Essential Medicines မရှိမဖြစ်ဆေးများ

Myo Thant မရှိမဖြစ်ဆေးဝါးဆိုတာ သိပ်သဘော မပေါက်ပါဘူးဆရာ။ နည်းနည်းထပ်ရှင်း ပြစေချင်ပါတယ်။ ဗဟုသုတပေါ့ဆရာ။

WHO Model Lists of Essential Medicines မရှိမဖြစ် (အနည်းဆုံးရှိရမယ့်) ဆေးဝါးများစာရင်းကို WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ၁၉၇၇ ကတည်းက ၂ နှစ်တခါထုတ်ပြန်တယ်။ လူကြီးတွေအတွက်နဲ့ ကလေးတွေအတွက် ၂ မျိုးရှိတယ်။ (အေ-တူ-ဇက်) စာရင်းဖြစ်တယ်။ ဆင့်ပွါးစာရင်းထဲမှာ အထူးရောဂါရှာဖွေရေး၊ စောင့်ကြည့်ရေး လိုအပ်တာတွေ ပါဝင်တယ်။ ၂ဝ၁၅ အတွက်က နောက်ဆုံးထုတ် ဖြစ်တယ်။

WHO ရည်ရွယ်တာက လူအများစုအတွက် အခြေခံကျန်းမာရေးစောင့်ဗရှာက်မှုမှာ ကျေနပ်မှုရစေဘို့ အချိန်တိုင်းမှာ လုံလုံလောက်လောက်ဖြည့်တင်းထားဘို့ဖြစ်တယ်။ လူအများလက်လှမ်းမီနိုင်တဲ့ဈေးနှုန်းလည်းဖြစ်ဘို့ဖြစ်တယ်။
နိုင်ငံပေါင်း ၁၅ဝ ကျော်မှာ ဆိုင်ရာနိုင်ငံအလိုက် မရှိမဖြစ်ဆေးဝါးစာရင်းလုပ်ထားကြတယ်။

သီအိုရီ ဒါမှမဟုတ် (ကွန်ဆက်ပ်) အယူအဆကို ၁၉၇၈ (အယ်လ်မာတာ) ကြေညာချက်ထဲထည့်ထားတယ်။ အလိုအပ်ဆုံး၊ အရေးအကြီးဆုံး၊ အစားထိုးမရ၊ လူအများအတွက် ကျန်းမာရေးလိုအပ်ချက်လို့ ဆိုလိုတယ်။ လက်တွေ့မှာခက်ပါတယ်။ ဒါနဲ့ ၂ဝဝ၂ ခုနှစ်မှာ မွမ်းမံချက်ထုတ်ရတယ်။ စာရင်းကပိုရှည်လာပြီး အတန်းအစားခွဲထားတယ်။ ဆင့်ပွါးစာရင်းထဲမှာ အထူး ရောဂါရှာဖွေရေး၊ စောင့်ကြည့်ရေးလိုအပ်တာတွေပါဝင်တယ်။ 

ဆေးတန်ဖိုးနဲ့ထိရောက်မှု အချိုးဆိုတာရှိတယ်။ ဆေးထုတ်လုပ်သူတွေနဲ့ ဆေးဝယ်သူတွေကြား ငြင်းခုန်နေရဆဲဖြစ်တယ်။

အရေးပါဆုံးဆေးတွေကို လက်လှမ်းမီရေး (ကင့်ပိန်း) လုပ်နေတာလည်းရှိတယ်။ Campaign for Access to Essential Medicines ခေါ်တဲ့နိုင်ငံတကာလှုတ်ရှားမှုကို (MSF) ကနေစေ့ဆော်နေတယ်။ ဦးစားပေးဆေးအုပ်စုတွေထဲမှာ Malnutrition အာဟာရချို့တဲ့ခြင်း၊ Tuberculosis တီဘီရောဂါ နဲ့ HIV/AIDS ရောဂါတွေပါတယ်။

စာရင်းစထုတ်ကာစ ၁၉၇၇ တုံးကစာရင်းထဲမှာ ဆေးအမယ်ပေါင်း ၁၈၆ မျိုးကနေ အခု ၃ဝဝ ကျော်လာပြီ။ ကင်ဆာဆေးမျိုးက နောက်မှတိုးလာတာ။ အသည်းရောင် (စီ) ဆေးက နောက်ဆုံးတိုးလာတာဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၈-၅-၂ဝ၁၅
Photo: Universities Allied for Essential Medicines

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး