Hepatitis B treatment guideline အသည်းရောင် (ဘီ) ကုသမှုလမ်းညွှန်

၁၂-၃-၂ဝ၁၅ နေ့ကထုတ်ပြန်တဲ့ WHO ရဲ့ ပထမဆုံးအသည်းရောင် (ဘီ) ကုသမှုလမ်းညွှန်ဖြစ်ပါတယ်။ (ဘီ) ပိုးဟာ ကိုယ်ခန္ဓာအရည်တွေနဲ့ သွေးကနေတင့်ကူးစက်တယ်။ အသည်းခြောက်တာနဲ့ အသည်းကင်ဆာတွေကြောင့် တနှစ်မှာ လူပေါင်း ၆၅ဝဝဝဝ သေဆုံးနေရတယ်။ အများစုဟာ ဝင်ငွေနည်းတိုင်းပြည်တွေကဖြစ်တယ်။ အာရှနဲ့အာဖရိကမှာ အများဆုံးဖြစ်တယ်။ ကမ္ဘာမှာလူပေါင်း သန်း ၂၄ဝ မှာ (ဘီ) ပိုးကူးစက်ခံထားကြရလို့ နာတာရှည် အသည်းရောင်ရောဂါ ရှိနေကြတယ်။ ထိရောက်တဲ့ကုသနည်းကို လိုက်နာနိုင်ရင် အသက်ပိုရှည်ပါမယ်။

လမ်းညွှန်ထဲမှာ
(၁) ဘယ်သူတွေအတွက်နဲ့ အသည်းအခြေအနေသိဘို့ရာ ရိုးရှင်းတဲ့ အကြီးစားလည်းမဟုတ်တဲ့ စမ်းသပ်နည်းတွေ၊
(၂) အသည်းခြောက်နေသူတွေအတွက် ကုသမှုဦးစားပေးရွေးချယ်စရာတွေ၊
(၃) နာတာရှည်အသည်းရောင်နေသူအတွက် စိတ်ချရပြီး အကောင်းဆုံးထိရောက်တဲ့ tenofovir (သို့) entecavir ဆေး၊
(၄) အသည်းကင်ဆာကိုစောစောသိနိုင်ရေး၊ ကုသမှုထိရောက်ပုံသိနိုင်ဘို့နဲ့ ဆေးကုတာဘယ်တော့ရပ်မလည်းတို့အတွက်  ရိုးရှင်းတဲ့ စမ်းသပ်နည်းကိုသုံးပြီး ပုံမှန်စောင့်ကြည့်နည်း
(၅) အထူးလိုအပ်သူတွေ (HIV နဲ့တွဲရှိနေသူတွေ၊ ကလေးတွေနဲ့လူငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေ) အတွက် လိုအပ်ချက်များပါတယ်။

ဆေး ၂ မျိုးကို တိုင်းပြည်အများစုမှာရနိုင်ပြီး၊ ဆေးဘိုးလည်း ဆေးနာမည်ရင်းနဲ့ဆိုရင် တလမှ ၅ ဒေါ်လာထက်မပိုနိုင်ပါ။ လူအများစုအတွက် ဆေးဟာတသက်လုံးဖြစ်ပါတယ်။ ကလေးတိုင်းကို မွေးကတည်းက ကာကွယ်ဆေးထိုးပေးရပါမယ်။ ဆေးထိုးအပ်တွေ ပြန်သုံးရာကနေလည်း ကူးစက်နိုင်တယ်။

စမ်းသပ်နည်းတွေမှာ -
(၁) APRI – aspartate aminotransferase [AST]-to-platelet ratio index) သွေးစစ်နည်းနဲ့
(၂) Transient elastography (FibroScan) စကင်တွေဖြစ်ပါတယ်။

Dr. တင့်ဆွေ
၁၂-၅-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး