Ignorance ကလေးမဟုတ်တော့ဘူး

ပို့စ်တွေမှာ လိုက်ခ် များ-မများတာထက် ဘလော့စရာ ပေါ်ရင် အဲတာ ထိသွားလို့။
ထိုင်းသတင်းရေးတော့ အဘောက်မှာ ဘာတခုမှရေးမထားပဲ၊ ကွန်မင့်မှာ အများကြီးလာရေးတဲ့သူတွေကို ဘလော့ လိုက်ပါတယ်။
သတင်းပူတွေလာတိုင်း ဘလော့စရာပေါ်စမြဲပဲ။ ကိုးကန့်တုံးကလည်းမထူးဘူး။ ဘာသာရေးသတင်းတော့ ပြောမနေနဲ့။
သတင်းဟော့တာ ပေါ်လာတိုင်း ပရိုဖိုင်းကလည်း ချိန်းကြပြန်ရော။ ခေတ်ကမီသေးတာ။ ပြင်သစ်မှာဖြစ်လည်း အဖြစ်သည်းကြတယ်။
ငယ်စဉ်နုစဉ်မှာ အပြောင်းအလဲများတာကတော့ သဘာဝပါ။ တချို့ကြ နာမည်ခဏခဏပြောင်းတာ ဝါသနာပါကြသတဲ့။
သိုင်းကားတွေခေတ်ပြီးတော့ ကိုရီးယားကားတွေခေတ် ရောက်လာတယ်။ ကြားထဲမှာ ဟုတ်တာ မဟုတ်တာအပထား၊ မျိုးချစ်စိတ်ဆွပေးတာမျိုးက အကယ်ဒမီရတယ်။
အဲလိုလူတွေများတဲ့တိုင်းပြည်မျိုးကို ဆိုက်ဝါးသမားက အုပ်ချုပ်ရတာလွယ်သတဲ့။
ရုရှားမှာတော့ ထောက်လှမ်းရေးက အုပ်ချုပ်နေတယ်။ ယူအက်စ်မှာလည်း စီအိုင်အေကနေလာတဲ့သမတတွေရှိတယ်။
တရုပ်မှာ ခုနောက်ပိုင်း တက်ကနိုခရက်တွေ နေရာရလာကြတယ်။ ထိုင်းမှာ ယူနီဖေါင်းဝတ်က ပြန်ရောက်လာတယ်။
မြန်မာပြည်မှာတော့ ပြောင်းစပြုလာပြီ။ အပေါ်ကပြောင်းရင် အောက်ကလည်းပြောင်းမှ။ မဟုတ်ရင် ထိုင်းလိုပဲ သံသရာလည်နေမယ်။
လက်လွှတ်လိုက်ရသူတွေက အကြံကြီးတယ်။ ကိုယ်က စိတ်ငယ်နေလို့ကတော့ဖြင့့်။

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး