Anorectal diseases စအို-အစာဟောင်းအိမ် ရောဂါများ

၁။ စအို-အစာဟောင်းအိမ်မှာ အနာဖြစ်နေရင် နာမယ်၊ ကိုက်သလို-ထိုးသလို နာတာ၊ ဝမ်းသွားခါနီးရင် ပိုဆိုးမယ်။ ဝမ်းချုပ်မယ်။ ကိုယ်ပူနိုင်တယ်။ ချမ်းနိုင်တယ်။ အရေပြားနဲ့ ကပ်နေရင် အနာ-အဖုကို စမ်းလို့ရမယ်။ လိပ်ခေါင်းနဲ မှားနိုင်တယ်။ ပြည်တည်နာက ပဋိဇီဝဆေးတမျိုးထဲမရဘူး။ အနာကို ခွဲပေးရမယ်။

Rectal Yeast Infection မှိုပိုးကြောင့်ဖြစ်တာဆိုရင် -
ခြောက်သွေ့နေမယ်၊ ယားမယ်၊ ရောင်နေမယ်၊ ပူစပ်ပူလောင် အနေရခက်မယ်။ Antibiotics ဆေးကြောင့် ဖြစ်နိုင်တယ်၊ ဆပ်ပြာနဲ့မတည့်တာကြောင့် ဖြစ်နိုင်တယ်၊ လိင်ကတဆင့် ကူးစက်ရာကနေလဲ ဖြစ်နိုင်တယ်၊ ကိုယ်ဝန်ဆောင်နေချိန်မှာလဲ ဖြစ်နိုင်တယ်။ မှိုဆေးတွေ ပေးရမယ်။

၂။ Diverticular disease ဆိုတာက အနောက်နိုင်ငံတွေမှာ အဖြစ်များတယ်။ မခံစားရသူနဲ့ သွေးထွက်သူရှိတယ်။ တဝက်လောက်ကို ခွဲစိတ်ရတတ်တယ်။

၃။ အူမကြီး-ကင်ဆာ ဆိုးတယ်။ ကင်ဆာမဟုတ်တဲ့ Polyp အသီးဖြစ်တာလဲ ရှိတယ်။ ခွဲစိတ်ရတယ်။

၎။ Colitis အူမကြီးရောင်တာ အမျိုးအစားကွဲတွေ ရှိတယ်။
- Infectious colitis ပိုးဝင်လို့ရောင်တာ၊
- Ischemic colitis သွေးကောင်းကောင်းမရလို့ဖြစ်တာ၊
- Radiation colitis ဓါတ်ကင်ရာကနေဖြစ်တာ၊
- Ulcerative colitis ဘာလို့ဖြစ်မှန်းမသိဘူး၊
- Crohn's disease ဘာလို့ဖြစ်မှန်းမသိဘူး၊
Colitis ဖြစ်ရင် ဝမ်းပျက်နေမယ်၊ ဗိုက်နာမယ်၊ ဝမ်းသွားချင်အမြန်သွားချင်မယ်။

၅။ Proctitis အစာဟောင်အိမ်ရောင်တာ၊ အနေရခက်မယ်၊ သွေးထွက်မယ်၊ ပြည်-မန်းရည်ထွက်မယ်။
- Autoimmune disease (အော်တို-အင်မြူးန်) ရောဂါပြီးစနစ် ကမောက်ကမ ဖြစ်ရာကနေဖြစ်တယ်။ Ulcerative colitis ဒါမှမဟုတ် Crohn's disease တွေနဲ့ တွဲနေတယ်။
- လိင်ကတဆင့် မဟုတ်တဲ့ ကူးစက်ရောဂါ၊ အဖြစ်နည်းတယ်။ လည်ချောင်းနာဖြစ်စေတဲ့ ဗက်တီးရီးယားမျိုးကနေ ဖြစ်စေတယ်။
- လိင်ကတဆင့် ကူးစက်ရောဂါ၊ (Gonorrhea, Herpes, Chlamydia, and Lymphogranuloma venereum)
- Certain medications မသင့်တဲ့ဆေးဝါး ထည့်မိရာကနေဖြစ်တယ်။

ဝမ်းထဲသွေးပါမယ်၊ ဝမ်းချုပ်မယ်၊ စအိုကသွေးထွက်မယ်၊ စအိုကပြည်-မန်းရည်ထွက်မယ်၊ စအိုနေရာ နာနေမယ်၊ အနေရခက်မယ်၊ ဝမ်းသွားရင် ညှစ်ရမယ်။

- ဝမ်းစစ်ရမယ်၊
- Proctoscopy ကရိယာနဲ့ကြည့်ရမယ်၊
- Sigmoidoscopy ကရိယာနဲ့ကြည့်ရမယ်၊

၆။ Proctitis caused by infection ပိုးဝင်တာကို
(Proctitis စအိုရောင်ခြင်းကို ရေးထားပါတယ်။)
- ပဋိဇီဝဆေးပေးရတယ်။ Amoxacillin, Ampilcillin, Doxyciline, Cipro စတာတွေ ဖြစ်တယ်။
- လိင်ကတဆင့် ကူးစက်တဲ့ ရေယုံလိုဆိုရင်တော့ Antivirals ဆေးပေးရတယ်။
- ဓါတ်ကင်လို့ ဖြစ်တာဆိုရင် တော်တော်တန်တန် ဆေးကုစရာမလိုပါ။ သွေးယိုနေရင် စတီရွိုက်ဆေး နဲ့  အနာ-အရောင် သက်သာဆေး ပေးမယ်။
- ပျက်စီးသွားတဲ့ တစ်ရှူးတွေ ပျက်စီးတာအတွက် Laser therapy နဲ့ Argon plasma coagulation (APC) နည်းတွေနဲ့ ကုသတယ်။
- Inflammatory bowel disease ကြောင့် Proctitis ဖြစ်တာဆိုရင် အနာ-အရောင် သက်သာဆေးတွေနဲ့ (စတီရွိုက်) ဆေးတွေပေးမယ်။ ဒါမှမဟုတ် Mesalamine suppositories စအိုထဲ ထည့်ဆေးကနေ ရောဂါလက္ခဏာတွေ သက်သာစေမယ်။
- တခါတလေ ခွဲစိတ်ကုသရမယ်။

Dr. တင့်ဆွေ
၁၆-၁၂-၂ဝ၁၁

မေးခွန်း
ခံစားနေရတဲ့ ရောဂါလက္ခဏာကတော့ ၆-၁၂-၂ဝ၁၁ နေ့ တင်ထားတဲ့ Post နဲ့ ဖြစ်စဉ်တွေ တော်တော်လေး တူညီတယ်လို့ ဆိုနိုင်ပါတယ်။ ယခင်က လိပ်ခေါင်းရောဂါ ခံစားခဲ့ရပါတယ်။ ကြုံသလို ကုသခဲ့ပါတယ်။ ရန်ကုန်မှာ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က ကြော်ညာခဲ့တဲ့ (့) ဆေးခန်း (လိပ်ခေါင်းကို မနာမကျင် အလုပ်မပျက်၊ ခွဲစိပ်စရာ မလိုဘဲ၊ နောက်ဆုံးပေါ် ဆေးတစ်လုံး ထိုးရုံနဲ့ ပျောက်ကင်းတယ်) ဆိုလို့ ဆေးသွားထိုးဖူးပါတယ်။ မထူးခြားပါဘူး။ မနှစ်ကလောက်ကစပြီး စအိုက အကျိအချွဲတွေ ကျလာပါတယ်။ ညှီစို့စို့ နံပါတယ်။ လတ်တလော သက်သာဖို့ မြန်မာပြည်မှာ အသုံးများတဲ့ (့) ဆေးနဲ့ သုတ်လိမ်းပေးပါတယ်။ အကျိအချွဲကျတာ သက်သာသွားပါတယ်။ ဝမ်းသွားတာ ပုံမှန်မဟုတ်၊ ခါးအောက် လက်ယာဘက် (တင်ပါးဆုံ အထက်နား) က နာကျင်မှုတွေ ဖြစ်လာပါတယ်။ စစ်ဆေးဖို့ဆိုတာ ရှင်းရှင်းပြောရလျှင် မြန်မာမှာ အခက်အခဲ ရှိပါတယ်။ ရုပ်ပြောင် ကာတွန်းလေး တစ်ကက်လိုပါပဲ။ (သေချာအောင်ဆိုပြီး အထူးကု ၂ ယောက်ကို သွားပြပါတယ်။ အဖြေက ၂ မျိုး ထွက်လာတယ်) ဆိုတာမျိုး၊ ဒီက အထူးကုတွေဆိုတာ ကိုယ်သန်ရာသန်ရာ အဖြေထုတ်တာမျိုး ဖြစ်မှာလည်း စိုးရိမ်တာတစ်ကြောင်း၊ သူတို့ပြောသလို စမ်းသပ်မှုတွေ နောက်က ငွေကြေး မလိုက်နိုင်မှာလည်း စိုးရိမ်တာတစ်ကြောင်းမို့၊ တတ်နိုင်သလောက် သတိထား၊ မဖြစ်သင့်တာ မဖြစ်ရအောင်၊ လက်လှမ်း မီတာလေးတွေနဲ့ အသက်ကို ဥာဏ်စောင့် လုပ်နေရတာပါပဲ။

အဖြေ
Proctitis စအိုရောင်ခြင်းအတွက် နောက်ဆုံး စာပိုဒ်မှာပါတဲ့ ဆေး ၃ မျိုးကို သုံးသင့်ပါတယ်။ Antibiotics ပဋိဇီဝဆေး၊ Anti-inflammatory drugs အနာ-အရောင် သက်သာဆေး နဲ့ Corticosteroids (စတီရွိုက်) ဆေးတွေ ဖြစ်ပါတယ်။ ဆေး ၃ မျိုး အစွမ်းတွေက မတူကြပါ။ ပဌမဆေးက ပိုးတွေကို နိုင်တယ်။ ဒုတိယက ရောင်နေတာ၊ နာနေတာတွေ သက်သာစေမယ်။ တတိယ အမျိုးက ခံစားနေရတာတွေ သက်သာစေပါမယ်။ Corticosteroids (စတီရွိုက်) ဆေးက လိမ်းဆေး (စအိုထဲထည့်ဆေး) အနေနဲ့ သာသုံးပါ။ စားဆေး မသုံးပါနဲ့။

Mesalazine suppositories နဲ့ Cortisone foam (Cortifoam) ကို အသုံးများတယ်။ စအိုကနေ သုံးရတာတွေချည်း ဖြစ်တယ်။
Hydrocortisone enema (Cortenema) ကိုလဲသုံးနိုင်တယ်။
ရောဂါဖြစ်စအတွက် Mesalazine 1 g suppositories စအိုထဲထည့်ဆေးကို တည တကြိမ် + Cortisone foam (Cortifoam) စအိုထည့်ဆေးကို တနေ့ ၂ ကြိမ်၊ စုစုပေါင်း ၃ ပါတ်။
နောက်ပိုင်းမှာ Mesalazine 1 g suppositories စအိုထဲထည့်ဆေးကို တည တကြိမ်။

အနာ-အရောင်သက်သာတဲ့စားဆေးတွေကတော့ Sulfasalazine, Mesalazine (Asacol, Pentasa), Olsalazine (Dipentum) နဲ့ Balsalazide (Colazal) တွေဖြစ်တယ်။ အနာ-အရောင်သက်သာဆေးကို ၄-၆ ပါတ်သောက်ပါ။
Sulfasalazine တနေ့ ၂ ဂရမ်၊ Mesalamine တနေ့ ၁့၂ ကနေ ၂့၎ ဂရမ်၊ Olsalazine တနေ့ ၁ ဂရမ်။
ဒီဆေးမျိုး သောက်သူတွေက Folic acid (ဖေါလစ်-အက်စစ်) ကိုပါ တနေ့ ၂ ကြိမ် တွဲသောက်ပါ။

Mesalazine စားဆေးနဲ့မရသေးရင် Prednisone (စတီရွိုက်) စားဆေးကို ၅ မီလီဂရမ် တခါသောက် ၂ ပြား၊ တနေ့ ၄ ကြိမ်၊ ၇ ရက် သောက်ပါ။ ဒုတိယပါတ်မှာ ၃ ကြိမ်၊ နောက် ၂ ကြိမ်၊ နောက် ၁ ကြိမ်၊ လျှော့လျှော့ သောက်သွားပါ။

Antibiotic/Anesthetic/Steroid-rectal suppositories ဆိုတာ ပဋိဇီဝဆေး + ထုံဆေး + စတီရွိုက်ဆေးတွေ ရောထားတဲ့ စအိုထဲထည့်ဆေး ဖြစ်တယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး