Sunday, May 24, 2015

Don't threaten me please ကျူရှင်ဆရာမများနှင့် ယောက္ခမများသို့

May 24th, 11:33am
ဆရာရှင့် ကျွန်မငယ်ငယ်ကအကြောင်းလေးပြောပြပါရစေရှင့်။ အသက် ၄ နှစ် သူငယ်တန်းတက်ခါနီး နွေရာသီလောက်မှာ မိဘတွေက ကျူရှင်ထားပါတယ်။ ညနေ ၄ နာရီဆိုရင်ကျူရှင်သွားရပါတယ်။ ဒီနားဝန်းကျင်မှာတော့ အဲ့ကျူရှင်ဆရာမက အကောင်းဆုံးအတော်ဆုံးလို့ နာမည်ကြီးပါတယ်။ အရိုက်ကြမ်းတယ်လို့လဲ ကြားပါတယ်။ အရိုက်ကြမ်းတယ်လို့ ကြားကထဲက ဆရာမကိုအရမ်းကြောက်မိပါတယ်။ မမြင်ဖူးသေးပါဘူး။ ကျူရှင်က သူ့အိမ်မှာ သွားတက်ရပါတယ်။ ဆရာမမျက်နှာကိုမြင်ရတော့ ပိုကြောက်မိပါတယ်။ ကျူရှင်မှာ ကျောင်းသားကျောင်းသူ အတန်းမျိုးစုံတွေ့ရပါတယ်။ တူတူထိုင်နေပေမဲ့ အတန်းမတူကြပါဘူး။ သူငယ်တန်းက ကျွန်မတစ်ယောက်ထဲပါ။ ဆရာမကို ကြောက်လို့ ရေးခိုင်းတာတွေကို သေချာရေးပါတယ်။ ဒါပေမဲ့ဆရာမက တခြားကျောင်းသားတွေကို စာတစ်လုံးမှားတာနဲ့ ထစ်တာနဲ့ ကြိမ်လုံးကြီးနဲ့ရိုက်ပါတယ်။ အဲ့ဆရာမ ဆူပူကြိမ်းမောင်းပြီး ရိုက်နှက်နေတာကို နေတိုင်းမြင်နေရတော့ တနေ့ထက်တနေ့ ပိုပိုကြောက်လာမိပါတယ်။

နောက်ပိုင်းကျတော့ ညနေ ၃ နာရီထိ တနေ့လုံးအကောင်းပါ။ ပျော်ရွှင်စွာနဲ့ဆော့ကစားပါတယ်။ ညနေ ၃ နာရီ နာရီကို ကြည့်မိတာနဲ့ စိတ်ထဲမှာ မပျော်ရွှင်တော့ပါဘူး။ မကစားတော့ပါဘူး။ ၄ နာရီထိုးမှာကြောက်နေမိပါတယ်။ ချောင်တစ်ချောင် ထောင့်တစ်ထောင့်မှာ ကပ်နေပြီး မျက်စိပျက် မျက်နှာပျက်နှင့် ကျူရှင်သွားရမှာကို အင်မတန် စိုးရိမ် ကြောက်လန့်နေမိပါတယ်။ ၄ နာရီထိုးခါနီးတော့ လူကြီးတွေက လွယ်အိတ်လွယ် ကျူရှင်သွားတော့လို့ ပြောပါတယ်။ ၄ နာရီထိုးခါနီးလေ ပိုကြောက်လေပါဆရာ။ ကျူရှင်သွားဖို့ကိုလည်း ဝေ့လည်ချောင်ပတ်လုပ်နေမိပါတယ်။ အဲဒါနဲ့ ဖျားသလိုလို ဘာလိုလိုတွေဖြစ်နေသလိုနဲ့ မျက်နှာလဲမကောင်းတော့ အိမ်က နေမကောင်းရင်လဲ ဒီနေ့ ကျူရှင်မသွားနဲ့တော့လို့ ပြောလိုက်ရင် အရမ်းပျော်ပါတယ်။ ၄ နာရီကျော်သွားရင် ပုံမှန်အတိုင်းစိတ်က ပြန်ပြီး ပျော်ရွှင်လာပါတယ်။ ကစားချင်စိတ် ဖြစ်လာပါတယ်။

နောက်ပိုင်း ကျူရှင်ချိန်ကျော်သွားလို့ မသွားရတော့ရင်လဲ မပျော်တော့ပါဘူး။ မိဘတွေဆူမှာကို စိုးရိမ်နေမိပါတယ်။ နောက်ပိုင်းကျတော့ ၃ နာရီဆိုရင် နာရီကိုတစ်ကြည့်ကြည့်နဲ့ လက်မထိပ်တွေ နှုတ်ခမ်းတွေ ယားပြီး အဖုတွေ ထလာပါတယ်။ နောက် မျက်နှာတစ်ပြက်လုံး လက်ခြေထောက် ခန္ဒာကိုယ် အနှံ့အပြားမှာ မနေတတ်လောက်အောင်ကို ယားပြီး အဖုအပိန့် အင်ပြင်လိုမျိုး ပြင်လိုက် အချပ်လိုက်ကြီးတွေ ဖြစ်လာပါတယ်။ အဖုတွေထတော့ ကျူရှင် မသွားရတော့ပါဘူး။ ဖေကြီးပြန်လာတော့ မက်ဇင်ကယ်ဆိုတဲ့ဆေးရည်တစ်မျိုး လိမ်းပေးပါတယ်။ သက်သာတဲ့အခါလဲ ရှိသလို ညနေထဲက အဖုထတာ နောက်မနက်ထိ မပျောက်တဲ့အခါလဲရှိပါတယ်။ နှုတ်ခမ်းတွေဆို အဖုကြီးကြီးတွေကြောက် ထော်လန်ဖူးရောင်နေပါတယ်။ ပါး၊ မျက်ခုံး၊ လည်ပင်း၊ လက်၊ ပေါင်မှာလဲ အဖုအပိန့်များစွာနဲ့ပါ။ အမြဲကုတ်နေရပါတယ်။

ဆေးရုံပြပေးပါတယ်။ ဆေးရုံကလဲ နားမလည်လို့ မင်္ဂလာဒုံစစ်ဆေးရုံကြီးကို သွားခိုင်းပါတယ်။ ဟိုရောက်တော့ ဆရာဝန်မကြီးကို ဖြစ်စဉ်တွေပြောပြပါတယ်။ ဆရာဝန်မက ဘယ်အချိန်ဆို ဖြစ်တတ်လဲမေးတယ်။ ၃ နာရီဆို ယားပြီ ဆိုတဲ့အကြောင်း အဖုပိန့်တွေထလာလို့ ၄ နာရီ ကျူရှင်ကို အမြဲပြတ်နေရတဲ့အကြောင်းပြောပြတော့ ဆရာဝန်မက ကလေးကို ကျူရှင်ကထုတ်လိုက်ပါလို့ ပြောပါတယ်။ ဆေးတစ်မျိုးလဲ ပေးလိုက်ပါသေးတယ်။ တစ်ပတ်တစ်ခါ အင်ဖတ်နဲ့ ရေချိုးပေးဖို့ပြောပါတယ်။ အိမ်ကလဲ ကျူရှင်ကို မတက်ခိုင်းတော့တဲ့အတွက် တေိာတော်လေးကို စိတိချမ်းသာမိပါတယ်။ ဒါပေမဲ့ဆရာမကို အိမ်မှာလာသင်ဖို့ သီးသန့် ငှားလိုက်ပါတယ်။ ကျွန်မလဲ သဘောတူလက်ခံခဲ့ပါတယ်။ အိမ်မှာသင်ရင် လူကြီးတွေရှိနေလို့ မရိုက်ဘူးလို့ထင်ပါတယ်။ ကြိမ်လုံးကြီးလဲ မပါလာတော့လို့ပါရှင့်။ ဒါပေမဲ့ စာစသင်တော့ နဲနဲတော့ ကြောက်နေမိပါတယ်။ အရင်လို အဖုတွေတော့ မထတော့ပါဘူး။ ကြိမ်လုံးမရှိတော့ပေမဲ့ ပေတံစောင်းနဲ့တော့ လက်ဆစ်တွေအခေါက်ခံရပါတယ်။ ဆေးလဲ ပုံမှန်သောက်နေတဲ့တွက် ဆရာမကို ကြောက်တဲ့စိတ် မရှိတော့ပါဘူး။

ဒါပေမဲ့နောက်ပိုင်း နေထိုင်လာတဲ့ တစ်လျှောက်မှာတော့ မိဘတွေကိစ္စ ကျောင်းကိစ္စ သူကယ်ငယ်ချင်းတွေကြောင့် စိတ်ထိခိုက် စိတ်ညှိုးနွမ်းခဲ့ရင်တော့ သွေးယားပြီး နှုတ်ခမ်းက စပြီး အဖုတွေ အမြဲပြန်ထလာပါတယ်။ ကျွန်မ စိတ်မကောင်းဖြစ်ရင် စိတ်ဆင်းရဲရင် ဖုံးကွယ်ထားလို့မရပါဘူး။ အဖုတွေထလာပါတယ်။ ဒါဆို အိမ်ကလဲချက်ချင်းသိပြီး ဆေးသောက် ဆေးလိမ်းနဲ့ စိတ်ချမ်းသာအောင် ထားပေးပါတယ်။ တခါတလေ ကျောင်းမှာလဲဖြစ်ပါတယ်။ စာမေးခါနီး စာမရခဲ့ရင် အမှတ်နည်းခဲ့ရင် အဆင့်ကျရင် သူငယ်ချင်းတွေကမခေါ်ရင် စိတ်မကောင်းဖြစ်ပြီး အဖုထလာပါတယ် ကျောင်းမှာဆိုတော့ ရှက်စရာကြီးပါ။ နှုတ်ခမ်းကြီးထော်လာတာ။ အရမ်းရှက်လို့ ကျောင်းမှာဆို သတိထားပါတယ်။ ကိုယ့်စိတ်ကို ပျော်ရွှင်အောင်ထားပါတယ်။ စိတ်မကောင်းမဖြစ်ရဲပါဘူး။ ဆေးကိုလဲနေ့တိုင်းသောက်ပါတယ်။ ၁ဝ တန်း အောင်ပြီးတဲ့ထိ။ ဆေးနာမည်တော့ မမှတ်မိတော့ပါဘူး။ တက္ကသိုလ် Frist year ရောက်မှ ဖြတ်လိုက်တာပါ။ နောက်ပိုင်း တော်တော်လေး စိတ်ထိခိုက်မှ ပြန်ဖြစ်ပါတယ်။ ဖုန်တွေထိရင်လဲ ယားတယ် အဖုထပါတယ်။

ခု အိမ်ထောင်ကျတော့ ယောက်ကျားနဲ့ရန်ဖြစ်ရင်း ယောက်ကျားက ချောင်ပိတ်ပြီး အပေါ်ကနေ လက်ကိုချုပ်ပြီး ပါးတွေ ခေါင်းတွေ လှိမ့်ရိုက်ပါတယ်။ ရိုက်တော့ အော်မိတော့ သူ့အမေ (ယောက္ခမ) က အိမ်ပေါ်ကဆင်းလာပြီး ကျွန်မကို မကြားဝံ့မနာသာတွေ ပစ်ပစ်နှစ်နှစ်ဆဲပါတယ်။ သူ့သားကိုကျတော့ သူများသားသမီးကို မရိုက်ရဘူးလို့တော့ တစ်ချက်မှ မပြောပါဘူး။ ကျွန်မကိုချည်း လှိမ့်ဆဲပါတယ်။ အခန်းနံရံ ၅ ထပ်သားပြားတွေကိုလဲ ထုရိုက်စောင့်ကန်ပြီး အိမ်ပေါ်က ဆင်းသွားလို့ အကြိမ်ကြိမ်အခါခါ ပြောပါတယ်။ မိုက်ရိုင်းလိုက်တာကလဲ ကန်းကုန်ပါ။ အဲ့နေ့ကစပြီး အဲ့အဘွားကြီးကို အရမ်းကြောက်သွားပါတယ်။ အခန်းထဲမှာပဲအောင်းနေမိပါတယ်။ သူ့အသံကြားတာနဲ့ ရင်တထိတ်ထိတ်နဲ့ လန့်နေမိပါတယ်။

ညဆိုလဲ အိပ်မပျော်တော့ပါဘူးဆရာ။ တစ်ညလုံးလဲ မအိပ်တော့ပါဘူး။ အသံနဲနဲကြားတာနဲ့ နှလုံးတွေ တဆတ်ဆတ် တုန်ပြီး ထိတ်လန့်ပြီး အိပ်လို့မပျော်တော့ပါဘူးဆရာ။ စိတ်ကလဲ မရွှင်လန်းတော့ပါ။ အချိန်ပြည့် ငါ့ကို ဘယ်တော့ ဘာတွေများ ပြောလာမလဲဆိုပြီး စိုးရိန်ထိတ်လန့်နေပါတယ်။ အခုက ကိုယ်ဝန်ဖျက်ချထားလို့လဲ အခန်းထဲမှာ တစ်ယောက်ထဲ စိတ်အားငယ် အထီးကျန်ပြီး နေနေရပါတယ်ဆရာ။ အဲ့နေ့က ဖြစ်ပျက်ခဲ့တဲ့ မြင်ကွင်းတွေ အသံတွေကိုပဲ မြင်နေကြားနေရပါတယ်ဆရာ။ အဲ့အဘွားကြီးကို ဟိုဆရာမလိုပဲ အရမ်းမုန်းပြီး ရွံ့ကြောက်ဖြစ်နေပါတယ်။ ကျွန်မမှာ ဘယ်လို ရောဂါရှိနေလဲဆိုတာ သိချင်ပါတယ်ဆရာ။ ညညလဲ နှစ်နှစိခြိုက်ခြိုက်အိပ်ပျော်ချင်ပါတယ်ဆရာ။ ငယ်ငယ်ထဲက ခံစားလာခဲ့ရတဲ့ရောဂါဟာ ဘာရောဂါလဲသိချင်ပါတယ်ဆရာ။ ပြောပြပေးပါရှင့်။ ဘာဆေးတွေမှီဝဲသင့်လဲ ဆိုတာကိုလဲ လမ်းညွှန်ပေးပါရှင့်။

ဆောရီးနှစ်ခုတွေ့တယ်။ ကြောက်စိတ်နဲ့ (အလာဂျီ)။ အလာဂျီကတော့ ဖြစ်တတ်တာကိုရှောင်ဘို့နဲ့ ဖြစ်လာရင် Cetrizine tablet သောက်ဘို့နဲ့ အင်ပြင်ထွက်လို့ယားတာကို Calamine lotion လိမ်းလို့ဖြစ်တယ်။

ကြောက်စိတ်ကတော့ ဘာကိုကြောက်သလည်း သိနေတယ်လို့ထင်တယ်။ အဲတာကိုရှောက်ဘို့ဆိုတာ ခက်ခဲနေတာလည်း နားလည်နိုင်ပါတယ်။ ဆရာလည်း ဆောရီးနှစ်ခါ။

ကြောက်စိတ်ကို ဘယ်လိုကုသမလဲ
၁။ Psychotherapy စိတ်ကုသနည်း။
၂။ Cognitive-behavioral therapy စိတ်ကုသနည်းတမျိုး။
၃။ Dietary and lifestyle changes လူနေမှုပုံစံပြောင်းပေးနည်း။
၎။ Relaxation therapy စိတ်ပြေလက်ပျောက်လုပ်ပေးနည်။
၅။ Medication ဆေးပေးနည်း။ anti-depressants နဲ့ anxiety-reducing drugs ဆေးတွေပေးမယ်။

(က) Anti-depressants စိတ်မကျဆေးများ
• Selective serotonin reuptake inhibitors (SSRIs) = citalopram (Celexa), escitalopram (Lexapro), fluoxetine (Prozac), fluvoxamine (Luvox), fluvoxamine CR (Luvox CR), paroxetine (Paxil), paroxetine CR (Paxil CR), sertraline (Zoloft).
• Serotonin-Norepinephrine Reuptake inhibitors (SNRIs) = desvenlafaxine (Pristiq), duloxetine (Cymbalta), venlafaxine (Effexor), venlafaxine XR (Effexor XR), milnacipran (Savella), and levomilnacipran (Fetzima).
• Tricyclic antidepressants (TCAs) = amitriptyline (Elavil), desipramine (Norpramin), doxepine (Sinequan), Imipramine (Tofranil), nortriptyline (Pamelor), amoxapine, clomipramine (Anafranil), maprotiline (Ludiomil), trimipramine (Surmontil), and protriptyline (Vivactil).
• Monoamine oxidase inhibitors (MAOIs) = phenelzine (Nardil), selegiline (Emsam), and tranylcypromine (Parnate).
• Atypical antidepressants = bupropion (Wellbutrin), mirtazapine (Remeron), nefazodone (Serzone), trazodone (Desyrel, Oleptro), vilazodone (Viibryd), and vortioxetine (Brintellix).

(ခ) Anti-anxiety drugs စိုးရိမ်စိတ်နည်းစေတဲ့ဆေးတွေကို tranquilizers လို့လဲခေါ်တယ်။ benzodiazepines = Xanax (alprazolam), Klonopin (clonazepam), Valium (diazepam), Ativan (lorazepam) ဆေးတွေ ဖြစ်တယ်။

အများဆုံးသုံးတဲ့ Alprazolam ဆေး၏ ဘေးထွက်အကျိုးများ   
အဖြစ်နည်းတဲ့ဘေးထွက်ဆိုးကျိုးတွေ = စိတ်တို၊ ၂၇့၂% လူဝ၊ ချွေးများ၊ အိပ်မပျော်၊ ကြွက်သားတွေလှုတ်၊ မှတ်ဥာဏ်လျော့။ အရက်နဲ့ရောရင် ဒါတွေပိုဖြစ်တယ်။ လိင်စိတ်ပြောင်းမယ်။ ၁၄့၎% မှာ လိင်စိတ်နည်းပြီး၊ ၇့၇% မှာ ကဲတယ်။ လိင်အင်္ဂါမသန်မာတာ၊ မပြီးစီးတာဖြစ်တယ်။ ရှားပါတဲ့အဖြစ်မျိုးတွေ = ဝမ်းပျက်၊ ဝမ်းချုပ်၊ ပျို့-အန်၊ ဆီးသွားရခက်၊ မျက်စိဝေဝါး၊ ဗိုက်နာ၊ သွေးဖိအားကျ။

ဆရာဝန်ပေးတဲ့အတိုင်း အတိအကျသောက်ပါ။ လိုတာထက်ပိုသောက်ရင် သိပ်အိပ်ချင်မယ်။ သတိလစ်မယ်။ လက်အစိုနဲ့ ဆေးကိုမကိုင်ပါနဲ့။ ချိုချဉ်လို လျှာ-ပါးစောင်မှာ သူ့အလိုလို ပျော်သွားပါစေ။ စိတ်ရောဂါမတူရင် ဆေးအကျိုးမတူတာ ဖြစ်စေတယ်။ တချို့ဆေးဆက်သောက်နေမှရတယ်။ ၁ နှစ်ဆက်ဆေးသောက်ရသူ ၃ ပုံ ၁ ပုံက ဆေးဖြတ်လို့ မရဘူး။ ဆောက်တည်ရာမရ လုပ်ချင်ရာလုပ်တာမျိုးကို သိသိသာသာသက်သာစေတယ်။ စားချင်စိတ် ပြောင်းတယ်။ ဆာတတ်တယ်။ တည်ငြိမ်မှု နည်းတယ်။ စကားပြောနှေးတယ်။ သွားရည်များမယ်။ အာရုံစိုက်ရခက်မယ်။ ခေါင်းက ပေါ့နေသလို ခံစားရမယ်။ အသက်ကြီးသူတွေမှာသာ ဒီလို ဖြစ်တတ်တယ်။ မျက်စိရေတိမ်ရှိနေသူ၊ မှိုဆေး Itraconazole or Ketoconazole တွေသောက်နေသူ၊ အသည်းမကောင်းသူ၊ ကျောက်ကပ်မကောင်းသူ၊ သတ်သေချင်စိတ်ရှိသူ မပေးပါ။ ကိုယ်ဝန်မသုံးရပါ။ ကလေးနို့တိုက်နေချိန်လဲ မပေးရပါ။ အသက် ၁၈ နှစ်အောက်လဲ မပေးပါ။

အမေရိကန်လူမျိုးအရွယ်ရောက်သူတွေ စုစုပေါင်း ၁၉ သန်းမှာဒီရောဂါရှိတယ်။ တချို့ဆိုရင် ကလေးဘဝကတည်းကနေ ခံစားနေရတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။

ကျူရှင်ဆရာမတွေ၊ ကျောင်းသူတွေ၊ ယောက်မတွေ၊ ချွေးမတွေ သင်ခန်းစာယူနိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၄-၅-၂ဝ၁၅

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Taxila တက္ကသိုလ်

Taxila တက္ကသိုလ် ခေါ် တက္ခသိုလ် ခေါ် တက္ကသိလာ ၁။ ဆရာခင်ဗျာ တက္ကသိုလ်လား တက္ကသိုလား ခင်ဗျာ ၁၉၆၂ ခု ဇူလိုင်လထုတ် သတင်းစာပါ တက္ကသို စာလုံးကို မေး...