Election Campaign အောင်နိုင်ရေး
Nay Thiha added 5 new photos ပုလဲမြို့အောင်နိုင်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရန်အတွက် ပုလဲမြို့ကိုရောက်ရှိစဉ်၊ စစ်ကိုင်းတိုင်း NLD ဥက္ကဌ ဒေါက်တာမြင့်နိုင်၊ အတွင်းရေးမှူး ဦးမြင့်ကြည်နဲ့ တိုင်းအဖွဲ့ဝင်များ ဒေါက်တာတင့်ဆွေရဲ့ အေးဆေးတိုက်ရှေ့မှာ အမှတ်တရ
ဓါတ်ပုံ (၅) ပုံရတယ်။ လွန်ခဲ့တဲ့ (၂) နာရီကတင်ထားတာ။ လွန်ခဲ့တဲ့ (၂၅) နှစ်ကို ပြန်အမှတ်ရစေပါတယ်။
ဒေါက်တာမြင့်နိုင်နဲ့ ဦးမြင့်ကြည်တို့လည်း ကွယ်လွန်သူ ဦးစောလှိုင်နဲ့အတူ ကျွန်တော်ရှိစဉ်က အဲဒီအိမ်လေးကို ရောက်လာကြဘူးတယ်။ (နဝတ) က လွှတ်တော်ခေါ်မပေးတာ ဘာလုပ်ကြလည်း တိုင်ပင်ကြရတဲ့ကာလကဖြစ်တယ်။
လက်ရှိပုလဲ NLD စည်းရုံးရေးမှူးတွေထဲမှာ လူဟောင်းတွေရော လူသစ်တွေပါပါတယ်။ ကျွန်တော့်လူတွေချည်းပဲ။ ပုလဲနယ်သူနယ်သားတွေရဲ့လူတွေချည်းပဲ။ ရွေးကောက်ပွဲကို ၁၉၉ဝ လိုပဲ လုံးလုံးလျားလျား အများစုအနိုင်ရအောင် လုပ်ကြမယ်။
ဖိုးမှတ်ရေ မင့်အန်တီအေးက ဓါတ်ပုံတွေကြည့်ပြီး ချက်ချင်းပြောလိုက်တယ်။ အဲဒီပုံကိုကူးပြီး အိမ်မှာချိတ်ထားမယ်တဲ့။
ဒေါက်တာတင့်ဆွေ
၁၁-၅-၂ဝ၁၅

Comments
Post a Comment