖြစ်တယ်။ ကယ်လ်စီယန်ကတော့ မသောက်သင့်သူစာရင်းထဲမပါရင် ကောင်းပါတယ်။ အမျိုးသမီးတိုင်း အသက် ၃ဝ-၃၅ ကျော်ရင် နေ့တိုင်းသောက်ရတယ်။ အရိုးပါး (အားနည်း) မှာကို ကာကွယ်ဖို့ပါ။ ကလေးငယ်တွေ အရိုးပျော့မရှိအောင် အချိန်အဆနဲ့ ပေးရတယ်။ လူ့အရပ်ဆိုတာ သူ့အရိုး တည်ဆောက်ထားမှုမှာ မူတည်တယ်။ အရိုးကို ပိုခိုင်အောင်သာ ဆေးနဲ့လုပ်နိုင်တယ်။ ပိုရှည်စေဘို့ မရပါ။ လူတယောက်ဟာ အရွယ်ရောက်ချိန်နောက်မှာ အရပ်ပိုမရှည်တော့ပါ။ စိတ်ပျက်မသွားပါနဲ့။ ဆက်ဖတ်စေချင်ပါတယ်။

လူတယောက်ရဲ့ အရပ်ကို မျိုးဗီဇနောက်ခံနဲ့ ပါတ်ဝန်းကျင် အကြောင်းခံ တွေကနေ သက်ရောက်တယ်။ သိပ်ရှည်လွန်းတာကို Gigantism ခေါ်ပြီး၊ သိပ်ပုလွန်းရင် Dwarfism ခေါ်တယ်။ ဒီ ၂ မျိုးမဟုတ်သမျှ ပုံမှန်ချည်းသာ ဖြစ်ပါတယ်။ လူ့အရပ်ရှည်မှုဟာ အရိုးရှည်တွေ (ပေါင် + ခြေသလုံး) တွေက အဓိကဖြစ်တယ်။ ပေါင်ရိုးနဲ့ ခြေသလုံးရိုး။ ဒါတွေ ဆက် မရှည်တော့ချိန်မှာ ရပ်တန့်သွားတယ်။ Epiphyseal plates ဆိုတာ ပိတ်သွားချိန်မှာ ဆက်မရှည်တော့ဘူး။ အရိုးရှည်တွေ ထိပ်မှာရှိတဲ့ အဲဒီ အရိုးနုတွေက အရွယ်အလိုက် တဖြေးဖြေး မာလာပြီး အရိုးမာတွေ ဖြစ်လာတယ်။ ခြေထောက်ပိုင်းက လူ့အရပ်နဲ့ တဝက်လောက်ဆိုင်တယ်။ Ossification အရိုးမာတွေ ဖြစ်လာတဲ့ အသက် အပိုင်းအခြားတွေ ရှိတယ်။ အရိုးစုတခုကြည့်ပြီး သူ့အရပ်ရော အသက်ပါ မှန်းလို့ရတယ်။

မိန်းကလေး ၅-၁၂ နှစ် နဲ့ ယောက်ျားလေး ၅-၁၄ နှစ်တွေမှာ အများဆုံးသော အရိုးတွေက Hard bone အရိုးမာတွေ ဖြစ်ကြပြီ။ ၁၇-၂ဝ နှစ်ရောက်ရင် လက် နဲ့ လက်ပြင်ရိုးတွေမှာဖြစ်ပြီ။ ၁၈-၂၃ နှစ်ရောက်ရင် ခြေထောက်ပိုင်း အရိုးတွေဖြစ်မှာဖြစ်ပြီ။ ၂၃-၂၅ နှစ်မှာ ရင်ညွှန့်ရိုး၊ ညှပ်ရိုး နဲ့ ခါးရိုးတွေက ဖြစ်ကြပြီ။ အသက်အစိတ်မှာ အားလုံးပြည့်စုံသွားမယ်။ အသက် ၂၅ ကျော်ရင် မရှည်ချင်နဲ့တော့။

ဒိနောက်ပိုင်းမှာ နည်းနည်းရှည်လာနိုင်တာလဲရှိပါတယ်။ အသက်သိပ်ကြီးချိန်မှာတော့ ဆက်မရှည်တော့တာ သေခြာတယ်။ ကျောရိုးမကြီးက အရိုးတွေကြားက အရိုးနုလေးတွေအပေါ်မှာ မူတည်လို့ အဲလိုဖြစ်တယ်။ အားတက်စရာပြောရရင် ကြောရိုးမကြီးမှာ အရိုးပေါင်း ၃၃ ခုရှိပေမဲ့ ၂၄ ခုက တခုနဲ့တခု ဆက်မသွားကြဘဲနေရစ်တယ်။ ဒီအချက်ကို အရပ်ရှည်ဘို့ အသုံးချနိုင်တယ်လို့ ဆိုတယ်။ ကြောရိုးမကြီးဟာ လူ့အရပ်ရဲ့ ၃၅% နဲ့ဆိုင်တယ်။ ဒီအချက်ကို ကောင်းကောင်း အသုံးချရမယ်လို့ ဆိုပါတယ်။

လေ့ကျင့်ခန်းနဲ့ အရပ်ရှည်ဘို့လုပ်တာကို ကောင်းတယ်လို့ အားပေးသူတွေက ဒီလိုလုပ်တာက ကြီးထွားစေတဲ့ဟော်မုန်းကို ထုတ်စေအောင်လုပ်ရာကျတယ်လို့ပါ ဆိုတယ်။ ဆရာဝန်တွေက ပြောတာတော့ မဟုတ်ပါ။

Stretching Exercises ထိရောက်တဲ့ အရပ်ရှည်လေ့ကျင့်ခန်း ၄ မျိုး
(၁) တွဲလဲခိုနည်း၊
(၂) ယောဂ ဆန့်တန်းနည်း၊
(၃) ရေကူးနည်း နဲ့
(၄) တင်ပါးလှည့်ပေးနည်း။

သိပ်ဆင်းရဲတဲ့ အရပ်ဒေသတွေမှာ အာဟာရ ချို့တဲ့တာတွေကြောင့် အချိန်တွေကြာလာရင် လူတွေအများစုက အရပ်ပုမယ်။ ဒုတိယ-ကမ္ဘာစစ်ကာလ ဂျပန်တွေ အရပ်ပုကြတာ ဗမာတွေအသိဘဲ။ အခု မပုကြတော့တာ ဘာလို့လဲ။ ၂၅-၁၁-၂ဝဝ၂ ထုတ်သတင်းမှာ နွားနို့သောက်လို့ပါလို့ ပြောတာ ရှိတယ်။ လူငယ်တွေ နွားနို့သောက် များလာတာ ၁ဝ နှစ်အတွင်း အဆ ၅ဝဝ တောင်ရှိသတဲ့။ ပေါင်မုံ့လဲ အမျိုးစုံအောင် စားသတဲ့။ ဈေးချိုတဲ့ ဆန်ထက်တောင် ပေါ်ပြူလာ ဖြစ်လာတယ်။ ဒါကြောင့် ပေါင်မုံ့စားနှုန်းက ၁၁ ဆ တက်လာတယ်။ ကိတ်မုံ့စားတာလဲ ပိုများလာတယ်။ ဒါကြောင့် ၁ဝ နှစ်သမီးလေးတွေက သူတို့အမတွေထက် ၁ လက္မပိုရှည်လာကြတယ်။ အလေးချိန်လဲ ၁ ပေါင်တိုးလာကြတယ်။ ယောက်ျားလေး-မိန်းကလေးတွေက စစ်မဖြစ်ခင်ကထက် ၃ ပေါင်ပိုလေးပြီး လက္မဝက် ပိုရှည်လာကြတယ်။

အာဟာရပြည့်ဝဝ စားသုံးပါ။ ကျန်းမာနေစေရမယ်။ ကိုယ်လက်-လေ့ကျင့်ခန်း၊ ဆန့်တန်းမှုပါတဲ့ အားကစား ဥပမာ ရေကူး၊ တင်းနစ် ကစားပေးပါ။ ဘာတန်းကနေ အောက်တွဲလောင်းချနည်းလုပ်ပါ။ အနေအထိုင်ကအစ ပြင်ပါ။ ခါးမတ်မတ်ထိုင်၊ ခါးဆန့်လမ်းလျှောက်ပါ။ တနေ့ ၈ နာရီအိပ်စက်ပါ။ အရပ်ရှည်ချင်သူတွေ စားဘို့ကောင်းတဲ့ဆေးနဲ့ အစာမှာ ဗီတာမင် (ဒီ)၊ (ပရိုတင်း)၊ ဗီတာမင် (အေ)၊ (ကယ်လ်စီယန်) နဲ့ ဓါတ်ဆားတွေ ပါသင့်တယ်။

အရပ်ရှည်ဆေးတွေကြော်ညာပြီးရောင်းတာရှိပေမဲ့ ကျွန်တော်တော့ ထောက်ခံချက်မပေးနိုင်ပါ။ အမေရိကမှာ ခေတ်စားလာတော့ တိုင်းမ်မဂ္ဂဇင်းမှာ လေ့လာမှုဆောင်းပါးတခုရေးလာတာဖတ်ရပါတယ်။ နည်းနည်းတော့ကြာပါပြီ။ လွန်ခဲ့တဲ့ ၂ဝ၁၁ မေလကတည်းကပါ။ အရိုးအတွက် ကယ်လ်စီယမ်ဆေးပေးရင် အရပ်ပိုရှည်သလားတဲ့။ အရိုးဆိုတာ အသက်ရလာလေလေ အိုမင်းပျက်စီးလေဆိုတာအမှန်ပါ။ အဲလိုဆိုရင် အရိုးအားကောင်းတဲ့ဆေးပေးပြီး အိုမင်းပျက်စီးမှုကို ကာကွယ်မယ်၊ ကုစားမယ်ဆိုတာ ကျိုးကြောင်းဆီလျှော်တဲ့စဉ်းစားမှုဖြစ်ပါတယ်။ အဲတာမှ အရိုးအားနည်းလို့ တော်တော်တန်တန်ထိခိုက်မှုကြောင့် အရိုးကျိုးတာကိကနေ ကာကွယ်ရာကျမယ်လို့ ဆက်စဉ်းစားပါတယ်။ ပြောသလောက် ဟုတ်ပါရဲ့လား။

ဆွီဒင် (အူပန်ဆာလာ) တက္ကသိုလ်က ဒေါက်တာ (အီဗာ) ကပြောပါတယ်။ ကယ်လ်စီယမ်သိပ်များသွားရင် ဆိုးကျိုးပေးတယ်တဲ့။ သူ့အဖွဲ့ကနေ ၁၉၁၄ ကနေ ၁၉၄၈ အတွင်းမှာမွေးဖွါးခဲ့ကြတဲ့ အမျိုးသမီးပေါင်း ၆ သောင်းကို လေ့လာပြီးမှ အဲလိုပြောတာပါ။ ၁၉ နှစ်ဆက်တိုက်လေ့လာမှုပြုခဲ့တာဖြစ်ပါတယ်။ ကယ်လ်စီယမ် 750 mg အောက် နည်းနည်းလေးသာရတဲ့ အမျိုးသမီးတွေမှာ တနေ့မှာ ကယ်လ်စီယမ် 900 mg အထက်ရခဲ့သူတွေထက် ပထမ အရိုးကျိုးခြင်း ၁၈% ပိုဖြစ်ကြတယ်။ ဒါပေမယ့် 1,140 mg အထိများများရသူတွေမှာ ပိုကောင်းတယ်လို့ မပြောပလောက်အောင်သာရကြတာတွေ့ရပါ။

လက်ရှိအမေရိကန်ကျန်းမာရေးလမ်းညွှန်အရ အသက် ၅ဝ ကျော်အမျိုးသမီးတွေ တနေ့မှာ ကယ်လ်စီယမ် 1,200 mg ဖြစ်ပါတယ်။ အဲတာကများနေတယ်လို့ ဆွီဒင်ဆရာဝန်တွေက ထောက်ပြထားပါတယ်။ တချို့က အဲလောက်မလိုကြပဲ၊ တချို့အမျိုးသမီးတွေကပိုလိုကြပါလိမ့်မယ်။ ဥပမာဆေးလိပ်သောက်သူတွေ။ ကိုယ်လက်လှုတ်ရှားမှုလုပ်သူတွေက နည်းလိုမယ်။ ကယ်လ်စီယမ်ဟာ လိုတာထက်ပိုများရင် အရိုးတည်ဆောက်မှုမှာ အကျိုးမပေးပါ။ 700 mg ကနေ 800 mg က အသင့်မြတ်ဆုံးဖြစ်တယ်။

၅-၁ဝ-၂ဝ၁၄ နေ့က ဆေးသိပ္ပံသတင်းတပုဒ်ထွက်တယ်။ ရှေးဟောင်းပုံပြင်၊ အရပ်ရှည်ခြင်းရဲ့မျိုးဗီဇတွေ့ရှိ။ ဆိုလိုတာက မျိုးဗီဇဖြစ်တယ်။ ကယ်လ်စီယမ်မဟုတ်ပါ။ တခြားဟာတွေလည်းမဟုတ်ပါ။

ဒီဆေးကို ဘယ်မှာဝယ်ရမလည်း မမေးပါနဲ့ချင်ဗျား။ စာရေးတဲ့ဆရာဝန် ကော်မရှင်မရပါ။

Dr. တင့်ဆွေ
၇-၅-၂ဝ၁၅
၂၆-၅-၂ဝ၁၅

G6PD and Blood groups နဲ့ သွေးအုပ်စု

G6PD အကြောင်း စာ ၃ ပုဒ်တင်ထားပါတယ်။ တချို့က (အေ-ဘီ-အို-အေဘီ) သွေးအုပ်စုနဲ့ G6PD ဆက်စပ်နေတာကို ပြောလာကြတယ်။ မမှန်ပါ။

(၁) (က) ၁၉၇၁ ခုနှစ်မှာ လက်ပရိုစီခေါ် အနာကြီးရောဂါသည်တွေမှာ ABO သွေးအုပ်၊ G6PD မွေးရာပါရောဂါနဲ့ မူမမှန်တဲ့ ဟီမိုဂလိုဘင်တွေ ဆက်စပ်မှုကို လေ့လာမှုလုပ်ခဲ့တယ်။ (ခ) မလေးရှားနိုင်ငံက G6PD မွေးစကလေး တရုပ်၊ မလေးနဲ့ အိန္ဒိယ ၁ဝ၄၁ ယောက်ကို လေ့လာခဲ့ပါတယ်။

ရလဒ်ကတော့ (က) အနာကြီးရောဂါသည်တွေထဲမှာ သွေးအုပ်စုနဲ့ G6PD ဆက်စပ်မှုမရှိပါ။ (ခ) တခြားလူတွေကြားမှာလည်း သွေးအုပ်စုနဲ့ G6PD ဆက်စပ်မှုမရှိပါ။

(၂) G6PD မရှိတဲ့ တရုပ်ကလေး ၁၁၈၁ ယောက်နဲ့ မလေးကလေး ၅၃၅ ယောက်အပြင် Rh အပေါင်း-အနုတ်ကို G6PD တရုပ်မွေးစကလေး ၂၄၈ ယောက်နဲ့ G6PD မရှိတဲ့ကလေး ၂၅၅ ယောက်ကို လေ့လာခဲ့တယ်။

ရလဒ်ကတော့ ABO သွေးအုပ်စုနဲ့ G6PD ဆက်စပ်မှုမရှိပါ။ Rh မှာတော့ ထူးခြားချက်ရှိပေမယ့် ဆေးပညာအရသာ အရေးပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၅-၂ဝ၁၅

G6PD Deficiency Support Group

40 minutes ago
ကျွန်မတို့မြန်မာနိုင်ငံမှာ g6pd deficiency တွေအတွက် supporting group လေးတခုရှိရင်သိပ်ကောင်းမှာပဲ။

ဟုတ်တယ်။ သူများနိုင်ငံတွေမှာ အသင်းတွေဖွဲ့ထားကြတယ်။ အွန်လိုင်းနဲ့လည်းလုပ်ကြတယ်။ စုဝေးတာလည်းလုပ်တယ်။ ပညာပေးလည်းလုပ်တယ်။ မြန်မာပြည်မှာလည်း ရှိစေချင်တယ်။ ကလေးအထူးကုဆရာဝန်ကနေ ဦးစီးနိုင်ရင် ပိုကောင်းမယ်။ ဆရာက ရိုးရိုးဆရာဝန်မို့ သိပ်မသင့်ပါ။ မိခင်ကလေးအဖွှဲစည်းတွေက နိုင်ငံရေးမပါ စေတနာနဲ့လုပ်ရင်လည်းကောင်းမှာပဲ။

ကျေးဇူးတင်ပါတယ်ဆရာ။ ကျွန်မကတော့ supporting group လေးအရမ်းဖြစ်စေချင်တယ်။ website ထောင်ရအောင်လည်း ကျွန်မရဲ့ IT knowledge က very poor အဲဒီအထူးကုများကလည်း သိပ်ပြီး g6pd deficiency ကို serious ဖြစ်ပုံမပြကြဘူး။

ဆရာတတ်နိုင်တာလုပ်ပေးပါမယ်။ ဒါပေမယ့် အကြောင်းအရာတခုခုကို အာရုံစိုက်လုပ်နိုင်သူမျိုးကနေ ကမကထ လုပ်သင့်တယ်။ ဆရာက ဘုန်းကြီးကျောင်း ဟင်းပေါင်းလိုဆိုတော့ သန့်သန့်လေးကပိုကောင်းမယ်။

1. G6PD Community Support Group Facebook https://www.facebook.com/G6PDCommunitySupportGroup
2. G6PD Deficiency Support Group http://www.dailystrength.org/c/G6PD-Deficiency/support-group
3. G6PD Deficiency Support Group http://www.mdjunction.com/g6pd-deficiency
4. New Yahoo Support Group - G6PD Deficiency and Favism http://g6pddeficiency.org/wp/2013/08/08/new-yahoo-support-group/

ဒေါက်တာတင့်ဆွေ
၂၆-၅-၂ဝ၁၅

G6PD Low-risk Drugs မွေးရာပါချို့ယွင်းချက်နဲ့ ဆေး

55 minutes ago
ဆရာခင်ဗျား ကျွန်တော့်သမီးလေးက 22-4-2015 မှာမွေးပါတယ်။ ကလေးက G6PD ဖြစ်နေတယ်ပြောပါတယ်။ ဆရာ့ ဆောင်းပါးဖတ်ကြည့်ထားလို့ paracetamol နဲ့မတည့်ဘူးလို့သိရပါတယ်။ ကျွန်တော်တို့ကနယ်မှာနေတော့ ကလေး နေမကောင်းဖြစ်ရင် ရန်ကုန်မလာခင် ဘာဆေးတိုက်ထားရမလဲလို့ ကလေးအထူးကုကိုမေးတော့ paracetamol အရည်တိုက်ဖို့ပြောပါတယ်။ G6PD ကလေးမို့တိုက်လို့ရပါ့မလားမေးတော့ အဲဒါမတိုက်ရင် ဘာတိုက်ရမလဲလို့ ပြန်ပြောပါတယ်။ ဘာဆေးများသင့်တော်မလဲဆိုတာ ညွှန်ကြားပေးပါခင်ဗျာ။ ကျေးဇူးအထူးတင်ပါတယ်ဆရာ။
သမီးလေးနဖူးနဲ့ မျက်ခွံမှာလည်း အနီကွက်တွေပါလာတာ ရောဂါနဲ့ဆက်စပ်မှုရှိပါသလားဆရာ။

Low-risk Drugs for G6PD Deficients ဒီဆေးစာရင်းဟာ အန္တရာယ်နည်းနည်းသာရှိတဲ့ဆေးတွေဖြစ်တယ်။ ဆိုလိုတာက လိုအပ်ချက်ကပိုရင် ဆေးအဆနဲ့အညီသုံးနိုင်တယ်။
1. Acetaminophen (paracetamol, Tylenol, Tralgon, hydroxyacetanilide) ပါရာစီတမော။
2. Acetophenetidin (phenacetin) အနာအကိုက်သက်သာဆေး။
3. Aminopyrine (Pyramidon, amidopyrine) အဖျား-အနာသက်သာဆေး။
4. Antazoline (Antistine) နှလုံးခုန်မမှန်သူတွေကိုပေးတဲ့ဆေး။
5. Antipyrine အနာ-အရောင်သက်သာဆေး။
6. Ascorbic acid (vitamin C) ဗီတာမင် (စီ)
7. Benzhexol (Artane) ပါကင်ဆန်ရောဂါဆေး။
8. Chlorguanidine (Proguanil, Paludrine)
9. Chloroquine ငှက်ဖျားဆေး။
10. Colchicine အနာ-အရောင်သက်သာဆေး။
11. Diphenhydramine (Benadryl) ဘာမီတွန်လိုဆေး။
12. Isoniazid တီဘီဆေး။
13. Menadione sodium bisulfite (Hykinone)
14. Phenylbutazone အနာသက်သာဆေး။
15. Phenytoin တက်သက်သာဆေး။
16. Probenecid (Benemid) ဂေါရောဂါဆေး။
17. Procain amide hydrochlonde (Pronestyl)
18. Pyrimethamine (Daraprim) ငှက်ဖျားဆေး။
19. Quinidine နှလုံးရောဂါဆေး။
20. Quinine ငှက်ဖျားဆေး။
21. Streptomycin တီဘီထိုးဆေး။
22. Sulfacytine ဆာလ်ဖါဆေး။
23. Sulfadiazine ဆာလ်ဖါဆေး။
24. Sulfaguanidine ဆာလ်ဖါဆေး။
25. Sulfamerazine ဆာလ်ဖါဆေး။
26. Sulfamethoxypyridazine (Kynex) ဆာလ်ဖါဆေး။
27. Sulfisoxazole (Gantrisin) ဆာလ်ဖါဆေး။
28. Trimethoprim ဆက်ပတွန်မှာပါတဲ့ဆေး။
29. Tripelennamine (pyribenzamine) အင်တီဟစ်တမင်းဆေး။
30. Vitamin K ဗီတာမင် (ကေ)။

မွေးရာပါ အနီ-ပန်းရောင်ကွက်ပါတာ မစိုးရိမ်ပါနဲ့။ နည်းနည်းကြီးလာရင် ပျောက်ပါမယ်။ ဘာဆေးမှ မလိမ်းသင့်ပါ။

ဒေါက်တာတင့်ဆွေ
၂၄-၅-၂ဝ၁၅

Pregnancy starts ကိုယ်ဝန်စရှိတယ်ဆိုတာ

ကိုယ်ဝန်ရှိပြီဆိုတာ Sperm ကျား-သုက်ပိုး နဲ့ Egg မ-မျိုးဥတွေ Fertilization ပေါင်းစပ်ချိန် Conception သန္ဓေတည်ချိန်ကို ခေါ်တာလား။ အဲလိုဖြစ်လာပြီး နောက်တပါတ်အကြာ Embryo implantation သားအိမ်ထဲမှာ တွယ်ကပ်လိုက်ချိန်ကို ခေါ်တာလား။ ဒီအယူအဆ ၂ မျိုးကို ချီကာဂိုတက္ကသိုလ်ကနေ သုတေသနလုပ်တော့ ဆရာဝန်တွေ အမြင်မတူကြတာ တွေ့ရတယ်။ အဖြေဟာ ဘာသာရေးအယူအဆ သက်ရောက်မှု ရှိမှာဖြစ်သလို ကိုယ်ဝန်ကို မလိုချင်လို့ ဖျက်ပြစ်တာမှာလဲ လုပ်သင့်တယ်၊ မလုပ်သင့်ဘူး ဆုံးဖြတ်ရာမှာလဲ သက်ရောက်စေပါတယ်။

Fertilization မျိုးပေါင်းစပ်ခြင်း
ကျန်းမာသန်စွမ်းတဲ့ ကျား-သုက်ပိုးတွေထဲက တခုဟာ ရင့်မှည့်နေတဲ့ မ-မျိုးဥတခုထဲကို အောင်အောင်မြင်မြင် Penetration ထိုးဖေါက် ဝင်ရောက်ပြီး၊ (ဆဲလ်) ပွါးခြင်းဖြစ်စဉ် စတင်ပြီဆိုတာကို (ဖါတလိုက်ဇေးရှင်း) ပေါင်းစပ်ခြင်းလို့ ခေါ်တယ်။ Embryo သန္ဓေဆိုတာဖြစ်ပြီ။ ဆက်ပြီးကြီးထွားလာတော့မယ်။

ကျားနဲ့ မ ပုံမှန် လိင်ဆက်ဆံကြရင် သန်းနဲ့ချီများတဲ့ ကျားသုက်ပိုးတွေဟာ မိန်းမ (ဗဂျိုင်းနား) ထဲကို စွန့်ထုတ်မယ်။ ဆက်ပြီး သားအိမ်အဝကို ဖြတ်ပြီး၊ သားအိမ်ထဲဝင်လာကြမယ်။ သားအိမ်ပြွန်ဆီဆက်သွားကြမယ်။

ရာသီလလည်ရက်မှာဖြစ်တဲ့ မျိုးဥထွက်ချိန်မှာ ဟော်မုန်းတွေထွက်လာတယ်။ ဒါ့ကြောင့် သားအိမ်အဝမှာရှိနေတဲ့ အချွဲရည်ဟာ ပြောင်းလဲလာပြီး၊ သုက်ပိုး အလွယ်တကူ ဝင်လာစေအောင် ဖန်တီးပေးရာကျတယ်။ ကိုယ်ဝန်တားဆေးတွေက ဒီအလုပ်တာဝန်ကို ဆန့်ကျင်ပေးတာမို့ သုက်ပိုး အထဲကို မဝင်စေအောင် တားဆီးပေးတယ်။ သန်းနဲ့ချီများတဲ့ သုက်ပိုးတွေထဲက ၂ဝဝဝ လောက်ကဘဲ လိုရာခရီးအထိ ရောက်နိုင်ကြတယ်။

သန္ဓေတည်စေဘို့ဆိုတာ ရက်ရွေးမှန်ရတယ်။ မ-မျိုးဥက မျိုးဥအိမ်ကနေ ထွက်ပြီးတဲ့နောက် ၁၈-၂၄ နာရီကြားမှာ သုက်ပိုးနဲ့တွေ့တာ အကောင်းဆုံးအချိန်ဖြစ်တယ်။ ယောက်ျား သုက်ပိုးတွေကလဲ ထွက်ပြီးတဲ့နောက် ၃-၅ ရက်သာ အသက်ရှင်နေမယ်။ ဒါ့ကြောင့် အကောင်းဆုံး ကိုယ်ဝန်ရစေနိုင်တဲ့ ရက်ဆိုတာ ရာသီလတခုမှာ ၅-၆ ရက်သာရှိတယ်။ သုတေသနလုပ်ကြည့်တော့ ကျန်းမာသန်စွမ်းကြတဲ့ အတွဲတွေဟာ ပြောတဲ့နေ့ကောင်း-ရက်သာမှာ အတူနေကြတာတောင်မှ ကိုယ်ဝန်ရလမ်း ၃ဝ-၅ဝ% သာရှိတယ်။

သုက်ပိုးနဲ့ အဲလိုပေါင်းစပ်ပြီးသား မ-မျိုးဥဟာ ကိုယ်ဝန်တည်စေဘို့ ခရီးဆက်ရသေးတယ်။ သားအိမ်ပြွန်ကနေ သားအိမ်ထဲအထိ ဝင်လာပြီး သားအိမ်အတွင်းဆုံးနံရံမှာ တွယ်ကပ်ဘို့ဆိုတာ ပျမ်းမျှ ၆-၇ ရက်ကြာသေးတယ်။ ကိုယ်ဝန်တားဆေးတွေက တွယ်ကပ်မှာကို ဟန့်တားသေးတယ်။

သားအိမ် အတွင်းဆုံးနံရံမှာ တွယ်ကပ်ပြီဆိုတာနဲ့ ဟော်မုန်းနောက်တမျိုး တိုးထွက်လာပြန်တယ်။ Human Chorionic Gonadotrophin (hCG) လို့ ခေါ်တယ်။ ကိုယ်ဝန် ရှိ-မရှိစစ်တဲ့အခါ အဲဒီ (hCG) ရှိ-မရှိကို စစ်တာဖြစ်တယ်။ သူရှိနေမှသာ ကိုယ်ဝန်ဆက်တည်လိမ့်မယ်။ ဟော်မုန်းက တရက်ထက်တရက် များများလာရတယ်။ တရက်မှာ ၂ ဆ တိုးတာဟာ နောက်ဆုံး ၆ဝ-၈ဝ ရက်မှာ အများဆုံး ရှိလာမယ်။

အတူနေပြီးချိန်မှာ ယောက်ျားဆီကနေ မိန်းမဗဂျိုင်းနားထဲကိုစွန့်ထုတ်တဲ့ သုက်ရည်ထဲမှာ သုက်ပိုးပေါင်း သန်း ၁ဝဝ ပါနေတယ်။ သုက်ပိုး တသိန်းထက်နည်းပြီးသာ သားအိမ်ထဲကိုဝင်လာနိုင်တယ်။ သားအိမ်ထဲကိုဝင်လာပြီးနောက် သားအိမ်ပြွန်ဆီတန်းသွားတယ်။ ခရီးအရှည် ၅ လက္မလောက်သာဝေးတယ်။

အဲဒီအချိန်မှာ မိန်းမကလည်း ရာသီလလယ်ရက်လောက်ကထွက်ထားတဲ့မျိုးဥဟာ သားအိမ်ပြွန်အဖျားပိုင်းနားကနေ စောင့်နေမယ်။ မျိုးဥိဆီကို သုက်ပိုး ၂ဝဝ လောက်ကသာအရောက်လာနိုင်ကြတယ်။ အဲဒီအထဲက သုက်ပိုး တခုတည်းကသာ မျိုးဥနဲ့ပေါင်းစပ်မှုပြုတယ်။ ပေါင်းစပ်တယ်ဆိုတာ ဖခင်ဆီကမျိုးဗီဇနဲ့ မိခင်ဆီကမျိုးဗီဇတွေ ပေါင်းစပ်ကြတာဖြစ်တယ်။ တယောက်စိကနေ (ခရိုမိုဇုမ်း) ၂၃ ခုစီပါလာကြတယ်။ ပေါင်းစပ်လိုက်တာနဲ့ မွေးလာမယ့် ကလေးရဲ့ ရုပ်ရည်၊ ဥာဏ်ရည်၊ ကျား-မ အားလုံးကို ပြဋ္ဌာန်းလိုက်ပြီဖြစ်တယ်။

၂၄ နာရီအတွင်းမှာ တခုတည်းသောမျိုးဥဟာ (ဆဲလ်) ၂ ခုပါတဲပ သန္ခေဖြစ်ပြီ။ ၁၂ နာရီတိုင်းမှာ (ဆဲလ်) အရေအတွက် ၂ ဆဖြစ်လာတယ်။ ဒီအချိန်မှာ ၂ ခုကွဲထွက်သွားရင် အသွင်တူအမွှာဖြစ်မယ်။ ၃ ရက်ဆိုရင် (ဆဲလ်) ပေါင်း ၃၂ ခုရှိလာပြီ။ ဆက်ပြီး တဲလ်ပေါင်း ၅ဝဝ ရှိခန်မှာ အရည်ပြည့်နေတဲ့အိတ်နဲ့အတူ အချင်းဖြစ်စရာပေါ်လာပြီ။

သားအိမ်နံရံကိုလာပြီးတွယ်ကပ်တာကို ကိုယ်ဝန်ရှိပြီလို့ပြောတယ်။ အဲဒီရက်ဟာ ရာသီလာပြီး ၂၁ ရက်လောက်မှာ ဖြစ်တယ်။ အချင်းကနေ ဟော်မုန်းထုတ်ပေးနေပြီဖြစ်ပေမယ့် စမ်းတွေ့အောင်မများသေးလို့ ဆီးစစ်ရင် အပေါင်း မပြနိုင်သေးပါ။ ကိုယ်ဝန်ကတော့ရှိနေပြီ။ ကိုယ်ဝန် ၂၈ ပါတ်ဆိုရင် (ဆဲလ်) ပေါင်း ၂ ထရီလီယန်ရှိပါပြီ။

အမေရိကားမှာရှိတဲ့ သားဖွါးမီးယပ် အထူးကုဆရာဝန်ပေါင်း ၁၈ဝဝ ကိုမေးမြန်းခဲ့ပါတယ်။ အဖြေပေးကြတဲ့ ဆရာဝန်ပေါင်း ၁၁၅၄ ဦးရှိတယ်။ ၅၇% က ကိုယ်ဝန်ရှိပြီဆိုတာ ကျား-သုက်ပိုး နဲ့ မ-မျိုးဥတွေ ပေါင်းစပ်ချိန်၊ သန္ဓေတည်ချိန် ဖြစ်တယ်။ ၂၈% က ကျား-သုက်ပိုး နဲ့ မ-မျိုးဥတွေ ပေါင်းစပ်ပြီး နောက်တပါတ်အကြာ သားအိမ်ထဲမှာ တွယ်ကပ်လိုက်ချိန် ဖြစ်တယ်။ ၁၅% က မသေခြာဘူးလို့ဆိုပါတယ်။ သားဖွါးမီးယပ်ဆရာဝန်တွေအများစုက သန္ဓေတည်ချိန်လို့ပြောတဲ့အခါ ဘာသာရေး ဦးစားပေးသူတွေဖြစ်ကြပြီး ကိုယ်ဝန်ဖျက်တာကို အားမပေးကြပါ။

ဒေါက်တာတင့်ဆွေ
၂၆-၅-၂ဝ၁၅
http://www.parents.com/videos/v/63983316/sperm-meets-egg-weeks-1-to-3-of-pregnancy.htm

Dizziness အမူးရောဂါ

အသက်က ၅၉ နှစ်ရှိပါပြီ။ အမျိုးသမီးပါ။ စဖြစ်တာက လွန်ခဲ့တဲ့ ၉ နှစ်ကပါ။ မနက်အိပ်ရာထထချင်းမှာ ခေါင်းက ချာချာလည်မူးတာပါ။ ဘယ်ဘက်ကို ခေါင်းနဲနဲစောင်းတာနဲ့ ချာလည်မူးပါတယ်။ ညာဘက်တော့ စောင်းလို့ရပါတယ်။ တပတ်ကြာပါတယ်။ နောက် ဖြေးဖြေးချင်းသက်သာပါတယ်။ ၂ နှစ်လောက်ကြာတော့ ပါရဂူနဲ့ပြပါတယ်။ အာရုံကြောရောဂါလို့မပြောပါဘူး။ အရိုးကျီးပေါင်းနဲနဲတက်ပါတယ်။ နှလုံးသွေးကြောနဲနဲ ကျဉ်းချင်တယ်လို့ ပြောပါတယ်။ ဆေးကတော့ supravit ၊ B6 ပေးပါတယ်။ နေ့တိုင်းလိုလိုမူးနေပါတယ်။ မထနိုင်အောင် မူးတာတော့ မဟုတ်ပါဘူး။ နောက်ပိုင်းမှာ ဘယ်ဘက်နားက စီစီဆိုပြီး အသံလေး မြည်နေပါတယ်။ အိပ်မပျော်တာနဲ့ ရင်တုန်တာကြောင့် ဆရာဝန်ညွှန်ကြားချက်နဲ့
aprazolam 0.5 mg ကို တနေ့ ၁ လုံးသောက်ပါတယ်။ အိပ်ပျော်ပြီး မူးတာလဲသက်သာလာပါတယ်။ စွဲမှာစိုးလို့ အပြင်သွားမှ သောက်ဖြစ်ပါတယ်။ နေ့တိုင်းသောက်တာမဟုတ်ပါဘူး။၂ဝ၁၄ ခုနှစ်ထိ ၄ ကြိမ်မထနိုင်အောင်မူးပါတယ်။ ပထမ ၃ ကြိမ်ကတော့ ဘယ်ဘက်ကိုစောင်းမှမူးတာပါ။ ၄ ကြိမ်မြောက်မှာတော့ ညာဘက်စောင်းမှ မူးပါတယ်။၂ဝ၁၄ မှာ ၁လ လောက်မထနိုင်အောင်မူးပါတယ်။ မူးတိုင်း မနက် ၃ နာရီ၊ ၄ နာရီ အချိန်လောက် စမူးတာပါ။ ဦးနှောက် နဲ့ အာရုံကြောပါရဂူဆီမှာ ပြကြည့်ပါတယ်။ သူက မွေးရာပါအာရုံကြောရောဂါလို့ပြောပါတယ်။ အာရုံကြော၂ ချောင်း
မှာ ၁ ချောင်းကပျက်စီးနေတယ်လို့ပြောပါတယ်။ နိုင်ငံခြား သွားကုလဲမရဘူးလို့ ပြောပါတယ်။ ပေးတဲ့ဆေး
ကတော့ aprazolam 0.5mg ပဲပေးပါတယ်။ တသက်လုံး သောက်ရမယ်လို့ပြောပါတယ်။ စာကို ၂ နာရီလောက် ဖတ်ရင်
မူးလာပါတယ်။TV ကြည့်ရင်လဲမူးလာပါတယ်။ ဘာလုပ်သင့်လဲဆရာ။

စာ (၃) ပုဒ်ပို့လိုက်ပါတယ်။
1. Dizziness အမူးရောဂါ
2. Vertigo အမူးရောဂါ (အရက်ကြောင့် မဟုတ်ပါ)
3. BPPV အရက်မသောက်ဘဲ မူးတဲ့ရောဂါ

Dizziness အမူးရောဂါဆိုတာကို တိတိကျကျ ဖေါ်ပြရရင် Lightheadedness ခေါင်းထဲ ပေါ့နေတာ၊ Vertigo ခေါင်းထဲမှာ ဝိုင်းခြာလည်နေတာ၊ Nystagmus မျက်လုံးက စိတ်ကလုပ်တာမလုပ်ဘဲနဲ့ အချက်ကျကျ မြန်မြန်လှုတ်နေတာ၊ Syncope သတိလက်လွတ် ဖြစ်တာတွေနဲ့ တွဲနေတယ်။ ဒီလက္ခဏာတွေ မပါဘဲ ခေါင်းမူးတာက စိုးရိမ်းစရာမရှိပါ။

Dizziness လဲခေါ် Giddiness လဲခေါ်တဲ့ ခံစားရမှုကို ဖြစ်စေတဲ့ အကြောင်းခံတွေ များတယ်။ ဦးနှောက်ကို အောက်စီဂျင် လုံလောက်အောင် မရလို့ ဖြစ်တာများတယ်။ နှလုံးခုန်မမှန်တာကနေလဲ ဖြစ်နိုင်တယ်။ ထိုင်ရာကနေ ရုတ်တရက် ထလိုက်ချိန်မျိုးမှာ ဖြစ်တာက သွေးဖိအား ယာယီကျသွားလို့ပါ။ သွေးအားနည်းနေသူ (ဟီမိုဂလိုဘင်) နည်းနေသူ၊ နောက်ပြီး Decongestants အအေးမိပျောက်ဆေး၊ Antidepressants စိတ်မကျဆေး၊ Antihypertensives သွေးဖိအားကျဆေး၊ Antihistamines (အင်တီဟစ်တမင်း) ဆေး နဲ့ Diuretics ဆီးသွားဆေးတွေ သောက်နေရင်လဲ ဖြစ်စေနိုင်တယ်။ ဝမ်းပျက်-ချွေးထွက်များသူတွေလဲ သွေး-အရည်ထုထည်ကျနေလို့ ဖြစ်နိုင်တယ်။

တကယ်လို့ ခေါင်းထဲမှာပေါ့နေပြီး သတိလစ်ချင်တာနဲ့တွဲနေရင် နှလုံး-သွေးကြောရောဂါ ရှိ-မရှိ စစ်ဆေး-ကုသရမယ်။ Diabetes mellitus ဆီးချို၊ Multiple sclerosis (မာလ်တီပယ်-စကယ်လ်ရိုးဆစ်) ရောဂါ နဲ့ Parkinson's disease (ပါကင်ဆိုနဇင်) ရောဂါနဲ့လဲ တွဲနေတတ်တယ်။

နားအတွင်းဆုံးထဲက Balance organs ကိုယ်ခန္ဓာမျှခြေကိုထိန်းပေးနေတဲ့ အင်္ဂါတွေမှာ ရောဂါရရင် ဥပမာ Labyrinthitis ရောဂါ၊ Ménière's disease နားအတွင်းဖုံးလွှာရောင်ရောဂါ၊ Vestibular neuronitis နားအာရုံကြောရောဂါ၊ Tinnitus နားထဲမည်နေတဲ့ရောဂါတွေမှာလဲ ဖြစ်နိုင်တယ်။ ဒါ့အပြင် Perforated eardrum နားစည်ပေါက်ခြင်း၊ Otitis media နားအလည်ခန်း ရောင်ခြင်းဖြစ်ရင်လဲ မူးနိုင်သေးတယ်။

Double vision ရုပ်၂ ခု မြင်နေတာနဲ့တွဲနေရင် Brain stem ဦးနှောက်-ပင်စည်နေရာမှာ ရောဂါရနေသလား စစ်ဆေးရမယ်။ မူးတာက Slurred speech စကားပြောသိပ်နှေးလာတာနဲ့တွဲနေရင် Atroke ဦးနှောက်လေဖြတ်တာနဲ့ Brain tumor ဦးနှောက်-အကျိတ် ဖြစ်နိုင်တယ်။

တခြား အကြောင်းခံတွေကတော့ Anxiety စိုးရိမ်စိတ်ကဲ၊ Stress စိတ်ဖိအားများ၊ Fatigue အားကုန်၊ High fever အပြင်းဖျား၊ Strenuous coughing ချောင်း အတင်းဆိုးတာ၊ Straining with defecation or urination ဆီးသွား-ဝမ်းသွားတာမှာ အားစိုက်ထုတ်ရတာ၊ Stomach flu အစာအိမ်ရောင်၊ Common cold အအေးမိ၊ Pressure on the neck လည်ပင်းမှာ ဖိအားသက်ရောက်ခံနေရတာ၊ Carnival rides ပတ်ခြာလည်ကစားစရာကို စီးတာ၊ Low blood pressure သွေးဖိအားကျတာ၊ Severe pain သိပ်နာကျင်တာ၊ Fright ကြောက်စိတ်ကြီးတာ၊ Standing rigidly at attention သတိဆွဲပြီး အကြာကြီး ရပ်နေရတာ၊ Alcohol intoxication အရက်သောက်များတာ၊ Illicit drugs မူးယစ်ဆေး၊ Hyperventilation အသက်ရှူ အလွန်မြန်တာ၊ Low blood glucose သွေးထဲသကြားဓါတ်နည်းတာ၊ Hysterical seizures (ဟစ်တီးရီးယား) အတက်ရောဂါတမျိုးတွေဖြစ်တယ်။

အသက် ၄ဝ ကျော်သူတွေမှာ ၄ဝ% ဖြစ်နိုင်ခြေရှိတယ်။ မိန်းမတွေက ယောက်ျားတွေထက် ၂ ဆ နည်းပါး ပိုဖြစ်တယ်။ (မိုင်ဂရင်း) ရောဂါရှိသူထဲက ၄ ယောက်မှာ ၁ ယောက်၊ Multiple sclerosis ရောဂါရှိသူတွေထဲက ၃ ယောက် ၁ ယောက်၊ အမူးရောဂါ ခံစားနေရသူတွေထဲမှာ ၂၅-၄ဝ% ဟာ Benign paroxysmal positional vertigo (BPPV) ဆိုတာ ဖြစ်နိုင်တယ်။ ဒီရောဂါအကြောင်း သပ်သပ်ရေးထားပါတယ်။

• BPPV အရက်မသောက်ဘဲ မူးတဲ့ရောဂါ http://dts-medicaleducation.blogspot.com/2011/04/bppv.html
• Vertigo အမူးရောဂါ (အရက်ကြောင့် မဟုတ်ပါ) http://dts-medicaleducation.blogspot.com/2011/01/vertigo.html

Dr. တင့်ဆွေ

How to ask မေးခွန်းစည်းကမ်း

• ပို့စ်ခေါင်းစဉ်သာဖတ်ပြီး စာမဖတ်ပဲ မမေးပါနဲ့။
• ကွန်မင့်မှာ အရုပ်တွေ၊ အီမိုးရှင်းတွေ၊ သူများလုပ်ထားတာတွေကို လာမတင်ပါနဲ့။
• ကိုယ်ပိုင်ဆေးနည်းတွေ လာမပေးပါနဲ့။
• မေးထားပြီးရင် ဖြေထားတာကို လာဖတ်ပါ။
• Add လုပ်မရတော့ပါ။ Friend မဟုတ်သူတွေလည်း Page မက်ဆေ့ခ်ျကနေ မေးနိုင်ပါတယ်။ ဖရင်းမဟုတ်ရင် Chat ကနေ မေးမရနိုင်ပါ။

• (ကွန်မင့်) မှာ မမေးသင့်ပါ။ တခြားလူတွေကို အားနာရတယ်။ စာရှည်လည်းဖြေမရပါ။
• မေးခွန်းစည်းကမ်းအရသာမေးပါ။ (၁) doctortintswe@gmail.com အီးမေးလ်။ (၂) မက်ဆေ့ခ်ျ။ (၃) ချတ်။
• အဲဒီနေရာတွေမှာ အားသလား၊ မေးလို့ရလားရေးမနေပဲ၊ မေးခွန်းသာရေးလိုက်ပါ။ အဖြေမလာသေးရင် သတိပေးပါ။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ ဖြစ်တာဘယ်လောက်ကြာပြီ၊ လိုအပ်ရင် ရာသီ၊ အိမ်ထောင်၊ ကလေး။ နေတဲ့တိုင်းပြည်။ ဒါပေမယ့် လူနာမည်နဲ့ နေရပ်လိပ်စာအတိအကျ ကိစ္စမရှိပါ။
• ဓါတ်မှန်၊ အာလ်ထွာဆောင်း၊ ဆေးစစ်ချက်တွေကိုပို့ရင် အတည့်ပို့ပါ။ ပုံအစောင်းတွေမပို့နဲ့။ လိုတာသာပို့ပါ။

• မက်ဆေ့ခ်ျကနေမေးရင် စာတကြောင်းကို မက်ဆေ့ခ်ျတခုလိုမရေးပဲ မေးခွန်းတခုလုံးသာရေးပါ။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• စာတွေကို Space အဖြတ်အခြားမပါပဲရိုက်ရင် ဖတ်မရပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။

• ကျား-မ၊ အသက်၊ ကျန်းမာရေးနောက်ခံ စတာတွေမပြောလိုရင်လည်း ဘလော့ခ်မှာ ရှာဖတ်နိုင်ပါတယ်။
• ကျွန်တော့စာတွေကို ဒီနေရာတွေမှာ ရှာနိုင်ပါတယ်။- http://doctortintswe.blogspot.com/ Dr. Tint Swe's Writings
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- https://doctortintswe.wordpress.com/ ဒေါက်တာတင့်ဆွေ ဆေးပညာနှင့် အခြားစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- https://www.facebook.com/pages/Dr-Tint-Swe/ ဖေ့စ်ဘွတ်

ဒေါက်တာတင့်ဆွေ

Monday, May 25, 2015

Drug Abuse writings

မနက်ကအရက်၊ ညမှာစိတ်ကြွဆေး မေးကြတယ်။ ရေးထားပါတယ်။

Aung Lin ခုအခါက အရက်ထက်ဆိုးတဲ့ ရာမဆေးတွေ ခေတ်စားနေသောကြောင့် WY ဆေးအကြောင်းသိချင်ပါတယ်။

ကျွန်တော့် Blog ထဲမှာ ရေးထားပြီးစာတွေရှိပါတယ်။ http://doctortintswe.blogspot.com/
1. Amphetamines (1) ယာဘ-ရာဘ-ရာမ-ယာမ
2. Amphetamines စိတ်ကြွဆေး
3. Drugs and politics ဆေးတန်ခိုးနဲ့ ဟီးရိုးဖြစ်နိုင်တယ်
4. Ecstasy Drug Tests စိတ်ကြွဆေး ဆေးစစ်ခြင်း
5. Ecstasy စိတ်ကြွဆေးများ
6. High မူးယစ်ဆေးများ
7. Military and Crystal Meth စစ်တပ်နဲ့ စိတ်ကြွဆေး
8. Molly လူငယ်တွေ သုံးနေကြတဲ့ စိတ်ကြွဆေး မော်လီဆေးပြား ပိုဆိုးဝါး
9. Pseudoephedrine (ယာဘ) ကို ဒါကနေလုပ်တယ်
10. Yabba (ယာဘ)

Photo: Just the girl on the Yaba. Ya means medicine and Ba means crazy. This method is commonly known as chasing the dragon.

ဒေါက်တာတင့်ဆွေ
၂၅-၅-၂ဝ၁၅

G6PD နဲ့ သွေးအုပ်စု

G6PD အကြောင်း စာ ၃ ပုဒ်တင်ထားပါတယ်။ တချို့က (အေ-ဘီ-အို-အေဘီ) သွေးအုပ်စုနဲ့ G6PD ဆက်စပ်နေတာကို ပြောလာကြတယ်။ မမှန်ပါ။

(၁) (က) ၁၉၇၁ ခုနှစ်မှာ လက်ပရိုစီခေါ် အနာကြီးရောဂါသည်တွေမှာ ABO သွေးအုပ်၊ G6PD မွေးရာပါရောဂါနဲ့ မူမမှန်တဲ့ ဟီမိုဂလိုဘင်တွေ ဆက်စပ်မှုကို လေ့လာမှုလုပ်ခဲ့တယ်။ (ခ) မလေးရှားနိုင်ငံက G6PD မွေးစကလေး တရုပ်၊ မလေးနဲ့ အိန္ဒိယ ၁ဝ၄၁ ယောက်ကို လေ့လာခဲ့ပါတယ်။

ရလဒ်ကတော့ (က) အနာကြီးရောဂါသည်တွေထဲမှာ သွေးအုပ်စုနဲ့ G6PD ဆက်စပ်မှုမရှိပါ။ (ခ) တခြားလူတွေကြားမှာလည်း သွေးအုပ်စုနဲ့ G6PD ဆက်စပ်မှုမရှိပါ။

(၂) G6PD မရှိတဲ့ တရုပ်ကလေး ၁၁၈၁ ယောက်နဲ့ မလေးကလေး ၅၃၅ ယောက်အပြင် Rh အပေါင်း-အနုတ်ကို G6PD တရုပ်မွေးစကလေး ၂၄၈ ယောက်နဲ့ G6PD မရှိတဲ့ကလေး ၂၅၅ ယောက်ကို လေ့လာခဲ့တယ်။

ရလဒ်ကတော့ ABO သွေးအုပ်စုနဲ့ G6PD ဆက်စပ်မှုမရှိပါ။ Rh မှာတော့ ထူးခြားချက်ရှိပေမယ့် ဆေးပညာအရသာ အရေးပါတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၅-၂ဝ၁၅

Royal visit နေပြည်သွား တောသား

ပို့စ် = Kyaw Ngwe ၂၅.၅.၁၅ နေပြည်တော်သို့ နေ့ခြင်းပြန် ကားစီးနေမိခြင်း

- နေပြည်တော်ရောက် တောသံဖျောက်။
- ပြည်ပရောက် လွှတ်တော်စကားမပေါက်။

- ဖေ့စ်ဘွတ်မှာတော့ စာတွေရေး။
- အနေဝေး ကျွန်တော်တော့ ၂ဝ၁ဝ အမတ်မင်းများလို မယဉ်ကျေး။

(သူက ရေစကြို NLD က မိတ်ဆွေဆရာဝန်ပါ။)

ဒေါက်တာတင့်ဆွေ
၂၅-၅-၂ဝ၁၅

Memorial Day အောက်မေ့ဖွယ်နေ့

မေလ နောက်ဆုံး တနင်္လာနေ့ဟာ အမေရိကန်ပြည်ထောင်စုတခုလုံး ဖက်ဒရယ်အစိုးရနဲ့ဆိုင်သမျှ ကျောင်းတွေ ရုံးတွေ၊ ဘဏ်တွေ အကုန်ပိတ်တယ်။ ဖွင့်တဲ့အလုပ်ရုံတွေမှာ အလုပ်လုပ်ရသူတွေက အခငွေပိုရကြတယ်။ ဒီနှစ် မေလ (၂၉) ရက်နေ့မှာကျရောက်တယ်။

စစ်ပွဲတွေမှာကျဆုံးသွားသူတွေကို သတိတရအောက်မေ့ရတဲ့နေ့ထူးဖြစ်တယ်။ အစတုံးကတော့ ၁၈၆၈ ခုနှစ် အမေရိကန် ပြည်တွင်းစစ်မှာ ကျဆုံးသွားခဲ့တဲ့ စစ်သည်တော်တွေကို ဂုဏ်ပြုတဲ့နေ့ဖြစ်တယ်။ Decoration Day ခေါ်ခဲ့တယ်။ ဒီနေ့မှာ အထိမ်းအမှတ်နေရာတွေ၊ စစ်သင်္ချိုင်းတွေကို သွားလည်ကြတယ်။ အုတ်ဂူတိုင်းမှာ အမေရိကန်အလံလေးတွေ စိုက်ကြတယ်။

တနေ့က ဒေါ်မြမြအေး အပြင်ထွက်ရင်း သူများတွေပြောနေကြတဲ့အသံ ကြားခဲ့တယ်။ ကိုယ့်နိုင်ငံနေ လာနေသူတွေပေါ့။ နက်ဖြန် မင်မိုရီရယ်ဒေးတဲ့။ မင်မိုရီဆိုတာ မှတ်ဉာဏ်တဲ့။ ရီတော့ရီရပေမယ့် ကိုယ်ငယ်ငယ်တုံးကလည်း သည်လောက်ပဲ သိခဲ့တာပါ။

ကျွန်တော့်အတွက်တော့ နေ့တိုင်းဟာ မင်မိုရီရယ်ဒေးပဲ။ မြန်မာပြည်ကိုပဲ သတိရနေတယ်။

ဒေါက်တာတင့်ဆွေ
၂၅-၅-၂ဝ၁၅
၂၅-၅-၂ဝ၁၇

Sunday, May 24, 2015

G6PD မွေးရာပါချို့ယွင်းချက်

55 minutes ago
ဆရာခင်ဗျား ကျွန်တော့်သမီးလေးက 22-4-2015 မှာမွေးပါတယ်။ ကလေးက G6PD ဖြစ်နေတယ်ပြောပါတယ်။ ဆရာ့ ဆောင်းပါးဖတ်ကြည့်ထားလို့ paracetamol နဲ့မတည့်ဘူးလို့သိရပါတယ်။ ကျွန်တော်တို့ကနယ်မှာနေတော့ ကလေး နေမကောင်းဖြစ်ရင် ရန်ကုန်မလာခင် ဘာဆေးတိုက်ထားရမလဲလို့ ကလေးအထူးကုကိုမေးတော့ paracetamol အရည်တိုက်ဖို့ပြောပါတယ်။ G6PD ကလေးမို့တိုက်လို့ရပါ့မလားမေးတော့ အဲဒါမတိုက်ရင် ဘာတိုက်ရမလဲလို့ ပြန်ပြောပါတယ်။ ဘာဆေးများသင့်တော်မလဲဆိုတာ ညွှန်ကြားပေးပါခင်ဗျာ။ ကျေးဇူးအထူးတင်ပါတယ်ဆရာ။
သမီးလေးနဖူးနဲ့ မျက်ခွံမှာလည်း အနီကွက်တွေပါလာတာ ရောဂါနဲ့ဆက်စပ်မှုရှိပါသလားဆရာ။

Low-risk Drugs for G6PD Deficients ဒီဆေးစာရင်းဟာ အန္တရာယ်နည်းနည်းသာရှိတဲ့ဆေးတွေဖြစ်တယ်။ ဆိုလိုတာက လိုအပ်ချက်ကပိုရင် ဆေးအဆနဲ့အညီသုံးနိုင်တယ်။
1. Acetaminophen (paracetamol, Tylenol, Tralgon, hydroxyacetanilide) ပါရာစီတမော။
2. Acetophenetidin (phenacetin) အနာအကိုက်သက်သာဆေး။
3. Aminopyrine (Pyramidon, amidopyrine) အဖျား-အနာသက်သာဆေး။
4. Antazoline (Antistine) နှလုံးခုန်မမှန်သူတွေကိုပေးတဲ့ဆေး။
5. Antipyrine အနာ-အရောင်သက်သာဆေး။
6. Ascorbic acid (vitamin C) ဗီတာမင် (စီ)
7. Benzhexol (Artane) ပါကင်ဆန်ရောဂါဆေး။
8. Chlorguanidine (Proguanil, Paludrine)
9. Chloroquine ငှက်ဖျားဆေး။
10. Colchicine အနာ-အရောင်သက်သာဆေး။
11. Diphenhydramine (Benadryl) ဘာမီတွန်လိုဆေး။
12. Isoniazid တီဘီဆေး။
13. Menadione sodium bisulfite (Hykinone)
14. Phenylbutazone အနာသက်သာဆေး။
15. Phenytoin တက်သက်သာဆေး။
16. Probenecid (Benemid) ဂေါရောဂါဆေး။
17. Procain amide hydrochlonde (Pronestyl)
18. Pyrimethamine (Daraprim) ငှက်ဖျားဆေး။
19. Quinidine နှလုံးရောဂါဆေး။
20. Quinine ငှက်ဖျားဆေး။
21. Streptomycin တီဘီထိုးဆေး။
22. Sulfacytine ဆာလ်ဖါဆေး။
23. Sulfadiazine ဆာလ်ဖါဆေး။
24. Sulfaguanidine ဆာလ်ဖါဆေး။
25. Sulfamerazine ဆာလ်ဖါဆေး။
26. Sulfamethoxypyridazine (Kynex) ဆာလ်ဖါဆေး။
27. Sulfisoxazole (Gantrisin) ဆာလ်ဖါဆေး။
28. Trimethoprim ဆက်ပတွန်မှာပါတဲ့ဆေး။
29. Tripelennamine (pyribenzamine) အင်တီဟစ်တမင်းဆေး။
30. Vitamin K ဗီတာမင် (ကေ)။

မွေးရာပါ အနီ-ပန်းရောင်ကွက်ပါတာ မစိုးရိမ်ပါနဲ့။ နည်းနည်းကြီးလာရင် ပျောက်ပါမယ်။ ဘာဆေးမှ မလိမ်းသင့်ပါ။

ဒေါက်တာတင့်ဆွေ
၂၄-၅-၂ဝ၁၅

Don't threaten me please ကျူရှင်ဆရာမများနှင့် ယောက္ခမများသို့

May 24th, 11:33am
ဆရာရှင့် ကျွန်မငယ်ငယ်ကအကြောင်းလေးပြောပြပါရစေရှင့်။ အသက် ၄ နှစ် သူငယ်တန်းတက်ခါနီး နွေရာသီလောက်မှာ မိဘတွေက ကျူရှင်ထားပါတယ်။ ညနေ ၄ နာရီဆိုရင်ကျူရှင်သွားရပါတယ်။ ဒီနားဝန်းကျင်မှာတော့ အဲ့ကျူရှင်ဆရာမက အကောင်းဆုံးအတော်ဆုံးလို့ နာမည်ကြီးပါတယ်။ အရိုက်ကြမ်းတယ်လို့လဲ ကြားပါတယ်။ အရိုက်ကြမ်းတယ်လို့ ကြားကထဲက ဆရာမကိုအရမ်းကြောက်မိပါတယ်။ မမြင်ဖူးသေးပါဘူး။ ကျူရှင်က သူ့အိမ်မှာ သွားတက်ရပါတယ်။ ဆရာမမျက်နှာကိုမြင်ရတော့ ပိုကြောက်မိပါတယ်။ ကျူရှင်မှာ ကျောင်းသားကျောင်းသူ အတန်းမျိုးစုံတွေ့ရပါတယ်။ တူတူထိုင်နေပေမဲ့ အတန်းမတူကြပါဘူး။ သူငယ်တန်းက ကျွန်မတစ်ယောက်ထဲပါ။ ဆရာမကို ကြောက်လို့ ရေးခိုင်းတာတွေကို သေချာရေးပါတယ်။ ဒါပေမဲ့ဆရာမက တခြားကျောင်းသားတွေကို စာတစ်လုံးမှားတာနဲ့ ထစ်တာနဲ့ ကြိမ်လုံးကြီးနဲ့ရိုက်ပါတယ်။ အဲ့ဆရာမ ဆူပူကြိမ်းမောင်းပြီး ရိုက်နှက်နေတာကို နေတိုင်းမြင်နေရတော့ တနေ့ထက်တနေ့ ပိုပိုကြောက်လာမိပါတယ်။

နောက်ပိုင်းကျတော့ ညနေ ၃ နာရီထိ တနေ့လုံးအကောင်းပါ။ ပျော်ရွှင်စွာနဲ့ဆော့ကစားပါတယ်။ ညနေ ၃ နာရီ နာရီကို ကြည့်မိတာနဲ့ စိတ်ထဲမှာ မပျော်ရွှင်တော့ပါဘူး။ မကစားတော့ပါဘူး။ ၄ နာရီထိုးမှာကြောက်နေမိပါတယ်။ ချောင်တစ်ချောင် ထောင့်တစ်ထောင့်မှာ ကပ်နေပြီး မျက်စိပျက် မျက်နှာပျက်နှင့် ကျူရှင်သွားရမှာကို အင်မတန် စိုးရိမ် ကြောက်လန့်နေမိပါတယ်။ ၄ နာရီထိုးခါနီးတော့ လူကြီးတွေက လွယ်အိတ်လွယ် ကျူရှင်သွားတော့လို့ ပြောပါတယ်။ ၄ နာရီထိုးခါနီးလေ ပိုကြောက်လေပါဆရာ။ ကျူရှင်သွားဖို့ကိုလည်း ဝေ့လည်ချောင်ပတ်လုပ်နေမိပါတယ်။ အဲဒါနဲ့ ဖျားသလိုလို ဘာလိုလိုတွေဖြစ်နေသလိုနဲ့ မျက်နှာလဲမကောင်းတော့ အိမ်က နေမကောင်းရင်လဲ ဒီနေ့ ကျူရှင်မသွားနဲ့တော့လို့ ပြောလိုက်ရင် အရမ်းပျော်ပါတယ်။ ၄ နာရီကျော်သွားရင် ပုံမှန်အတိုင်းစိတ်က ပြန်ပြီး ပျော်ရွှင်လာပါတယ်။ ကစားချင်စိတ် ဖြစ်လာပါတယ်။

နောက်ပိုင်း ကျူရှင်ချိန်ကျော်သွားလို့ မသွားရတော့ရင်လဲ မပျော်တော့ပါဘူး။ မိဘတွေဆူမှာကို စိုးရိမ်နေမိပါတယ်။ နောက်ပိုင်းကျတော့ ၃ နာရီဆိုရင် နာရီကိုတစ်ကြည့်ကြည့်နဲ့ လက်မထိပ်တွေ နှုတ်ခမ်းတွေ ယားပြီး အဖုတွေ ထလာပါတယ်။ နောက် မျက်နှာတစ်ပြက်လုံး လက်ခြေထောက် ခန္ဒာကိုယ် အနှံ့အပြားမှာ မနေတတ်လောက်အောင်ကို ယားပြီး အဖုအပိန့် အင်ပြင်လိုမျိုး ပြင်လိုက် အချပ်လိုက်ကြီးတွေ ဖြစ်လာပါတယ်။ အဖုတွေထတော့ ကျူရှင် မသွားရတော့ပါဘူး။ ဖေကြီးပြန်လာတော့ မက်ဇင်ကယ်ဆိုတဲ့ဆေးရည်တစ်မျိုး လိမ်းပေးပါတယ်။ သက်သာတဲ့အခါလဲ ရှိသလို ညနေထဲက အဖုထတာ နောက်မနက်ထိ မပျောက်တဲ့အခါလဲရှိပါတယ်။ နှုတ်ခမ်းတွေဆို အဖုကြီးကြီးတွေကြောက် ထော်လန်ဖူးရောင်နေပါတယ်။ ပါး၊ မျက်ခုံး၊ လည်ပင်း၊ လက်၊ ပေါင်မှာလဲ အဖုအပိန့်များစွာနဲ့ပါ။ အမြဲကုတ်နေရပါတယ်။

ဆေးရုံပြပေးပါတယ်။ ဆေးရုံကလဲ နားမလည်လို့ မင်္ဂလာဒုံစစ်ဆေးရုံကြီးကို သွားခိုင်းပါတယ်။ ဟိုရောက်တော့ ဆရာဝန်မကြီးကို ဖြစ်စဉ်တွေပြောပြပါတယ်။ ဆရာဝန်မက ဘယ်အချိန်ဆို ဖြစ်တတ်လဲမေးတယ်။ ၃ နာရီဆို ယားပြီ ဆိုတဲ့အကြောင်း အဖုပိန့်တွေထလာလို့ ၄ နာရီ ကျူရှင်ကို အမြဲပြတ်နေရတဲ့အကြောင်းပြောပြတော့ ဆရာဝန်မက ကလေးကို ကျူရှင်ကထုတ်လိုက်ပါလို့ ပြောပါတယ်။ ဆေးတစ်မျိုးလဲ ပေးလိုက်ပါသေးတယ်။ တစ်ပတ်တစ်ခါ အင်ဖတ်နဲ့ ရေချိုးပေးဖို့ပြောပါတယ်။ အိမ်ကလဲ ကျူရှင်ကို မတက်ခိုင်းတော့တဲ့အတွက် တေိာတော်လေးကို စိတိချမ်းသာမိပါတယ်။ ဒါပေမဲ့ဆရာမကို အိမ်မှာလာသင်ဖို့ သီးသန့် ငှားလိုက်ပါတယ်။ ကျွန်မလဲ သဘောတူလက်ခံခဲ့ပါတယ်။ အိမ်မှာသင်ရင် လူကြီးတွေရှိနေလို့ မရိုက်ဘူးလို့ထင်ပါတယ်။ ကြိမ်လုံးကြီးလဲ မပါလာတော့လို့ပါရှင့်။ ဒါပေမဲ့ စာစသင်တော့ နဲနဲတော့ ကြောက်နေမိပါတယ်။ အရင်လို အဖုတွေတော့ မထတော့ပါဘူး။ ကြိမ်လုံးမရှိတော့ပေမဲ့ ပေတံစောင်းနဲ့တော့ လက်ဆစ်တွေအခေါက်ခံရပါတယ်။ ဆေးလဲ ပုံမှန်သောက်နေတဲ့တွက် ဆရာမကို ကြောက်တဲ့စိတ် မရှိတော့ပါဘူး။

ဒါပေမဲ့နောက်ပိုင်း နေထိုင်လာတဲ့ တစ်လျှောက်မှာတော့ မိဘတွေကိစ္စ ကျောင်းကိစ္စ သူကယ်ငယ်ချင်းတွေကြောင့် စိတ်ထိခိုက် စိတ်ညှိုးနွမ်းခဲ့ရင်တော့ သွေးယားပြီး နှုတ်ခမ်းက စပြီး အဖုတွေ အမြဲပြန်ထလာပါတယ်။ ကျွန်မ စိတ်မကောင်းဖြစ်ရင် စိတ်ဆင်းရဲရင် ဖုံးကွယ်ထားလို့မရပါဘူး။ အဖုတွေထလာပါတယ်။ ဒါဆို အိမ်ကလဲချက်ချင်းသိပြီး ဆေးသောက် ဆေးလိမ်းနဲ့ စိတ်ချမ်းသာအောင် ထားပေးပါတယ်။ တခါတလေ ကျောင်းမှာလဲဖြစ်ပါတယ်။ စာမေးခါနီး စာမရခဲ့ရင် အမှတ်နည်းခဲ့ရင် အဆင့်ကျရင် သူငယ်ချင်းတွေကမခေါ်ရင် စိတ်မကောင်းဖြစ်ပြီး အဖုထလာပါတယ် ကျောင်းမှာဆိုတော့ ရှက်စရာကြီးပါ။ နှုတ်ခမ်းကြီးထော်လာတာ။ အရမ်းရှက်လို့ ကျောင်းမှာဆို သတိထားပါတယ်။ ကိုယ့်စိတ်ကို ပျော်ရွှင်အောင်ထားပါတယ်။ စိတ်မကောင်းမဖြစ်ရဲပါဘူး။ ဆေးကိုလဲနေ့တိုင်းသောက်ပါတယ်။ ၁ဝ တန်း အောင်ပြီးတဲ့ထိ။ ဆေးနာမည်တော့ မမှတ်မိတော့ပါဘူး။ တက္ကသိုလ် Frist year ရောက်မှ ဖြတ်လိုက်တာပါ။ နောက်ပိုင်း တော်တော်လေး စိတ်ထိခိုက်မှ ပြန်ဖြစ်ပါတယ်။ ဖုန်တွေထိရင်လဲ ယားတယ် အဖုထပါတယ်။

ခု အိမ်ထောင်ကျတော့ ယောက်ကျားနဲ့ရန်ဖြစ်ရင်း ယောက်ကျားက ချောင်ပိတ်ပြီး အပေါ်ကနေ လက်ကိုချုပ်ပြီး ပါးတွေ ခေါင်းတွေ လှိမ့်ရိုက်ပါတယ်။ ရိုက်တော့ အော်မိတော့ သူ့အမေ (ယောက္ခမ) က အိမ်ပေါ်ကဆင်းလာပြီး ကျွန်မကို မကြားဝံ့မနာသာတွေ ပစ်ပစ်နှစ်နှစ်ဆဲပါတယ်။ သူ့သားကိုကျတော့ သူများသားသမီးကို မရိုက်ရဘူးလို့တော့ တစ်ချက်မှ မပြောပါဘူး။ ကျွန်မကိုချည်း လှိမ့်ဆဲပါတယ်။ အခန်းနံရံ ၅ ထပ်သားပြားတွေကိုလဲ ထုရိုက်စောင့်ကန်ပြီး အိမ်ပေါ်က ဆင်းသွားလို့ အကြိမ်ကြိမ်အခါခါ ပြောပါတယ်။ မိုက်ရိုင်းလိုက်တာကလဲ ကန်းကုန်ပါ။ အဲ့နေ့ကစပြီး အဲ့အဘွားကြီးကို အရမ်းကြောက်သွားပါတယ်။ အခန်းထဲမှာပဲအောင်းနေမိပါတယ်။ သူ့အသံကြားတာနဲ့ ရင်တထိတ်ထိတ်နဲ့ လန့်နေမိပါတယ်။

ညဆိုလဲ အိပ်မပျော်တော့ပါဘူးဆရာ။ တစ်ညလုံးလဲ မအိပ်တော့ပါဘူး။ အသံနဲနဲကြားတာနဲ့ နှလုံးတွေ တဆတ်ဆတ် တုန်ပြီး ထိတ်လန့်ပြီး အိပ်လို့မပျော်တော့ပါဘူးဆရာ။ စိတ်ကလဲ မရွှင်လန်းတော့ပါ။ အချိန်ပြည့် ငါ့ကို ဘယ်တော့ ဘာတွေများ ပြောလာမလဲဆိုပြီး စိုးရိန်ထိတ်လန့်နေပါတယ်။ အခုက ကိုယ်ဝန်ဖျက်ချထားလို့လဲ အခန်းထဲမှာ တစ်ယောက်ထဲ စိတ်အားငယ် အထီးကျန်ပြီး နေနေရပါတယ်ဆရာ။ အဲ့နေ့က ဖြစ်ပျက်ခဲ့တဲ့ မြင်ကွင်းတွေ အသံတွေကိုပဲ မြင်နေကြားနေရပါတယ်ဆရာ။ အဲ့အဘွားကြီးကို ဟိုဆရာမလိုပဲ အရမ်းမုန်းပြီး ရွံ့ကြောက်ဖြစ်နေပါတယ်။ ကျွန်မမှာ ဘယ်လို ရောဂါရှိနေလဲဆိုတာ သိချင်ပါတယ်ဆရာ။ ညညလဲ နှစ်နှစိခြိုက်ခြိုက်အိပ်ပျော်ချင်ပါတယ်ဆရာ။ ငယ်ငယ်ထဲက ခံစားလာခဲ့ရတဲ့ရောဂါဟာ ဘာရောဂါလဲသိချင်ပါတယ်ဆရာ။ ပြောပြပေးပါရှင့်။ ဘာဆေးတွေမှီဝဲသင့်လဲ ဆိုတာကိုလဲ လမ်းညွှန်ပေးပါရှင့်။

ဆောရီးနှစ်ခုတွေ့တယ်။ ကြောက်စိတ်နဲ့ (အလာဂျီ)။ အလာဂျီကတော့ ဖြစ်တတ်တာကိုရှောင်ဘို့နဲ့ ဖြစ်လာရင် Cetrizine tablet သောက်ဘို့နဲ့ အင်ပြင်ထွက်လို့ယားတာကို Calamine lotion လိမ်းလို့ဖြစ်တယ်။

ကြောက်စိတ်ကတော့ ဘာကိုကြောက်သလည်း သိနေတယ်လို့ထင်တယ်။ အဲတာကိုရှောက်ဘို့ဆိုတာ ခက်ခဲနေတာလည်း နားလည်နိုင်ပါတယ်။ ဆရာလည်း ဆောရီးနှစ်ခါ။

ကြောက်စိတ်ကို ဘယ်လိုကုသမလဲ
၁။ Psychotherapy စိတ်ကုသနည်း။
၂။ Cognitive-behavioral therapy စိတ်ကုသနည်းတမျိုး။
၃။ Dietary and lifestyle changes လူနေမှုပုံစံပြောင်းပေးနည်း။
၎။ Relaxation therapy စိတ်ပြေလက်ပျောက်လုပ်ပေးနည်။
၅။ Medication ဆေးပေးနည်း။ anti-depressants နဲ့ anxiety-reducing drugs ဆေးတွေပေးမယ်။

(က) Anti-depressants စိတ်မကျဆေးများ
• Selective serotonin reuptake inhibitors (SSRIs) = citalopram (Celexa), escitalopram (Lexapro), fluoxetine (Prozac), fluvoxamine (Luvox), fluvoxamine CR (Luvox CR), paroxetine (Paxil), paroxetine CR (Paxil CR), sertraline (Zoloft).
• Serotonin-Norepinephrine Reuptake inhibitors (SNRIs) = desvenlafaxine (Pristiq), duloxetine (Cymbalta), venlafaxine (Effexor), venlafaxine XR (Effexor XR), milnacipran (Savella), and levomilnacipran (Fetzima).
• Tricyclic antidepressants (TCAs) = amitriptyline (Elavil), desipramine (Norpramin), doxepine (Sinequan), Imipramine (Tofranil), nortriptyline (Pamelor), amoxapine, clomipramine (Anafranil), maprotiline (Ludiomil), trimipramine (Surmontil), and protriptyline (Vivactil).
• Monoamine oxidase inhibitors (MAOIs) = phenelzine (Nardil), selegiline (Emsam), and tranylcypromine (Parnate).
• Atypical antidepressants = bupropion (Wellbutrin), mirtazapine (Remeron), nefazodone (Serzone), trazodone (Desyrel, Oleptro), vilazodone (Viibryd), and vortioxetine (Brintellix).

(ခ) Anti-anxiety drugs စိုးရိမ်စိတ်နည်းစေတဲ့ဆေးတွေကို tranquilizers လို့လဲခေါ်တယ်။ benzodiazepines = Xanax (alprazolam), Klonopin (clonazepam), Valium (diazepam), Ativan (lorazepam) ဆေးတွေ ဖြစ်တယ်။

အများဆုံးသုံးတဲ့ Alprazolam ဆေး၏ ဘေးထွက်အကျိုးများ   
အဖြစ်နည်းတဲ့ဘေးထွက်ဆိုးကျိုးတွေ = စိတ်တို၊ ၂၇့၂% လူဝ၊ ချွေးများ၊ အိပ်မပျော်၊ ကြွက်သားတွေလှုတ်၊ မှတ်ဥာဏ်လျော့။ အရက်နဲ့ရောရင် ဒါတွေပိုဖြစ်တယ်။ လိင်စိတ်ပြောင်းမယ်။ ၁၄့၎% မှာ လိင်စိတ်နည်းပြီး၊ ၇့၇% မှာ ကဲတယ်။ လိင်အင်္ဂါမသန်မာတာ၊ မပြီးစီးတာဖြစ်တယ်။ ရှားပါတဲ့အဖြစ်မျိုးတွေ = ဝမ်းပျက်၊ ဝမ်းချုပ်၊ ပျို့-အန်၊ ဆီးသွားရခက်၊ မျက်စိဝေဝါး၊ ဗိုက်နာ၊ သွေးဖိအားကျ။

ဆရာဝန်ပေးတဲ့အတိုင်း အတိအကျသောက်ပါ။ လိုတာထက်ပိုသောက်ရင် သိပ်အိပ်ချင်မယ်။ သတိလစ်မယ်။ လက်အစိုနဲ့ ဆေးကိုမကိုင်ပါနဲ့။ ချိုချဉ်လို လျှာ-ပါးစောင်မှာ သူ့အလိုလို ပျော်သွားပါစေ။ စိတ်ရောဂါမတူရင် ဆေးအကျိုးမတူတာ ဖြစ်စေတယ်။ တချို့ဆေးဆက်သောက်နေမှရတယ်။ ၁ နှစ်ဆက်ဆေးသောက်ရသူ ၃ ပုံ ၁ ပုံက ဆေးဖြတ်လို့ မရဘူး။ ဆောက်တည်ရာမရ လုပ်ချင်ရာလုပ်တာမျိုးကို သိသိသာသာသက်သာစေတယ်။ စားချင်စိတ် ပြောင်းတယ်။ ဆာတတ်တယ်။ တည်ငြိမ်မှု နည်းတယ်။ စကားပြောနှေးတယ်။ သွားရည်များမယ်။ အာရုံစိုက်ရခက်မယ်။ ခေါင်းက ပေါ့နေသလို ခံစားရမယ်။ အသက်ကြီးသူတွေမှာသာ ဒီလို ဖြစ်တတ်တယ်။ မျက်စိရေတိမ်ရှိနေသူ၊ မှိုဆေး Itraconazole or Ketoconazole တွေသောက်နေသူ၊ အသည်းမကောင်းသူ၊ ကျောက်ကပ်မကောင်းသူ၊ သတ်သေချင်စိတ်ရှိသူ မပေးပါ။ ကိုယ်ဝန်မသုံးရပါ။ ကလေးနို့တိုက်နေချိန်လဲ မပေးရပါ။ အသက် ၁၈ နှစ်အောက်လဲ မပေးပါ။

အမေရိကန်လူမျိုးအရွယ်ရောက်သူတွေ စုစုပေါင်း ၁၉ သန်းမှာဒီရောဂါရှိတယ်။ တချို့ဆိုရင် ကလေးဘဝကတည်းကနေ ခံစားနေရတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။

ကျူရှင်ဆရာမတွေ၊ ကျောင်းသူတွေ၊ ယောက်မတွေ၊ ချွေးမတွေ သင်ခန်းစာယူနိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၄-၅-၂ဝ၁၅

A Leaf Out of History သမိုင်းစာမျက်နှာ

ကျွန်တော်နေခဲ့စဉ်က ဆေးကုသပေးခဲ့သူ။ တနေရာမှာနေထိုင်သူ လူနာတယောက်နေ လှမ်းပို့ပေးလို့ရောက်လာတဲ့ ကံ့ကော်ပင်ကို ပုလဲမြို့၊ ပါရမီရပ်မှာကျန်ရစ်ခဲ့တဲ့ ဆေးခန်းနဲ့အိမ်ကလေးမှာ ရပ်ဆွေရပ်မျိုးတွေက စိုက်ပေးကြတယ်။

အထင်ကရပုဂ္ဂိုလ်တွေကနေ အမှတ်တရသစ်ပင်စိုက်ပေးကြတဲ့ အလေ့အထရှိတယ်။ အလွန်ကောင်းလှပါတယ်။

ကျွန်တော့်ဆေးခန်းလေးမှာ အခုလိုစိုက်တာကတော့ အမှတ်တရမမေ့ကြသူတွေကနေ ပွဲလမ်းတွေမပါ စိုက်ပေးကြတာ။ အထင်ကရတွေလည်းမဟုတ်ပါ။ ဒါပေမယ့် ကျွန်တော့်ဘဝထဲက သမိုင်းလေးတခုတော့ အမှန်ဖြစ်သွားပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၅-၂ဝ၁၅

HIV infection stages HIV ကူးစက်ရောဂါအဆင့်များ

HIV ကူးစက်ခံထားရသူဟာ ဆေးကုသမှု မခံယူနေဘူးဆိုရင် တချိန်မှာ ခုခံအားတွေကျဆင်းရာကနေ AIDS အဆင့် ရောက်လာပါမယ်။ သတင်းကောင်းလဲပါးပါရစေ။ ART ဆေးနဲ့ ကာကွယ်ထားလို့ရပါတယ်။ သူကနေ HIV ဗိုင်းရပ်စ်တွေ ပုံတူပွါးများလာမှာကို တားပေးပါတယ်။ ကိုယ်ခန္ဓာက ဆက်ပြီးသန်စွမ်းနေပါမယ်။ ဒါ့ပြင် သူများကို ကူးစက်မှာကိုပါ တားနိုင်ပါသေးတယ်။

(၁) ကနဦးအဆင့်
ပိုးဝင်ခံရပြီး ၂-၄ ပါတ်မှာဖြစ်မယ်။ ဒါလဲလူတိုင်းမှာမဖြစ်ပါ။ ဖြစ်ရင် တုပ်ကွေးလိုခံစားရမယ်။ ဆိုးလိုက်တဲ့တုပ်ကွေးလို့ ညည်းတွားကြမယ်။ ကိုယ်ပူမယ်။ လည်ချောင်းနာမယ်။ အနီပြင်တွေထွက်မယ်။ အဆစ်အသားတွေနာမယ်။ အားယုတ်မယ်။ ခေါင်းကိုက်မယ်။ အဲဒီကာလမှာ ဗိုင်းရပ်စတွေပွါးများလာနေမယ်။ ဗိုင်းရပ်စ်တွေက CD4 cells ဆဲလ်တွေကိုသုံးပြီး မိတ္တူတွေပွါးမယ်။ အဲတော့ CD4 count ကျဆင်းလာမယ်။ တချိန်မှာ ခုခံအားစနစ်က ပြန်ကုစားလို့ တန့်လာမယ်။ ပြီးရင်ပြန်တက်လာမယ်။ နဂိုလောက်တော့ များမလာနိုင်တော့ပါ။ အဲဒီအချိန်မှာ ART ဆေးသောက်ရင် ကောင်းတယ်။ လိင်ဆက်ဆံဖက်ကိုကူးစေမယ်။ ဆေးထိုးအပ်မျှသုံးသူတွေကိုလဲ ကူးစက်မယ်။


(၂) ဒုတိယအဆင့်
ဗိုင်းရပ်စ်တွေကကိုယ်ထဲမှာ ပွါးများနေပေမဲ့ ရောဂါလကဏာတွေ မပေါ်သေးတဲ့အဆင့်ဖြစ်တယ်။ ခံစားရလဲနည်းနည်းပဲ။ ART ဆေးသောက်ရင်တော့ အကြာကြီးအသက်ရှင်နေနိုင်ပါတယ်။ ဆေးမသောက်ရင် ၁ဝ နှစ်။ ကံကောင်းရင်လဲ ဒိထက် ကြာကြာနေနိုင်မယ်။ သူများကို ကူးစက်နိုင်တာ သတိထားပါ။ ဆေးမသောက်ရင် Viral load ဗိုင်းရပ်စ်တွေ များလာမယ်။ CD4 count ကျလာမယ်။


(၃) AIDS ရောဂါရတဲ့အဆင့်
ခုခံအားမကောင်းတော့ပါ။ ဘယ်ပိုးမဆိုကူးစက်တာခံရမယ်။ အခွင့်ကောင်းယူ ကူးစက်ရောဂါတွေလို့ခေါ်တယ်။ CD4 cells 200 cells/mm3 ထက်နည်းလာရင် AIDS လို့ပြောနိုင်ပြီ။ ဆောရီး။ နေကောင်းနေသူတွေမှာ CD4 counts 500 နဲ့ 1,600 cells/mm3 ကြားမှာရှိရတယ်။ ဒီအရေအတွက်မနည်းလှပေမဲ့ ရောဂါလက္ခဏာခံစားလာရရင်လဲ AIDS ပဲဖြစ်တယ်။ ART ဆေးမကုဘူးဆိုရင်တော့ AIDS ဖြစ်လာဘို့ ၃ နှစ်ကြာမယ်။ တကယ်လို့ ဆိုးလှတဲ့ အခွင့်ကောင်းယူ ကူးစက်ရောဂါ ခံရမယ်ဆိုရင် ၁ နှစ်သာအသက်ရှည်နိုင်တယ်။ ART ဆေး သောက်နေပြီး viral load နည်းနေမယ်ဆိုရင်တော့ လူကောင်းလိုနေနိုင်ပြီး AIDS အထိမဖြစ်ပါ။

ဘယ်လိုအခြေအနေတွေကနေ အဆိုး-အကောင်းဖြစ်စသလည်း
မျိုးဗီဇ၊ နဂိုကျန်းမာရေး၊ ပိုးရှိနေတာစောစာသိသလား၊ ဆေးသောက်နေလား၊ စတာတွေအပေါ်မှာ မူတည်တယ်။ အသက်ကြီးသူတွေ၊ HIV subtype အမျိုးအစားခွဲမတူတာ၊ ပူးတွဲကူးစက်ရောဂါရတာ၊ အစာအာဟာရနည်းတာ၊ စိတ်ဖိအားများတာတွေအပေါ်မှာ မူတည်တယ်။

HIV ကနေ AIDS ဖြစ်လာဘို့အချက်အလက်တွေ
ART ဆေးသောက်နေတာ၊ စောင့်ရှောက်ရေးဌာနမှာနေတာ၊ ဆရာဝန်ညွှန်ကြားတာကို တိတိကျကျ လိုက်နာတာ၊ အစာအာဟာရ လုံလောက်မျှတတာ၊ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်တာ။

ဒေါက်တာတင့်ဆွေ

Saturday, May 23, 2015

ဇရစ်ဖူးပါရင်

- ဗမာပြည်ကို သတိရစရာလေး ရေးလိုက်ရင် ထင်ကြတယ် လွမ်းနေပြီလို့။ စားစရာလေးရေးလည်း မေးကြတယ် လွမ်းလာပြီပေါ့လို့။ တခါတင်လို့ တခါသာမြင်သူတွေက အခုမှလို့သာ ထင်ကြတာ။

- လွမ်းလှချည်ရဲ့ တမ်းလှပြီကွဲ့လို့ မရေးပါ။ ကိုယ့်ဆီမှာ ဂုဏ်တင်စရာတွေရှိတယ်၊ မချမ်းသာပေမယ့် မနွမ်းတာတွေရှိတယ်လို့ ရေးပါတယ်။

- ဝေးနေလို့ ဆွေးနေတယ်ထင်သွားရင် အားအင်တွေဆုတ်၊ မိသားစုအတွက်မလုပ်နိုင်၊ တိုင်းပြည်အတွက် လုံ့လမထုတ်နိုင်ကြတာ မဖြစ်စေချင်ပါ။ အဝေးမှာလည်း ဗမာ့အရေးနဲ့ ဗမာ့အငွေ့ကို မမေ့တဲ့သူ၊ ဗမာ့အစာကို ဆာတတ်သူ ရှိလေရဲ့လို့ သိစေချင်တာပါ။

- ဇရစ်ဖူးပါရင် အဲဒီဆရာအတူ ကူစားသလို တထွာတညိုအပိုသာ ကဲပေးကြပါ။ မဲပေးတာလည်း မမှားကြနဲ့ပေါ့ဗျာ။

ဒေါက်တာတင့်ဆွေ
၂၄-၄-၂ဝ၁၅

ဇရစ်ဖူး

ပို့စ် = Kothetnaing Kothetnaingoo အိမ်အပြန် အခု ရာသီက ဇရစ်ပေါ်တာမို့ လမ်းတလျှောက် ဇရစ်စည်းလေးတွေ ရောင်းနေတာကို မြင်ခဲ့ရတယ်။ ၅ဝဝ ဖိုး ၇ စည်း။ ဇရစ်ကို ဘယ်လိုချက်စားမလဲ။

ကွန်မင့်မှာ ချက်နည်းတွေလည်း အမျိုးမျိုးဖတ်ရတယ်။

ကျွန်တော်တော့ မစားရတာကြာပြီ။ သူများတိုင်းပြည်တွေမှာ တခါခါရပါရဲ့ ငယ်ငယ်က အမေချက်ကျွေးတာကိုသာ သတိရတယ်။ မုံရွာ သာစည်လမ်းဈေးက ဝယ်ရတယ်။ အမေ့ချက်နည်းတွေထဲက အရည်သင့်သင့်၊ ဆီနည်းနည်းနဲ့ ငါးပိခပ်ပြီး၊ ငရုပ်သီးခြောက်မှုံ့နဲ့ အစပ်ချက်တာကို အကြိုက်ဆုံးပဲ။ ပြုပ်ပြီးတို့စားတာလည်းကြိုက်ပါတယ်။

မုံရွာ၊ သာစည်လမ်းဈေးဓါတ်ပုံကို ၁၃-၃-၂ဝ၁၄ နေ့က ရိုက်ပို့ထားတာ။

ဒေါက်တာတင့်ဆွေ
၂၃-၅-၂ဝ၁၅

Common cleaning products can trigger asthma symptoms

နေ့စဉ်သုံးနေကြ သန့်ရှင်းရေးပစ္စည်းတွေကနေ ပန်းနာကိုထစေနိုင်

သန့်ရှင်းရေးပစ္စည်းတွေကနေ ထွက်တဲ့ အခိုးအငွေ့တွေက ပန်းနာရှိနေသူအတွက် ပိုဆိုးတယ်။

Bleach ဖြူဖွေးစေတဲ့ဆေး၊ Glass cleaner မှန်သန့်စရာတွေ၊ Detergents ဆပ်ပြာအမျိုးမျိုး၊ Fresheners လေသန့်ဆေး တွေကနေ ကိုင်တွယ်သုံးစွဲကြတဲ့အမျိုးသမီးတွေမှာ ပန်းနာရှိနေရင် ဆိုးစေတယ်လို့ ကနေဒါ မွန်ထရီရယ် တက္ကသိုလ်က လုပ်တဲ့ နောက်ဆုံးသုတေသနအရ အခုလိုပြောနိုင်တာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၅-၂ဝ၁၅

Friday, May 22, 2015

Operation Register ခွဲစိတ်လူနာမှတ်တမ်းစာအုပ်

Ye Hla Rural health with surgery and one of the most utilized station hospital. From hospital statistics, 1980 maybe

ဆရာ့မှတ်ချက်အတွက် ကျေးဇူးတင်တယ်ဗျာ။ မျက်စိထဲမှာ မြို့သာတိုက်နယ်ဆေးရုံနဲ့ ပုလဲမြို့နယ်ဆေးရုံက ခွဲစိတ်လူနာ မှတ်တမ်းစာအုပ်တွေကို ပြန်မြင်မိတယ်။ ဆိုက်ရှည်စာအုပ်တွေက သုံးရဖန်များတော့ ဟောင်းနွမ်းကျေမွနေကြတယ်။ ဒေါင်စွန်းတွေဆို ခေါက်တွန့်နေကြပြီ။ ဒေတာကို စာအုပ်ထဲမှာသာစုဆောင်းတဲ့ခေတ်ကပေါ့။

ဒေလီ ယမုန်နာဒုက္ခ္ခသည်ဆေးခန်းလေးမှာလည်း မွေးလူနာမှတ်တမ်းနဲ့ ခွဲစိတ်လူနာမှတ်တမ်းတွေထားခဲ့တယ်။ ကွန်ပြူတောခေတ်မို့ ဆေးခန်းကနေ အိမ်ပြန်ရောက်တာနဲ့ ဆေးခန်း (ဘလော့ခ်) မှာ တခါတည်းတင်တယ်။ ကြာတော့ မွေးလူနာလောက်သာ တင်နိုင်တော့တယ်။

ခွဲလူနာမှာ ပြည်ပေါက်တဲ့အနာကအစ မှတ်တာဆိုတော့ များတယ်။ ထုံဆေးပါရင် စာရင်းသွင်းတယ်။ သွားနုတ်တာကအစပေါ့။ ဆေးခန်းမပိတ်ခင် ၄ နှစ်ကျော်ကတည်းက ခွဲလူနာစာရင်းကို ဘလော့ခ်မှာ မသွင်းနိုင်ခဲ့ပါ။ နောက်ဆုံးစာရင်းမှာကတော့ 559 25/2/10 Van Lal Hrin 6 M L/W head S, C and D LA TP
နံပါတ်စဉ် (၅၅၉)၊ ၂၅-၂-၂ဝ၁ဝ အမည် ဗန်လားလ် ဟရင်၊ (၆) နှစ်၊ ယောက်ျားလေး၊ ခေါင်းပေါက်လို့ ထုံဆေးနဲ့ ချုပ်ပေး၊ ကူတဲ့ဆရာမ (မတာပီး)။

ခွဲစိတ်လူနာမှတ်တမ်းစာအုပ်တွေမှာ ကော်လံခွဲတဲ့မျဉ်းကလည်း အစိတ်အကျဲမညီပါ။ ခဲတံနဲ့သားလိုက် မင်တံနဲ့သားလိုက်။ လူနာတယောက်နဲ့တယောက် မျဉ်းတကြောင်းခြား မှတ်သားတဲ့စနစ် လုပ်ထားခဲ့တယ်။ ဒါပေမယ့် လူသစ်ကဝင်လုပ်ရင် ဆက်ရေးတာတို့ ခြားရေးတာတို့လည်း ပါတာပေါ့။ ဖေါင်တိန်မင်ရောင်နဲ့ လက်ရေးတွေကလည်း အမျိုးမျိုးပေါ့။

ဒါပေမယ့် ကျွန်တော်က အဲဒီမှတ်တမ်းစာအုပ်တွေကို သိပ်တန်ဘိုးထားတယ်။ ခုလောက်ဆို အဲဒီမှတ်တမ်းစာအုပ်တွေ မရှိကြတော့ဘူးပေါ့။

ဓါတ်ပုံ = ကျွန်တော့် ခွဲစိတ်ပညာစာအုပ် (၃) အုပ်ကို ရေစကြိုနေ ဒေါက်တာကျော်ငွေက ငှားထားခဲ့တာကို သူကနေ ဓါတ်ပုံရိုက်ပို့တာပါ။ ပုလဲအိမ်မှာသာထားရတာဆိုရင်တော့ စစ်ထောက်လှမ်းရေးကနေ အကြမ်းဖက်မှုသက်သေဆိုပြီး အမှုလုပ်နိုင်တယ်။ ရှိရှိသမျှစာအုပ်စာတမ်းတွေအားလုံးလည်း တိုင်းပြည်ကမထွက်ရခင်မှာ ဖျက်ဆီးပြစ်လိုက်ရပါတယ်။ ကျွန်တော်တတ်တဲ့ပညာကိုတော့ သူတို့ ဖျက်မပြစ်နိုင်ကြပါ။

ဒေါက်တာတင့်ဆွေ
၂၂-၅-၂ဝ၁၅

Scare ကျွန်တော့်ကို ကြောက်ကြတယ်

ကိုလေးအင်းဝဂုဏ်ရည်က ဆရာဝန်နဲ့ သူနာပြု သူငယ်ချင်းစုံတွဲကို သီချင်းလက်ဖွဲ့တယ်ဆိုတာ အခုပဲသိရတယ်။

ဆရာကိုလေးနဲ့ လူချင်းဆုံပြီး စကားမပြောဖူးသေးပါ။ သူ ကျွန်တော်ရှိတဲ့နေရာကို ရောက်ခဲ့ဖူးတာလည်း မသိလိုက်ပါ။ မြို့သာတိုက်နယ်ဆေးရုံမှာ တာဝန်ကျတုံးကဆိုတော့ နှစ်ပေါင်း ၄ဝ လောက်က ဆရာ့မှာ ကိုယ်ဖျောက်ပညာရှိခဲ့ပုံရတယ်။

လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဖေ့စ်ဘွတ်မှာ ဆရာကရေးပါတယ်။ ခင်ဗျားတော့ ကြောက်ပ၊ လက်ထဲဓါးကမချဘူးတဲ့။

ဆရာကိုလေး တံတားဦးကနေ ၂၁ မိုင်ဝေးတဲ့ မြို့သာကိုလာလည်တုံးမှာ ကျွန်တော်က မနက်ခင်း အပြင်လူနာတွေရှင်းပြီး၊ အဲဒီအခန်းတွင်းမှာပဲ ခွဲစိတ်လူနာကို ခွဲနေတုံးဖြစ်ရမယ်။ လျှပ်စစ်မီးကရှိတာမဟုတ်လို့ အခန်းတံခါးမကြီးကို ဟင်းလင်းဖွင့်ထားပြီး ရင်သားကင်ဆာခွဲနေတာ တွေ့သွားပုံရတယ်။ ကဗျာဆရာ ကြောက်ရှာမှာပေါ့။

အဲဒီတုံးက စမတ်ဖုံးနဲ့ ဖေ့စ်ဘွတ်တွေမပေါ်သေးတာ ကံကောင်းတယ်။ ဓါတ်ပုံရိုက်တင်ကြရင် ဆရာဝန် တရားစွဲခံရနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၂-၅-၂ဝ၁၅
ဓါတ်ပုံ = ကျွန်တော်ရှိစဉ်ကဆောက်ခဲ့တဲ့ မြို့သာတိုက်နယ်ဆေးရုံသစ်ရှေ့မှာ ဆေးရုံကော်မတီ မိတ်ဆွေရင်းများနဲ့။ ဆေးရုံဟောင်းပုံမရှိပါ။

Stem cells can be safely infused in brain to promote stroke recovery

Stroke (စတုပ်) ခေါ်တဲ့ ဦးနှောက်သွေးကြောရောဂါဖြစ်သူကို မြန်မြန် သက်သာအောင် ဦးနှောက်ထဲကို (စတမ်ဆဲလ်) သွင်းပေးနိုင်တယ်လို့ ၂၁-၅-၂ဝ၁၅ နေ့ထွက်လာတဲ့ ဆေးသုတေသနသတင်းအရသိရပါတယ်။

ပေါင်ခြံသွေးလွှတ်ကြောကနေတဆင့် ဦးနှောက်သွား (ကရိုးတစ်) သွေးလွှတ်ကြောထဲထိ (ကသီတာ) ပြွန်သေးသေးလေးနဲ့ (စတမ်ဆဲလ်) တွေကို ထိုးပေးတယ်။

စမ်းသပ်နေတာတနှစ်ရှိပါပြီ။ (စထုပ်) ရထားတဲ့လူနာ ၄၈ ယောက်ရဲ့ရိုးတွင်းခြင်ဆီကနေ (စတမ်ဆဲလ်) တွေယူပြီး ထိုးတယ်။ အမေရိကန်ပြည်ထောင်စု မိုင်ယာမီမှာရှိတဲ့ Interdisciplinary Stem Cell Institute မှာလုပ်နေတာပါ။ (စတမ်ဆဲလ်) တွေကလည်းသက်ရှိမို့ သွေးစီးလျှောက်တာကိုနှေးစေမှာ သတိထားရတယ်။ ခုထိစမ်းသပ်တာမှာ အဲလိုဖြစ်တာ မတွေ့ရပါ။

ရိုးတွင်းခြင်ဆီကနေ (စတမ်ဆဲလ်) တွေကိုထုတ်ယူပြီး ၄၈ နာရီကြာသန့်စင်ထုတ်ယူရတယ်။ ၄၈ ယောက်ထဲမှာ ၁၉ ယောက်ကိုတော့ အဲလိုထိုးမပေးပါ။ ၂၄ နာရီမှာ စစ်ဆေးမှုလုပ်တယ်။ MRI scans ရိုက်တယ်။ နောက် ရက် ၉ဝ၊ ၁၈ဝ နဲ့ တနှစ်အကြာမှာထပ်စစ်တယ်။ လူနာအားလုံးကို ပေးနေကြကုထုံးအရလည်း ကုသပေးပါတယ်။

(စတမ်ဆဲလ်) ထိုးပေးသူတွေမှာ ကြွက်သားလှုတ်ရှားမှုနဲ့ စကားပြောတာမြန်မြန်ပြန်သက်သာလာကြတာတွေ့ရတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၅-၂ဝ၁၅

Don't cry because it's over


- တမနက်လုံး အဆီအငေါ်မတည့်လှတဲ့မေးခွန်းတွေနဲ့ နပမ်းလုံးနေတုံးမှာ သူငယ်ချင်းတယောက်ဆီက (ကွန်မင့်) တခု ဖတ်ရတယ်။ သူကလည်း ဆရာဝန်ပဲ။
- သူငယ်ချင်း မင့်း့ ရာနှုန်းပြည့်ဆာဂျင်ပဲကွ။ မင်းလုပ်ပေးလိုက်တဲ့ သားကြောဖြတ်လူနာ ၁ဝဝ% အောင်မြင်တယ်။
- အေ့း့ သူငယ်ချင်း သူကိုမေးလိုက်ပါကွာ။ သားကြောပြန်ဆက်ချင်သေးလားလို့။ ငါ့စိတ်ကူးထဲက နည်းအရဆိုရင် ပိုက်လေးနှစ်ခုတော့ လိုမယ်ကွ။ ဟို့ ဓါတ်ငွေ့ပိုက်လောက်ဆိုရပြီလို့။

ငိုမနေနဲ့တော့၊ အဲတာက ပြီးသွားပြီပဲ။ ပြုံးလိုက်စမ်းပါ၊ အဲတာကအခုဖြစ်နေတာ။ အမေရိကန်စာရေးဆရာ Dr. Seuss ရဲ့ စကားပါ။ သူက ကလေးစာအုပ်တွေ အများကြီးရေးသွားခဲ့တယ်။

- Vasectomy ယောက်ျား သားကြောဖြတ်ခြင်း http://doctortintswe.blogspot.com/2014/12/vasectomy.html
- Vasectomy reversal ယောက်ျား သားကြောပြန်ဆက်ခြင်း http://doctortintswe.blogspot.com/2014/11/vasectomy-reversal.html

ဒေါက်တာတင့်ဆွေ
၂၂-၅-၂ဝ၁၅

နှမ်းဖတ်ချဉ်ဋီကာ

နှမ်းဖတ်ချဉ်စာရေးတော့ နှမ်းဖတ်နဲ့ ပဲဖတ်ကို ခွဲခြားပြောကြတယ်။ အရင်တင်စဉ်ကလည်း အဲလိုကွန်မင့်တွေလာပါတယ်။ အရောင်မတူတာကို ထောက်ပြကြတယ်။ ဆီးကြ...