Last gasp နောက်ဆုံးမီးတောက်

ကာလုံဥပဒေကိစ္စ VOA ကမေးပါတယ်။ ဆွေးနွေးခန်းမဟုတ်တော့ တခွန်းမေး တခွန်းဖြေ ခပ်တိုတိုပေါ့။

၁။ ဗခမကသန်းရွှေမနားခင်လေးမှာလည်း အရေးပေါ်ဆိုတာတွေ လူသိပ်မသိအောင် ထုတ်ခဲ့သေးတယ်။ တပ်ကနေ အနားပေးထားပေမယ့် ၅ နှစ်ထပ်လုပ်ခိုင်းနိုင်တာ စတာတွေပါတယ်။ အခုလည်း ပြည်ခိုင်ဖြိုးမထွက်ခင် ရချင်တာတွေကို အရေးပေါ်လုပ်တာဖြစ်တယ်။

၂။ လာမယ့်သမတက NLD ကဖြစ်မှာသေချာနေပြီး၊ ဒေါ်စုကလည်း အနှေးနဲ့အမြန်သမတဖြစ်လာရမှာမို့၊ ၂ဝဝ၈ မှာ ဒေါ်စုကို သမတဖြစ်ခွင့်ကန်သတ်ခဲ့သလို အခုလာလုံအစည်းအဝေးမှာ မဲပေးခွင့်ကို ကန့်သတ်ချင်တာဖြစ်တယ်။ ဖွဲ့စည်းပုံရေးတာ လူတဦးအတွက်မဟုတ်ပါဆိုပြီး ဘယ်လိုပဲ အကြောက်အကန် ငြင်းဆန်ခုခံနေပေမယ် ကြောက်စရာကို နောက်တခါ အသေအလဲ ခုခံနေတဲ့သဘော ဖြစ်တယ်။

၃။ ဥပဒေတခု တင်ချင်တယ် ပြင်ချင်တယ်ဆိုတာ အကြောင်းပြချက်ခိုင်လုံရမယ်။ ပြီးခဲ့တဲ့ ၅ နှစ်မှာ သမတလုပ်တဲ့သူက ကာလုံနှစ်ပါတ်တခါ အစည်းအဝေးတွေမှာ ဘာတွေများ ကလန်ကဆန်လုပ်ခဲ့သလည်းဆိုတာ လူထုကမသိရပါ။

၎။ အဆိုတင်ခဲ့တဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်ကြီး ကျန်းမာရေးမကောင်းဘူးဆိုလို့တော့ စိတ်မကောင်းပါ။ မီးစာကုန် ဆီခမ်းတော့မယ့် လွှတ်တော်ကြီး ကျန်းမာရေးကောင်းပါစေ။

ဒေါက်တာတင့်ဆွေ
၂၈-၁၂-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး