Hepatitis C Drugs Added to WHO List of Essential Medicines

အသည်းရောင် (စီ) ပိုးကုသဆေးကို WHO မရှိမဖြစ်ဆေးဝါးများစာရင်းထဲကိုထည့်လိုက်ပြီဆိုတဲ့ သတင်းကို ၈-၅-၂ဝ၁၅ နေ့က ထွက်ပါတယ်။ အသည်းရောင် (စီ) ပိုးကုသဆေးပေါင်း (၅) မျိုးပါတယ်။ ကနေ့ အမေရိကမှာ ဆေး ၁ လုံးကို ဒေါ်လာ ၁ဝဝဝ ပေးနေရတဲ့ဆေးလည်းပါတယ်။

အဲဒီ WHO မရှိမဖြစ်ဆေးဝါးများစာရင်းဆိုတာ အနည်းဆုံးလိုအပ်တဲ့ဆေးတွေဖြစ်တယ်။ ဒါပေမယ့်အစိုးရတွေကို သည်အတိုင်းလိုက်လုပ်ရမယ်လို့တော့ ဥပဒေကြောင်းအရ ချည်နှောင်ထားခြင်းမရှိပါ။ အလားတူဆေးထုတ်တဲ့ ကုမ္ပဏီတွေကိုလည်း ဈေးချိုချိုနဲ့သာထုတ်ပါလို့လည်း မပြောနိုင်ပါ။

စာရင်းထဲမှာ MDR TB ခေါ် ဆေးယဉ်တီဘီကုသဘို့ဆေး ၄ မျိုးကိုပါထည့်လိုက်တယ်။ ကင်ဆာဆေးသစ် ၁၆ မျိုး လည်းပါသေးတယ်။ မချမ်းသာသေးတဲ့တိုင်းပြည်တွေမှာ အသည်းရောင်ရောဂါတွေ + တီဘီ + ကင်ဆာတွေကြောင်း အများကြီးကို သေစေပါတယ်။

အသည်းရောင် (စီ) အတွက် Sovaldi နဲ့ Harvoni ဆေးအတွဲကို ဆေးတပတ်စာ ဒေါ်လာ ၈၄ဝဝဝ ကုန်ကျပါတယ်။ မြန်မာအစိုးရကနေ ငှားထားတဲ့ အမေရိကန်လော်ဘီကြေးဟာ အမေရိကန်လူနာ ၁ဝ ယောက်စာနဲ့ညီပါတယ်။

WHO Model Lists of Essential Medicines မရှိမဖြစ် (အနည်းဆုံးရှိရမယ့်) ဆေးဝါးများစာရင်းကို WHO ၁၉၇၇ ကတည်းက ကနေ ၂ နှစ်တခါထုတ်ပြန်တယ်။ လူကြီးတွေအတွက်နဲ့ ကလေးတွေအတွက် ၂ မျိုးရှိတယ်။ အေ-တူ-ဇက် စာရင်းဖြစ်တယ်။ အမယ်ပေါင်းရာကျော်ပါတယ်။ ၂ဝ၁၅ အတွက်ကနောက်ဆုံးထုတ်ဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၈-၅-၂ဝ၁၅
http://www.nytimes.com/2015/05/09/health/hepatitis-c-drugs-added-to-who-list-of-essential-medicines.html?_r=0

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး