Transfusion-associated graft-versus-host disease အမျိုးအချင်းချင်း သွေးလှူခြင်း

May 15th, 5:07am
သို့ ဒေါက်တာတင့်ဆွေ
ဆရာခင်ဗျာ။ ကျနော် ဒီနေ့ 7Day Daily သတင်းစာပါ ဆောင်းပါးရှင် မယ်ငွေဥ ၏ Say 'No" to Relative's Blood ဆွေမျိုးသားချင်း သွေးလှူလို့မရဘူး ပြောထားပါတယ်။ သွေးသွင်းကုသခံယူရမည့် လူနာအား ဆွေမျိုးသားချင်းများ၏ သွေးကိုပေးသွင်းလိုက်ခြင်းအားဖြင့် Transfusion Associated graft versus host disease (TA-GvHD) ဆိုသည့် ရောဂါကို ဖြစ်ပွားစေတယ်လို့ ဆိုထားပါတယ်။ ဒါဆို ၂ ဝမ်းကွဲတောင် လှူလို့မရဘူးပြောထားတယ်။ ကျနော်လည်း အခုမှ ကြားဘူးတာ။ ဆရာအချိန်ရမယ်ဆိုလျင် ရှင်းလင်းအောင် စာမျက်နှာမှာ ရေးသားတင်ပြပေးစေလိုပါတယ်။

Transfusion-associated graft-versus-host disease (TA-GvHD) ဆိုတာ အလွန်ရှားပါးတဲ့ သွေးသွင်းရာကနေဖြစ်တဲ့ ရောဂါတခုဖြစ်တယ်။ လှူတဲ့သွေးထဲမှာ T lymphocytes သွေးဖြူဥတမျိုးကနေ သွေးလက်ခံသူရဲ့ ခုခံအားစနစ်ကို တိုက်ခိုက်လို့ ဖြစ်လာရတာဖြစ်တယ်။ အသစ်ရလာတဲ့ (လင်ဖိုဆိုက်) ကို တစိမ်းမှတ်ထင်လို့ဖြစ်တယ်။ အဲတာကို ဖျက်ဆီးဘို့ လုပ်လာတယ်။ သွေးလက်ခံသူဟာ မွေးရာပါခုခံအားနည်းနေရင်၊ HIV ရှိနေရင်၊ ကင်ဆာတမျိုးရှိနေရင် ဒါမှမဟုတ် HLA haplotype ခေါ်တဲ့ တဝမ်းကွဲတွေမှာပါနေတဲ့ သွေးလှူသူဟာ (ဟိုမိုဂျီးနပ်စ်) နဲ့ သွေးလက်ခံသူက (ဟက်ထရိုဂျီးနပ်စ်) ဖြစ်နေရင် သွေးလက်ခံသူရဲ့ခုခံအာစနစ်က ဖျက်မပြစ်နိုင်ဘဲနေမယ်။ အဲလိုအခါမှာ ဒီရောဂါရမယ်။

(ဝ့၁ ကနေ ၁%) အထိဖြစ်တာတွေ့ရတယ်။ ဖြစ်ရင်တော့ (၈ဝ-၉ဝ%) သေဆုံးနိုင်တယ်။ သေဆုံးရမှုဟာ TA-GvHD က ရိုးတွင်းခြင်ဆီလှူတာထက် ပိုများတယ်။

အများဆုံးသေစေနိုင်တာက ပိုးဝင်လို့နဲ့ နောက်ဆက်တွဲသွေးယိုခြင်းဖြစ်လို့ဖြစ်တယ်။ အဲတာမှာ pancytopenia သွေးအားနည်းတာဖြစ်မယ်။ အသည်းအလုပ်မလုပ်နိုင်လို့ဖြစ်တယ်။

အဲလို (TA-GvHD) ဖြစ်ရင်
၁။ Fever ဖျားမယ်။
၂။ erythematous maculopapular အနီစက်တွေထွက်မယ်။ ဆငက်ပြီး generalised erythroderma ပိုပွါးများလာမယ်။
၃။ toxic epidermal necrolysis ဆိုတာက အဆိုးဆုံးအခြေအနေမှာဖြစ်တယ်။
ဒါတွေအပြင် ချောင်းဆိုးမယ်။ ဗိုက်နာမယ်။ အန်မယ်။ ဝမ်းအများကြီးလျှောမယ်။

ဒီရောဂါဖြစ်တာသိဘို့အတွက် အရေပြားကို (ဘိုင်အော့ပ်စီ) လုပ်ရတယ်။ HLA analysis of the circulating lymphocytes စမ်းနည်းလုပ်ရတယ်။

ဖြစ်ရင်ဘယ်လိုကုသမလည်း ခံစားနေရတာတွေကို သက်သာအောင်သာလုပ်နိုင်တယ်။ ဖြေဆေးရယ်လို့ မရှိသေးပါ။

ကာကွယ်ဘို့အတွက် သွေးလှူတာထဲမှာပါနေတဲ့ (လင်ဖိုဆိုက်) တွေကို gamma irradiation (ဂါမာ) ဓါတ်ရောင်ခြည် သင့်စေရတယ်။ လူတိုင်းကိုတော့ အဲလိုလုပ်ဘို့မလိုပါ။ သွေးလက်ခံသူက HIV ရှိနေရင်။ မိသားစုဝင်ကနေ သွေးလှူတာ ဖြစ်ရင်။ HLA-matched platelets သွေးမှုံလှူတာဆိုရင်လုပ်ရမယ်။

ဒေါက်တာတင့်ဆွေ
၁၅-၅-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ