Posts

Showing posts from December, 2015

2016

Image
• ၂ဝ၁၆ ခုနှစ်ဟာ ဂျော်ဂျီယန်ပြက္ခဒိန်အရ ရက်စုံနှစ်ဖြစ်ပြီး၊ သောကြာကစတယ်။ Common Era (CE) ပြက္ခဒိန်ကာလအရ ၂ဝ၁၆ နှစ်မြောက်နေ့ ဖြစ်တယ်။ ၁၈ ရာစုနှစ်ဖြစ်တယ်။ ၂၁ ထောင်စုနှစ်ထဲမှာ ၁၆ နှစ်မြောက် ဖြစ်တယ်။ • ကုလသမဂ္ဂ ၆၈ ကြိမ်မြောက်အစည်းအဝေးကနေ ၂ဝ၁၆ ခုနှစ်ကို International Year of Pulses ပဲမျိုးစုံနှစ်လို့ သတ်မှတ်ထားတယ်။ • ဇန္နဝါရီလထဲမှာ တိုင်ဝမ်မှာ သမတရွေးကောက်ပွဲရှိမယ်။ ပဌမဆုံးအမျိုးသမီးသမတ ဖြစ်လာကောင်းလာမယ်။ • မတ်လ ၈ ရက်နေ့ နေလုံးဝကြတ်မယ်။ • မတ်လ (၃ဝ) ရက်နေ့ မြန်မာနိုင်ငံမှာ သမတသစ်နဲ့ ဒုတိယသမတသစ်နှစ်ဦး တက်လာမယ်။ • သြဂုတ်လ ၅ ရက်ကနေ ၂၁ ရက်အထိ နွေရာသီအိုလံပစ်ပွဲတော်ကို ဘရာဇီးလ်နိုင်ငံမှာကျင်းပမယ်။ • နိုဝင်္ဘာလထဲမှာ အမေရိကန်သမတရွေးကောက်ပွဲကျင်းပမယ်။ အာစီယန်-အရှေ့အာရှခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးကို လာအိုနိုင်ငံမှာကျင်းပမယ်။ • ဒီဇင်္ဘာမှာ အမေရိကန် ပုလဲဆိပ်ကမ်းဗုံးကျဲခံရတာ ၇၅ နှစ်ပြည့်မယ်။ • ၂ဝ၁၆ ခုနှစ်ထဲမှာ ကမ္ဘာ့နိုင်ငံရေး ၄ ပုံ ၃ ပုံမှာ မှာအကတိလိုက်စားမှုထူပြောမယ်။ • တရုပ်ဆယ်နှစ်ရာသီခွင်အဆိုအရ မျောက်နှစ်ဖြစ်တယ်။ ကောင်းတဲ့နှစ်လို့ယူဆတယ်။ • ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချပ်သစ် ရွေးကောက်တင်မြှာက

As usual news မထူးတဲ့သတင်း

Image
နှစ်အကုန် နှစ်အကူး ဘာသတင်းထူးသလည်း။ မြန်မာပြည် ရခိုင်ဒေသက စီးပွါးရေးအထူးဇုန်တည်ဆောက်ဘို့ တရုပ် CITIC Group Corporation ဦးစီးတဲ့ (ကွန်ဆိုတီးယား) က အခွင့်ရသွားတယ်ဆိုတဲ့သတင်းနဲ့ အစိုးရသစ်မတက်မီမှာ တရုပ်မိုင်းတူးသမားတွေနေ မြန်မာ့ကျောက်စိမ်းတွေကို အစွမ်းကုန် ကမ်းကုန်အောင် တူးဖေါ်နေကြသတဲ့။ ဘနဖူး သိုက်တူးတယ်ဆိုတာ ထူးတဲ့သတင်းတော့ မဟုတ်ပါ။ ဒေါက်တာတင့်ဆွေ ၃၁-၁၂-၂ဝ၁၅

2016 ၂ဝ၁၆ မှာပေါ်လာပါစေ

Image
ကွန်မင့်ကနေ မေးခွန်းမေးတာ လျှော့မလာသေး။ ကွန်မင့်မှာ အရုပ်တွေ၊ စတစ်ကာတွေ လာတင်တာလည်း နည်းမသွားသေး။ အသက်-ကျား-မ မပြောမပြချင်သူလည်း စံချိန်မကျသေးပါ။ သူများလက်ရာတွေ ကူးတင်တာကို ကိုယ်တိုင် ကောင်း-မကောင်း၊ ကြိုက်-မကြိုက်လို့ ကီးဘုတ်နှိပ်တာလို အဆင့်တူ မထားချင်ပါ။ အဲလိုဟာတွေက နေရာတကာမှာတွေ့နေရလို့ အီနောက်လာတယ်။ (ဟုတ်) ဆိုတာရယ်၊ (ကျေးဇူး) ဆိုတာရယ်နဲ့ ဖြစ်နိုင်ရင် (မေးနည်းစည်းကမ်း) ကို (အီမိုအိုင်ကွန်) လို့ တံဆိပ်တုံးနှိပ်သလို လုပ်လိုရရင် သိပ်ကောင်းမှာပဲ။ သုံးရဖန်များလွန်းလှတယ်။ ကော်ပီ-အင်-ပေ့စ် လုပ်ရတာကိုက အချိန်မနည်းကုန်တယ်။ ၂ဝ၁၆ ထဲမှာ စည်းကမ်းကောင်းတာတွေ၊ အဆင်ပြေတာတွေ ပေါ်လာပါစေသတည်း။ ဒေါက်တာတင့်ဆွေ ၃၁-၁၂-၂ဝ၁၅

The Most Dangerous Times on the Road

Image
လမ်းပေါ်မတော်တဆဖြစ်မှု အဆိုးဆုံးကာလများ အရက်သောက်ရင်း ကားမောင်းလို့ လမ်းပေါ်မှာ မတော်တဆဖြစ်မှုတွေ ဆိုးဆိုးဝါးဝါးဖြစ်စေတယ်။ ၂ဝဝ၁ ကနေ ၂ဝဝ၅ အတွင်း National Highway Traffic Safety Administration (NHTSA) မှတ်တမ်းတွေအရ တနေ့မှာပျမ်းမျှ ၃၆ ယောက်သေဆုံးခဲ့တယ်။ ခရစ်စမတ်နေ့မှာ နေ့စဉ် ပျမ်းမျှ လူ ၄၅ ယောက်သေဆုံးတယ်။ နှစ်သစ်ကူးနေ့မှာ ၅၄ ယောက်သေဆုံးခဲ့တယ်။ နွေရာသီမှာသက်သာတယ်။ ဆယ်ကျော်သက်တွေအတွက် အဆိုးဆုံးရက် ၁ဝဝ ရှိတယ်။ Memorial Day အောက်မေ့ဘွယ်နေ့နဲ့ Labor Day လေဘာနေ့ကြားရက်တွေဖြစ်တယ်။ မေလနဲ့ သြဂုတ်လအတွေင်း ဟိုင်းဝေးလမ်းမတွေပေါ်မှာ ၁ဝ ယောက်ဖြစ်တာ ၉ ယောက်သေဆုံးတယ်။ အဆိုးဆုံးက ဟောလီးဒေးတွေမှာဖြစ်တယ်။ ဥပမာ ဇူလိုင်လ (၄) ရက် အမေရိကန်လွတ်လပ်ရေးနေ့။ ပျမ်းမျှ ၄၄ ယောက်သေတယ်။ ခရစ်စမတ်နဲ့ နှစ်သစ်ကူးရက်ကြားမှာ သေဆုံးနှုန်း ၃၄% တိုးလာတယ်။ ၄၅ ယောက်သာ သေရာကနေ ၅၄ ယောက်အထိသေးလာတယ်။ စက်တင်္ဘာ (၂) နဲ့ သြဂုတ်လ (၁၃) ရက်တွေက ဒုတိယနဲ့ တတိယလိုက်တယ်။ ဇူလိုင် (၁၅)၊ မေ (၂ဝ) နဲ့ နိုဝင်္ဘာ (၁၁) တွေက ဆက်လိုက်တယ်။ နှစ်သစ်ကူးအကြိုနေ့ ဒီဇင်္ဘာ (၃၁) ရက်က နံပါတ် (၇) လိုက်ပြီး၊ ၁၃ဝ ပျမ်းမျှသေတယ်။ မြန်မာပြည်မှာ အရက်မူးပြီး သေဆုံး ဒဏ်ရာ

ASCUS Pap abnormality သားအိမ်ဝစစ်ချက် ပုံမှန်မထွက်

Image
ဆရာရှင့် သားအိမ်ခေါင်းစစ်တာ မသင်္ကာစရာတွေ့တယ်လို့ပြောပါတယ်။ ဘာကိုလည်းဆိုတာတော့ မပြောပါဘူးရှင့်။ HPV ပိုးထပ်စစ်ဖို့ချိန်းထားပါတယ်။ positive ဆိုရင်လုံးဝမကောင်းဘူးလို့ပြောပါတယ်။ positive ဖြစ်ခဲ့ရင် ဘယ်လိုကုသမှုမျိုး ပြု လုပ်ရမလဲရှင်းပြပေးစေချင်ပါတယ်။ Pap smear/Pap test ဆိုတာ သားအိမ်ဝကိုစစ်ဆေးတာ။ HPV ဆိုတာ သားအိမ်ဝကင်ဆာကိုဖြစ်စေနိုင်တဲ့ ကြွက်နို့ပိုး ဖြစ်တယ်။ စစ်တဲ့အခါမှာ အဖြေ အမျိုးမျိုးထွက်လာနိုင်တယ်။ HPV vaccine ဆိုတာ သားအိမ်ဝကင်ဆာ ကာကွယ်ဆေး ဖြစ်တယ်။ အသက် ၉ နှစ်ကနေ ၂၆ နှစ်ကြား အမျိုးသမီးတွေကို ထိုးပေးရတယ်။ သားအိမ်ဝစစ်ဆေးတာ Pap normal ပုံမှန်သာရှိပြီး၊ HPV positive for high-risk လို့လည်းအဖြေထွက်တတ်တယ်။ လူက ဘာမှမဖြစ်ပဲ HPV ပိုးကူးစက်ခံထားရသူတွေမှာ အဲလိုဖြစ်နိုင်တယ်။ သားအိမ်ဝကအကောင်းသာရှိနေမယ်။ အဲလိုဖြစ်နေသူမှာ HPV ပိုးအမျိုးအစားက အန္တရာယ်ရှိတာမျိုးဖြစ်နိုင်တယ်။ အဲလိုဖြစ်နေတဲ့ဆဲလ်တွေ တွေ့တာကို ဆိုလိုတယ်။ အဲလိုတွေ့သူကို နောက်ထပ်စစ်ရမယ်။ ဥပမာ နောက် ၃ လ။ ကိုယ်ခံအားကနေ အဲလိုဖြစ်တာကို တိုက်ထုတ်လိုက်ရင်လည်း ကောင်းလာနိုင်တယ်။ အဖြေစာမှာ ASCUS ဆိုတာ Atypical Squamous Cells of Unknown Significan

Medical vocabulary ဆေးစာ ဝေါဟာရများ (အင်္ဂလိပ်-မြန်မာ)

Image
• Absorption = အစာ စုပ်ယူခြင်း၊ • Adrenal gland (အဒြီနယ်လ်-ဂလင်း) • Allergy (အလာဂျီ) = တခုခုနှင့်မတည့်ဖြစ်ခြင်း၊ • Amoeba = (အမီးဘား) ပိုး၊ • Angina pectoris (အင်ဂျိုင်နာပက်တိုးရစ်) = နှလုံးသွေးကြောကျဉ်း၍ရင်ပတ်မှပြင်းထံစွာနာခြင်း၊ • Anorexia, loss of appetite = အစားပျက်ခြင်း၊ စားခြင်စိတ်မရှိခြင်း၊ • Anus (အေးနပ်စ်) = စအို၊ • Aorta (အေအိုတာ) = နှလုံးမှထွက်သည့် အကြီးဆုံးသွေးလွှတ်ကြောကြီး • Arterioles (အာတီရီယိုးလ်းစ်) = သွေးလွှတ်ကြောမျှဉ်များ၊ • Asetabulum (အဆက်တဗျူလမ်) = ပေါင်ရိုးကဆက်သည့်နေရာရှိ တင်ပဆုံရိုးကွင်းမှအရိုး၊ • Basophil (ဘေဆိုဖီးလ်) = သွေးဖြူဥတမျိုး၊ • Benign (ဘီနိုင်း) = (ကင်ဆာ) မဟုတ်သော၊ အန္တရာယ်မရှိတတ်သော၊ ကင်ဆာမဟုတ်သောအခြေအနေ • Blood plasma (ပလာစမာ) = သွေးရည်ကြည်၊ • Blood vessel (ဘလတ်-ဗက်ဆယ်စ်) = သွေးကြော၊ • Brain = ဦးနှောက်၊ • Buttocks (ဘတ်တော့ခ်) = တင်ပါး၊ • C/C = Chief complaint = အဓိကတိုင်တန်းချက်၊ လူနာကပြောသည့် အဓိကအချက်၊ • Caecum (စေကမ်) = အူမကြီး၏အစပိုင်း၊ • Canine tooth = စွယ်သွား • Capillaries = သွေးကြောမျှဉ်များ၊ • Cardiovascular (ကာဒီယို-ဗတ

Medical vocabulary ဆေးစာ ဝေါဟာရများ

Image
- abdomen ဝမ်းဗိုက်၊ - abdominal discomfort ဗိုက်နာ (နေမထိထိုင်မသာ)၊ - abortion သားပျက် (ကိုယ်ဝန်ပျက်-ဖျက်)၊ - abrasion ပွန်းနာ၊ - abscess ပြည်တည်နာ၊ - ache ကိုက်ခြင်း၊ - Acne (အက်ဂနီစ်) ဝက်ခြံ - acupuncture အပ်စိုက်ကုနည်း၊ - acute ရက်တို၊ ချက်ချင်းဖြစ်သော၊ - Adam's apple ယောက်ျားများသာရှိသော လည်ပင်းအစိ၊ - ADD--attention deficit disorder ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါ၊ - ADHD--attention deficit hyperactivity disorder ပတ်ဝန်းကျင်ကို သတိမမူတဲ့ တက်ကြွသော စိတ်ရောဂါ၊ - adhesion ကပ်နေသည့် အမြှေး၊ တွယ်ကပ်ခြင်း၊ - admissions desk ဝင်ခွင့်ဆိုင်ရာ စားပွဲ၊ - adolescence လူငယ်၊ လူရွယ်၊ - adrenal gland (အဒြီနယ်လ်-ဂလင်း)၊ (ကျောက်ကပ် အထက်မှာရှိသည်) - adrenaline (အဒြီနယ်လင်း) (အဒြီနယ်လ်) က ထွက်သော ဟော်မုန်း၊ ဆေး၊ - advance health care directive ရှေးဦး ကျန်းမာရေး လမ်းညွှန်၊ - adverse reaction မတည့်သည့် တုံ့ပြန်မှု၊ - advice nurse အကြံပေး သူနာပြု၊ - afterbirth မွေးဖွါးပြီးနောက်၊ - AIDS--Acquired Immuno-Deficiency Syndrome ခုခံအား ကျဆင်းရောဂါ၊ - albuminuria ဆီးထဲမှာ (အယ်လဗ

A doctor’s wish ဘေးမသမ်းဘဲ အေးချမ်းကြစေသော်ဝ်

Image
အဝေးကဆေးဆရာနဲ့ အေးလှတဲ့အညာဆောင်း၊ ပြန်ပေါင်းထုတ်ဘို့ရာ ဆုတောင်းပေးကြတာ ကျေးဇူးကမ္ဘာ။ ငယ်ငယ်က သီချင်းကောင့်း့ ဆောင်းရယ်၊ နှင်းရယ်၊ ကိုယ့်မွေးဇာတိရယ် လွမ်းပါဘိတယ်။ ငယ်ငယ်က အာဂုံဆောင့့် မပူပေါင်နောက်ဆီက ချမ်းရော့ထင့်၊ အဖြူစောင် ခေါက်ထည်ကြမ်းကိုလ လွှမ်းတဲ့လို့ လွှားကာခြုံ၊ ပါးမှာငုံပါလို့နုဝါကွမ့်း့ ငယ်ငယ်က ဖတ်တဲ့ကဗျာ့ ချမ်းပုံမှာ ကမ်းကုန်အောင်ဖြစ်တာမို့၊ လွမ်းပုံကို လမ်းဆုံကသာ ဟစ်လိုက်ချင်တော့တယ်။ အချမ်း၊ အလွမ်း၊ အတမ်းတွေ ဘယ်လိုရှိပါစေ၊ မွေးမြေကလူအပေါင်းအတွက် နွေးထွေးစွာဆုတောင်းလျှက်။ မြန်ပြည်သားတွေ ဘယ်မှာနေနေ၊ ကျန်းမာချမ်းသာကြပါစေ။ ဒေါက်တာတင့်ဆွေ ၃ဝ-၁၂-၂ဝ၁၅

The Voice of Hope

Image
မျှော်လင့်ချက်ရောင်ခြည်စာအုပ်ကို ၁၉၉၇ ခုနှစ်မှာ နယူးယောက် Seven Stories Press ကနေထုတ်ဝေခဲ့တယ်။ အဖုံးမှာ ဒေါ်စုမျက်နှာပုံနဲ့။ ၂ဝဝ၈ ခုနှစ်မေလမှာ ထပ်ပြီးထုတ်ဝေတော့ သံဃာတော်တွေဆန္ဒပြနေတဲ့အဖုံးနဲ့ ဖြစ်လာတယ်။ (အယ်လင် ကလီမင့်) ကနေ ဒေါ်အောင်ဆန်းစုကြည့်ကို အင်တာဗျူးတွေ စဉ်တိုက်ဆက်တိုက်လုပ်ပြီး ထုတ်ဝေတာပါ။ စာရေးသူဟာ ဗုဒ္ဓဘာသာဝင်ဘုန်းကြီးဝတ်ခဲ့တဲ့ ပဌမဆုံး အမေရိကန်လူမျိုးဖြစ်ပါတယ်။ ရန်ကုန် ဘုန်းကြီးကျောင်း တကျောင်းမှာ ၅ နှစ်နေခဲ့တယ်။ စာအုပ်ဝေဖန်ရေးသမားတွေက ဒေါ်စုကို ဗုဒ္ဓဘာသာကိုရိုသေကိုင်းရှိုင်းသူလို့ရေးကြပါတယ်။ ဒီစာအုပ်မှာ ဝိဉာဉ် (နမ်တရား) ပိုင်းနဲ့ နိုင်ငံရေး ဆက်စပ်နေတာတွေပါတယ်လို့ဆိုကြပါတယ်။ စာအုပ်ထုတ်ပြီးကတည်းက (အယ်လင် ကလီမင့်) မြန်မာပြည်ဝင်ခွင့်ဗီဇာ ရာသက်ပန်ပိတ်ခံလိုက်ရပါတယ်။ ဒီစာအုပ်ဟာ မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းမှုရဲ့အသည်းနှလုံးထိရောက်အောင်သွားဘို့ကြိုးစားခဲ့တာဖြစ်တယ်။ ၁၉၉၅ ခုနှစ် ပဌမအကြိမ် နေအိမ်အကျယ်ချုပ်ကနေလွတ်လာအပြီး ကိုးလကြာအင်တာဗျူးတွေလုပ်ခဲ့ရတယ်။ ဒေါ်စုဟာ မေးခွန်းတွေကို တိုက်ရိုက်ဖြေတယ်။ စူးစူးရှရှရှိတယ်။ မပျက်ယွင်းတဲ့မေတ္တာစိတ်နဲ့ မျှော်လင့်ချက်ကြီးကို သူဘယ်လို ဆက်ပြီးထိန်းထားခဲ့သ

Cartilage growing to rebuild body parts

Image
အရိုးနုကို ဓါတ်ခွဲခန်းထဲမှာ မွေးမြူပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ အစားထိုးဘို့ အသုံးပြုနိုင်ပါတော့မယ်။ နှာခေါင်း၊ နားရွက် ပျက်စီးသွားသူတွေအတွက် ၃ နှစ်သာစောင့်ရပါတော့မယ်။ အစားထိုးဘို့လိုသူရဲ့ ကိုယ်ပိုင် အရိုးနုတစ်ရှူးကိုမွေးယူ၊ ဆေးရည်နဲ့ရောပြီး ဂျယ်လီလို သရီးဒီပုံဖေါ်ပေးမှာပါ။ ပြီးရင်တခါ အင်ကျူဘေတာထဲမှာ ပြန်မွေးရပါမယ်။ အင်္ဂလန်နိုင်ငံ ဆွန်ဆီးစ်ကဆရာဝန်တွေကစမ်းသပ်နေတာဖြစ်ပါတယ်။ နောက်ဆိုရင် အရိုး၊ ကြွက်သားနဲ့ သွေးကြောတွေကိုပါ အဲလိုမွေးယူနိုင်လာပါအုန်းမယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၁၂-၂ဝ၁၅ http://www.bbc.com/news/uk-wales-south-west-wales-35140916

Contraception Natural Method သဘာဝနည်းနဲ့ ကိုယ်ဝန်တားဆီးခြင်း

Image
Dr. သမီး တခုလောက်အကြံဥာဏ်တောင်းချင်လို့ပါရှင့်။ သဘာဝနည်းနဲ့ တားဆေး သိချင်ပါတယ်ရှင့်။ ကိုယ်ဝန်တားဘို့ရာ သဘာဝနည်း (၃) နည်းရှိပါတယ်။ (၁) ရက်ရှောင်နည်း၊ (၂) သုက်အပြင်ထုတ်နည်း နဲ့ (၃) ကလေးနို့တိုက်ခြင်းနည်းတွေဖြစ်တယ်။ ရာသီလာရက်ရဲ့ ရှေ့ ၇ ရက်၊ ရာသီလာပြီး နောက် ၇ ရက်တွေမှာ အတူနေတာ စိတ်ချရတယ်လို့ ပြောကြတာက အကြမ်းသဘောပြောကြတာဖြစ်တယ်။ ရာသီတလတိုင်းမှာ ကိုယ်ဝန်မရနိုင်တဲ့ရက်တွေက ၂ ပိုင်းရှိတယ်။ ရာသီမလာခင် တပိုင်းနဲ့၊ ရာသီလာပြီးတပိုင်း။ မ-မျိုးဥ မထွက်ခင်နဲ့ ထွက်ပြီးချိန်တွေဖြစ်တယ်။ ရာသီဆင်းတာက ကိုယ်ဝန်နဲ့ တိုက်ရိုက် မပတ်သက်ပါ။ မ-မျိုးဥကသာ ကိုယ်ဝန်ရစေတာဖြစ်ပါတယ်။ ရက်တွက်နည်း ၂ နည်းရှိတယ်။ (၁) Standard Days Method (ဂျော့ခ်ျတောင်း) တက္ကသိုလ်က လုပ်ထားတဲ့နည်းဖြစ်တယ်။ • ရာသီတလဟာ ၂၆ ရက်ကနေ ၃၂ ရက်အထိရှိသူတွေ သုံးနိုင်တယ်။ • ၁ ကနေ ၇ ရက်အတွင်းမှာ ကိုယ်ဝန်မရနိုင်ဘူး။ (ဒီရက်တွေထဲမှာ ရာသီဆင်းနေတဲ့ရက်တွေလဲ ပါနေတာကို သတိပြုပါ။) • ၈ ကနေ ၁၉ ရက်အတွင်းမှာ ကိုယ်ဝန်ရနိုင်တယ်။ • ၂ဝ ရက်ရဲ့နောက် ကိုယ်ဝန်မရနိုင်ဘူး။ ဒိနောက်မှာ ရာသီလာမယ်။ လာနေတုံးလဲ မရနိုင်ဘူး။ ဒိနောက် ၁ ကနေ ၇ ရက်ဆိုတာ ပြန်ရောက်သွားပြီ။ • စိတ်မချ

Water Birth ရေထဲမှာ ကလေးမွေးခြင်း

Image
ဒေလီမှာ ယမုန်နာဆေးခန်းလေးဖွင့်တုံးက မွေးလူနာတွေကို ၂ဝဝ၆ နိုဝင်္ဘာလကစပြီး မွေးပေးခဲ့တယ်။ အိန္ဒိယကနေ ထွက်လာရတဲ့အထိ ကလေးပေါင်း ၃၄၉ ယောက်ကိုမွေးပေးနိုင်ခဲ့တယ်။ သားဖွားပညာကို ဘာတခုမှမသိသေးတဲ့ ဒုက္ခသည်အမျိုးသမီး ကြီးငယ်တွေကိုစာသင်ပေးဘို့ သင်္ခန်းစာတွေပြင်ရတယ်။ အရံသားဖွါးသင်တန်းလည်း တခါ ပေးရတယ်။ စာသင်ရင်း (မာလ်တီမီဒီယာ) နဲ့ပြတော့ ပုံမှန်မီးဖွားနည်းတွေအပြင် ရေထဲမှာကလေးမွေးနည်းလည်း ခပ်တိုတိုပြောပြဖြစ်ပါတယ်။ ကနေ့တော့ ကွန်မင့်မှာမေးလာတယ်။ တင်ထားတဲ့ပို့စ်က မေးနည်းစည်းကမ်းနဲ့မဟုတ်ပဲ ကွန်မင့်မှာ ပို့စ်နဲ့မဆိုင်တာမေးဘို့ မသင့်ကြောင်းရေးတာ။ မေးတာက အဲဒီအတိုင်း ပြောင်းပြန်လုပ်တယ်။ ပို့စ် = Deep Sigh ဟင့်း့ ကွန်မင့် = Katharine Dawi ဆရာ နိုင်ငံခြားမှာ ရေဇလုံထဲ ကလေးမွေးတာတွေတွေ့နေရတယ် ဘာထူးခြားလို့ပါလဲဆရာ Tint Swe ပို့စ်ကိုမဖတ်ပဲ မေးတာလို့ထင်ရတယ်။ မေးနည်းစည်းကမ်းအရသာမေးပါရန် (သို့) ဘလော့ခ်မှာ ဖတ်ပါရန်။ ရေထဲမှာ ကလေးမွေးခြင်း မြန်မာပြည်မှာတော့ ရေထဲဆင်းပြီးကလေးမွေးတာ လုပ်ကြတယ်မထင်ပါ။ နေရာတကာတော့ မရောက်ဘူးပါ။ တချို့ တိုင်းပြည်တွေမှာ ရေချိုးကန်ထဲဆင်းပြီး ကလေးမွေးကြတာရှိတယ်။ ယူကျုနဲ့ ဖေ့စ်ဘွတ်မှာ ဗီဒီယ

Birth control methods for you တားနည်း-တားဆေး ဘယ်လိုရွေးမလည်း

Image
ဆရာ သမီးကအသက် ၃၀ ပါဆရာ။ သမီးကအရင် ၃ လခံထိုးတာဆရာ။ လူကဝလာလို့ ကွန်ဒွမ်သုံးတာဆရာ။ ကွန်ဒွမ်သုံးရင် ကလေးရနိုင်လာသိချင်းလို့ပါဆရာ။ ကျေးဇူးပြုပြီးဖြေပေးပါအုန်းဆရာ။ အခု ကလေးနှစ်ယောက် ရှိတယ်ဆရာ။ ဖြစ်နိုင်ရင်ကလေးမယူချင်းတော့လို့ပါဆရာ။ ခုသမီးက ရာသီလာရက် ၄ ရက်ကျော်သွားလို့ပါဆရာ။ ၁။ Birth Control Pill ကိုယ်ဝန်တား စားဆေးများ က။ လူအများဆုံးသုံးတဲ့ ဟော်မုန်းနှစ်မျိုးတွဲဆေး ခ။ Minipill (Progestin-Only) (မီနီ-ပီးလ်) ၂။ Depo Provera (ဒီပို) ၃ လခံ ထိုးဆေး ၃။ IUCD/IUD သားအိမ်ထဲ ပစ္စည်းထည့်နည်း ၄။ Birth Control Implant ကိုယ်ဝန်တား အရေပြားအောက်ထားရတဲ့ ဆေးချောင်း ၅။ Birth Control Patch ကိုယ်ဝန်တား ဆေးကပ်ခွါ ၆။ Male Condom ယောက်ျားသုံး (ကွန်ဒွမ်) ၇။ Female Condom အမျိုးသမီးသုံး (ကွန်ဒွမ်) ၈။ Vaginal Ring (ဗဂျိုင်းနား) ထဲထည့်ရတဲ့ ကွင်း ၉။ Cervical Cap သားအိမ်ဝ အပိတ် ၁ဝ။ Diaphragm သားအိမ်ဝ အဖုံး ၁၁။ Birth Control Sponge သုက်ပိုးသတ် ဆေးမြှုပ် ၁၂။ Spermicide သုက်ပိုးသတ်ဆေး ၁၃။ Calendar method နေ့ကောင်းရက်သာရွေးနည်း ၁၄။ Vasectomy ယောက်ျား သားကြောဖြတ်ခြင်း ၁၅။ Tubal Ligation အမျိုးသ

New Year Healthy Life Choices နှစ်သစ်အတွက် အကြံပြုချက်

Image
• ကင်ဆာ (၁ဝ) မျိုးထဲက (၄) မျိုးဟာ လူနေမှုပုံစံပြင်တာနဲ့ ကာကွယ်နိုင်တယ်လို့ (ယူကေ) နိုင်ငံ ကင်ဆာ သုတေသန အသင်းရဲ့နောက်ဆုံးတွေ့ရှိချက်က ဆိုပါတယ်။ • ၂ဝဝ၇ ကနေ ၂ဝ၁၁ အတွင်း လူနာပေါင်း ၃ သိန်းကို ၅ နှစ်တာ လေ့လာမှုအရ ဆေးလိပ်ဖြတ်ခြင်းကနေ ကင်ဆာကို ရှောင်ရှားနိုင်စေတယ်။ • ကင်ဆာကိုရှောင်ဘို့ နောက်တနည်းက ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက် ရွေးချယ်တတ်မှုဖြစ်ပါတယ်။ လူပေါင်း ၁၄၅ဝဝဝ မှာ ပြုပြင်ထားတဲ့အစားအသောက်နဲ့ ကင်ဆာဆက်စပ်နေကြတယ်။ • အရက်ကိုဆင်ခြင်ဘို့နဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဘို့လဲ ပါဝင်တယ်။ ၆၂၂ဝဝ ယောက်မှာ ကင်ဆာနဲ့အရက် ဆက်စပ်နေကြတယ်။ • ၈၈ဝဝဝ ယောက်မှာ အဝလွန်တာနဲ့ ကင်ဆာဆက်စပ်နေကြတယ်။ • နေလောင်ခံရတာလဲ ကင်ဆာနဲ့ဆက်စပ်တယ်။ • ဆေးလိပ်၊ အရက်၊ အစားအသောက်၊ အဝလွန်တာနဲ့ နေလောင်ခံရတာတွေက ကင်ဆာဖြစ်စေတဲ့ (၅) ချက်ဖြစ်တယ်။ • လူဦးရေ ၆၁ သန်းရှိတဲ့ (ယူကေ) မှာ အဲလို ကာကွယ်နိုင်မဲ့သူပေါင်း ၆ သိန်းရှိတယ်။ • သန်း ၅ဝ ကျော်တဲ့ မြန်မာပြည်မှာ လူဦးရေ ၅ သိန်းကို ကင်ဆာဖြစ်မှာကနေ ကာကွယ်နိုင်စရာရှိတယ်။ • ၂ဝ၁၆ မြန်မာနှစ်သစ်မှာ ဒီအကြံပြုချက်ကို လိုက်နာကြပါလို့ အကြံပြုလိုက်ပါရစေ။ ဒေါက်တာတင့်ဆွေ

My yearning နှစ်သစ်ဆုတောင်း

Image
မနှစ်အကုန်က ရေးတဲ့စာ။ နှစ်သစ်ကူးပြန်တော့မယ်။ ဆုတောင်းပေးကြသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဆုတောင်းပေးသူတွေ ဆုတူရကြပါစေ။ ကျွန်တော့်လက်တဖက်ကို နိုင်ငံရေးအတွက်သုံးပါတယ်။ ဆေးကုရာမှာ ဆုတောင်းတာတခုတည်းနဲ့မရသလို နိုင်ငံရေးမှာလည်း သင့်တဲ့ကုထုံးအတိုင်းသာ လိုက်နာလုပ်ဆောင်ရပါမယ်။ ရောဂါလဲသိတယ်။ ဆေးလဲသိတယ်။ ခက်တာက နာတာရှည်လူမမာကို ဆရာဝန်က ဆေးလေးလုံး ထိုးပေးချင်တယ်။ တယောက်က ဆေး ၅ ခွက်သောက်ရင် မရဘူးလား။ အိမ်နီးချင်းကနေ ၆ ခွက်၊ ဧည့်သည်က ၁၂ ခွက်သောက်ပါတဲ့။ ကျွန်တော့် ဆုတောင်းကတော့ လာမဲ့နှစ်မှာ လူမမာနဲ့ဆရာဝန် တွေ့ခွင့်ရစေချင်တာပါပဲဗျာ။ ဘယ်လောက် ကျေနပ်ဘို့ကောင်းသလည်း။ မနှစ်ကဆုတောင်းတာ ပြည့်ခဲ့တယ်။ သမားတော်ဇီဝက ဆေးကုသရရင် သူ့လူနာမသေရဘူးတဲ့။ သေမယ့်လူနာကလည်း ဇီဝကနဲ့မတွေ့လိုက်ရဘူးတဲ့။ ကျွန်တော် ဇီဝကဆုသာမက လူနာ သန်း ၅ဝ ကုသခွင့်ရဘို့ရာလည်း ဆုတောင်းမယ်။ ပါရမီတော့ဖြည့်ရမယ်။ ဒေါက်တာတင့်ဆွေ ၃ဝ-၁၂-၂ဝ၁၅

500,000 years from now နိမိတ်ဖတ်ခြင်း

Image
Ashin Kavissara ဆရာရေ ခက်ခဲတဲ့ကိစ္စက သဘာဝတရားပါ။ ဘယ်သန်တဲ့လူက ညာလက်ကမသန်ပါဘူး။ ညာသန်တဲ့သူက ဘယ်လက်မသန်ပါဘူး။ နှစ်ဘက်စလုံးသန်တဲ့သူက တကယ့်လူတော်ပါ။ Tint Swe တင်ပါ့။ မသန်တဲ့လက်ကို မသုံးတာကြာရင် ကြုံလှီသွားတော့တယ်။ Atrophy (အထရိုဖီ) ဆိုတာ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ကြုံလှီတဲ့ရောဂါဖြစ်တယ်။ ကိုယ်ခန္ဓာနေရာတကာမှာဖြစ်တတ်တယ်။ မျိုးဗီဇမူမမှန်လို့ ဖြစ်နိုင်တယ်။ အာဟာရမလုံလောက်လို့၊ သွေးမဝလို့၊ ဟော်မုန်းမလောက်ငလို့၊ အာရုံကြောချို့ယွင်းလို့၊ Apoptosis of cells ဆိုတာတွေလွန်ကဲလို့၊ အသုံးမချလို့ (အထရိုဖီ) ကြုံလှီတာဖြစ်လာစေနိုင်တယ်။ ကြွက်သားတွေက သိသာတယ်။ အလေးမရင် ကြီးသန်လာတယ်။ မသုံးရင် သေးပိန်လာတယ်။ ဒီဖြစ်စဉ်ကို ဇီဝကမ္မ ဖြစ်စဉ်လို့ ပြောနိုင်တယ်။ ထုထည်သေးသလို အားလည်းလျှော့နည်းမယ်။ အိပ်ယာထဲမှာ အကြာကြီးနေရသူတွေ၊ ကျောက်ပတ်တီးကြာကြာစီးထားတဲ့နေရာ။ အဲတာမျိုးက ကိုလ်လက်လေ့ကျင့်ခန်းနဲ့ ရင်းစားပြန်ရနိုင်တယ်။ တချို့ကြ ရောဂါဖြစ်တယ်။ AIDS ရောဂါရလာရင် တကိုယ်လုံးသေးကွေးကြုံလှီလာတာကို Cachexia လို့ခေါ်တယ်။ နှလုံးရောဂါနဲ့ အသည်းရောဂါတွေကနေလည်း ရစေနိုင်တယ်။ ဇရာသဘောအရ အဲလိုနည်းနည်းလာတာကို Sarcopenia လို့ခေါ်တယ်။ သွေးဆုံးပြီး

Hollow school ရွှေကျောင်းပြောင်ပြောင်

Image
ခုတလော ပညာရေးစနစ်ပြုပြင်ရေးမှာ NLD နဲ့ တက်ကြွလှုတ်ရှားသူတွေနဲ့ သဘောထားခြင်း မတိုက်ဆိုင်တာတချို့ ဖြစ်နေတယ်။ အခမဲ့ပညာရေးစနစ် လုပ်သင့်မလုပ်သင့်နဲ့ အခုလုပ်သင့်မလုပ်သင့်။ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ဆိုတဲ့စကားလည်း အားလုံးသိပါတယ်။ စဉ်းစားတွေးခေါ်မှု အားမပေးခြင်းကြောင့် ပညာရေးစနစ်ကျဆင်းခဲ့တာပါလို့ ဒေါ်အောင်ဆန်းစုကြည့်က တိုကျိုတုံးက ပြောခဲ့ဘူးတယ်။ မြန်မာပြည်မှာ ကျောင်းသားတွေက အလွတ်ကျက်မှတ်တဲ့အစဉ်အလာရှိပြီး သူတို့ကြီးလာတော့လည်း သူများကို မေးခွန်းထုတ်ရမှာ အားနာတတ်တယ်လို့ လူမျိုးအလိုက်ကို ကောက်ချက်ချတာခံကြရတယ်။ အမေရိကာမှာ ဘယ်သူကမဆို မေးခွန်းမေးလေ့ရှိတယ်။ အမေးခံရသူက ကျောင်းဆရာဖြစ်ဖြစ်၊ အမတ်ဖြစ်ဖြစ် သမတဖြစ်ဖြစ် မေးတာကိုသဘောကျကြတယ်။ တလောက အိမ်မှာတင်စကားပြောကြရင်းနဲ့ ထောက်ပြတာလေးတခုရှိတယ်။ အမေရိကန်တွေက မေးခွန်းမေးဘို့ပဲ ကျောင်းမှာသင်ပေးတယ်။ ကိုယ်တိုင်စဉ်းစားတွေးခေါ်ယူဘို့ သင်မပေးဘူးတဲ့။ အိုင်းရစ်လူမျိုးက ပြောတာပါ။ အိုင်းရစ်ဆိုတာ အင်္ဂလန်နဲ့ဆက်နေတဲ့ အိုင်ယာလန်နိုင်ငံသားတွေကို ခေါ်တာပါ။ အိုင်းရစ်တွေ တွေးခေါ်တာ တော်ကြပါသလား။ နာမည် (၄) ခုသာ ပေးပါရစေ။ ၁။ (ဂွန်နာသန် ဆွစ်ဖ်) ၃ဝ-၁၁-၁၆၆၇ - ၁၉-၁ဝ

Self-styled medicines ကြော်ငြာဆေး ဘေးဖြစ်နိုင်တယ်

Image
ဆရာရှင့် သမီးအသက် ၂၃ ပါ။ အရပ် ၅ ပေ၊ ပေါင် ၁၆ဝ ပါ။ ခါးအဆစ်ဟပြီး ခါးအဆစ်ကြားထဲက အရိုးနုပြားက ညာဘက် ခြေထောက်ကိုသွားတဲ့ အာရုံကြောကို ဖိမိခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့နှစ်က ဖြစ်ခဲ့တာပါ။ အဲ့ဒါကြောင့် ကိုယ်အလေးချိန်ချတဲ့နေရာမှာ လေ့ကျင့်ခန်းလုပ်ရင် ခါးကပြန်နာပါတယ်။ Belly exercise မျိုးလုပ်လို့ သိပ်အဆင် မပြေပါဘူး။ လမ်းများများလျှောက်ရင်လဲ ခါးကပြန်နာတတ်ပါတယ်။ အစားလျှော့တာတော့လုပ်ပါတယ်။ အမှန်ပြောရရင် အစားလျှော့တာ သိပ်မအောင်မြင်ပါဘူး။ အဲဒီတော့ အခု Facebook မှာ ကြော်ငြာနေတဲ့ ဘန်ကောက်က ပိန်ဆေးဆိုတာ မှာသောက်ပါတယ်ဆရာ။ ၁ လစာ ၅ သောင်းပါ။ ဆေးတွေက ယိုးဒယားလိုရေးထားပါတယ်ဆရာ။ မနက် ၄ လုံး ည ၄ လုံးပါ။ ဆရာ့ကို ဓာတ်ပုံရိုက်ပို့ပါ့မယ်။ Yan Hee Hospital ဆိုတဲ့ဆေးရုံကပါဆရာ။ အရပ် ကိုယ်အလေးချိန် ရောဂါရာဇဝင် ဆေးမတည့်တာ ရှိမရှိ၊ အရက်သောက်မသောက်။ Form ဖြည့်ရပါတယ်ဆရာ။ ဟိုက ဆရာဝန်က သင့်တော်တဲ့ ဆေးပေးတယ်လို့ ပြောပါတယ်။ သောက်ဖူးသူအသိတွေကလဲ ၁ လကို ၁ဝ ပေါင်လောက် အနည်းဆုံး ကျပါတယ်တဲ့ဆရာ။ ဆေး ၂ ခွက်ဘဲသောက်ရပါသေးတယ်ဆရာ။ တိုက်ဆိုင်တာလား သူ့ဆေးရဲ့ side effect ပဲလား မသိဘူးဆရာ။ သောက်တဲ့နေ့ဘဲ အဖျားတက်ပါတယ်။ ခေါင်းမထူနိုင်အောင် ကိုက်ပါတ