Puzzles ပဟေဠိမေးခွန်းများ
မေးခွန်းတွေကို ဖြတ်တောက်၊ ပုဒ်ထီးပုဒ်မတွေထည့်၊ ပယ်သင့်တာပယ်ပြီး သတ်ပုံတွေပါပြင်ဆင်ထားပါတယ်။
(၁) အအိုက်ကြောက်ဆေး စာရွက်နဲ့ဆေးခန်းပြတော့ဘာမှမဖြစ်ပြောတယ်
အထက်မှာ အမျိုးသမီးဆိုပြီးလည်ပင်းကြီးဟော်မုန်းစစ်တာကို မေးထားတယ်။ အခုဆက်မေးတာက အတူတူပါလား။ အမျိုးသမီးဆိုရင် သွေးဆုံးချင်တာနဲ့ ဆက်စဉ်းစားရမယ်။ အမျိုးသမီး ဟုတ် မဟုတ် ပြောပါ။ အမျိုးသမီးဟုတ်ရင် ရာသီပြောပါ။ အအိုက်ကြောက်ဆေးဆိုတာ နားမလည်ပါ။ ဆောရီး။
ဟုတ် အမျိုးသမီးပါ။ အအိုက်ကြောက်တာက အပူဒဏ်မခံနိုင်တာပါဆရာ။
ဖြေကြားပေးတာ ကျေးဇူးအထူးတင်ပါတယ်ရှင့်။ ရေးမှားတာရှိက ခွင့်လွတ်ပါရှင့်။
ပြီးခဲတဲ့ ၂ဝ ရက်နေ့ဧပြီလက သွေးစွန်းပြီးတော့မဆင်း ရပ်သွားတာခုထိ။ တစ်အိန်းတော့ ဓာတ်မှန်းရိုက်ဘူးတယ်ဆရာ။
တစ်အိန်းဆိုတာ ဘာလည်းမသိပါ။
သားအိမ်ပါဆရာ။ စောရီးပါဆရာ စာလုံးပေါင်း မပေါင်းတက်မှားသွားတာ။
ဆောရီးလို့ ရေးသင့်ပါတယ်။
(၂) ဆရာရှင့် ကျွန်မအသက်က ၂၇ ပါ။ အိမ်ထောင်ရှိပါတယ်။ အမျိုးသားလာလို့အတူနေမိရင် ဆီးမထိန်းနိုင်ပါဘူး။ ဆီးခဏခဏသွားပြီး ကန်တော့ပါဆရာ မိန်းမအင်္ဂါကအောင့်ပါတယ်ဆရာ။ ဘာလို့ပါလဲဆရာ။ ဆရာဝန်ပြသင့်လားမသိလို့ အကူညီ တောင်းတာပါဆရာ။
ဆီးမထိန်းနိုင်ဘူးဆိုတာ သေချာသိချင်သေးတယ်။ ဆီးအောင့်ရင် ဆီးသွားတဲ့အခါနာမယ်၊ ခဏခဏသွားချင်မယ်၊ အမြန်ဆီးသွားခန်းပြေးရတယ်။ ဆီးမထိန်နိုင်တဲ့ရောဂါဆိုတာ တမျိုး။ ဆီးမလုံတာကိုခေါ်တယ်။ ချောင်းဆိုး နှချေရင် ဆီးဆစက်စသဖြင့်ထွက်တယ်။ ဘာဖြစ်သလည်း ပြောပါ။ ပဌမဟာဖြစ်နိုင်တယ်။ ဟန်းနီးမွန်းဆီးအောင့်ရောဂါသဘော ဖြစ်တယ်။ အတူနေကာစမှာဖြစ်လေ့ရှိတယ်။
ဟုတ်ပါတယ်ဆရာ ဆီးသွားရင်နာတယ် ဆီခန်းအမြန်ပြေးရတယ်ခဏခဏသွားတယ် ဆရာ အခန့်မသင့်ရင် အိပ်ယာပေါ်တောင် သွားပါတယ်ဆရာ။ ဆေးခန်းသွားပြသင့်လား။ ရောဂါလားဆရာ။
ဆီးလမ်းပိုးဝင်ခြင်းအတွက် ပဋိဇီဝဆေးတွေ
• Co-trimoxazole = Septrin (Trimethoprim 160 mg + Sulfamethoxazole 800 mg) တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက် သောက်ပါ၊ ဒါမှမဟုတ်
• Amoxacilin 500 mg တခါသောက် ၂ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက် သောက်ပါ၊ ဒါမှမဟုတ်
• Ciprofloxacin 500 mg တခါသောက် ၂ ပြား၊ တနေ့ ၂ ကြိမ်၊ ၄-၅ ရက် သောက်ပါ၊ ဒါမှမဟုတ်
• Nitrofurantoin 100 mg တနေ့ ၂-၄ ကြိမ်၊ ၇ ရက် သောက်ပါ။
• ပိုးသေဆေးတွေကို ဖြစ်မှမဟုတ်ဘဲ ကြိုတင် ကာကွယ်တဲ့အနေနဲ့ သောက်နိုင်ပါတယ်။
• နာတာသက်သာဘို့ အများဆုံးသုံးကြတာက Pyridium (Phenazopyridine hydrochloride) ဆေးပြား၊ တခါသောက် 200 mg ကို တနေ့ ၃ ကြိမ်၊ ၂ ရက်။ Spasmogin နဲ့ Buscopan ဆေးတွေလဲ သုံးနိုင်တယ်။ တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် သောက်ပါ။
• ဆီး အက်စစ်ဓါတ် များနေရင် ပိုးက ကြိုက်တယ်။ ဒါ့ကြောင့် အက်စစ်ဓါတ် နည်းအောင် ရေအများကြီး သောက်တာအပြင် Cystopurin (Potassium citrate) ဆေးပါသောက် သင့်တယ်။
• လေနာအတွက်ပေးတဲ့ အက်စစ်ပျယ်ဆေး Antacids တွေကလည်း ကောင်းတယ်။ Magnesium hydroxide တခါသောက် ၁ ပြား၊ တနေ့ ၃ ကြိမ်၊ Acidic Urine ဆီး အက်စစ်ဓါတ်များနေခြင်းကိုလဲ ဖတ်ပါ။
• ဆီးအောင့်လို့ ခဏခဏသွားရ၊ ကြာတော့ ဆီးကမရှိတာမို့ မထွက်လာ၊ ဒါကို အရပ်ထဲမှာ ဆီးအတင်းသွားစေတဲ့ဆေးမျိုး အသောက်ခိုင်းတတ်တာ လုံးဝမှားပါတယ်။ Lasix လို Diuretic ဆေးတွေက ကိုယ်ရောင်တာ၊ သွေးတိုးတာတွေမှာသာ သုံးရတာ ဖြစ်တယ်။ ဒီရောဂါမှာ မသောက်ရပါ။ ပိုဆိုးစေတယ်။
ဆီးအောင့်လို့ သောက်ရတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေက သိပ်ဆိုးတာတွေတော့ မဟုတ်ပါ။ သောက်ဖူးလို့ ဘေးထွက်ဆိုးကျိုး ခံနိုင်ရင် သောက်တာ သောက်ပါ။ လူတိုင်းမှာ ဖြစ်ကြတာ မဟုတ်ပါ။ လူတွေအများကြီးကို သုတေသန လုပ်ထားတာမို့ များနေတာပါ။
• Co-trimoxazole = Septrin (Trimethoprim + Sulfamethoxazole) ရဲ့ဘေးထွက်ဆိုးကျိုးများ = ခေါင်းကိုက်၊ အနီပြင်ထွက်၊ ဝမ်းပျက်၊ ပျို့-အန်၊ မှိုပိုးဝင်တတ်၊ ပိုတက်ဆီယမ်များစေ၊ ဆိုဒီယမ်နည်းစေ၊ သကြားဓါတ်နည်းစေ၊ အစားပျက်၊ လျှာနာ၊ ခေါင်းမူး၊ စိတ်ကျ၊ ချောင်းဆိုး၊ ကြွက်သားနာ၊ တက်၊ ကျောက်ကပ်-အသဲထိခိုက်၊ အရေပြား အဖူးပေါက်၊
• Nitrofurantoin ရဲ့ဘေးထွက်ဆိုးကျိုးများ = ဝမ်းအရည်သွား၊ အသက်ရှူမဝ၊ ရင်ပတ်အောင့်၊ ကိုယ်ပူ၊ ကိုက်ခဲ၊ ပိန်၊ ခြေဖျား လက်ဖျားထုံ၊ အသားဝါ၊ အစားပျက်၊ ဆီးနီ၊ ဗိုက်နာ၊ အားနဲ၊ အရေပြားနီ-ဖြူ၊ ခေါင်းကိုက်၊ ခေါင်းမူး၊ မျက်စိ ကြည့်မကောင်း၊ အစာမကျေ၊ အန်၊ ဝမ်းပျက်၊ ဆီးနီ၊ မွေးလမ်းကြောင်းယား၊ အဖြူဆင်း၊
• Doxycycline ရဲ့ဘေးထွက်ဆိုးကျိုးများ = ခေါင်းကိုက်၊ ခေါင်းမူး၊ မျက်စိကြည့်မကောင်း၊ ကိုယ်ပူ၊ ချမ်း၊ အရေပြားနီ၊ ဆီးနဲ၊ အသားအရေ ဖြူဖျော့၊ အားယုတ်၊ ဗိုက်နာ၊ ပျို့-အန်၊ အစားပျက်၊ အသားဝါ၊ သွေးယို၊ လျှာနာ၊
• Amoxacilin ရဲ့ဘေးထွက်ဆိုးကျိုးများ = အရေပြား အနီပြင်ထွက်၊ ယား၊ အသက်ရှူခက်၊ ဆီးနီ၊ တက်၊ ဝမ်းအရည်သွား၊ ဆီးသွားရခက်၊ သွေးယို၊ အားယုတ်၊ ဆီး-အသားအရေ-မျက်လုံးဝါ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ဗိုက်အောင့်၊ အိပ်မရ။
Dr. တင့်ဆွေ
၈-၅-၂ဝ၁၅

Comments
Post a Comment