Monday, December 21, 2015

Banana Bags ငှက်ပျောသီးအိတ်

ကျွန်တော်တို့လူမျိုးတွေမှာ တဆိတ်ရှိ (ဒရစ်ပ်) ချိတ်ချင်ကြတယ်။ အားနည်းနေလို့၊ ခေါင်းမူးလို့၊ ထမင်းမစားချင်လို့ဆိုပြီး ပုလင်းကြီးချိတ်ပေးပါလို့ ဆရာဝန်၊ ဆရာမတွေကို လာလာပြောကြတယ်။ အများပြောတဲ့ (ဒရစ်) ခေါ် (ပုလင်းကြီး) ထဲမှာ ဘာပါသလည်း။ ရေ ၅ဝဝ စီ နဲ့ သကြား ၅% သာပါတယ်။ ရေနှစ်ဖန်ခွက်ထဲမှာ သကြား ၂ ဇွန်းလောက် ထည့်သောက်တာနဲ့ အတူတူပါပဲ။ ပုလင်းချိန်ပြီး ဆီးထသွားတော့ ရေအပိုကကုန်ရော။ (ဒရစ်ပ်) ထဲမှာ ဗီတာမင်ထိုးဆေး ထည့်ရင်တော့ အဲတာရမယ်။ ပိုက်ဆံတတ်နိုင်သူတွေက (မိုရီယာမင်) သွင်းချင်ကြတယ်။ ဖက်ရှင်သာသာပါ။

ကနေ့ခေတ်မှာ မစားနိုင်မသောက်နိုင်နေတဲ့လူနာတွေ၊ အရက်နာကျနေသူတွေ၊ အရက်မူးလွန်သူတွေကို (ငှက်ပျောသီး) အိတ် ချိတ်ပေးပါတယ်။ ICU အရေးပေါ်ကုသခန်းရောက်လာသူလူနာတွေကိုလည်း သွင်းပေးရတယ်။

အထဲမှာ ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေရောထားတယ်။ ရေတလီတာထဲမှာ
- Thiamine ဗီတာမင် ဘီ-၁ = 100 mg
- Folic acid ဖေါလစ်အက်စစ် = 1 mg
- Magnesium sulfate မက်ဂနီဆီယမ် ဆာလ်ဖတ် = 3 g
- MVI ဗီတာမင်မျိုးစုံထိုးဆေး ၁ဝ စီစီတလုံးကျထည့်မယ်။

ညတုံးက အရက်သောက်များပြီ အလုပ်ထဲမှာ မလန်းမဆန်းဖြစ်နေသူတွေကို Hangover Club ကိုသွင်းပေးနိုင်တယ်။
- 1000ml + Lactated Ringer IV Solution
- Choice of Nausea or Pain Rx Medication
- Super B's Vitamin Booster
- Glutathione Detox Push
- Liquid Magnesium
- High Dose Vitamin C တွေပါတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၁၂-၂ဝ၁၅

No comments:

Post a Comment

Note: Only a member of this blog may post a comment.

လည်းကောင်း နဲ့ ၎င်း

၁။ ဆရာ ၎င်းရဲ့ စာလုံးဟာ  ငသတ်ရှေ့က အက္ခရာကို ဘယ်လိုခေါ်ရပါသလဲခင်ဗျာ။ ၎င်း လည်းကောင်း ဆက်စပ်ရာ ပြပုဒ်တွေဟာ ဝါကျအထားအသို မတူကြဘူးဆရာ။ သတင်းစာတွေမှာေ...