Tuesday, May 12, 2015

Tranquility တည်ငြိမ်မှု

Aung Ye ဆိုသူကနေ မေးခွန်းစည်းကမ်းကဘာလဲ အာ့လဲဘလော့ခ်မှာဖတ်ရမှာပဲလား reply မှာအဲ့လိုပြန်မပြောချင် မတင်နဲ့ စသဖြင့် ရေးတာကိုဖတ်ပြီး (ဘလော့်ခ်) လုပ်ဘို့ရာ အဆင့်ဆင့်တွေလုပ်ရပါတယ်။

အဲတာနဲ့ တပြိုက်နက်တည်းမှာ (ချတ်) ကနေ တိုက်ရိုက်လာနေတဲ့ မေးခွန်း (၂) နဲ့ ကျွန်တော် နပမ်းလုံးနေခဲ့ရတယ်။

(၁) 29 minutes ago
• ဆရာ ကျနော့်အသက်က ၃၃ပါ။ ကနော့်အမျိုးသမီးက ၂၉ ပါဆရာ။ ရန်ကုန်မှာနေကြပါတယ်။ ကျနော်တို့  လက်ထပ်တာ ၂ လကျော်လာပြီ။ ကလေးလိုချင်တယ်ဆရာ။ ဒီအတောအတွင်း ဘာမှမထူးခြားသေးပါဘူး။ အမျိုးသမီးကဓမ္မတာလာရင် တစ်ရက်ပဲလာတယ်လို့ ပြောတယ် ဆရာ။ အရင်ကတည်းကပါ။ သာမန် မိန်းကလေးတွေ ဓမ္မတာလာရင် ၃ ရက်ကနေ တပတ်အထိလာတယ်လို့ကြားဖူးလို့ ပါဆရာ။ မေးချင်တာက ဘယ်လို ဆေးဝါးတွေ စားသုံးသင့်တယ်။ ဘယ်လိုပြုမူနေထိုင်သင့်တယ်ဆိုတာ ကျေးဇူးပြုပြီးဖြေကြားပေးပါ ဆရာ။ ကျေးဇူးအရမ်းတင်ပါတယ်။
• အသက်တွေက အလွန်ကောင်းပါတယ်။ ဆေးမစစ်ပဲတော့ ပြောဘို့ခက်တယ်။ ရာသီရက်နည်းတာတော့ စိုးရိမ်စရာမလိုလောက်ပါ။ လစဉ် လအလယ်ရက်မှာ မျိုးဥထွက်ရင်ပြီးတာပဲ။ ထွက် မထွက်က စစ်မှသာသိမယ်။ အမျိုးသမီး အာလ်ထွာဆောင်းရိုက်ဖူးပါသလား။
• ကျေးဇူးပါဆရာ။ ဘာဆေးမှမစစ်ဖူးသေးပါဘူး။ ဆရာ့ကိုအရင်မေးကြည့်တာပါ။
• Ovulation test မျိုးဥ ထွက်-မထွက် စမ်းနည်း ပို့လိုက်ပါတယ်။
• ကျေးဇူးတင်ပါတယ်ဆရာ။
• ဟုတ်။

(၂) 45 minutes ago
• ဆရာမင်္ဂလာပါရှင်။ ကျွန်မ့ ပါ။ ရန်ကုန်မှာနေပါတယ်။ တခုလောက် မေးခွင့်ပြုပါဆရာ။ ကျွန်မတူမလေး မနေ့ညက နယ်မှာ ကလေးခွဲမွေးရပါတယ်။ သမီးလေးမွေးပါတယ်။ ဒါပေမယ့် ကလေးလေးမှာ နှုတ်ခမ်းကွဲတာ နှာခေါင်းထိပါလာတယ်။ မိသားစုတွေကြည့်ပြီး စိတ်မချမ်းသာဖြစ်နေကြရပါတယ်။ အဲဒီကလေးလေးကို ရန်ကုန်ခေါ်ပြီး နှုတ်ခမ်းအာခေါင်ကွဲချုပ်ဖို့ ဘယ်အချိန်အရွယ်ဘယ်လောက်မှာ ကုသပေးရမလဲရှင်။ ခုတော့ လတ်တလော မွေးတဲ့ အဖေအမေနဲ့ အဖိုးအဖွားအားလုံး စိတ်မကောင်းဖြစ်နေကြပါတယ်။ ကျွန်မ သူတို့ကို ကလေးကုသလို့ရမယ့် အရွယ်အချိန်အခါ အားပေးစကား ပြောချင်ပါတယ်။ ကျေးဇူးပြု၍ ဆရာဖြေကြားပေးပါရှင်။ ဆရာနဲ့တိုက်တိုက်ဆိုင်ဆိုင် ဒီအချိန် online ပေါ် တွေ့ခွင့်ရတာ အတိုင်းမသိဝမ်းသာရပါတယ်။
• Cleft lip နှုတ်ခမ်းကွဲနဲ့ Cleft palate အာခေါင်ကွဲ ဘာကြောင့်ဖြစ်သလည်းကိုပို့လိုက်ပါတယ်။
• ဆရာကျေးဇူးအရမ်းတင်ပါတယ်ရှင်။ လက်ရှိအချိန်ထိမျိုးရိုးတယောက်မှမရှိပါ။ ကလေးရဲ့ကံတရားပေါ့။
• ဟုတ်။
• မိခင်နို့တိုက်လို့မစို့တတ်ဘူးလားဆရာ။ နားမလည်လို့ပါ။
• အာခေါင်ထိ ကွဲနေ မနေကြည့်ပါ။ အာခေါင်ထိကွဲရင် နို့စိုခက်မယ်။ ရသလောက်တိုက်ပါ။ နည်းလမ်းတွေရှိတယ်။
• ဟုတ်ကဲ့ပါဆရာ။ နို့ဘူးတိုက်မယ်ဆို ဘယ်အရွယ်စတိုက်ရမလဲရှင်။
• မိခင်နို့နိုင်ရင် နို့ဗူးမလိုပါ။ မလုံလောက်ရင် ကူရတယ်။ နို့ဗူါ်စို့တဲ့ကလေးက မိခင်နို့ကိုမစို့ချင်ဖြစ်တတ်တယ်။
• ကျေးဇူးကြီးလှပါတယ်ဆရာရှင်။
• ဟုတ်။
• အဝေးကမှန်းပြီး ဂါရဝတရားနဲ့ ကန်တော့ပါတယ်။

ကောက်ချက်
• မေးခွန်းမေးသူနှစ်ယောက်က တကယ်ကျေးဇူးတင်ကြတာ ကျွန်တော်သိတယ်။
• တပြိုက်နက်တည်းသဘောတွေဟာ တခါတခါမှာ ဟိုထိပ်သည်ထိပ်လို ကွာခြားတဲ့ ဆန့်ကျင်ဖက်တွေ ဖြစ်တတ်ကြတယ်။
• ချီးကျူး-ကျေးဇူးစကားလာတာကို တိမ်ပေါ်ရောက်သလို မြောက်နေသူမျိုးဟာ၊ ပြစ်တင်-စိတ်ဆိုးစရာကိုလည်း တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်မှာမဟုတ်ပါ။
• ကျွန်တော် အဲလိုတည်ငြိမ်မှုမျိုးကို အစဉ်ရနေနိုင်သူတော့ မဟုတ်ပါ။

Dr. တင့်ဆွေ
၁၂-၅-၂ဝ၁၅

No comments:

Post a Comment

Note: Only a member of this blog may post a comment.

တကယ်ကြီးပွားလိုသူများ

ဘူးတလုံးဆောင် အိုအောင်မဆင်းရဲ ပီမိုးနင်း ဘဝတိုက်ပွဲ ဒေါက်တာတင့်ဆွေ ၁၂-၇-၂၀၂၀