Merry Xmas Everybody

ပြည်ခိုင်ဖြိုးအစိုးရတက်တော့ အပြင်နေသူတွေတချို့ ပြန်ကြသွားကြတဲ့သတင်းတွေနဲ့ ဓါတ်ပုံတွေ တွေ့ခဲ့ရတယ်။ အပြင်မှာ နေကြရတာသာတူပေမဲ့ တခြားဟာတွေမှာ မတူကြဘူး။ မတူကြတာ သဘာဝပါ။ တချိန်မှာတွဲပြီး တချိန်မှာတခြားစီ လုပ်ကြတာလဲ ဓမ္မတာပါဘဲ။ ခုထိတော့ အလည်တောင်မှ မပြန်နိုင်သေးပါ။ သူများပြန်လို့ မပြန်နိုင်ပေမယ့် သူများပျော်လို့ မပျော်နိုင်တော့ မဟုတ်ပါ။

ကိုယ့်အကြောင်း အကောင်းချည်းရေးတာသာဖတ်ရလို့ အထင်ကြီးသူတွေက ဆရာ့ကို မခေါ်ဘူးလားမေးကြတယ်။ ဆရာဝန်လုပ်တုံးက တောမှာ၊ နိုင်ငံရေးလုပ်တာကလည်း နယ်မှာဆိုတော့ နေပြည်တော်မပြောနဲ့ ရန်ကုန်တို့ ဗဟိုတို့မှာ ကိုယ့်သိတဲ့သူ လက်ချိုးရေတွက်ရင် တဖက်စာသာရှိမယ်။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ကိုယ့်ပါတီကနိုင်တော့ ဒေါ်စုနဲ့ မဆက်သွယ်ဘူးလား မေးတာလည်းရှိတယ်။ ကျွန်တော်က လျှောက်လွှာတင်ပြီး အလုပ်ရှာတာနဲ့ မတူဘူးပဲထင်တယ်။ ဒီအချက်တွေက မေးလို့ဖြေတဲ့သဘောပါ။

(၁) အထဲကအင်အားကို အရေအတွက်ရော အရည်အချင်းပါ ယုံကြည်လို့ပါ။

(၂) ပြည်ပရောက်တွေမှာ နာမည်ကောင်းတာမရှိပါလို့ ယေဘုယျပြောနိုင်တယ်။ NCGUB ကို အထင်မကြီးပါ။ NLD/LA လည်းအတူပဲ။ အဲဒီ (၃) မျိုးထဲမှာ ကျွန်တော်ပါတယ်။ ကျွန်တော်ကတော့ တခြားလူတွေနဲ့ မတူပါဗျာလို့ပြောတာဟာ နိုင်ငံရေးစော်ကားမှုသာဖြစ်မယ်။

ဒေလီမှာနေတုံး စဉ်းစားထားတယ်။ ငါပြန်ရင် ထွက်ပြေးရတုံးကလို နယ်စပ်ကနေ ခြေလျင်ပြန်ဝင်တာပဲ ကောင်းမလား။ တောလမ်းတွေ တောင်တန်းတွေမှာ ကိုယ့်မသိလည်း ဧည့်ဝတ်ကျေတတ်သူတွေရှိတယ်။ နိုင်ငံရေးကြောင့် ပြေးကြရတယ်ဆိုတာ သိသွားတော့ ခါးပုံကြားထဲက ကြက်ဥထုတ်ပေးသေးတယ်။ လေယာဉ်မယ်လေးတွေ ကျွေးတာထက် အရသာရှိတယ်လို့ထင်တယ်။

ချင်းတောင်တန်းပေါ်မှာ ၆ ရက် ၅ ညကြာခရီးရှည်အတွင်းမှာ ကူညီခဲ့ကြသူတွေအားလုံးကို မဲရီး ခရစ္စမတ်ပါ။

ဒေါက်တာတင့်ဆွေ
၁၉-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ