Rainwater မိုးချမ်းတပေါက်

မြန်မာပြည်မှာ မိုးတွေရွာနေသတဲ့။ တချို့နေရာမှာ မိုးသည်းသတဲ့။ ဒီမှာလည်းမိုးရွာတယ်။ ညတုံးက အိပ်ယာဝင်တော့ ခေါင်းရင်းမှန်ပြူတင်းကို မိုးပေါက်တွေမှန်တဲ့အသံကိုကြားရတာ သဘောကျတယ်။ အိမ်ခေါင်မိုးပေါ် မိုးပေါက်ကျသံတို့၊ အိမ်ထရံမိုးပက်သံတို့ကို မကြားရတာကြာပြီ။ တံစက်မြိတ်ကနေကျနေတဲ့ မိုးစက်တန်းတွေလည်း မှန်းသာကြည့်ရတာ များတယ်။

သားမက်အသစ်စက်စက် အိမ်ပေါ်တက်လာကတည်းက အလုပ်လုပ်တာမမြင်တော့ ယောက္ခမက တနေ့လုပ်နိုး စောင့်ပါတယ်။ တရက်တော့ မအိပ်ခင်မှာမိုးတိမ်တွေမြင်တော့ အဘရေ ညမိုးရွာရင်နိုးပါဗျာလို့မှာတော့ အင့်း့ ငါ့သားမက် ဖါးထွက်ရိုက်လေမလား ထင်ထားတယ်။ မိုးလည်းရွာရော နိုးပြီး ဘာလုပ်မလည်းဆိုတော့ မိုးရွာနေတုံး အိမ်တံစက်မြိတ်မှာထိုင်ပြီး ဆေးလိပ်သောက်ရတာ တယ်အရသာရှိတာပဲ အဘရဲ့တဲ့။

ကနေ့မနက်လည်း မိုးရောလေပါလာတယ်။ အသည်းကြီးတော့မဟုတ်ပါ။ အိမ်ပြင်ထွက်ပြီး မိုးနံ့ရှူလိုက်ပါတယ်။ ရေချမ်းတအိုး မိုးချမ်းတပေါက်၊ မိုးရေသောက်ကြရလို့ သစ်ပင်တွေလည်း စိမ်းလို့စိုလို့။

မိုးရေနဲ့ မြေအောက်ရေ မတူပါ။ မိုးရေဟာ သစ်ပင်တွေအတွက် အကောင်းဆုံးဖြစ်တယ်။ မိုးရေးဟာ ၁ဝဝ% ရေချို ဖြစ်တယ်။ ဆားမပါ၊ ဓါတုပစ္စည်းတွေမပါ။ မိုးရေက နည်းနည်းအက်စစ်ဓါတ်ကဲတယ်။ သစ်ပင်တွေက pH 5.5 နဲ့ 6.5 ကြား ရှိတာကို အကြိုက်ဆုံးဖြစ်တယ်။ နိုက်ထရိုဂျင်ဟာ သစ်ပင်အတွက်အလွန်အရေးကြီးတယ်။ အမိုးနီးယားနဲ့ နိုက်ထရိတ် ဓါတ်ပေါင်းတွေအနေနဲ့ အသုံးဝင်တယ်။ လေထဲမှာ အဲတာတွေ ပါနေရင်မိုးရေနဲ့ပေါင်းစပ်နိုင်တယ်။ လျှပ်စီးလက်မှသာ နိုက်ထရိတ်ရတယ်။ မိုးရေလုံလောက်အောင်ရရင် မြေသြဇာမလိုပါ။ နိုက်ထရိုဂျင်လိုတာထက်ပိုရင်တော့ မကောင်းပါ။

ဒေါက်တာတင့်ဆွေ
၁၆-၅-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး