2015 Human Development Report

UNDP ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ရဲ့ ၂ဝ၁၅ ခုနှစ် လူသားဖွံ့ဖြိုးမှုညွန်းကိန်းအရ မြန်မာနိုင်ငံရဲ့အဆင့်က ၁၄၈ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာ အနိမ့်ဆုံးဖြစ်ပါတယ်။ ဖွံ့ဖြိုးမှု အလွန်မြင့်မားသောနိုင်ငံများ၊ ဖွံ့ဖြိုးမှုမြင့်မားနိုင်ငံများ၊ ဖွံ့ဖြိုးမှုအလယ်အလတ်နိုင်ငံများနဲ့ ဖွံ့ဖြိုးမှုနည်းပါးနိုင်ငံများဆိုပြီး အုပ်စု (၄) ခုခွဲထားတဲ့အထဲမှာ မြန်မာနိုင်ငံက ဖွံ့ဖြိုးမှုနည်းပါးနိုင်ငံအုပ်စုထဲမှာပါတယ်။

ကမ္ဘာပေါ်မှာ ဖွံဖြိုးမှုအမြင့်ဆုံးနိုင်ငံတွေက နော်ဝေနိုင်ငံကပဌမ၊ သြစတြေးလျက ဒုတိယနဲ့ ဆွစ်ဇာလန်နိုင်ငံက တတိယ ဖြစ်ပါတယ်။ စင်္ကာပူ (၁၁)၊ ဂျပန် (၂ဝ)၊ တရုတ် (၉ဝ)၊ ထိုင်းက ၉၃၊ အိန္ဒိယ (၁၃ဝ) နဲ့ အမေရိကန်ပြည်ထောင်စု အဆင့် (၈) ဖြစ်ပါတယ်။ လူမှုဘဝအမြင့်မားဆုံး နော်ဝေနိုင်ငံသားတွေရဲ့ ပျမ်းမျှလူ့သက်တမ်းက ၈၂ နှစ်နဲ့ ပျမ်းမျှတနှစ်ဝင်ငွေက ဒေါ်လာ ၆ သောင်းခွဲဖြစ်ပါတယ်။ ပျမ်းမျှပညာသင်ကြတဲ့ကာလက ၁၈ နှစ်ဖြစ်ပါတယ်။

ထိုင်းနိုင်ငံသားတွေရဲ့ ပျမ်းမျှလူ့သက်တမ်းက ၇၅နှစ်၊ တနှစ်ဝင်ငွေက ဒေါ်လာ တစ်သောင်းသုံးထောင်ကျော်နဲ့ ပညာသင်ကြားတဲ့ကာလက ၁၄ နှစ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေရဲ့ သက်တမ်းက ၆၆ နှစ်၊ တနှစ်ဝင်ငွေက ဒေါ်လာ ၄၆ဝဝ နဲ့ ပျမ်းမျှပညာသင်ကြားတဲ့ကာလ ၈့၆ နှစ်ပဲရှိပါတယ်။

မြန်မာနိုင်ငံကိန်းဂဏန်းများ
လူ့သက်တမ်း = 65.9 နှစ်
ကျောင်းနေကာလ 8.6 နှစ်
အမျိုးသားဝင်ငွေ GNI) per capita = 4,607.7
အသက် ၁၅ နှစ်အထက် အလုပ်အကိုင်ရရှိမှု = 75.9%
ကိုယ့်ကိုကိုသတ်သေခြင်း လူ တသိန်းမှာ = 15.2
မိုဘိုင်းဖန်းသုံးစွဲမှု လူတရာမှာ = 49.5%
ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှင့်မှု per capita (tonnes) 0.2
လူဦးရေ Population, total (millions) 53.7

ဒေါက်တာတင့်ဆွေ
၁၆-၁၂-၂ဝ၁၅


Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး