Former and fresher အဟောင်းနဲ့အသစ်
Ayeaye Win အဟောင်းတိုင်းမကောင်းဘူးလေ။ အသစ်တိုင်းလဲမကောင်းဘူး။ အမေစုပြောဘူးတယ်လေ။ လူနှစ်ယောက်ရှိရင် အဖွဲ့ ၃ ဖွဲ့ဖွဲ့တယ်တဲ့။
Hsihsi Sukyi ၁၉၈၈/၈၉ ကာလက မပြောခဲ့တဲ့စကားပါ။ အခုပြောနေရတယ်ဆိုတော့... အသစ်အဟောင်းဆိုတာလည်း ခံယူတဲ့စိတ်ပဲကွာပါလိမ့်မယ်။ အရေးကြီးတာ တစ်သားတည်းတစ်စိတ်တည်းက ပိုအဓိကကြပါလိမ့်မယ်။
Tint Swe (အဟောင်းတိုင်းလည်းမကောင်း၊ အသစ်တိုင်းလည်းမကောင်း) ဆိုတာ ဒေါ်စုပြောပြော ဘယ်သူပြောပြော ငြင်းစရာတော့မရှိပါ။ ဒါပေမယ့် ကောက်ချက်ကို ဒီနေရာမှာသာ ရပ်ထားရင် အကျိးထက် အပြစ်ကိုသာဖြစ်စေမယ်။ ဆက်ပြောသင့်တာက ဒီလိုဆိုစကား ရှိထားတဲ့အတွက် အသစ်တွေက ဒီသင်္ခန်းစာကိုယူပြီး ပိုကောင်းကြအောင် ကြိုးစားသင့်တယ်။ အဟောင်းထဲက တကယ်ကောင်းခဲ့သူတွေကို နမူနာယူကြ၊ အားကျသင့်ကြတယ်လို့ပါ ဆက်ပြောသင့်တယ်လို့ ထင်ပါတယ်။
ဒေါက်တာတင့်ဆွေ
၁၁-၅-၂ဝ၁၅

Comments
Post a Comment