Namaste အစစ်ပါလို့ စာကပ်ရောင်းရတဲ့ဆေး

(ပို့စ်) တခု = တရားစခန်း ဘယ်နှစ်ခေါက်ပဲဝင်ဝင်၊ တရားစကား ဘယ်လောက်ပဲပြောပြော၊ တရားတွေ ဘယ်လောက်ပဲနာနာ၊ ကိုယ်မဟုတ်တဲ့သူများအကြောင်း အလွန်စိတ်ဝင်စားနေသမျှ၊ အကြောင်းမကောင်းတာကိုမှ ပြောချင်ဆိုချင်နေသမျှ၊့

• ပခုံးပေါ် တဘက်အညိုရင့်ရောင်လေး တင်ထားကြသူတွေ၊ လက်မှာစိတ်ပုတီးပတ်ထားသူတွေ တွေ့ပ။ လူတိုင်းတော့ အောင်မှတ်မရကြပါ။
• တခါက ဘုရားရှိခိုးတာ အသံကျယ်ကျယ်ဆိုသူမျိုး သတိထားလို့ မိတ်ဆွေတယောက်က ပြောထားတာနဲ့ တိုက်ဆိုင်ပြီး၊ နိုင်ငံရေးထဲမှာ အဲလိုလူက ကျွန်တော့်ကို မဟုတ်တမ်းတရားတွေနဲ့ ကျယ်ကျယ်လောင်လောင် ဆူဆူပွက်ပွက် အမဲဖျက်တယ်။
• (ဂူဂယ်လ်) မှာ စာရိုက်ရှာရင် အဲဒီဇာတ်လမ်းကို တွေ့နိုင်သေးတယ်။ တခုတည်းသော မီဒီယာက အဲဒီသတင်းကို ဖေါ်ပြခဲ့တယ်။
• အဲဒီကိုယ်တွေ့လေးကို လူနာမည် ဘာညာမပါပဲ စာလေးတပုဒ်မှာထည့်ရေးမိတယ်။
• အဲတာကို အထာမသိသူက ဘုရားရှိခိုးအသံကျယ်တာ ကောင်းပါတယ်လို့ပြန်ပြောတာ ခံရတယ်။ ရှင်းလည်း ပြမနေချင်တော့ ကိုယ်ပဲထပ်ခံရပြန်ရော။
• စစ်မှန်သူများအားလုံးကို ကန်တော့ပါ။
• ဆေးအတုတွေအကြောင်း ရေးထားတာတွေရှိပါတယ်။ အပေါ်ယံမြင်တာနဲ့တော့ အတုနဲ့အစစ်က ခွဲမရပါ။

1. Fake Medicines from China and India (1) http://doctortintswe.blogspot.com/2015/01/fake-medicines-from-china-and-india-1.html
2. Fake Medicines from China and India (2) http://doctortintswe.blogspot.com/2015/01/fake-medicines-come-from-neighbors.html
3. Fake medicines and China ဆေးအတုနဲ့ တရုပ်ပြည် http://doctortintswe.blogspot.com/2015/01/fake-medicines-and-china.html
4. Fake Medicines come from Neighbors ဆေးအတုတွေ ဘယ်ကနေလာသလဲ http://doctortintswe.blogspot.com/2015/01/fake-medicines-from-china-and-india-2.html

ဒေါက်တာတင့်ဆွေ
၁၁-၅-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး