Ovarian cancer Screening မျိုးဥအိမ်ကင်ဆာစစ်နည်း

မျိုးဥအိမ်ကင်ဆာ ဆန်ခါတင်စစ်ဆေးပါက သေဆုံးမှုငါးပုံတပုံ လျှော့ကျစေနိုင်တယ်လို့ ထပ်သိလာရပါတယ်။ မျိုးဥအိမ်ကင်ဆာဟာ များသောအားဖြင့် နောက်ကျမှသာသိကြရတယ်။ မျိုးဥအိမ်ကင်ဆာကို သွေးစစ်တာနဲ့ ကြိုတင်သိနိုင်တယ်။

အမျိုးသမီးပေါင်း ၂ သိန်းကို ၁၄ နှစ်ကြာလေ့လာရာကနေ မျိုးဥအိမ်ကင်ဆာ ဆန်ခါတင်စစ်ဆေးပါက သေဆုံးမှုငါးပုံတပုံ လျှော့ကျစေနိုင်တယ်လို့ ပြောနိုင်လာပါပြီ။ ဒါပေမယ့် သားအိမ်ဝကင်ဆာကို (ပက်စမီးယား) စစ်သလို လူအများစုကို ဆန်ခါတင်စစ်ဆေးကြဘို့ နိုးဆော်ချက်ထုတ်ဘို့ကတော့ စောပါသေးတယ်။

မျိုးဥအိမ်ကင်ဆာဟာ တနှစ်မှာ တကမ္ဘာလုံးမှာ အမျိုးသမီးပေါင်း ၂ သိန်း ၄ သောင်းလောက်မှာဖြစ်နေကြတယ်။ မျိုးဥအိမ်ကင်ဆာရှိနေရင် ဗိုက်အောင့်တာ၊ ဗိုက်ကယ်တာ၊ အစားပျက်တာစတဲ့ ယေဘုယျဆန်တဲ့ ရောဂါလက္ခဏာသာ ဖြစ်လို့ စောသိဘို့ခက်ပါတယ်။ သွေးစစ်တယ်ဆိုတာ သွေးထဲက CA125 အနည်းအများကိုစစ်တာပါ။

ဒေါက်တာတင့်ဆွေ
၁၉-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး