Water Please ရေလှူကြပါဗျာ

(ပို့စ်) တခု = Natural spring water ဆိုတာက ဈေးအကြီးသား ကျနော်တို့တည်းတဲ့ L.A က OMNI Hotel မှာ ACQUA PANNA ဆိုတဲ့သောက်ရေသန့် တလီတာဘူးတဘူး ထားပေးတယ်။ သူ့ကိုသောက်မယ်ဆိုရင် 7 ဒေါ်လာကျပါမယ်တဲ့။ ကျနော်တို့ထဲကဘယ်သူမှ အဲဒီရေကို မသောက်ကြပါဘူး။

Tint Swe မြန်မာပြည်မှာတော့ ရေရှားလွန်းလို့ မုံရွာက မိတ်ဆွေတယောက်အဖွဲ့က အညာမှာရေတွေလိုက်လှူနေတယ်။ တရွာပြီးတရွာ။ ရေအခက်အခဲတွေ့နေတဲ့ပြည်သူများကို ကျေးရွာများအရောက် ရေလှူကြဘို့ NLD ကစာထုတ်တယ်ဆိုတဲ့  သတင်းတင်တော့ တယောက်က ကွန်မင့်ရေးလာတယ်၊ ရန်ကုန်မှာတောင် ရေရှားသတဲ့။

ကျွန်တော်လည်း ရေနဲ့ပါတ်သက်တာ ဘာရေးဖြစ်ပြီလည်းရှာပါတယ်။
1. Twenty Rivers in twenty Years အနှစ်နှစ်ဆယ် မြစ်နှစ်ဆယ်
2. A glass of water ရေတစ်ဖန်ခွက်ဟာ
3. Alkaline water အယ်လ်ကာလိုင်းရေ
4. Aquatabs water purification tablets ရေသန့်ဆေးပြား
5. Back to 25 years နှစ်အစိတ် မြစ်ဆိပ်ကကြည့်ခြင်း
6. Chindwin oath ချင်းတွင်းသစ္စာတည်စေသောဝ်
7. Chindwin solemn ချင်းတွင်းသစ္စာတည်စေသောဝ်
8. Chindwin to Thaungyin ချင်းတွင်းမှ သောင်ရင်း
9. Drinking water ရေကုသိုလ်
10. How much water ရေဘယ်လောက်သောက်ရမလဲ
11. Walking on Chindwin Bridge ချင်းတွင်းတံတားပေါ်လမ်းလျှောက်ခြင်း
12. Water and Energy 2014 ရေနှင့်စွမ်းအင် ၂ဝ၁၄
13. Water poisoning ရေအဆိပ်သင့်ခြင်း
14. Water requirements ရေဘယ်လောက်သောက်ရမလဲ
15. Waterborne Diseases ရေကတဆင့်ကူးစက်သည့်ရောဂါများ

ရေးခဲ့တာတွေထဲက နည်းနည်းစီထုတ်နုတ်ရရင့့်
• ရေသန့်ဗူးကောင်းပါတယ်။ တံဆိပ်ကောင်းဆိုရင် ရေကတဆင့်ကူးစက်ရောဂါတွေ မရစေနိုင်ပါ။ ရေချမ်းစင်ကရေ ကောင်းပါတယ်။ အဲဒီရေသောက်ပြီး ရေငတ်ပြေခဲ့ကြသူတွေ မရေတွက်နိုင်ပါ။ လက်ယက်တွင်းထဲကရေ ကောင်းပါတယ်။ ယမားချောင်းဘေး မွေးတဲ့သူမှန်သမျှ အသက်ဆက်ခဲ့နိုင်ကြတယ်။

• ရေတိုင်ကီရေဆူရင် ကားနား၊ ကြားရွာမှာ ဆင်းမဲ့လူရှိရင်ကားရပ်၊ မတ်တပ်သစ်ပင်ရေချမ်းစဉ်မှာ အရိုးတပ် အုန်းမုတ်ခွက်နဲ့သောက်ရေ ပုလင်းရေထက်အေးမြ၊ ရေကတဆင့်ကူးစက်ရောဂါ မပေါလှသေးတဲ့ကာလ။

• ရေနဲ့စွမ်းအင်ဟာ ဆင်းရဲမှုပပျောက်ရေးကို တိုက်ရိုက်သက်ရောက်စေနိုင်ပြီး၊ ထောင်စုနှစ်ဖွံ့ဖြိုးရေးရည်မှန်းချက် တွေထဲက ရေရရှိရေး၊ သန့်ရှင်းရေး၊ ပါဝါနှင့် စွမ်းအင်ပင်ရင်းများကိုလဲ သွယ်ဝှိုက်ပြီးသက်ရောက်စေပါတယ်။ မြန်မာနိုင်ငံမှာ ဆီကိုရေချိုး ဆေးရိုးမီးလှုံတဲ့ခေတ်ကနေ တရွေ့ရွေ့လျောကျပြီး ရေကိုတောင်မှဝယ်သောက်နေကြရပါပြီ။ မြစ်ရေကို အားပြုပြီး အသက်မွေးနေသူတွေမှာလဲ လုပ်ကွက်တွေ ကျဉ်းသထက်ကျဉ်းပြီး ပျောက်ကွယ်လာနေပါတယ်။ တိုင်းပြည်ရဲ့ အသက်သွေးကြောလို့တင်စားတဲ့ ဧရာဝတီ၊ သံလွင်နဲ့ ချင်းတွင်းမြစ်ကြီးတွေကိုလဲ ရောင်းစားခံနေရပါပြီ။ တချိန်မှာ ကိုယ့်အိမ်ထဲမှာ ကိုယ့်ဖါသာတူးထားတဲ့ရေတွင်းတွေကို အခွန်လာမကောက်ဘူး မပြောနိုင်ပါ။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အရင်းအမြစ်ဆိုတာ သူများနိုင်ငံအတွက်သာ ဖြစ်နေရတဲ့ဘဝကို ရောက်လာနေပါပြီ။

• ပညာပေးရေးနဲ့ မင်းတရားစနစ်ဖျက်ရေး၊ အရေးနှစ်ပါး တပြိုင်နက်သွားပါမှ၊ ချင်းတွင်းသား ချင်းတွင်းငါးစားရမှာ၊ ချင်းတွင်းသစ္စာရေသောက် တယောက်မကျန်စေနဲ့။

• ကျွန်းခုတ်လို့ကုန်၊ ကြေးထုတ်လို့ကုန်၊ မုံရွာနဲ့ချင်းတွင်း သာတဲ့ကွန်း၊ လွမ်းချင်းထက်တော့ တတ်သာချင်ပါသည်။

ဒေါက်တာတင့်ဆွေ
၁၃-၅-၂ဝ၁၅
Photo by Sein Win ကျေးလက်ဒေသ သောက်သုံးရေရရှိရေး ဆက်လက်ကြိုးပမ်းသွားမယ်

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး