Tortoise Quotes လိပ်လား ယုန်လား

လိပ်ကျွန်းအမှုကို မရေးဘူးလို့နေတာ၊ ရေးလည်းရေးလိုက်ရော လိပ်နဲ့လာတွေ့တယ်။ မြန်မာစကားမှာ ကိုယ်ဖက်ယက်တယ်လို့သာကြားဖူးတယ်။ သူများတွေပြောတာက အများကြီးရှိတယ်။

၁။ သူ့တို လိပ်လို့ခေါ်တယ်။ ဘာလို့လည်းဆိုတော့ သူက သင်ပေးတာကိုး။ (လီဝစ် ကာရိုးလ်)

၂။ နှေးကွေးတဲ့ ဖလော်ဆော်ဖီဆိုတာ လိပ်လိုနှေးနှေးလေးချည်းသာလုပ်ရတာမဟုတ်ပါ။ ပြဿနာကိုဖြေရှင်းရာမှာ ပြေးနှုန်း၊ အချိန်နဲ့ အာရုံစူးစိုက်မှုအတွက် ရင်းနှီးမှုလုပ်ရတာဖြစ်တယ်။ (ကားလ် ဟော်နိုး)

၃။ ဘဝမှာ လိပ်လိုဖြစ်မလား၊ ယုန်လိုဖြစ်မလားဆုံးဖြတ်ဘို့ ကောင်းတဲ့အကျင့်တွေဟာ အခြေခံကျတယ်။ (လူးကပ်စ် ရင်မာစ်ဝါးလ်)

၎။ နိုင်ငံရေးမှာ ပဌမလိုအပ်ချက်ကတော့ ဉာဏ်ရည်နဲ့ ခွန်အားမဟုတ်ပါ။ ရေရှည်ပြေးပွဲလိုပဲ လိပ်ကသာအနိုင်ရတယ်။ (ဂျွန် မေဂျာ)

၅။ ဤအိမ်သည် သမုဒ္ဒရာရေကို ပုရွက်ဆိပ်တွေသောက်သုံးလို့ ကုန်ခမ်းချိန်အထိ၊ လိပ်က ကမ္ဘာကိုပတ်နိုင်တဲ့အထိ တည်မြဲပါစေသား။ (ဂျိုနာသန် ကာရိုးလ်)

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး