Doctor-Patient Communication ဆရာ-လူနာ ဆက်သွယ်ရေး

ကျွန်တော့်ကို (ဆရာကြီး) လို့ခေါ်တာကို မသင့်ပါကြောင်း အကြိမ်ပေါင်းများစွာ ရေးရသေးတာ။ ဆေးလောကမှာ အထူးကုတွေနဲ့ ဌာနအကြီးအကဲတွေကိုသာ (ကြီး) ထည့်သုံးပါတယ်။ ကျွန်တော်က ဆေးပညာဘွဲ့တခုတည်းသာရတယ်။ (ဆရာ) နဲ့ (ဒေါက်တာ) ဆိုရင် အသင့်မြတ်ဆုံးဖြစ်တယ်။

ကျွန်တော့်မွေးနေ့နဲ့ ဓါတ်ပုံကို အတိအကျသုံးထားလို့ သူများမြင် ငယ်ချင်နေသူမဟုတ်တာလည်း သိကြမှာပါ။ ပရိုဖိုင်းလ်ပုံရိုက်တဲ့နေ့စွဲလည်း ၂ဝဝ၉ နိုဝင်္ဘာလထဲကပါလို့ ရေးထားပါတယ်။ တနှစ်တခါပြောင်းဘို့ မသင့်လိုသာ မပြောင်းတာပါ။

ရာထူးအရသာ အဲလိုပြောတာမဟုတ်ပါ။ လူနာ-ဆရာဆက်ဆံရေးမှာ တွယ်ကပ်မှုကင်းရတယ်။ ရင်းနှီးမှု-တစိမ်းဆန်မှု ရှင်းရတယ်။ ဆရာကြီးလို့ ချီးမြှောက်နေဘို့မလိုပါ။ ဆရာ့ကိုအားကိုးပါတယ်၊ ဆရာဖြေပေးပါနော်လို့ တောင်းပန်ခယဘို့ မလိုပါ။ ယဉ်ကျေးမှုအရ လေးစားသမှုသာလိုတယ်။ အဲတာကတော့ အပြန်အလှန်ရှိအပ်တယ်။

အလုပ်သဘောဆန်ရမယ်။ ယဉ်ကျေးရမယ်။ အပိုမပါ-အလိုမပါ၊ အဲတာဆို ပြည့်စုံမှန်ကန်တယ်။

ဒေါက်တာတင့်ဆွေ
၂၃-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး